Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, December 24, 2015

နောက်မျိုးဆက်များထံ လက်ဆင့်ကမ်း ရောက်ရှိသွားမည့် အမည်နာမများ

နောက်မျိုးဆက်များထံ လက်ဆင့်ကမ်း ရောက်ရှိသွားမည့် အမည်နာမများ
အနောက်တိုင်းယဉ်ကျေးမှုအရ အမည်ပေးရေးစနစ်ကို ကြည့်လျှင် Christian Name ဟု ခေါ်သော မိမိကို ကင်ပွန်းတပ်ပေးလိုက်သည့် အမည်၏ နောက်တွင် Surname ခေါ် Family Name ထည့်သွင်းရသည်။
တရုတ်ယဉ်ကျေးမှုတွင်လည်း အမည်ပေးရာ၌ “တန်၊ လီ၊ ကျောက်” အစရှိသော မျိုးရိုးစာလုံးကို ထိပ်ဆုံးမှ ထည့်သွင်းရသည်။ ထို့ကြောင့် နာမည်ကို ကြည့်၍ မျိုးရိုးစဉ်ဆက်ကို သိနိုင်သည်။ မြန်မာတို့တွင် အလားတူ အစဉ်အလာမျိုး မရှိသော်လည်း မျိုးဆက်ကို အလွယ်တကူ သိရှိနိုင်သော နာမည်အချို့ ရှိသည်ကို သတိပြုမိကြမည် ဖြစ်သည်။ အထူးသဖြင့် နာမည်ကိုကြည့်၍ ထင်ရှားခဲ့သူတို့၏ မျိုးဆက်များဖြစ်ကြောင်း အလွယ်တကူ သိနိုင်သူများရှိသည်။
“ကြက်မှာ အရိုး၊ လူမှာ အမျိုး”ဟုဆိုကာ မျိုးရိုးကို အထူးပြုပြောဆိုလေ့ ရှိခြင်းကို မြန်မာ့လူ့အဖွဲ့အစည်း၌လည်း တွေ့ရသည်။ “သူတို့အမျိုးက ထူးချွန်သူတွေချည်းပဲ”၊ “ငါတို့ အမျိုးတွေက ကတိတည်တယ်၊ ကလိမ်ကကျစ် မရှိဘူး” အစရှိသဖြင့် ပြောဆိုကြသည်။ ထို့ကြောင့် Family Name ထည့်သွင်းပေးလိုက်ခြင်းသည် တစ်စုံတစ်ဦး၏ ပခုံးပေါ်သို့ စောင့်ထိန်းရမည့် ၀တ္တရားတစ်ခု ကြိုတင်ပြဋ္ဌာန်းပေးလိုက်သကဲ့သို့ ရှိသည်။
“စိန်နားကပ်အရောင်နှင့် ပါးပြောင်” ဆိုသကဲ့သို့ မျိုးရိုးကြောင့် ဂုဏ်သိက္ခာတက်ရသူများ ရှိသကဲ့သို့ မျိုးရိုးနာမည်ကြောင့် အရှက်ရသူများလည်း ရှိသည်။ ဂဠုန်ဦးစော၏ မျိုးဆက်များသည် ကိုယ်တိုင် ပြစ်မှုကျူးလွန်သူများ မဟုတ်ပါဘဲလျက် မျက်နှာငယ်ခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံအတွက် မည်သည့်စွမ်းဆောင်ရည်မျှ မပြသေးမီကပင် ပြည်သူများစွာ၏ ချစ်ခင်လေးစားမှု ခံရခြင်း၌ “အောင်ဆန်း”ဟူသည့် အမည်သည် အကြောင်းတရား တစ်ခုအနေဖြင့် ပါဝင်ခဲ့သည်။
အင်္ဂလန်၏ နာမည်ကျော်ဘောလုံးသမား ဖရန့်ဂျိမ်းလမ်းပတ်က အင်္ဂလန်လက်ရွေးစင် ဘောလုံးသမားတစ်ဦးပင်ဖြစ်သော ဖရန့်ရစ်ချက်ဂျော့လမ်းပတ်၏ သားဖြစ်သည်။ သူ ငယ်စဉ်က ကွင်းထဲ၌ ဘောလုံးကို ကောင်းစွာ မကစားနိုင်သည့်အခါ ဖခင်ဖြစ်သူ၏ ဒဏ်ပေးမှုကို ခံခဲ့ရကြောင်း ပြောပြခဲ့ဖူးသည်။ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ဦး ဖြစ်လာရန် ရည်မှန်းထားသော သားဖြစ်သူကို ခပ်ညံ့ညံ့ ဘောလုံးသမားတစ်ဦးသာ ဖြစ်မလာစေဘဲ မျိုးရိုးဂုဏ်သိက္ခာထိန်းသိမ်းရန် ဖခင်က လိုလားခဲ့ခြင်းဖြစ်သည်။ ဟောလိဝုဒ်မင်းသား နီကိုလက်ကေ့ဂ်ျကမူ ဟောလိဝုဒ်ဘုရင်အဖြစ် လျှမ်းလျှမ်းတောက် အရှိန်အ၀ါကြီးသော ဦးလေးအရင်းဖြစ်သူ ဒါရိုက်တာကြီး ဖရန်စစ်ဖို့ဒ်ကော်ပိုလာ၏ အရှိန်အ၀ါက သူ့အပေါ် ရိုက်ခတ်မည်စိုးသောကြောင့် ရုပ်ရှင်လောကထဲသို့ ၀င်သည့်အခါ သူ၏အမည် နီကိုလက် ကင်မ်ကော်ပိုလာဟူသည့် အမည်ရင်းကို ပြောင်းပစ်ခဲ့သည်။
အမေရိကန်၏ ၄၁ ဦးမြောက် သမ္မတ ဂျော့အိပ်ခ်ျဒဗလျူဘုရှ်၏သား ဂျော့ဒဗလျူ ဘုရှ် ၄၃ ဦးမြောက် အမေရိကန်သမ္မတ ဖြစ်လာခြင်းက ဖခင်ဖြစ်သူ၏ မျိုးရိုးအမည်နာမနှင့် သက်ဆိုင်မှု များစွာရှိသည်။ အကယ်၍သာ ဖခင်သည် နိုင်ငံသားအများအပြားက မုန်းတီးစက်ဆုပ်မည့် လုပ်ရပ်များ လုပ်ခဲ့ပါက သားဖြစ်သူ သမ္မတဖြစ်လာရန် အခွင့်အလမ်း နည်းပါးပေလိမ့်မည်။ ကံကောင်းထောက်မစွာပင် ဂျော့ဒဗလျူဘုရှ်သည် ဖခင်ထံမှ ကောင်းမွန်သော ဂုဏ်သိက္ခာအမွေကို ဆက်ခံရရှိခဲ့သည်။ အိန္ဒိယနိုင်ငံရေးလောကတွင်လည်း ဂျာဟာဝါလာနေရူး၏ မျိုးဆက်များ လွှမ်းမိုးထားခဲ့သည်။ နေရူး၏အဘိုး ဂန်ဂါဒါနေရူးနှင့် နေရူး၏ ဖခင် မိုတီလာနေရူးမှသည် သမီး အင်ဒီယာဂန္ဒီ၊ မြေး ရာဂျစ်ဂန္ဒီနှင့် ဆန်ဂျေး ဂန္ဒီ၊ ရာဂျစ်၏ ဇနီး ဆိုနီယာဂန္ဒီနှင့် မြစ်ရာအူးဂန္ဒီအထိ အိန္ဒိယနိုင်ငံရေးလောကကို လွှမ်းမိုးထားခဲ့သည်။
ထို့ကြောင့် သင်၏ နောင်မျိုးဆက်များက သင်၏ အမည်ကို ဂုဏ်ယူစွာ ခံယူလေမည်လား၊ သင်၏ အမည်အား ခံယူရမည်ကို ရှက်ရွံ့နေကြမည်လား ဟူသည် ယခု သင်၏ လုပ်ရပ်များပေါ်တွင် မူတည်နေမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသား အပ်ပါသည်။
Eleven Media Group
(ဒီဇင်ဘာလ ၂၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။