နင်အပျိုစစ်ရဲ့လား ဆိုတဲ့ မေးခွန်းကို ဖြေဆိုဖို့ မ၀ံ့မရဲတဲ့ ဖြစ်စဉ်တွေ အတော်များများ ဖြစ်လာနေပါပြီ (လူငယ်များဆင်ခြင်စရာ)
-------------------------- -------------
မန္တလေးမြို့တွင် ယခင်ကဲ့သို့ အတွဲ(သမီးရည်းစား)များ ချိန်းတွေ့ရာနေရာမှာပန်းခြံ များမဟုတ်တော့Mini
Cinema ၊ တည်းခိုခန်း၊ ဟိုတယ်၊ မိုတယ်စသည့်ြ ဖင့်ယောက်ျားလေး၊ မိန်းကလေး
နှစ်ယောက်တည်းတံခါးပိတ် ဆွေးနွေးတိုင်ပင်နိုင်သောနေ ရာများမှာ တစ်စ တစ်စတိုးမြင့်ဖွင့်လှစ်လာခြင်းကြောင့်သမီးပျိုများ အတွက် လက်ထပ်ထိမ်းမြားခြင်းမပြုလု ပ်ရသေးဘဲ
အပျိုဘ၀စွန့်လွှတ်ရာနေရာ၊ ဘ၀ပျက်ရာ နေရာတစ်ခု ကဲ့သို့ ဖြစ်လာနိုင်သည်ဟု
သမီး ရှိမိဘများက တွေး ပူနေကြပြီ၊ တာဝန်ရှိသူတွေကရော ဒီအတိုင်း
ကြည့်နေကြတော့မှာလား။
တွေးပူတာနဲ့တင်မပြီးသေးပါဘူး၊
ဖြစ်စဉ်တွေလည်းရှိနေပါတယ်၊ နယ်မြို့လေးတစ်မြို့က မန္တလေးမြို့ပေါ်ကိုရောက်
အလုပ်တစ်ခုမလုပ်မီမှာ ရည်းစားထား၊ အဆိုပါ နေရာတွေကို သွားရတာ လွယ်ကူ
တဲ့အတွက် သွား၊ ကိုယ်ဝန်ရ၊ ရတဲ့ကိုယ်ဝန်နဲ့ ပတ်သက်ပြီး တာဝန်ယူနိုင်တဲ့
အနေအထားမရှိတဲ့ သူနဲ့ တွေ့ပြီး တဲ့နောက် ကိုယ်ဝန်ကိုလက်သိပ်ထိုးဖျက် ချ၊ ဆရာဝန်မဟုတ်တဲ့သူက ကိုယ်ဝန်ဖျက်ချပေးတော့ ကျေးရွာတစ်ခုက ကွမ်းတော်ကိုင်ပန်းတော်ကိုင်အသက်၂၁နှစ် အရွယ် မိန်းက လေးတစ်ဦးမှာ အသက်မသေဆုံးသင့်ဘဲ သေဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခုနဲ့ ပတ်သက်ပြီး မိခင်ဖြစ်သူက ပြောပြခဲ့ပါတယ်။
“ဆေးရုံပြဖို့လုပ်တယ်၊ အမျိုးသမီးဆေးရုံကြီးကိုသွားမပြဘူးလို့ အတင်းငြင်းတဲ့အတွက် မန္တလေးပြည်သူ့ဆေးရုံကြီးကို ပြတယ်၊
ဟိုစစ်ဒီစစ်ဆေးနေပြီး ဘာရောဂါ မှ မတွေ့ရှိပါဘူး၊ ဘာမှမဖြစ်ဘူးလို့
ထင်တဲ့အတွက် ရွာပြန်လာတယ်၊ ရွာရောက်တော့ အသားအရေမည်းခြောက်နေပြီးဆရာ ၀န်နဲ့ကုမရလို့ သားဖွားဆရာဝန်မ တစ်ဦးကိုပြကြည့်ရာမှ သားအိမ်ထဲမှ ကျန်တဲ့ အသားက ပုတ်နေပြီ အမြန်ဆေးရုံပို့လို့ပြောပေမ ယ့် ပို့တဲ့လမ်းမှာတင်အသက်သေဆုံးသွားခဲ့ရပါတယ်”မျက်ရည်မ ဆည်နိုင်အောင်ငိုကြွေးထားသော မိခင်က သမီးဖြစ်စဉ်အား ရှင်းပြခဲ့သည်။
ထို့ဖြစ်စဉ်ဖြစ်ပွားရခြင်း အစပထမမှာအရှက်ကို ရှေ့တန်းမတင်ဘဲ နောက်ပိုင်း ပြဿနာဖြစ်ပွားကာမှ အရှက်တရား ကို ရှေ့တန်းတင် ဆေး ကုသမှုမပြုခဲ့ တာကြောင့် အခုလိုအဖြစ်မျိုးကြုံတွေ့ခဲ့ ရတာဖြစ်တဲ့အတွက် မိဘတွေထိန်းသိမ်းဖို့၊ ကာယကံရှင် မိန်းမပျိုတွေအနေနဲ့လည်း ထိန်းသိမ်းဖို့လိုလာနေပြီဆိုတာကို သိသာထင်ရှားစွာ မီးမောင်းထိုးပြလိုက်တာပါပဲ ။သိသာထင်ရှားစွာပေါ်လွင်လာတာ နဲ့အတူ လက်ရှိအနေအထားအရ အထက်ပါဖြစ်စဉ်လိုမျိုး ဘယ်နှဦးလောက်ြ ဖစ်နေပြီလဲဆိုတာကတော့ အတိအကျမသိရပါဘူး။
ဒါပေမဲ့ အရေအတွက်အရတော့မနည်းတော့ဘူး ဆိုတာကတော့ တွေးကြည့်ရုံနဲ့သိသာပါတယ်။
အဲဒါတွေဖြစ်ပွားလာရတဲ့အကြော င်းအရင်းတစ်ခုအနေနဲ့ကတော့ ကျောင်းပတ်ဝန်းကျင်၊ တက္ကသိုလ်နားဝန်ကျင်မှာလည်းဟိုတယ်၊ မိုတယ်၊ Mini Cinema တွေကိုမှိုလိုပေါက်အောင် ဖွင့်လှစ်ခွင့်ပြုထားတာတွေေ ကြာင့် အချိန် ပိုင်းအနားယူသွားအိပ်၊ဘ၀ပျက်ကြရတာတွေကလည်း ဒုနဲ့ဒေးပါပဲ၊ စာပေပိုင်းဆိုင်ရာကို လေ့လာမှုကတော့ မသိဘူး၊ နိုင်ငံတကာယဉ်ကျေးမှုကိုတော့ လိုက် နာနေကြတာကတော့ မြေကြီးလက်ခတ်မလွဲဘဲ တွေ့မြင်နေရတာပါပဲ။
ဒီကိစ္စနဲ့ပတ်သက်ပြီး အသက် ၂၄ နှစ် အရွယ်မခင်ခင်က(အမည်လွှဲ) “နယ်မြို့ကလာတဲ့မနိးကလေးတေကွ အများဆုးံ ၀န်ထမ်းအလုပ်လုပ်ပြီး မြို့မှာနေထိုင် ကြ တာများတယ်၊သူတို့က ငွေကို အဓိကထားတယ်၊ ဝေဖန်တာမဟုတ်ပါဘူး၊ အမြင်ကိုပြောတာဖြစ်ပါတယ်၊ အဆောင်တစ်ခုမှာ မိန်းကလေး၃၀ဦး လောက် ရှိမယ်ဆိုရင် ငါးဦးနဲ့ ရှစ်ဦးကြားမှာဖြစ်နေတယ်။
ကျွန်မနေခဲ့တဲ့ အဆောင်က အနေအထားကို ပြောတာပါ၊အဲဒီထဲမှာ တချို့ဗိုက်ပေါ်လို့ပြန်သွား တာ၊လက် သိပ် ထိုးဖျက်ချတာ မျိုးစုံရှိပါတယ်၊အဓိကတော့ အလေးမထားတာနဲ့ လွယ်လွယ်ကူကူ ဖြစ်နိုင်တဲ့နေရာတွေပေါလာတာ ကြောင့်လို့ထင်တယ်၊ဒါတင်မကတ စ်ယောက် နဲ့တစ်ယောက် ဘယ်ဟိုတယ်၊ ဘယ်နေရာက သန့်တယ်ဆိုတာမျိုးအထိ လမ်းညွှန်လုပ်ဆောင်လာကြတာမျိုး ဖြစ်လာနေပြီ” ဟု ပြောသည်။
ယင်းကဲ့သို့သောပြောင်းလဲမှုအ ပြင်မန္တလေးမြို့မှာ
အခါကြီးရက်ကြီး အလည်ထွက်၊ ဘုရားဖူးသွားတဲ့ ခေတ်မ ဟုတ်တော့ဘဲ
ဟိုတယ်လူပြည့်တဲ့အထိစည် ကား တဲ့မြို့၊မာဆတ်တွေ တောင်ပုံရာပုံဖွင့်လှစ်ခွင့် ပေးအဲဒီမှာ ရရှိတဲ့ ငွေကြေးအနည်း ငယ်ကြောင့်ဘ၀ပျက်သွားရတဲ့ သမီးပျိုတွေနေထိုင်တဲ့မြို့ ၊ အရက်သေ စာေ သာက်စားဖို့အတွက်လည်း အသက်၁၈ နှစ်ပြည့်ပြီလားဆိုတာမကြည့် ၊
ရောင်းချဖို့ရဖို့အတွက် အဓိကဦးစားပေးနေတဲ့မြို့ စသည့်ဖြင့်
ထိန်းချုပ်ကန့်သတ်မှုမ ရှိတော့တဲ့ မြို့အဖြစ် တဖြည်းဖြည်းပုံပြောင်းလို့လာနေပါပြီ။
ထဘီခြေဖနောက်ဖုံးဝတ်တဲ့ ယဉ်ကျေးမှုမြို့တော် မန္တလေးက မန္တလာသူကနေ ဒူးအောက်မဆင်းအ၀တ်အစားတွေဝတ်လာပြီး
ယဉ်ကျေးမှုပြယုဂ် နွမ်းပါးလာတဲ့ မြို့အဖြစ် တဖြည်းဖြည်း
ပုံပြောင်းစပြုလာနေပြီလို့ ထင်တယ်။ ဒါတွေသာမက အမျိုးသမီး များအနေဖြင့်
ယခင်ကလိုမျိုး မိမိတစ်သက် တာပေါင်း သင်းနေထိုင် မည့်သူနှင့် နေထိုင်ခြင်း
ကိုအချို့သောသူများက လုပ်ဆောင် ကြသော်လည်း ယခုခေတ်တွင် ယင်းကဲ့သို့
ပုံစံမျိုး မဟုတ်ဘဲ မည့်သည့်အကြောင်း အရင်းမျှ မသိ ရသေးသောသူများနှင့်
သမီးရည်းစားဖြစ်ကာ အလေးမထားဘဲ အတူတကွနေထိုင်ခြင်းကြောင့် ယခုကဲ့သို့
ဖြစ်ပွားမှုများရှိလာခြင်းဖြ စ်ကာ အထက်ပါ ဖြစ်စဉ် များကဲ့သို့ အသက်သေဆုံးသည့်အထိဖြစ်ပေါ်လာ ခြင်းဖြစ်သည်ဟု အသက် ၄၅နှစ်ရှိဒေါ်အေးက သုံးသပ်ပြောဆိုခဲ့သည်။
သုံးသပ်ချက်များအပြင် လက်ရှိအချိန်ကာလအား ဒီမိုကရေစီခေတ်ဟုဆိုကာဖော်ချွတ်မော်ဒယ်များ တဖြည်းဖြည်းတိုးတက်လာခြင်း၊ အမျိုးသမီးများအရက်သေ စာသောက်စားမှုများကို ပေါ်ပေါ်ထင်ထင်ပြုလုပ်လာကြခြင်း၊ သမီးရည်း စားနေထိုင်မှုပုံစံ ပွင့်လင်းသထက် ပွင့်လင်းလာခြင်းတို့ကြောင့်  အတုမြင် အတတ်သင် လာနိုင်ခြင်း၊ အွန်လိုင်းပေါ်မှ အပြာရောင်ဝက်ဘ်ဆိုဒ်များအား အလွယ်တကူကြည့်ရှုလာကာမလိုလား အပ်သော အတုယူမှားများကိုလူငယ်၊ လူရွယ်များမှ ရယူ လာခြင်းကြောင့်လည်း တဖြည်းဖြည်း ယခုကဲ့သို့အသွင်ပြောင်းလဲလာ ခြင်းဖြစ်သည်။
“မူးယစ်ဆေးဝါးလက်တစ်ကမ်းမှာ ၀ယ်ယူနိုင်တဲ့အနေအထား၊ ဆယ်ကျော်သက်များ လိင်မှုဆိုင်ရာ စူးစမ်းမှုအနေထား၊၁၈+ကားများ ဆိုင်များအား အလွယ်တ ကူဝယ်ယူနိုင်သည့် အနေအထားများကြောင့်အနောက်တိုင်း ယဉ်ကျေးမှုဝင်ရောက်လာပြီး၊လက်မထပ်မီအတူနေထိုင်ခြင်းတြွေ ဖစ်ပေါ်တာပါ၊ဒါ့အပြင်သူများနိုင် ငံတွေလိုကျန်းမာရေးအသိစိတ်ဓာတ်၊ ဆေးဝါးပိုင်းဆိုင်ရာအသိ စသည့်တို့ကို သိရှိနားလည်ခြင်းမရှိတာကြော င့် ဒီလိုတွေဖြစ်ကုန်တာ၊အဲလိုမျိုးတွေမဖြစ်အောင် အားလုံးကို သိရှိလုပ်ဆောင်ပေးဖို့ သက်ဆိုင်ရာမှာ တာဝန်ရှိတယ်” ဟု ဒေါ်အေးကပြောသည်။
ယင်းအချက်အလက်များကြောင့်လက်ရှိအချိန်တွင် နင်အပျိုစစ်ရဲ့လားလို့မေးခွ န်းပိုင်းဆိုင်ရာမှာအခုခေတ် လူငယ်ကြားတွင်ဖဆိုဖို့မ၀ံ့မ ရဲတဲ့ဖြစ်စဉ်တွေတော တော် များများဖြစ်လာခဲ့ကြောင်း ၊အားလုံးခြုံငုံသုံးသပ်ပြော ဆိုခြင်းတော့မဟုတ်ပါဘူး၊ လက်ရှိလူငယ်တွေကို အဓိကထားဆိုခြင်းဖြစ်တယ်လို့ အမျိုးသမီးတစ် ဦးကပြောခဲ့ပါတယ်။
ထို့ကဲ့သို့သောဖြစ်စဉ်များနှင့် ပတ်သက်၍ ၀န်ထမ်းအမျိုးသားတစ်ဦးဖြစ် သည့်ကိုအေး(အမည်လွှဲ) အား ထင်မြင်ချက်မေးမြန်းရာ “ ကျွန်တော်တို့ ယောက်ျားေ လးတွေက ကိုယ်တစ်သက်တာ လက်တွဲရမယ့်သူဖြစ်မယ့်မိန်း မတွေမှာ ရှိသင့်တဲ့အပျိုဂုဏ် ဆိုတာမျိုးကို တန်ဖိုးထားနေကြဆဲပါ၊အဖော်အချွတ်တွေ ပေါ်လာလို့ လည်းယောက်ျားဖြစ်တာကြောင့် ကြည့်တယ်၊အလေးထားမှုတော့မရှိ ပါဘူး”ဟု ပြောဆိုသွားခဲ့ပါတယ်။
ဒါမျိုးတွေမဖြစ်၊ သမီးပျိုတွေကို ဝေဖန်နေ တာမျိုးတွေရှိလာရတဲ့ အဓိက အချက်ကတော့ သက်ဆိုင်ရာကနေ ထိန်းချုပ်မှုမပြုတာ၊ လူငယ်လူရွယ်တွေ နေထိုင် သွားလာမှုများတဲ့ ကျောင်း၊ တက္ကသိုလ်ပတ်ဝန်းကျင်မှာ အဲလိုမျိုးဆိုင်တွေကို ဖွင့်လှစ်ခွင့်ပြုတာ၊ ဟိုတယ်တွေမှာ ကျောင်းသား၊ လူငယ်တွေကို တည်းခိုခွင့်ကို ကြပ်မတ်လုပ်ဆောင်တာ၊ အရက်ဆိုင်၊ ဘီယာဆိုင်များကိုဖွင့်လှစ်ခွင့်ကန့်သတ်တာတို့လုပ်ဆောင် သင့်ပါတယ်။
ဒါပေမဲ့ လုပ်ဆောင်ခြင်းကတော့ အခုထိထင်ထင်ရှားရှားမရှိသေး ပါဘူး။ဥပမာအနေနဲ့ပြောရင်မန္တ လေးတက္ကသိုလ်အနီးဝန်းကျင်မှာ အတွဲတွေအတွက် လေအေး စက်ပါတဲ့ အခန်းတွေကိုတစ်နာရီကျပ်နှစ် ထောင်ဝန်းကျင်နဲ့
အတားအဆီးမရှိ ဖွင့်လှစ်ခွင့်ပြုထားတာ၊ အဲဒီနေရာမှာ တစ်နေ့ကို
အတွဲပေါင်းရာဂဏန်းဝန်းကျင် အထိနေ့စဉ် လာရောက်ကြတာ၊အဲဒီထဲမှာ ဘယ်လောက်များ
သမီးပျိုလေးတွေရဲ့ ဘ၀ပျက်စီးသွားရပြီလဲဆိုတာကိုချင့်ချိန်တွေးတောကြည့်နို င်ပါတယ်။ အမြင် မတင့်တယ်သလို ဥပဒေအရလည်း ခွင့်ပြုမယ်လို့ မထင်ပါဘူး၊ ဒါတွေမဖြစ်အောင်သက်ဆိုင်ရာအ နေနဲ့ လျစ်လျူရှုမနေပါနဲ့လို့ ပြောချင်ပါတယ်။
Credit: Mizzima
--------------------------
မန္တလေးမြို့တွင် ယခင်ကဲ့သို့ အတွဲ(သမီးရည်းစား)များ ချိန်းတွေ့ရာနေရာမှာပန်းခြံ
တွေးပူတာနဲ့တင်မပြီးသေးပါဘူ
“ဆေးရုံပြဖို့လုပ်တယ်၊ အမျိုးသမီးဆေးရုံကြီးကိုသွာ
ထို့ဖြစ်စဉ်ဖြစ်ပွားရခြင်း အစပထမမှာအရှက်ကို ရှေ့တန်းမတင်ဘဲ နောက်ပိုင်း ပြဿနာဖြစ်ပွားကာမှ အရှက်တရား ကို ရှေ့တန်းတင် ဆေး ကုသမှုမပြုခဲ့ တာကြောင့် အခုလိုအဖြစ်မျိုးကြုံတွေ့ခဲ
ဒါပေမဲ့ အရေအတွက်အရတော့မနည်းတော့ဘူး
အဲဒါတွေဖြစ်ပွားလာရတဲ့အကြော
ဒီကိစ္စနဲ့ပတ်သက်ပြီး အသက် ၂၄ နှစ် အရွယ်မခင်ခင်က(အမည်လွှဲ) “နယ်မြို့ကလာတဲ့မနိးကလေးတေကွ အများဆုးံ ၀န်ထမ်းအလုပ်လုပ်ပြီး မြို့မှာနေထိုင် ကြ တာများတယ်၊သူတို့က ငွေကို အဓိကထားတယ်၊ ဝေဖန်တာမဟုတ်ပါဘူး၊ အမြင်ကိုပြောတာဖြစ်ပါတယ်၊ အဆောင်တစ်ခုမှာ မိန်းကလေး၃၀ဦး လောက် ရှိမယ်ဆိုရင် ငါးဦးနဲ့ ရှစ်ဦးကြားမှာဖြစ်နေတယ်။
ကျွန်မနေခဲ့တဲ့ အဆောင်က အနေအထားကို ပြောတာပါ၊အဲဒီထဲမှာ တချို့ဗိုက်ပေါ်လို့ပြန်သွား
ယင်းကဲ့သို့သောပြောင်းလဲမှုအ
ထဘီခြေဖနောက်ဖုံးဝတ်တဲ့ ယဉ်ကျေးမှုမြို့တော် မန္တလေးက မန္တလာသူကနေ ဒူးအောက်မဆင်းအ၀တ်အစားတွေဝတ
သုံးသပ်ချက်များအပြင် လက်ရှိအချိန်ကာလအား ဒီမိုကရေစီခေတ်ဟုဆိုကာဖော်ခ
“မူးယစ်ဆေးဝါးလက်တစ်ကမ်းမှာ
ယင်းအချက်အလက်များကြောင့်လက
ထို့ကဲ့သို့သောဖြစ်စဉ်များန
ဒါမျိုးတွေမဖြစ်၊ သမီးပျိုတွေကို ဝေဖန်နေ တာမျိုးတွေရှိလာရတဲ့ အဓိက အချက်ကတော့ သက်ဆိုင်ရာကနေ ထိန်းချုပ်မှုမပြုတာ၊ လူငယ်လူရွယ်တွေ နေထိုင် သွားလာမှုများတဲ့ ကျောင်း၊ တက္ကသိုလ်ပတ်ဝန်းကျင်မှာ အဲလိုမျိုးဆိုင်တွေကို ဖွင့်လှစ်ခွင့်ပြုတာ၊ ဟိုတယ်တွေမှာ ကျောင်းသား၊ လူငယ်တွေကို တည်းခိုခွင့်ကို ကြပ်မတ်လုပ်ဆောင်တာ၊ အရက်ဆိုင်၊ ဘီယာဆိုင်များကိုဖွင့်လှစ်ခ
ဒါပေမဲ့ လုပ်ဆောင်ခြင်းကတော့ အခုထိထင်ထင်ရှားရှားမရှိသေး
Credit: Mizzima

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။