Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, December 3, 2015

ဇော်ဝင်းထွဋ်ရဲ့ ကိုယ်စား


ဇော်ဝင်းထွဋ်ရဲ့ ကိုယ်စား
***********************

အဆိုတော်ကြီးများကို လေးစားသောအားဖြင့် အမှတ်တရ အခွေအချို့မှာ အတွဲအနေနဲ့ ဝင်ပါဖြစ်သလို မိတ်ဆွေတချို့၏ ကောင်းမွန်သော အစီအစဉ်တချို့တွင်လည်း ဇော်ဝင်းထွဋ်က ဝင်ဆိုဖြစ်ပြန်သည်။ သည်နေ့ကာလတွင် ဇော်ဝင်းထွဋ်၏ အနုပညာပါဝါကို အထူးအထွေ ချဲ့ပြနေစရာ မလိုတော့။
'ဆေးပေါင်းခတဲ့ည' နောက်ပိုင်း ဆက်လုပ်ဖြစ်သော တစ်ကိုယ်တော်စီးရီး 'အားလုံးရဲ့ကိုယ်စား' နှင့် ပတ်သက်ရု ပရိသတ်သိသင့်သည် အချို့ကို သွားရာက်တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါသည်။

Q- 'အားလုံးရဲ့ကိုယ်စား' ဆိုတဲ့ ခေါင်းစဉ်ကို ညီထွဋ်ပေးတာလား။
A- ကျွန်တော်သွင်းထားတဲ့ သီချင်းတွေထဲက သင့်တော်မယ် ထင်တာတွေယူပြီး ပေးလိုက်တဲ့ သဘောပါ။

Q- ဘယ်သူရေးတာလဲ။
A- မင်းချစ်သူရေးတာ။

Q- ကိုညီထွဋ်နဲ့ မင်းချစ်သူတွဲလာတာ တော်တော်ကြာပြီနော်။
A- ဟုတ်တယ်။ ကျွန်တော်သီချင်း စဆိုလာကတည်းက သူ့သီချင်းတွေ ဆိုတာလေ။ 'မာကျူရီည' ကတည်းက ခုအချိန်ထိပေါ့။ ကျွန်တော်က အဲဒါကို သိပ်ဝါသနာပါတာ။ ဘယ်လို ဝါသနာပါလဲဆိုတော့ တွဲခဲ့တဲ့လူ၊ ပေါင်းခဲ့တဲ့လူကိုပဲ ဆက်ပေါင်းချင်တယ်။ ဒီသဘောပဲ။

Q- ဘာပဲလုပ်လုပ် မိတ်ဟောင်းဆွေဟောင်းတွေကို သတိရနေတယ်ပေါ့။
A- ဟုတ်တယ်။ ငြိနေတယ်ပေါ့။

Q- အသစ်ထပ်မပေါင်းတော့ဘူးလား။
A- အသစ်ကတော့ နေ့တိုင်းတိုးနေတာပဲ။ အခုဆိုရင် ကျွန်တော်ကလေးတွေနဲ့ ပေါင်းရတာကို ပိုကြိုက်တယ်။ အခု ပေါင်းတဲ့အထဲမှာ ကလေးတွေရဲ့ ဘဝဟာ အကောင်းဆုံးပဲဗျ။ အရသာရှိတယ်။ ၁၈၊၁၉၊၂၀ ချာတိတ်တွေပေါ့။ သူတို့နဲ့ပေါင်းရတာ လူကြီးတွေနဲ့တော့ ကွာတာပေါ့။

Q- ကိုမင်းချစ်သူက ကော်ပီသီချင်းရေးတဲ့သူကနေ လာတာဆိုတော့ အခု ဒီ Own Tune ကျတော့ ဘယ်လိုရေးလဲ။
A- အခုက ပိုတောင်လွယ်သေးတယ်။ ကျွန်တော်က မယ်လိုဒီကို အတိအကျပဲ ပေးလိုက်တယ်။ ကော်ပီရေးသလိုပဲ သူရေးရတာ။ Music ကို အတိအကျ တီးပေးလိုက်တာ။ တချို့ သီချင်းတွေဆိုရင် အင်္ဂလိပ်လိုပါ ဆိုထည့်ပေးလိုက်တာ၊ စာသားကို သူ့ဟာသူ ဘာသာပြန်ပြီး ရေးရင်ရေး၊ ဒါမှမဟုတ် သူ့အိုင်ဒီယာနဲ့ သူရေးရင်ရေးပေါ့။ ကျွန်တော် မယ်လိုဒီကို လျှောက်အော်ထားပေးတယ်။ နောက်အသစ်တွေလည်း ပါတယ်။ ရွှေဂျော်ဂျော်တို့၊ ဆောင်းဦးလှိုင်တို့၊ မြင့်မိုးအောင်တို့ပါတယ်။ ဆောင်းဦးလှိုင်တစ်ပုဒ်၊ ရွှေဂျော်ဂျော်နှစ်ပုဒ်၊ မြင့်မိုးအောင်နှစ်ပုဒ် ပါတယ်။ ဒီခွေထဲမှာ ၁၂ ပုဒ် ထည့်မယ်။

Q- ကျန်တဲ့ ၇ ပုဒ်က မင်းးချစ်သူရေးတာပေါ့။
A- မင်းချစ်သူက ၅ ပုဒ်ရေးတာ။ ဒီအခွေထဲမှာ ကျွန်တော်က ၁၀ ပုဒ်၊ ချောစုခင်က ၂ ပုဒ် ဆိုတာ၊ စုံတွဲတစ်ပုဒ်၊ သူတစ်ယောက်တည်း တစ်ပုဒ်။

Q- ချောစုခင် ပါလာတာက ကိုညီထွဋ်ထည့်တာလား၊ ဒါမှမဟုတ် London Music က ထည့်တာလား။
A- ဇာတ်လမ်းက ဒီလိုဖြစ်သွားတာ။ ပထမကတော့ London Music က အခွေတစ်ခွေ လုပ်ပေးပါ၊ ကျွန်တော်တစ်ယောက်တည်းဆို ကြာမှာစိုးလို့၊ ပြီးတော့ Valentine မှာ ကပ်ပြီးထုတ်ချင်တာ။ကျွန်တော်တစ်ယောက်တည်းဆိုရင် ကြာမှာစိုးလို့ ခြောက်ပုဒ်ပေါ့ ကျွန်တော်နဲ့တွဲဆိုမယ့် တစ်ယောက်ကို ရွေးပေးပေါ့။ နောက် သူတို့က ချောစုခင်ကို သူတို့သဘောကျတယ်ဆိုတာနဲ့ ကျွန်တော်က ရတယ်။ အဆင်ပြေတယ်ဆိုပြီး လုပ်လိုက်တာ။ Valentine အမီပေါ့ဗျာ။ ချောစုခင်နဲ့ သုံးပုဒ်စီ ထုတ်မယ်ပေါ့။ အဲဒီမှာ ထုံးစံအတိုင်း လုပ်ရင်းလုပ်ရင်းနဲ့ Valentine မမီလိုက်ရှာဘူး။ Valentine မတိုင်ခင် နှစ်လ၊ သုံးလ အလိုကတည်းက လုပ်တာ ကျွန်တော်က ကြာနေတယ်။ ချောစုခင်က ဆိုပြီးနေပြီ။ ကျွန်တော်က ကြာနေတော့ ထွက်မယ့်ရက်က ကျော်သွားတယ်။ အဲဒီမှာ ကျွန်တော်က အဲဒီလူတွေကို မျက်နှာပူတာနဲ့ပဲ ခြောက်ပုဒ်တည်းထုတ်ရတာ အဆင်မပြေရင် ကျွန်တော် ထပ်ဆိုပေးမယ်ဆိုပြီး ကျွန်တော်ဖြည့်လိုက်တာ။ ရှစ်ပုဒ်လောက် ထပ်ဖြည့်လိုက်တယ်ပေါ့။ ဖြည့်ရင်းဖြည့်ရင်းနဲ့ စုစုပေါင်း ၁၂ ပုဒ် ဖြစ်သွားတာ။
အဲဒီမှာ ကျွန်တော်ချည်းပဲ ဆယ်ပုဒ်ဖြစ်သွားတယ်။ မထူးတော့ဘူးလေ၊ ကျွန်တော်တစ်ယောက်တည်း အခွေက ကြာနေမယ့်အတူတူ ဒီထဲမှာ ဆယ်ပုဒ်ထည့်ပေးလိုက်မယ်ပေါ့။ နောက် ပြောချင်တာက ဆိုချင်တာက တော်တော်များနေပြီ။ မိန်းကလေးနဲ့ တွဲဖြစ်သွားတာက လိုင်းလည်း ကွဲသွားအောင်လို့ပါ။ ကျွန်တော့် တစ်ကိုယ်တော်မှာ ဘာလုပ်မယ်ဆိုတာ စဉ်းစားထားပြီးသား။ နောက်အခွေအတွက် ခေါင်းထဲမှာ ရှိပြီးသား။ အဲဒီခွေနဲ့ မတူတဲ့ဟာမျိုးကို လုပ်လိုက်တဲ့ သဘောပေါ့။ ဆန်းသွားအောင်ပေါ့။ နောက် မိန်းကလေးတစ်ယောက်နဲ့ တွဲလိုက်တယ်ဆိုတော့ ကျွန်တော့်အနေနဲ့ ဟိုဘက်ဒီဘက် ကစားလို့ရသွားတယ်လေ။ ကစားလို့ရတယ်ဆိုတာ တခြားတော့ မဟုတ်ပါဘူး။ ကိုယ်လုပ်ချင်တဲ့ ဟဲဗီးလ် ပုံစံနဲ့ ခပ်ပျော့ပျော့လေးကို ကူးလို့ရတယ်ပေါ့။ မိန်းကလေးတစ်ယောက်ပါတဲ့အတွက်ကို။

Q- 'Valentine' အတွက် ချောစုခင်နဲ့ ထည့်လိုက်တယ်ဆိုတော့ ချောစုခင်အသံကို ကိုညီ
ထွဋ်ကြိုက်လို့ ရွေးချယ်လိုက်တာလား။
A- အဲဒါက ဘယ်လိုပြောရမလဲဆိုရင် ကျွန်တော်တို့ဒီအထဲမှာ ရွေးထားတဲ့ တွဲဆိုမယ့်သီချင်းပေါ့။ အဲဒီသီချင်းက မယ်လိုဒီအနေနဲ့ ဒီအတိုင်းဆိုလို့ရှိရင် တန်းနေမယ့် သဘောရှိတယ်လေ။ နည်းနည်းပါးပါးဆိုပေါက်တွေ၊ ဘာတွေ ထည့်ရမယ့်သဘောမှာ ရှိတယ်။ နောက် သူ့ကို ကျွန်တော်မြင်ဖူးတာ ကြာပြီလေ။ Club တွေ၊ ဘာတွေမှာ ဆိုတာတွေလည်း ကျွန်တော်ကြည့်ဖူးတယ်။ အဲဒီမှာ သူ့ရဲ့ဆိုပေါက်နဲ့ ဒီသီချင်းတွေလိုက်တယ်ဆိုပြီး ရွေးလိုက်တာ။ နောက် ရွှေဂျော်ဂျော်တို့၊ မြင့်မိုးအောင်တို့ကလည်း သဘောကျတယ်။ ချောစုက ဒုတိယအခွေ မထွက်သေးတဲ့ အချိန်ပေါ့။ ပထမခွေက ထွက်ပြီးသွားပြီလေ။ အဲဒီအချိန်မှာ ကျွန်တော်တို့ ရွေးလိုက်တာ။ ပထမအခွေထွက်ပြီး ဒုတိယအခွေထွက်ဖို့ မရှိသေးတဲ့ အချိန်ပေါ့။ သူ့အနေနဲ့ထွက်ဖို့ ဘာမှမရှိသေးတဲ့ အချိန်မှာ ကျွန်တော်တို့ ရွေးလိုက်တယ်။ ကျွန်တော်တို့က ကြာနေတော့ သူ့ဒုတိယအခွေက အရင်ထွက်သွားတာ။

Q- London Music ကနေပြီးတော့ ကိုမြင့်မိုးအောင်နဲ့ ကိုရွှေဂျော်ဂျော်ကို စီစဉ်သူအနေနဲ့ တာဝန်ယူပြီး လုပ်ခိုင်းတဲ့ သဘောပေါ့။
A- ကျွန်တော်က London ကို ဒီတစ်ခွေရယ်။ နောက်တစ်ကိုယ်တော်အခွေ တစ်ခွေပေါ့။ နှစ်ခွေလုပ်ပေးရမှာ။ တစ်ကိုယ်တော်အခွေက ကြာနေမှာစိုးတာနဲ့ ဒီအခွေကို လုပ်လိုက်တာ ပိုဆိုးနေတယ်။ အခုတော့ ပြီးသွားပြီပေါ့နော်။

Q- သူတို့သီချင်းတွေကျတော့ သူတို့ရေးပြီးသားဟာကို ကိုညီထွဋ်ရွေးပြီး ဆိုလိုက်တာလား။ (ဒါမှမဟုတ်) ပူးပေါင်းပြီးတော့ ရေးတာလား။
A- ကျွန်တော် ကိုဝင်းလှိုင် (မင်းချစ်သူ) ကို အပ်သလိုပဲပေါ့။ Music ကော၊ မယ်လိုဒီကော အကုန်လုပ်ပြီးမှ ပေးလိုက်တာ။ သူတို့က Own Tune ရေးနေတဲ့သူတွေဆိုတော့ ပိုပြီးတော့ အဆင်ပြေတယ်။

Q- မယ်လိုဒီကော သူတို့ဟာသူတို့ ထည့်တာလား။
A- မဟုတ်ဘူး။ ကျွန်တော်ရေးထားတဲ့ မယ်လိုဒီကို သူတို့စာသားထည့်တာ။ ဒါပေမဲ့ သူတို့ကတော့ ကျွန်တော့်ကို အကြံပေးနိုင်တာပေါ့ဗျာ။ ဒီနေရာမှာတော့ ဒီလိုကော့ဒ်လေးထည့်လိုက်ရင် ကောင်းမလားပေါ့။ ဒီကော့ဒ်လေးနေရာမှာ ဒီကော့ဒ်လေး ပြောင်းဆိုရင်ရတယ်ပေါ့။ နောက် သံစဉ်လေးကို ဒီလိုလေး ပြောင်းဆိုလို့ရတယ်ပေါ့။ သူတို့က ပိုမြင့်တယ်လေ။ အခုတော့ နောင်နောင် (SF) ကို တစ်ပုဒ်ရေးခိုင်းထားသေးတယ်။ နောက်ဆုံးတစ်ပုဒ်ကျန်နေတာနဲ့ ဟိုနေ့က နောင်နောင် (SF) ကို ကျွန်တော့်အိုင်ဒီယာ ပြောပြလိုက်ပြီးတော့ ပေးလိုက်ပြီ။ သူ့ဆီက ပြန်မလာသေးဘူး။ အိုကေတယ်ဆိုရင်တော့ ဒီအခွေထဲမှာ သူလည်းပါမယ်။ အဲဒီသီချင်းက ဘယ်သူတွေ တီးထားတာလဲဆိုရင် ဟိုးတလောက ဆက်ဆိုဖုန်းမှုတ်တဲ့ ဆရာကြီးတစ်ယောက် လာသွားတယ်လေ။ နှစ်ခါတောင်လာတယ်။ အာဖရိကန်တွေနဲ့ လာသွားတာ။ အင်္ဂလန်သံရုံးက လုပ်တဲ့ပွဲပေါ့။ အဲဒီမှာ အဲဒီဆရာကြီးနဲ့ ကျွန်တော်နဲ့ ခင်သွားတော့ ကျွန်တော့်အိမ် လိုက်လည်တယ်လေ။ အဲဒီမှာ သူတို့က ဘာလုပ်ချင်လည်းပေါ့၊ သီချင်းတစ်ပုဒ် တီးမလား သူတို့နဲ့အတူတူ တီးမယ်ဆိုပြီးတော့ ကျွန်တော့်အိမ်မှာ တီးကြတယ်။ တီးကြတော့ အာဖရိကန် ရိုးရာတွေပေါ့။ ဆိုတာတွေဘာတွေ ကျွန်တော်ဖမ်းယူထားတယ်။ နောက်ပြီးတော့ ကျွန်တော်က မယ်လိုဒီတစ်ခု ကော့ဒ်တစ်ခုပေါ့ ချရေးလိုက်ပြီးတော့ Beat ပတ်တန်တစ်ခု ပေးလိုက်တယ်။ အဲဒီအပေါ်မှာ Bass နဲ့ Drum ဝင်တီးပေးကြတယ်။ နောက်တစ်ခါ သူတို့ပြန်ဖို့အတွက် လေယဉ်ပျံကွင်း ဆင်းမယ့်နေ့မှာပဲ သူတို့အဖိုးကြီးကို ဆက်ဆိုဖုန်း မှုတ်ခိုင်းရမှာလားတဲ့။ Solo ကို မှုတ်ခိုင်းလိုက်မယ်ပေါ့။ ဒါပေမယ့် သူတို့ကတော့ မပြောရဲဘူး။ မင်းဟာမင်း ပြောတဲ့။ အဲဒါနဲ့ ကျွန်တော်အဖိုးကြီးကို ပြောရတာပေါ့။
ကျွန်တော့်ကို အဲဒါလေး မှုတ်ပေးမလားဆိုပြီးတော့။ အဲဒီမှာ တကယ်ပြည့်တဲ့သူတွေကျတော့လည်း မျက်နှာလေးတောင် တစ်ချက်မပျက်ဘူး၊ ဘာမှဖြစ်မသွားဘူး။ ဆက်ဆိုဖုန်းလွယ်ပြီး စတူဒီယိုခန်းထဲ ဝင်လိုက်ပြီးတော့ သီချင်းဖွင့်လိုက်ဆိုပြိးတော့ အစအဆုံး တောက်လျှောက်မှုတ်တာပဲ။ မှုတ်ပြီးတော့ ရပြီးလားဆိုပြီးတော့ ကျွန်တော့်ကိုမေးတယ်။ သူကတော့ ဆယ်မိနစ်လောက် တောက်လျှောက်မှုတ်သွားတာ။ ကျွန်တော့်ကို လက်ဆောင်ပေးတဲ့ သဘောပေါ့နော်။ Solo ကိုပဲ ဆယ်မိနစ်လောက် ရှိတယ်။ အရှည်ကြီးပဲ မှုတ်သွားတာ။ ကျွန်တော်လိုတာသုံးပေါ့။ ဆယ်မိနစ်ဆိုတော့ လေယဉ်ပျံ ကွင်းဆင်းခါနီးဆိုတော့ နည်းတဲ့အချိန်မဟုတ်ဘူးလေ။ အဲဒါနဲ့ ကျွန်တော် အဲဒီသီချင်းကို ဘယ်လိုများ လုပ်လဲဆိုတော့ အဲဒီထဲမှာ Bass တီးတာနဲ့ ဆက်ဆိုဖုန်းမှုတ်ထားတာ တော်တော်ကောင်းတယ်လေ။ သူတို့နှစ်ယောက်ဟာက သုံးလို့ရတယ်။
ကျန်တဲ့ Drummer တွေ ပါကာရှင်းတွေက သုံးမရဘူး။ အဲဒီ Drum သံနဲ့ ပါကာရှင်းအသံက ဖမ်းတဲ့နေရာမှာ ကျွန်တော်တို့က ရုတ်တရက် လက်တန်းဖမ်းလိုက်ရတော့ အသံတွေက မကောင်းဘူး။ အဲဒါတွေက ယူလို့မရလိုက်ဘူး။ Bass နဲ့ ဆက်ဆိုဖုန်းကတော့ ယူလို့ရတယ်။ အဲဒါနဲ့ သူတို့တီးထားတဲ့ ပတ်တန်ကိုယူပြီးတော့ ကျွန်တော် သီချင်းတစ်ပုဒ်ရေးလိုက်တယ်။ မယ်လိုဒီ မြူးဇစ်ပေါ့နော်။ အဲဒါကိုရေးလိုက်တယ်။ ရေးပြီးတော့ Drum
တွေ ဘာတွေ ထည့်ကြည့်တယ်။ သူတို့ တီးတုန်းကတော့ Live သဘောမျိုး လက်တန်း
တီးသွားတာ။ အဲဒါနဲ့ ကျွန်တော် သူတို့ဟာတွေကို Hard Disc ပေါ်တင်၊ နောက် သူ့
Bass ကိုလည်း Tempo ညီအောင် Bar လေးတွေ အပိုင်းပိုင်းဖြတ်၊ ဆက်ဆိုဖုန်းကိုလည်း
သူက တောက်လျှောက်မှုတ်သွားတာဆိုတော့ ကောင်းတဲ့အပိုဒ်တွေ ပြန်စီ ကျွန်တော့်သီ
ချင်းထဲမှာ ထည့်သုံးလို့ရအောင် အဲဒါတွေကို သီချင်းဖြစ်အောင် မယ်လိုဒီလေးတစ်ခု လုပ်ပြီးတော့ နောင်နောင်ကို ကျွန်တော်ဖတ်ထားတဲ့ ဝတ္ထုစာအုပ်တစ်အုပ်နဲ့အတူ ရေးဖို့ပေးလို
က်တာ။ ဘာထွက်လာမလဲတော့ မသိဘူး။ ဝတ္ထုဆိုတာက ဘာသာပြန်ဝတ္ထုပေါ့။ အဲဒီထဲ
က အကြောင်းအရာကို ကုန်ကြမ်းအနေနဲ့ ပေးလိုက်တာ။ ရမရတော့ မသိဘူးပေါ့။

Q- ဒါဆို သီချင်းက ဆယ့်သုံးပုဒ်ဖြစ်သွားတယ်ပေါ့။
A- မဟုတ်ဘူး။ အဲဒါပါမှ ဆယ့်နှစ်ပုဒ်။ ကျွန်တော် ဆယ့်ငါးပုဒ်သွင်းထားတာ သုံးပုဒ်ဖြုတ်လိုက်တယ်လေ။ သီချင်းအနေနဲ့ကတော့ ရွှေဂျော်ဂျော်က ကျွန်တော့်အတွက် သီးသန့် ၂ ပုဒ်၊ နောက် ချောစုခင်နဲ့ စုံတွဲဆိုဖို့အတွက်က တစ်ပုဒ်ရေးပေးတယ်။ အဲဒါက မယ်လိုဒီကော စာသားကော သူ့ဟာသူရေးတာ။ မြင့်မိုးအောင်က စုံတွဲအတွက် တစ်ပုဒ်ရေးတယ်။ နောက် ကျွန်တော်တစ်ယောက်တည်း ဆိုဖို့အတွက်က တစ်ပုဒ်ရေးနေတုန်း။ အဲဒါကတော့ မဆိုရသေးဘူး။

Q- ဒါဆို ကိုညီထွဋ် ဆိုပြီးသွားတာက ကိုမင်းချစ်သူရေးတဲ့ သီချင်းတွေကို ဆိုပြီးသွားတာပေါ့။
A- ဟုတ်တယ်။ ကိုမင်းချစ်သူရေးတဲ့ သီချင်းက ဆိုပြီးသွားပြီ။

Q- အကုန်မဆိုရသေးဘူးပေါ့။
A- နှစ်ပုဒ်ကျန်သေးတယ်။ နောင်နောင် (SF) ရေးတဲ့တစ်ပုဒ်ရယ်၊ နောက် မြင့်မိုးအောင်ရေးတဲ့ တစ်ပုဒ်ရယ် ဆိုဖို့ကျန်သေးတယ်။

Q- တကယ်ထွက်မယ့် အချိန်ကာလတစ်ခုကို မှန်းလို့ရပြီးလား။
A- ကျွန်တော် သီတင်းကျွတ်မတိုင်ခင် ထွက်မယ်။ အဲဒီခွေတွက်ကော၊ ဘာကော အဲဒီအချိန်လောက်မှ လုပ်မယ်။ အခွေထွက်ပြီးတဲ့ အချိန်ပေါ့နော်။

Q- ချောစုခင်က ဒီအခွေ ဧည့်သည်အဆိုတော်လို ဖြစ်သွားတယ်ပေါ့။
A- ဟုတ်တယ်။ ချောစုခင်က အထူးဧည့်သည်အနေနဲ့ပေါ့။

Q- ကိုညီထွဋ်က တစ်ကိုယ်တော်အခွေ တောက်လျှောက်ဆိုခဲ့တယ်လေ။ ဒီဟာကျတော့ အတွဲလည်းမဟုတ်ဘူး။ တစ်ကိုယ်တော်လည်း မဟုတ်ဘူး။ ကောင်မလေးတစ်ယောက် ပါလာတယ်ဆိုတော့ ဒီအခွေရဲ့ အရသာက ဘယ်လိုဖြစ်သွားနိုင်လဲ။
A- သီချင်းအနေနဲ့ကတော့ ကျွန်တော် စမ်းကြည့်ချင်တဲ့ပုံသဏ္ဍန်လေးတစ်ခု ရှိတယ်။ နောက် ဒီအခွေက နောက်ထွက်မယ့် တစ်ကိုယ်တော်အခွေနဲ့က တော်တော်ကွာမယ်လေ။ နောက် ကျွန်တော်လည်း အရမ်းကွာချင်တယ်။ နောက်ထွက်မယ့် အခွေမှာက ကျွန်တော့်သီချင်း ပုံသဏ္ဍန်ကို အကုန်ပြောင်းဖို့ စိတ်ကူးထားတယ်။ ဒါကြောင့် ဒီအခွေမှာ ကျွန်တော် အရင်တုန်းက လုပ်ချင်ခဲ့တဲ့ လက်ကျန်တွေကို ဒီအခွေမှာ အကုန်ရှင်းထုတ်လိုက်တယ်။ နောက်တစ်ခွေကျတော့ အသစ်တစ်ခုလုပ်မယ်။ အသစ်တစ်ခုဆိုတာက ပုံသဏ္ဍန်တစ်ခုတည်းကိုပဲ ကျွန်တော်ပြချင်တယ်။ ဒီမှာကတော့ နားထောင်တဲ့ ပရိသတ်နဲ့ကော မျှတအောင်ပေါ့။ များသောအားဖြင့် ဒီထဲမှာပါတဲ့ သီချင်းတွေက တမင်ဖန်တီးတာ မဟုတ်ဘဲနဲ့ တစ်ခါတလေ သူ့ဟာသူကြားလာတဲ့ မယ်လိုဒီမျိုးတွေများတယ်။ အများအားဖြင့် တမင်တကာ ဖန်တီးပြီးတော့ အဲဒီဖ
ရိန်တစ်ခုတည်းမှာ ဝင်အောင်ဆိုတာတွေ ရှိတယ်လေ။ ဒီထဲမှာတော့ တမင်တကာ ဖန်တီးတာ မဟုတ်ဘဲနဲ့ သူ့ဟာသူ ရလာတဲ့ မယ်လိုဒီ၊ သူ့ဟာသူ ကြားလာတဲ့ သံစဉ်တစ်ခုပေါ့နော်။ ဥပမာ ခရီးသွားနေရင်းနဲ့ သစ်ပင်တစ်ပင်ကို ကြည့်ရင်းနဲ့ဖြစ်ဖြစ်၊ သစ်ရွက်လေးတစ်ရွက်ကို ကြည့်ရင်းနဲ့ဖြစ်ဖြစ်ပေါ့။
ရွှေဂျော်ဂျော်နဲ့ ကျွန်တော်နဲ့ ပေါင်းရေးထားတဲ့ 'အသက်မဲ့စိမ်းလန်းခြင်း' ဆိုတဲ့ တစ်ပုဒ် ဒီထဲမှာပါတယ်လေ။ အဲဒီလို သဘာဝဆန်ဆန် သီချင်းလေးပေါ့။ သီချင်းက ရော့ခ်လည်းမဟုတ်ဘူး။ ပေါ့ပ်လည်းမဟုတ်ဘူး။ ဖီး(လ်)သီချင်းလည်း ပြောလို့မရဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အများကြီးထည့်ထားတယ်။ ဒစ်စတော့ရှင်းနဲ့ ဂီတာသံတွေလည်းပါတယ်။ ပုလွေသံတွေလည်းပါတယ်။ နောက် တကယ့်ပါဝါကြီးတွေနဲ့ တီးထားတဲ့ Drum သံတွေပါသလို ဟော်လိုဂစ်တာသံတွေလည်းပါတယ်။ သူ့နေရာနဲ့သူ လိုက်မယ်ထင်တဲ့ ဟာတွေကို အဲဒီတစ်ပုဒ်တည်းမှာ မျိုးစုံပေါ့ အကုန်လျှောက်ထည့်ထားတယ်။ အဲဒါမျိုးပုံစံလေးတွေ ကျွန်တော်စမ်းထားကြည့်တာ။ တချို့သီချင်းတွေကျတော့ ရိုးရာဆန်ဆန်ပေါ့။ Intro ကြားလိုက်လို့ရှိရင် Intro က ရိုးရာဆန်ဆန်ပေါ့။ ဆိုနေတဲ့ မယ်လိုဒီက ကောင်းဘွိုင်ကားထဲက သီချင်းမျိုးဖြစ်ရင် ဖြစ်နေလိမ့်မယ်။ အဲလိုမျိုး ဒီခွေမှာ စမ်းထားကြည့်တာပဲ။ နားထောင်လို့ နားထဲမှာ ဆန်းမယ်ထင်တဲ့စာမျိုး၊ နောက် နားထောင်နေကျမဟုတ်တဲ့ ပုံစံမျိုးလေးတွေ စမ်းကြည့်ထားတာ။ နောက် ရော့(ခ်)ထဲမှာ ဟဲဗီးရော့(ခ်)သီချင်းထဲမှာ အန်ဒါဂရောင်းဘိကြီးကို ဖြတ်ပြီးထည့်ထားတဲ့ဟာမျိုးတွေ၊ နောက် ရော့(ခ်)အင်ရိုး(လ်) သီချင်းပုံစံထဲမှာ အန်ဒါဂရောင်းဘိကို ဖြတ်ထည့်ထားတဲ့ ဟာမျိုးတွေပေါ့။ အလကား ထည့်ထားတာတော့ မဟုတ်ဘူး။ အဲဒီနေရာမှာ ရှိနေတဲ့ စာသားနဲ့လိုက်အောင်လို့ ထည့်ထားတာ။ နောက် အဲဒီစာသားနဲ့ လိုက်မယ်ထင်လို့ ကျွန်တော်တို့နှစ်ယောက် အဲဒီနေရာမှာ အန်ဒါဂရောင်းအသံတွေ သုံးလိုက်တယ်။ ဒီအခွေကျတော့ ကျွန်တော့်ဆီမှာ ပစ္စည်းက တော်တော်စုံစုံလင်လင် ရှိနေပြီးဆိုတော့ ကျွန်တော့်စိတ်တိုင်းကျ လုပ်လိုက်ရတဲ့ သဘောရှိတယ်လေ။ 'ဆေးပေါင်းခတဲ့ည' စီးရီးကျတော့ လုံးဝကို အပြည့်လုပ်လို့ မရဘူး။ အဲဒါကလည်း စက်ကြောင့်ပါ။ တီးတာကတော့ ရတယ်လေ။ ပြသ၁နာက အဲဒီတီးထားပြီးသားတွေကို ပြန်ရှင်းတာကျတော့ ကျွန်တော် မလုပ်တတ်တော့ဘူး။ အခုက စက်က ကျွန်တော့်ဆီမှာ တော်တော်စုံသွားပြီဆိုတော့ အသံဖမ်းတာ တစ်ခုပဲ Analog လုပ်တယ်။ ကျန်တာတွေကတော့ အကုန် Digital နဲ့ လုပ်တယ်။ နောက်တစ်ခွေကျရင်တော့ အကုန် Digital နဲ့ပဲ ဖမ်းတော့မယ်။ နော
က်တစ်ကိုယ်တော် အခွေပေါ့။ အားလုံးကို Digital စနစ်နဲ့ပဲ လုပ်တော့မယ်။

-------------------------။။။။။။။။။----------------------------

သက္ကရာဇ်နှစ်ထောင်မတိုင်မီ ဇော်ဝင်းထွဋ်၏ အနုပညာသစ် 'အားလုံးရဲ့ကိုယ်စား' ပရိသတ်များ ခံစားရပါတော့မည်။ ဇော်ဝင်းထွဋ်၏ ထုံးစံအတိုင်း ပရိသတ်အတွက် အသစ်တစ်ခုကို ပေးနိုင်ပါလိမ့်မည်။

# သိုးမင်းဆန်း

အတွဲ ၄၊ အမှတ် ၉
နိုဝင်ဘာ ၁၉၉၉
အလကာင်္ဂီတဂျာနယ်

အားလုံးရဲ့ကိုယ်စား

၀၁ - အားလုံးရဲ့ကိုယ်စား
၀၂ - ငွေလုပ်တဲ့စက်
၀၃ - အသက်မဲ့ စိမ်းလန်းခြင်း
၀၄ - ဒဏ်ရာရထား
၀၅ - ဒွိဟ
၀၆ - လမ်းကလေး
၀၇ - လောင်းကစားပွဲ
၀၈ - မင်းတစ်ယောက်ထဲမဟုတ်ဘူး
၀၉ - ငါသည်မီးတောင်
၁၀ - ရေစိုနေတဲ့စကားများ
၁၁ - အချစ်များသူ့ဆီမှာ
၁၂ - သဘာဝတေးသွား

သီချင်းဒေါင်းရန် - http://www.myanmarsongs.net/album/455/arr-lone-yae-ko-sar

Posted by Ko Naing & Ka Lee
Rockနှင့်ပတ်ဝန်းကျင် fb group မှ....

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။