Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, December 24, 2015

** ရော့ခ်ဧကရဇ်ကြီး ဖြစ်ပေါ်လာပုံ **

** ရော့ခ်ဧကရဇ်ကြီး ဖြစ်ပေါ်လာပုံ **
--------------
ကျွန်တော်တေးသံသွင်းကနေနားလိုက်တဲ့အခါမှာ သည်လောကနဲ့မသက်ဆိုင်တဲ့လုပ်ငန်းထဲရောက်သွားပါတယ်။အဲဒါကတော့စားသောက်ကုန်ပစ္စည်းထုတ်လုပ်တဲ့လုပ်ငန်းမှာအုပ်ချုပ်သူအဖြစ်လုပ်ရပါတယ်။အဲဒီမှာရောက်တော့အရင်ကလိုသီချင်းတောထဲမှာတော့အချိန်ပြည့်ရှိမနေနိုင်တော့တဲ့အတွက်အစကတော့မနေတတ်သလိုပါ။ဒါပေမဲ့ကျနော်နဲ့အတူနေတဲ့ကောင်လေးကသီချင်းထက်ဂစ်တာတီးတာကိုဝါသနာပါပါတယ်ဂစ်တာတီးတာကတော့ကျွမ်းကျင်အဆင့်မှာရှိပါတယ်။သူ့မှာရှိJVCစတီရီယိုကက်ဆက်ကလေးရှိပါတယ်။ဒါပေမဲ့သူ့မှာရှိတဲ့ကက်ဆက်ခွေတွေကဂစ်တာလေ့ကျင့်ခန်းခွေတွေများပါတယ်။ သူနဲ့တွေ့မှ နိုင်ငံခြားကရော့ဂစ်တာဘုရင်တွေဖြစ်တဲ့ဂျင်မီဟင်းဒရစ်တို့၊စတီဗိုင်းတို့၊ဂျိုးဆက်သနီတို့ဆိုတဲ့နာမယ်တွေရောသူတို့လက်သံဒေါင်ဒေါင်လန်တွေကိုပါကြားဘူးပါတော့တယ်။ သူကတော့ တီးလုံးတွေဖွင့်ပြ ပြီးရင် ဒီနားလေးကတီးလို့အရမ်းခက်တာဘယ်လိုတီးရတာတို့ကိုပြောရင်းသူ့ဟော်လိုဂစ်တာလေးနဲ့လဲတီးပြပါတယ်။တက်ပင်ပေါက်တာကဒီလိုဆိုဂစ်တာကြိုးကိုလက်နဲ့ပုတ်ပုတ်ပြီးအသံတွေထွက်အောင်လုပ်လုပ်ပြတာ။ အစကတော့ကျနော့်နားထဲမှာဒေါင်ဒေါင် ဒန့်ဒန့်တို့ဒွန်……………ဒူန့်ဒူန့်တို့ကိုဘဲကြားတာပေါ့။ နောက်မှသူကရော့စကေးကဘယ်လိုသူကဒရမ်ရိုက်ချက်ပေါ်မှာမှီပြီးအသံကိုရစ်တင်တို့ဆွဲတင်တာတို့တွေကိုပြောပြလို့လား ဒါမှမဟုတ်နေ့စဉ်ကြားနေရလို့ နားယဉ်ပြီးနားထောင်တတ်လာလို့လားတော့မသိ သူတို့တီးတဲ့တီးကွက်တွေကိုခံစားလို့ရလာသလိုပါဘဲ။သူပြောမှသိလိုက်ရတာမြန်မာပြည်မှဂစ်တာဆရာကြီးကစောဘွဲ့မှူးဆိုတာရယ်သူသင်ပေးနေတဲ့ထွက်မလာသေးတဲ့ချစ်စမ်းမောင်ဆိုတာရယ်အဆိုတော်လွှမ်းမိုးကလဲ ဂစ်တာအတီးကောင်းတယ်ဆိုတာတို့ သီချင်းအေးအေးလေးတွေဆိုတဲ့ ခင်မောင်တိုး သီချင်းတွေမှာ စန္ဒယားလှထွတ်သားဇော်မျိုးထွဋ်က သီချင်းဆိုလိုအပိုဒ်တွေမှာရော့စကေးဝင်အောင်ဘယ်လိုတီးတယ်ဆိုတာတွေကိုပြောပြတော့သိလှပြီလို့ထင်ထားတဲ့ကျနော့်မှာ ပါးစပ်အဟောင်းသားပါ။ သူကဆက်ပြောပြပါသေးတယ်လူတွေကရော့ခ်ဆိုရင်ဝုန်းဒိုင်းကြဲပြီးဆူနေအောင်တီးကြဆိုကြတာကိုထင်နေတယ်အဲဒါမှားတယ်ရော့ခ်မှာလဲအအေးလေးတွေရှိပါတယ်။ရော့ခ်ဆိုတာဂစ်တာတီးတဲ့စကေးတစ်ခုကိုသတ်မှတ်တယ်လို့ပြောပါတယ်။သူကအရပ်ရှိုးပွဲလေးတွေမှာလဲ အပျော်တမ်းလိုက်တီးပါတယ် ပိုက်ဆံပေးငှားတယ်ဆိုတဲ့ပွဲမှာတောင်သူကပိုက်ဆံထပ်စိုက်ရတာများပါတယ်။သူ့မှာလဲဂီတနဲ့ပါတ်သက်တဲ့အပေါင်းအသင်းတွေကအများကြီးပါ။တစ်ရက်သူရန်ကုန်ကပြန်လာတဲ့အခါကျနော်နားထောင်ဘို့ဆိုပြီးကက်ဆက်ခွေလေးတစ်ခွေယူလာပါတယ်။ ရော့ခ်အဆိုတော်အသစ်အသံအစုံမထည့်ရသေးဘူး ခွေကြမ်း (၃)ပုဒ်ထဲဘဲပါ ပါတယ်။ (သန်းခေါင်ယံ ညနက်ထဲသံစဉ်များနဲ့……………….အလင်းရောင်………..ရင်ခုန်သံတွေနီးစပ်ပါရစေအချစ်ရေ…..)ပါဘဲ။ အဲဒီထဲမှာပါတဲ့ကျန်တဲ့သီချင်းတွေကတော့လုံးဝအ
မြူးတွေပါ။ ဘယ်သူလဲလို့မေးတော့မကြာခင်ထွက်မဲ့ အဆိုတော်အသစ်ပါတဲ့။နောက်ခွေထွက်မှသိလာရတာကတော့ ကျနော်ဆီပါလာတဲ့သီချင်းက (အလင်းရောင် ဆိုတဲ့ အလွမ်းသီချင်းလေးရယ် ကမ္ဘာကြီးကလုံးပြီးဝိုင်းနေတော့ရယ် ညရဲ့ဆူး ဆိုတဲ့သီချင်းရယ်ပါ။ဒါလေးနားထောင်ပြီးလို့မကြာခင်မှာဘဲ ကန္တာရလမင်းဆိုတဲ့ခွေလေးနဲ့ လေးဖြူဆိုတဲ့ မြန်မာပြည်ကရိုးရိုးလေးဝတ်လို့အေးအေးလေးနေ
တတ်သူရော့ခ်ကာတစ်ယောက်ကိုမွေးဖွားပေးလိုက်ပါတော့တယ်။ပင်လယ်အော်သံဆိုတဲ့ခွေလေးထွက်လာတဲ့အခါမှာလေးဖြူဟာခိုင်မာသော ဘ၀ကို ရယူနိုင်သွားပါတယ်။ဘာလို့ခို်င်မာတဲ့ဘ၀ကိုရယူနိုင်တယ်လို့ပြောရသလဲဆိုရင်တစ်ချို့သောအဆိုတော်များမှာ (ဥပမာ ဗဒင်)ပထမခွေရဲ့အောင်မြင်ပေမဲ့
နောက်ခွေမှာကျတော့ခပ်အေးအေးဖြစ်သွားတတ်လို့ပါဘဲ။လေးဖြူ နာမယ်ကြီးခဲ့တဲ့သီချင်းတွေကတော့
(အိပ်မက်ရထား။မုန်းလိုက်။နောက်ထပ်တို့မဝေးဘူး။မျှော်လင့်ခြင်းလေး။စုန်းမ။သေခြင်းရဲ့တံခါးများ။လွမ်းတဲ့စိတ်။အသုံးမကျတဲ့နှင်းဆီ။အလွမ်းများတစ်ကိုယ်ရေလွမ်းဆွတ်မူ့။လိပ်ပြာ။အဖေ။)သီချင်းတွေအပြင်လူကြိုက်များတဲ့သီချင်းတွေများပါတယ်။
ထူးဆန်းတယ်ပြောရမှာက ရော့ခ်သီချင်းဆိုဆူမှညံမှ ပွက်လောရိုက်မှလို့ထင်နေတဲ့သူများကိုအလင်းရောင်လိုအလင်းရောင်လိုသီချင်းအေးအေးလေးများနဲ့ဖမ်းစားထားနိုင်တာပါဘဲ။နောက်ပြီး မြန်မာပြည်မှ ပထမဆုံးလို့ပြောနိုင်တဲ့ နှစ်ပုဒ်ထဲပါတဲ့မဉ္ဇူရီဆိုတဲ
သီချင်းခွေလေးကို ထုတ်ပြခဲ့တာပါဘဲ။ဒါပေမဲ့ ငွေကြေးအပိုင်းမှာမအောင်မြင်တော့တစ်ခါထဲပါဖြစ်သွားပါတယ်။နောက် သူ့ညီအငဲနဲ့သူ့တူလိုဖြစ်နေတဲ့ မျိုးကြီးနဲ့တွဲလို့စောဘွဲ့မှူးအမှတ်တရခွေပြီးတဲ့နောက်မှာစင်ပေါ်မတက်တော့ဘူးအသက်ကြီးပြီဆိုပြီးနားလိုက်ပါတယ်။ဒါပေမဲ့နာဂစ်ရန်ပုံငွေပွဲအတွက်ဆိုပြီးအလှူပေးဘို့အတွက်စင်ပေါ်ပြန်တက်လာတဲ့အခါမှာချစ်သောပရိသတ်များကအားပေးလိုက်ကြတာ ဘယ်သူမှလိုက်မမှီအောင် ၀က်ဝက်ကွဲပါဘဲ။
(လူကိုရူးမတတ်ဖြစ်စေတဲ့ …….သံယောဇဉ် …….ဒီသံယောဇဉ်………………….)တို့
(အပေါ်ယံရှပ်ထိသောဒဏ်ရာမဟုတ်တော့ လွယ်ကူစွာနဲ့ငါမေ့မရဘူးကွယ်……..ဘယ်ဆီကိုမင်းရောက်နေတယ်……….ဘယ်သူနဲ့မင်းရှိနေတယ်)
ဆိုတဲ့ ထူးခြားစွာ ပင်လယ်ကမ်းစပ်မှာအမှတ်တရသွားတီးထားတဲ့ B0B စီးရီးတို့ဖြစ်ပါတယ်။
သူနဲဇော်ဝင်းထွဋ်ကို နိုင်းယှဉ်ကြည့်မယ်ဆိုရင် ဇော်ဝင်းထွဋ်ကတော့ ၀တ်တားစားတာ လုံးဝအမြင့်တွေပါ။လေးဖြူကတော့ ဂျင်းဘောင်းဘီ အနွမ်းလေးအကျီအကွက်ကလေးတီရှပ်ကလေးနဲ့ရိုးရိုးလေးဆိုတော့လူငယ်တွေနဲ့ပိုနီးသလိုခံစားရပါတယ်။လေးဖြူနဲ့အတူ မြန်မာပြည်က အိုင်စီလို့ခေါ်တဲ့တီးဝိုင်းရယ် (စောဘွဲ့မှူးကတော့ ဂစ်တာဘုရားပေါ့) ဂစ်တာသမားအသစ်ကလေး
ချစ်စမ်းမောင်(အတော်တော်တဲ့ပါရမီရှင်ပြောရင်မမှားပါ)ရယ် ကေအေတီဆိုတဲ့ သီချင်းရေးဆရာ အသစ်ရယ်မွေးဖွားလာပါတယ်။နောက် လေးဖြူနဲ့ အသံဆင်တူတဲ့အဆိုတော်တစ်ယောက်ထွက်လာပါတယ်။သူနာမယ်ကြီးလာတဲ့သီချင်းကလဲ မန်းလေး တက္ကသိုလ်ကညများကိုလွမ်းတဲ့သီချင်းလေးတွေနဲ့ပါ။လေးဖြူနဲ့တူဆိုနောက်မှသိလာရတာက လေးဖြူရဲ့ညီ နာမည်ရိုးပေမဲ့ အကြားဆန်းနေတဲ့ (အငဲ)ပါ။လေးဖြူနဲ့တူသလိုထင်ရပေမဲ့သူကလဲသူ့စတိုင်နဲ့သူရပ်တည်သူပါ။သူနဲ့သူ့အကိုတို့အိုင်စီ ရှိုးပွဲမှာ တစ်ယောက်နဲ့တစ်ယောက် အတည်ပေါက်ဟာသတွေထုတ်သွားကြတဲ့
(ဒီသီချင်းကို သူဒီညမဆိုရရင်သူသေသွားနိုင်တယ်…………….)တို့
(အမျိုးအရင်းတွေက မယုံရဘူးတို့ ဟောကြည့် ……လူကြီးရှက်တော့ စပ်ဖြီးဖြီးကြီး)လို့တစ်ယောက်နဲ့တစ်ယောက်
နောက်ကျတာလေးက အတော်ကိုကြည်နူးစရာကောင်းပါတယ်။
အငဲရဲ့နာမယ်ကြီးသီချင်းများကတော့ (85 မန္တလေးညများ။နူးညံ့တဲ့အမိန့်တော်အတိုင်း။မျှော်လင့်ခြင်းကွင်းပြင်။အကြည့်။
ကိုယ်ရေးရာဇ၀င်။လမ်းပြပါဦး။ဘေဘီ။)
နောက်ထူးထူးခြားခြား ခင်မောင်ထူးသီချင်းကို ပုံစံသစ်နဲ့ပြန်ဆိုလိုက်တာကိုလူတွေခိုက်သွားတဲ့
(ဒွေးမယ်နော်ငွေတောင်ပြည်ပြန်သွား…………………..ဇာတ်ထဲမှာတော့ မင်းသားလေးလို သည်ဇာတ်ဟာအလွမ်းဆုံးဟေ……)လေးဖြူ ၏ ပထမဆုံးခွေ ထွက်ပြီးသောအခါ လေးဖြူ ၏ Vocal Power သည် အမည်း ကောင် တွေ ကို ယှဉ်နိုင်သော Vocal Power ဖြစ်ကြောင်း တစ်ချို့က ချီးကြူးကြသည်။ လူငယ်အများစုကတော့ အရူးအမူး စွဲလမ်းစွာဖြင့် လေးဖြူ ၏ အလံတော် အောက် ခိုလှုံလိုက်ကြတော့သည်။ လေးဖြူ စတိတ်ရိုးမှာ အလင်းရောင် သီချင်းကိုဆိုလျှင် ဖယောင်း တိုင်ကလေး ကလေးတွေမီးညှိကာ၊ ဂက်စ်မီးခြစ်ကလေးတွေ မီးညှိကာ လက်တွေ ဝေ့၀ဲ ကာ လိုက်ဆိုကြသည်မှာ အားရစရာ။.... တစ်ခါက သီချင်းဆိုပြိုင်ပွဲ တစ်ခု ကျင်းပသည်။ အကြောင်းအရာစုံ၊ သီချင်းမျိုးစုံ ပြိုင်လာကြ သော်လည်းနောက်ဆုံးဇကာတင်အဆင့်ရောက်သောအခါ လေးဖြူ သီချင်းဆိုမည့်သူ နှင့် ဇော်ဝင်းထွဋ် သီချင်း ဆိုမည့်သူ ဟု နှစ်မျိုးသာ ရှိတော့ကြောင်း တွေ့ခဲ့ရဘူးသည်။ IRON CROSS တီးဝိုင်းနှင့် တွဲကာ အရည်အခြင်းပြည့်အခွေတွေဖန်တီးခဲ့သည်။ ရန်ကုန်မဟာသင်္ကြန်တွေကိုကြီးစိုးမင်းမူခဲ့ဘူးသည်။သို့နှင့် နောက်မှ ၀င်လာသော်လည်းရော့ခ်ဘုရင်ကြီး ဇော်ဝင်းထွဋ်ကို ပခုံးချင်း ယှဉ်လာနိုင်သူ တစ်ယောက်ဖြစ်လာခဲ့သည်။ ဂီတ လမ်းကြောင်း ကြီးပေါ်တွင် ဇော်ဝင်းထွဋ် က နေတစ်စင်းဟုဆိုလျှင် လေးဖြူ က လတစ်စင်း အဖြစ် ၀င့်ထည်ခဲ့ဘူးသည်။ သို့နှယ် လူငယ်ပရိတ်သတ်က စတိတ်ရိုးတိုင်းတွင် သူ ထွက်မလာမခြင်း လေးဖြူ၊လေးဖြူ ဟု သံပြိုင်အော်ညာသံပေးကာအားပေးခြင်းခံရသည့်တိုင်၊ အခွေထွက်လျှင် Promotion ကံစမ်းမဲ မပါပဲ အရူးအမူး လုဝယ်ကြသည့်တိုင်၊ သူ့ ကိုချစ်သော ပရိပ်သတ် က အားပေးမှုကို ပြသသည့် အနေနှင့် IRON CROSS UNPLUGGED ဟူသော စတစ်ကာ၊IRONCROSSACOUSTICဟူသော စတစ်ကာ၊ ခဏလေးများ ဟူသော စတစ်ကာ များ ကိုကားများ၊ဆိုင်များအိမ်များတွင်မကြုံစဘူးလောက်အောင် ကပ် ခဲ့ကြသေည်လည်းလေးဖြူ က သူ့ဟန်၊သူ့စတိုင် အတိုင်း မှန်သည်ထင် သည့်လမ်း ကို ရဲရဲလျှောက်လေသည်။ တစ်ခါက သူ့ကို ဗျူးသူတစ်ယောက်ကိုသူ့သီချင်းနားမထောင်ဘူးဘဲနှင့် ဘာလို့ လာဗျူး သလဲ လို့ ပေါက်ကွဲခဲ့ဘူးသည်။ သူ့စတိတ်ရိုးမှာသီချင်းဆိုနေတုံးလာပေးသော၊လာဆွဲပေးသောပန်းကုံးများကိုစိတ်မရှည်စွာဆွဲဖြတ်ပစ်ဘူးသည်။ မလေးရှား ပွဲ မှာ စင်ပေါ်တက်အား ပေးသူ တစ်ချို့ နှင့် ကတောက်ကဆ ဖြစ်ခဲ့ဘူးသည်။ သူ့ကို လေးဖြူ ဟု ဖြစ်စေသော၊စတိတ်ရိုးတိုင်းတွင် အတောင်းဆိုခံရဆုံး ဖြစ်ခဲ့သော၊အလင်းရောင် ဆိုသည့် သီချင်းကို အကောင်းဆုံးသီချင်းများ လက်ရွေးစင်အခွေထုတ်သောအခါတွင်ဖြုတ်ထားခဲ့ခြင်းဖြင့် တေးရေးဆရာ ကို နာကျည်းမှုတွေ ပေးဘူးသည်။သူ့အောင်မြင်မှုအထွဋ်ရောက်လုသော ပါဝါ၅၄ သည် ခေတ္တအပိတ်ခံရဘူးသည်။တက္ကသိုလ် ရိပ်သာလမ်းမကြီး က ခြံကျယ်ကြီးတစ်ခြံ ၏ နံပါတ် နှင့်တိုက်ဆိုင်နေလို့အပိတ်ခံရတာလို့တီးတိုးပြောခံရဘူးသည်။နောက်တော့၅၄ပြုတ်ကာပါဝါဆိုသောအမည် နှင့် ဆက်ထွက်ခွင့်ရဘူးလေသည်။ သူ့ ညီ အငဲ က တေးရေးတေးဆို အဖြစ် အောင်မြင် နေချိန်တွင် လေးဖြူကသီချင်းဆိုသက်သက်ဖြစ်နေခဲ့သော်လည်း အငဲနှင့်တွေ့ဆုံခန်းတစ်ခုတွင်သူကအခုရူးချင်ယောင်ဆောင်နေတာပါ။ သူ(လေးဖြူ) သီချင်းတွေစရေးတဲ့ အချိန်တုန်းကအငဲအနေနှင့်သီချင်းရေးဘို့ကြိုးစားနေတုန်း၊ လေးဖြူ က သီချင်းရေး တာ စောခဲ့ကြောင်း ပြောပြဘူးသည်။ သူနာမည်ကြီးခဲ့တာက ကော်ပီ သီချင်းတွေ ဖြစ်ခဲ့သော်လည်း ကိုယ်ပိုင်သံစဉ်( နိုင်ငံတကာ နှင့် ယှဉ်နိုင်သော ၊ခွန်အားပြည့်သော စာသား၊ အရည်အချင်းပြည့်သော သံစဉ်) ကို သူ ရူး သွပ်သူ ဖြစ်သည်။ သူ အိမ်မက် မက်ခဲ့လေသည်။ ဒီ အိမ်မက် ကို ဖြစ်စေတာလွန်ခဲ့သော ၁၀ နှစ်လောက်က သူ့ကို ဂျပန်နိုင်ငံတွင်ကျင်းပခဲ့သော အာရှသီချင်းပွဲတော်ကိုမြန်မာပြည်ကိုယ်စားပြုအဖိတ်ခံရခြင်းကလည်းအချက်တစ်ချက်ပါလိမ့်မည်။သူ
မြန်မာကိုယ်စားပြုသီချင်းဆိုရမည်ဟုစဉ်စားသောအခါ သူဆိုစရာ လောက်လောက်လားလား ကိုယ်ပိုင်ကိုယ်ပိုင်သံစဉ်သီချင်းမရှိခဲ့။ သို့နှင့်ထူးအိမ်သင်ရေးသားသီဆိုခဲ့သော“ရာဇ၀င်
များရဲ့ သတို့သမီး” ကို ဂျပန် နိုင်ငံတွင်ကျင်းပသော အာရှသီချင်း ပွဲတော် တွင် သီဆိုခဲ့လေသည်။ ခွန်အားပြည့်ဝသော အသံ၊စာသား၊သံစဉ် ဟု တိုက်ရိုက် ဘာသာပြန် ဖော်ပြနေသော တီဗွီ စကရင် ကို ကြည့်ကာ ဂျပန်တွေက မှတ်ချက်ပြုခဲ့သည်။ သို့ နှင့် ထူးအိမ်သင်၊ မောင်မောင် ဇော်လတ်၊ အယ်ဖြူ စသော ကိုယ်ပိုင်သံစဉ်ဖန်တီးသူ များနှင့် တွေ့ဆုံလက်တွဲကာ အကောင်အထည်ဖော်ဖြစ်ခဲ့သော သူ့ ကိုယ်ပိုင်သံစဉ် အိမ်မက် ကို လိပ်ပြာ တွင် ချပြခဲ့သောအခါ သူ့ပရိပ်သတ်တွေထက် ဂီတ သမားအချင်းချင်းကြား ချီးကြူးလေးစားမှုတွေ ရခဲ့ဘူးသည်။ အဆိုတော် ဖြိုးကြီး နှင့် တွေ့ ဆုံခန်း တစ်ခုတွင် အခုလောလောဆယ် ဘာဖြစ်ချင်နေသလဲ လို့ မေးရင် လေးဖြူ ဖြစ်ချင်တယ် ဆိုသော စကားမျိုး ပြောခဲ့ဘူးလေသည်။ ဖြူဖြူကျော်သိန်း သည်လည်း ကျောင်းသူဘ၀ က လေးဖြူ ၏ အမှတ်တရ လက်မှတ် ကို ရယူဘို့ အချိန်တော်တော်ကြာ စောင့်ပြီး ရင်ခုန်ခဲ့ရဘူးကြောင်း စာအုပ် တစ်အုပ်တွင် အမှတ်တရ ပြောခဲ့ဘူးသလို IRON CROSS စတိတ်ရိုးတစ်ခုတွင် လေးဖြူ ဟုရေးထားသော အလံ ကို လေထဲဝှေ့ရမ်း အား ပေးခဲ့သော ဖြူဖြူကျော်သိန်း ကို တွေ့ခဲ့ရဘူးလေသည်။ IRON-CROSS ACOUSTIC စတိတ်ရိုး ဖြင့် သူ့ပရိသပ်တွေကို အားပါးတရ ဖြေဖျော်ပြီးချိန်တွင် သူက မမျှော်လင့်ပဲ ကြေငြာချက်တရပ် ထုတ်လေသည်။ သူ စတိတ်ရိုး မဆိုတော့ ဟု။ အားလုံး အငိုက်မိသွားသလို ကြောင်သွားကြသည်။ အဆိုတော်ကြီး ဇော်ဝင်းထွဋ် က ဂီတလောကသား ဖြစ်လာလျှင် ကိုယ့်ကိုကိုယ် မပိုင်တော့ကြောင်း ၊ နားလိုတိုင်း နားလို့ မရကြောင်း ၊ သူကတော့ ပရိပ်သတ် ရှိနေသမျှ သီဆို နေဦး မှာဖြစ်ကြောင်း တွေ့ဆုံခန်း တစ်ခု မှာ ပြောကြားခဲ့ဘူးသည်။ လေးဖြူ မပါဝင်ပါ ဟု ကြိုတင်ကြေငြာ ထားသည့် တိုင် လေးဖြူ၊လေးဖြူ ဟု သံပြိုင်အော် ညာသံပေး ကာ ထွက်လာလိုထွက်လာ ငြား အော်ကာ သီချင်းတောင်းနေသော ပရိသတ်၊ လေးဖြူ စတိတ်ရိုး ဆိုလျှင် သီဆိုခ သိန်း သုံးရာ ပေးပါမည် ဟု ကမ်းလှမ်းလာသော ပရိုဂျူစာ များ ကို မျက်ကွယ်ပြုကာသူ သည် သူ့သီချင်းခွေ ကောင်းဘို့ အရေး ကိုသာ ကြိုးပမ်းနေတော့သည်။ ကျွန်တော်တို့ကြည့်ခွင့်ရသော လေးဖြူ ၏ IRON-CROSSACOUSTIC စတိတ်ရိုး ကို ပြန်ကြည့်လေတိုင်းစိတ်ကြည်နှုးစရာကောင်းလေသော ဇတ်ကွက် တစ်ကွက် ကို တွေ့ခွင့်ရပါသည်။ “ကျွန်တော့ဘ၀ကိုအပြောင်းလဲကြီးပြောင်းလဲစေသော သီချင်းတစ်ပုဒ် ကို ဖျော်ဖြေချင်ပါ တယ်” အစချီကာ ဂစ်တာသံ အင်ထရို ၀င်ပြီးချိန်တွင် “အလင်းရောင်”ဟုအသံပြာကြီးနှင့်စတင်လိုက်ချိန်တွင်မှင်သက်သွားသောပရိတ်သတ်၏၀မ်းသာအားရ အားပေးသံ၊လက်ခုတ်သြဘာသံများကိုကြားလိုက်ရချိန်တွင် ကျွန်တော်ကတော့ တေးရေးသူ သော်ဒီဝေ ၏ ၀မ်းသာအားရဖြစ်နေမည့် မျက်နှာကြီးကို တွေးကာ ကြည်နှုးနေမိပါတော့သည်။

Credit - We Love Music

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။