Digital SLR Camera ေတြကို ထုတ္လုပ္သူေတြဘက္ကေန မၾကာခဏဆိုသလို ထုတ္လုပ္ေနတာေၾကာင့္
ဓါတ္ပံုဆရာေတာ္ ေတာ္မ်ားမ်ားဟာ သူတို႔ကင္မရာေတြကို မၾကာခဏဆိုလို၊ ေနာက္ဆံုးေပၚ အေကာင္းဆံုး
ေတြနဲ႔ လဲလွယ္ၿပီး ကိုင္တြယ္အသံုး ျပဳတတ္ၾကပါတယ္။ ဒါေၾကာင့္လည္း တပတ္ရစ္ကင္မရာေစ်းကြက္ဟာ
ေရာင္းသူဝယ္သူေတြ မ်ားျပားၿပီး ေစ်းႏႈန္းအမ်ိဳးမ်ိဳး၊ ကင္မရာရဲ႕ အေျခအေနအမ်ိဳးမ်ိဳးနဲ႔ စံုလင္ေအာင္ရွိေနတဲ့
ေစ်းကြက္လည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီတစ္ေခါက္မွာ တစ္ပတ္ ရစ္ေစ်းကြက္ကေန ကင္မရာဝယ္ယူလိုတဲ့
သူေတြအတြက္ အသံုးဝင္ႏိုင္မယ့္အၾကံဥာဏ္တခ်ိဳ႕ကို ေဖာ္ျပေပးခ်င္ပါတယ္။
၁. Shutter count အေရအတြက္ကို စစ္ေဆးပါ။
SLR တိုင္းမွာ ကင္မရာတစ္ခုလံုးရဲ႕ စက္အစိတ္အပိုင္းေတြ ျပန္လဲဖို႔လိုလာတဲ့ အခ်ိန္မေရာက္ခင္အခ်ိန္အတြင္းမွာ အသံုးျပဳ ႏိုင္ အဖြင့္အပိတ္အႀကိမ္ေရက အကန္႔အသတ္ ရွိပါတယ္။ ထုတ္လုပ္တဲ့သူေတြဘက္က ဒီ shutter
count ကို သူတို႔ web site ေတြမွာ ေဖာ္ျပေပးတတ္တာမို႔၊ ကိုယ္ဝယ္မယ့္ ကင္မရာရဲ႕ မိုဒယ္နဲ႔တိုက္ဆိုင္ၿပီး
အသံုးျပဳႏိုင္မွာပါ။ ဒါေၾကာင့္ ကင္မရာ ဝယ္ၿပီးဆိုရင္ မျဖစ္မေနစစ္ေဆးသင့္တာက shutter count ျဖစ္လာ
ပါတယ္။
အလြယ္ဆံုးနည္းကေတာ့ ကင္မရာေတြမွာ ဒီကင္မရာနဲ႔ ပံုဘယ္ႏွစ္ပံု႐ိုက္ၿပီးၿပီဆိုတာ ျပေပးတဲ့ setting ပါလာ
တတ္ပါတယ္။ ဒါေပမယ့္ ခက္တာက တစ္ခ်ိဳ႕ကင္မရာေတြမွာက ဒီနံပါတ္ကို ျပန္ၿပီး reset လုပ္ေပးႏိုင္ပါတယ္။
ဒါေၾကာင့္ ဒါကိုခ်ည္းပဲ ယံု ၾကည့္လို႔ေတာ့မရပါဘူး။ ဒါေၾကာင့္မို႔လို႔ third-party program ကို အသံုးျပဳဖို႔လိုပါ
မယ္။ Canon သမားေတြဆိုရင္ေတာ့ EOSInfo ကို သံုးႏိုင္ၿပီး၊ Nikon နဲ႔ Pentax သမားေတြကေတာ့ ကင္မရာ
နဲ႔႐ိုက္ထားတဲ့ အထဲက NEF ဒါမွမဟုတ္ DNG file ေတြကို myshuttercount.com မွာ သြားၿပီး upload တင္ၿပီး
စစ္ေဆးႏိုင္ပါတယ္။ အဲဒီမွာမွ ကင္မရာရဲ႕ နဂိုမူရင္း Shutter count ရယ္၊ ႐ိုက္ထားတဲ့ အေရအတြက္ရယ္၊ ဘယ္ေလာက္ထပ္႐ိုက္လိုက္လို႔ရဦးမယ္ဆုိတာေတြကို ခန္႔မွန္းတြက္ခ်က္ႏိုင္မွာ ပါ။ ေနာက္ထပ္ shutter နဲ႔
ပတ္သက္ၿပီးေတာ့ ေျပာဖို႔က်န္တာက ကင္မရာကို မဝယ္ခင္ shutter speed ကို အမ်ိဳးမ်ိဳးခ်ိန္ၿပီး ေတာ့ ေလး၊ ငါးပံုေလာက္႐ိုက္ၾကည့္ဖို႔ပါပဲ၊ shutter အဖြင့္အပိတ္အသံက ညက္ေညာမွဳရွိရမယ္၊ jam ျဖစ္ေနတာတို႔၊ တစ္ခုခု
ထစ္ေနတာမ်ိဳးတို႔ မရွိရပါဘူး။
၂. Sensor ကို စစ္ေဆးပါ။
Sensor ျပႆနာကို စစ္ေဆးဖို႔အတြက္ဆိုရင္ ကၽြန္ေတာ္တို႔က အရမ္းလင္းတဲ့ေနရာတစ္ခုကို ႐ိုက္ကူးၾကည့္လိုက္ပါ။ ဥပမာ လင္းေနတဲ့ေကာင္းကင္ျပင္ႀကီးတို႔၊ နံရံအျဖဴႀကီးတို႔ကို aperture အနည္းဆံုးနဲ႔ ႐ိုက္ကူးပါ။
ၿပီးသြားရင္ ကြန္ပ်ဴတာေပၚမွာ ပံု ကို Zoom ျပန္ခ်ဲ႕ၿပီး၊ ဖုန္ေတြကပ္ေနလို႔ sensor က မဖတ္လိုက္ႏိုင္တဲ့ ေနရာ
မ်ိဳးေတြကို ရွာပါ။ ေနာက္တစ္ခါ lens cap တပ္ ထားၿပီး တစ္ပံု႐ိုက္ၿပီး၊ ၿပီးရင္အရင္ရုိက္ထားတဲ့ပုံနဲ႔ ျပန္ယွဥ္ၿပီး ျပႆနာျဖစ္ႏိုင္တဲ့ေနရာေတြကို ရွာေပးပါ။ ေနာက္တစ္ခုက Sensor ကို မ်က္စိအျမင္နဲ႔ၾကည့္တာပါ။ camera
menu ထဲမွာ မွန္ကိုမလိုက္ၿပီး sensor ကို ျမင္ရေစမယ့္ option ပါလာတတ္ပါတယ္။ ဖုန္ေတြေလာက္က
အလြယ္တကူရွင္းႏိုင္ေပမယ့္၊ ျခစ္ရာပြန္းရာေတြ ရွိေနတယ္ဆိုရင္ေတာ့ အဆင္မေျပပါဘူး။
၃. Lens ေတြကလည္း အေရးပါပါတယ္။
အရစ္က်ကင္မရာေတြ ဝယ္တဲ့အခါမွာ lens ေတြ ပါလာဖို႔ ခက္ခဲတတ္ပါတယ္။ တကယ္လို႔ ကိုယ့္မွာ lens ေတြရွိၿပီးသားဆို ရင္ ျပႆနာမရွိေပမယ့္၊ တကယ္လို႔ အသစ္ဝယ္ဖို႔လိုတယ္ဆိုရင္ ဒီကအၾကံျပဳခ်က္က အသံုးဝင္
လာမွာပါ။ တကယ္လို႔ entry-level DSLR ေတြ ဝယ္မယ္ဆိုရင္ ကင္မရာ body နဲ႔အတူ Lens kit ပါ ပါလာတတ္
ပါတယ္။ အဓိကစစ္ေဆးရမွာက ျခစ္ရာ၊ အဆင္းရာေတြ ျဖစ္ပါတယ္။ တကယ္လို႔ manual aperture ring
ပါလာရင္ လွည့္ရတာအဆင္ေျပမေျပ စစ္ပါ။ ေနာက္ျဖစ္ႏိုင္ရင္ အဲဒီ lens နဲ႔ ကိုက္ညီတဲ့ filter ေတြကို တပ္ၾကည့္
ပါ။ Lens ေတြရဲ႕ အဓိကျပႆနာက မႈိတက္တဲ့ ျပႆနာပါ။ တခ်ိဳ႕အေျခအေနေတြမွာ ဒီကိစၥက lens ကို ဆိုးဆိုး
ရြားရြား ပ်က္ဆီးေစပါလိမ့္မယ္။ ဒါေၾကာင့္ ေရာင္းတဲ့သူအ ေနနဲ႔ Lens ေတြကို ဘယ္လိုထိန္းသိမ္းတယ္ဆိုတာကို
ေလ့လာထားတာ မမွားပါဘူး။
၄. LCD ကိုလည္း ဂ႐ုစိုက္သင့္တယ္။
ကင္မရာရဲ႕ LCD ဟာ ဒီကင္မရာကို အသံုးျပဳေနတုန္းမွာ အဓိကထိေတြ႕ရတဲ့ အစိတ္အပိုင္း ျဖစ္ပါတယ္။ ဒါေၾကာင့္dead pixels ေတြ ရွိေနသလား၊ ပလတ္စတစ္အကာမွာ ကြဲေနတာမ်ိဳးရွိလား၊ အေရာင္မမွန္တာေတြရွိလားဆိုတာ
ကို ဂ႐ုစိုက္သင့္ ပါတယ္။ ေနာက္တစ္ခုက ေခ်ာင္းၾကည့္ေပါက္ optical viewfinder ကိုလည္း ဂ႐ုစိုက္ရမယ္၊
အဆင္းရာေတြရွိလား၊ ဖုန္ေတြ ကပ္ေနလားေပါ့။ ပံုမွန္အားျဖင့္ ဒီမွန္ကို သန္႔ရွင္းေရးလုပ္ဖို႔က ကိုယ္တိုင္လုပ္လို႔မရပဲ ဆိုင္မွာမွလုပ္ႏိုင္တာပါ။ ဒါကိုစစ္ဖို႔အ တြက္က ကင္မရာကို lens ျဖဳတ္ၿပီး အလင္းေရာင္ေကာင္းတဲဘက္ကို မ်က္ႏွာ
မူၾကည့္ရင္ရပါတယ္။ ဒါဆိုရင္ အမွဳန္အမႊားနဲ႔ အဆင္းရာေတြ ကပ္ေနတာကို ျမင္ရမွာပါ။
၅. ပြန္းရာပဲ့ရာ ျခစ္ရာဆင္းရာမ်ား
အြန္လိုင္း တပတ္ရစ္ website ေတြကို သံုးတယ္ဆိုရင္၊ ေရာင္းမယ့္သူက တင္ထားတဲ့ဓါတ္ပံုကို ေသခ်ာစစ္ေဆးဖို႔လိုပါလိမ့္ မယ္။ ေနာက္တစ္ခုက ျပန္ေရာင္းတဲ့သူကို သူ႐ိုက္ထားတဲ့ ဓါတ္ပံုေတြရွိရင္ ျပဖို႔ ေျပာၾကည့္ပါ။ အဲဒီပံုေတြ
ထဲမွာ ပင္လယ္ကမ္း ေျခနားမွာ႐ိုက္ထားတာမ်ားတယ္၊ စိုစြတ္တဲ့ရာသီေတြမွာ ႐ိုက္တာမ်ားတယ္ဆိုတာေတြ
ေတြ႕လာရရင္၊ ဒီကင္မရာဟာ အၾကမ္းသံုးထားတာပဲဆိုတာ ခန္႔မွန္းႏိုင္ပါတယ္။ ေနာက္တစ္ခုက ခလုတ္ေတြကို ဘယ္ေလာက္သံုးထားသလဲေပါ့။ ပံုမွန္ အားျဖင့္ ခလုပ္ေတြေပၚက icon ေလးေတြ၊ logo ေလးေတြ ပ်က္ေနမယ္၊
လက္နဲ႔ႏွိပ္ထားလို႔ အရာေတြေပၚေနမယ္ဆိုရင္ ဒါ လံုးဝအလံုးသန္႔လို႔ ေျပာမရေတာ့ပါဘူး။ တကယ္လို႔ lens နဲ႔
ခ်ိတ္ၾကည္လို႔ အဆင္ေျပေျပျဖစ္ရဲ႕လားဆိုတာလည္း စမ္းတပ္ ၾကည့္ဖို႔ လိုမွာပါ။
၆. အပိုပစၥည္းမ်ားကို စစ္ေဆးပါ။
တကယ္လို႔ ျပန္ေရာင္းသူအေနနဲ႔ သူဝယ္တုန္းကတည္းက ရလာတဲ့ စာရြက္စာတမ္းေတြကို အခုအခ်ိန္အထိသိမ္းထားေသး တယ္ဆိုရင္ တကယ့္ကိုေရႊပါပဲ။ ဘက္ထရီအားသြင္းစက္ေတြ၊ ကင္မရာထည့္တဲ့အိတ္လိုမ်ိဳးေတြ၊ ကြန္ပ်ဴတာနဲ႔ခ်ိတ္ဆက္တဲ့ ေနရာမွာသံုးတဲ့ ႀကိဳးေတြဟာ မူရင္းကို သံုးႏိုင္ရင္အေကာင္းဆံုးပါပဲ။ ဒါေပမယ့္
တစ္ခါတစ္ေလေတာ့လည္း ျပန္ေရာင္းသူေတြ က သူတို႔ဒီကင္မရာနဲ႔ တြဲသံုးခဲ့တဲ့ SD card ေတြ၊ ဘက္ထရီ
အပိုေတြ၊ filter ေတြကိုပါ တြဲၿပီးေရာင္းတတ္ၾကတာမ်ိဳးလည္း ရွိ ပါတယ္။
၇. အာမခံသက္တမ္းကလည္း စဥ္းစားစရာပါ။
ပံုမွန္အားျဖင့္ေတာ့ တစ္ပတ္ရစ္ေစ်းကြက္မွာ ကင္မရာဝယ္ရင္ အာမခံသက္တမ္းကုန္ေနၿပီးသားေတြပဲ ေရာင္းၾကပါတယ္။ ဒါ ေပမယ့္ တကယ္လို႔ အာမခံသက္တမ္းရွိေနေသးတုန္းမွာဆိုရင္ေတာ့ ဒီအာမခံသက္တမ္းဟာ ကိုယ့္
အတြက္ အဆင္ေျပရဲ႕ လားဆိုတာကို ၾကည့္ရမွာပါ။ တစ္ခါတစ္ခါၾကရင္ အာမခံဟာ ထုတ္တဲ့ကုမၸဏီက ေပးတယ္
ဆိုတာထက္ ဒီကင္မရာကို ယူ ေရာင္းတဲ့ ဆိုင္က ေပးတာမ်ိဳး ျဖစ္တတ္ပါတယ္။ ဥပမာစင္ကာပူကဝယ္လာတဲ့
ကင္မရာကို တျခားႏိုင္ငံတစ္ႏိုင္ငံမွာ ျပင္မယ္ ဆိုရင္ အာမခံမရတာမ်ိဳး ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ အာမခံသက္တမ္း က်န္ေသးတယ္ဆိုတိုင္း အရမ္းမဝယ္ပဲ ေသခ်ာေလ့ လာၾကည့္ဖို႔ လိုပါမယ္။
Source:ads.com.mm
Unicode Version
Digital SLR ကင်မရာတွေကို ထုတ်လုပ်သူတွေဘက်ကနေ မကြာခဏဆိုသလို ထုတ်လုပ်နေတာကြောင့်
ဓါတ်ပုံဆရာတော် တော်များများဟာ သူတို့ကင်မရာတွေကို မကြာခဏဆိုလို၊ နောက်ဆုံးပေါ် အကောင်းဆုံး
တွေနဲ့ လဲလှယ်ပြီး ကိုင်တွယ်အသုံး ပြုတတ်ကြပါတယ်။ ဒါကြောင့်လည်း တပတ်ရစ်ကင်မရာစျေးကွက်ဟာ
ရောင်းသူဝယ်သူတွေ များပြားပြီး စျေးနှုန်းအမျိုးမျိုး၊ ကင်မရာရဲ့ အခြေအနေအမျိုးမျိုးနဲ့ စုံလင်အောင်ရှိနေတဲ့
စျေးကွက်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ တစ်ပတ် ရစ်စျေးကွက်ကနေ ကင်မရာဝယ်ယူလိုတဲ့
သူတွေအတွက် အသုံးဝင်နိုင်မယ့်အကြံဉာဏ်တချို့ကို ဖော်ပြပေးချင်ပါတယ်။
၁. Shutter count အရေအတွက်ကို စစ်ဆေးပါ။
SLR တိုင်းမှာ ကင်မရာတစ်ခုလုံးရဲ့ စက်အစိတ်အပိုင်းတွေ ပြန်လဲဖို့လိုလာတဲ့ အချိန်မရောက်ခင်အချိန်အတွင်းမှာ အသုံးပြု နိုင် အဖွင့်အပိတ်အကြိမ်ရေက အကန့်အသတ် ရှိပါတယ်။ ထုတ်လုပ်တဲ့သူတွေဘက်က ဒီ shutter
count ကို သူတို့ web site တွေမှာ ဖော်ပြပေးတတ်တာမို့၊ ကိုယ်ဝယ်မယ့် ကင်မရာရဲ့ မိုဒယ်နဲ့တိုက်ဆိုင်ပြီး
အသုံးပြုနိုင်မှာပါ။ ဒါကြောင့် ကင်မရာ ဝယ်ပြီးဆိုရင် မဖြစ်မနေစစ်ဆေးသင့်တာက shutter count ဖြစ်လာ
ပါတယ်။
အလွယ်ဆုံးနည်းကတော့ ကင်မရာတွေမှာ ဒီကင်မရာနဲ့ ပုံဘယ်နှစ်ပုံရိုက်ပြီးပြီဆိုတာ ပြပေးတဲ့ setting ပါလာ
တတ်ပါတယ်။ ဒါပေမယ့် ခက်တာက တစ်ချို့ကင်မရာတွေမှာက ဒီနံပါတ်ကို ပြန်ပြီး reset လုပ်ပေးနိုင်ပါတယ်။
ဒါကြောင့် ဒါကိုချည်းပဲ ယုံ ကြည့်လို့တော့မရပါဘူး။ ဒါကြောင့်မို့လို့ third-party program ကို အသုံးပြုဖို့လိုပါ
မယ်။ Canon သမားတွေဆိုရင်တော့ EOSInfo ကို သုံးနိုင်ပြီး၊ Nikon နဲ့ Pentax သမားတွေကတော့ ကင်မရာ
နဲ့ရိုက်ထားတဲ့ အထဲက NEF ဒါမှမဟုတ် DNG file တွေကို myshuttercount.com မှာ သွားပြီး upload တင်ပြီး
စစ်ဆေးနိုင်ပါတယ်။ အဲဒီမှာမှ ကင်မရာရဲ့ နဂိုမူရင်း Shutter count ရယ်၊ ရိုက်ထားတဲ့ အရေအတွက်ရယ်၊ ဘယ်လောက်ထပ်ရိုက်လိုက်လို့ရဦးမယ်ဆိုတာတွေကို ခန့်မှန်းတွက်ချက်နိုင်မှာ ပါ။ နောက်ထပ် shutter နဲ့
ပတ်သက်ပြီးတော့ ပြောဖို့ကျန်တာက ကင်မရာကို မဝယ်ခင် shutter speed ကို အမျိုးမျိုးချိန်ပြီး တော့ လေး၊ ငါးပုံလောက်ရိုက်ကြည့်ဖို့ပါပဲ၊ shutter အဖွင့်အပိတ်အသံက ညက်ညောမှုရှိရမယ်၊ jam ဖြစ်နေတာတို့၊ တစ်ခုခု
ထစ်နေတာမျိုးတို့ မရှိရပါဘူး။
၂. Sensor ကို စစ်ဆေးပါ။
Sensor ပြဿနာကို စစ်ဆေးဖို့အတွက်ဆိုရင် ကျွန်တော်တို့က အရမ်းလင်းတဲ့နေရာတစ်ခုကို ရိုက်ကူးကြည့်လိုက်ပါ။ ဥပမာ လင်းနေတဲ့ကောင်းကင်ပြင်ကြီးတို့၊ နံရံအဖြူကြီးတို့ကို aperture အနည်းဆုံးနဲ့ ရိုက်ကူးပါ။
ပြီးသွားရင် ကွန်ပျူတာပေါ်မှာ ပုံ ကို Zoom ပြန်ချဲ့ပြီး၊ ဖုန်တွေကပ်နေလို့ sensor က မဖတ်လိုက်နိုင်တဲ့ နေရာ
မျိုးတွေကို ရှာပါ။ နောက်တစ်ခါ lens cap တပ် ထားပြီး တစ်ပုံရိုက်ပြီး၊ ပြီးရင်အရင်ရိုက်ထားတဲ့ပုံနဲ့ ပြန်ယှဉ်ပြီး ပြဿနာဖြစ်နိုင်တဲ့နေရာတွေကို ရှာပေးပါ။ နောက်တစ်ခုက Sensor ကို မျက်စိအမြင်နဲ့ကြည့်တာပါ။ camera
menu ထဲမှာ မှန်ကိုမလိုက်ပြီး sensor ကို မြင်ရစေမယ့် option ပါလာတတ်ပါတယ်။ ဖုန်တွေလောက်က
အလွယ်တကူရှင်းနိုင်ပေမယ့်၊ ခြစ်ရာပွန်းရာတွေ ရှိနေတယ်ဆိုရင်တော့ အဆင်မပြေပါဘူး။
၃. Lens တွေကလည်း အရေးပါပါတယ်။
အရစ်ကျကင်မရာတွေ ဝယ်တဲ့အခါမှာ lens တွေ ပါလာဖို့ ခက်ခဲတတ်ပါတယ်။ တကယ်လို့ ကိုယ့်မှာ lens တွေရှိပြီးသားဆို ရင် ပြဿနာမရှိပေမယ့်၊ တကယ်လို့ အသစ်ဝယ်ဖို့လိုတယ်ဆိုရင် ဒီကအကြံပြုချက်က အသုံးဝင်
လာမှာပါ။ တကယ်လို့ entry-level DSLR တွေ ဝယ်မယ်ဆိုရင် ကင်မရာ body နဲ့အတူ Lens kit ပါ ပါလာတတ်
ပါတယ်။ အဓိကစစ်ဆေးရမှာက ခြစ်ရာ၊ အဆင်းရာတွေ ဖြစ်ပါတယ်။ တကယ်လို့ manual aperture ring
ပါလာရင် လှည့်ရတာအဆင်ပြေမပြေ စစ်ပါ။ နောက်ဖြစ်နိုင်ရင် အဲဒီ lens နဲ့ ကိုက်ညီတဲ့ filter တွေကို တပ်ကြည့်
ပါ။ Lens တွေရဲ့ အဓိကပြဿနာက မှိုတက်တဲ့ ပြဿနာပါ။ တချို့အခြေအနေတွေမှာ ဒီကိစ္စက lens ကို ဆိုးဆိုး
ရွားရွား ပျက်ဆီးစေပါလိမ့်မယ်။ ဒါကြောင့် ရောင်းတဲ့သူအ နေနဲ့ Lens တွေကို ဘယ်လိုထိန်းသိမ်းတယ်ဆိုတာကို
လေ့လာထားတာ မမှားပါဘူး။
၄. LCD ကိုလည်း ဂရုစိုက်သင့်တယ်။
ကင်မရာရဲ့ LCD ဟာ ဒီကင်မရာကို အသုံးပြုနေတုန်းမှာ အဓိကထိတွေ့ရတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒါကြောင့်dead pixels တွေ ရှိနေသလား၊ ပလတ်စတစ်အကာမှာ ကွဲနေတာမျိုးရှိလား၊ အရောင်မမှန်တာတွေရှိလားဆိုတာ
ကို ဂရုစိုက်သင့် ပါတယ်။ နောက်တစ်ခုက ချောင်းကြည့်ပေါက် optical viewfinder ကိုလည်း ဂရုစိုက်ရမယ်၊
အဆင်းရာတွေရှိလား၊ ဖုန်တွေ ကပ်နေလားပေါ့။ ပုံမှန်အားဖြင့် ဒီမှန်ကို သန့်ရှင်းရေးလုပ်ဖို့က ကိုယ်တိုင်လုပ်လို့မရပဲ ဆိုင်မှာမှလုပ်နိုင်တာပါ။ ဒါကိုစစ်ဖို့အ တွက်က ကင်မရာကို lens ဖြုတ်ပြီး အလင်းရောင်ကောင်းတဲဘက်ကို မျက်နှာ
မူကြည့်ရင်ရပါတယ်။ ဒါဆိုရင် အမှုန်အမွှားနဲ့ အဆင်းရာတွေ ကပ်နေတာကို မြင်ရမှာပါ။
၅. ပွန်းရာပဲ့ရာ ခြစ်ရာဆင်းရာများ
အွန်လိုင်း တပတ်ရစ် website တွေကို သုံးတယ်ဆိုရင်၊ ရောင်းမယ့်သူက တင်ထားတဲ့ဓါတ်ပုံကို သေချာစစ်ဆေးဖို့လိုပါလိမ့် မယ်။ နောက်တစ်ခုက ပြန်ရောင်းတဲ့သူကို သူရိုက်ထားတဲ့ ဓါတ်ပုံတွေရှိရင် ပြဖို့ ပြောကြည့်ပါ။ အဲဒီပုံတွေ
ထဲမှာ ပင်လယ်ကမ်း ခြေနားမှာရိုက်ထားတာများတယ်၊ စိုစွတ်တဲ့ရာသီတွေမှာ ရိုက်တာများတယ်ဆိုတာတွေ
တွေ့လာရရင်၊ ဒီကင်မရာဟာ အကြမ်းသုံးထားတာပဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။ နောက်တစ်ခုက ခလုတ်တွေကို ဘယ်လောက်သုံးထားသလဲပေါ့။ ပုံမှန် အားဖြင့် ခလုပ်တွေပေါ်က icon လေးတွေ၊ logo လေးတွေ ပျက်နေမယ်၊
လက်နဲ့နှိပ်ထားလို့ အရာတွေပေါ်နေမယ်ဆိုရင် ဒါ လုံးဝအလုံးသန့်လို့ ပြောမရတော့ပါဘူး။ တကယ်လို့ lens နဲ့
ချိတ်ကြည်လို့ အဆင်ပြေပြေဖြစ်ရဲ့လားဆိုတာလည်း စမ်းတပ် ကြည့်ဖို့ လိုမှာပါ။
၆. အပိုပစ္စည်းများကို စစ်ဆေးပါ။
တကယ်လို့ ပြန်ရောင်းသူအနေနဲ့ သူဝယ်တုန်းကတည်းက ရလာတဲ့ စာရွက်စာတမ်းတွေကို အခုအချိန်အထိသိမ်းထားသေး တယ်ဆိုရင် တကယ့်ကိုရွှေပါပဲ။ ဘက်ထရီအားသွင်းစက်တွေ၊ ကင်မရာထည့်တဲ့အိတ်လိုမျိုးတွေ၊ ကွန်ပျူတာနဲ့ချိတ်ဆက်တဲ့ နေရာမှာသုံးတဲ့ ကြိုးတွေဟာ မူရင်းကို သုံးနိုင်ရင်အကောင်းဆုံးပါပဲ။ ဒါပေမယ့်
တစ်ခါတစ်လေတော့လည်း ပြန်ရောင်းသူတွေ က သူတို့ဒီကင်မရာနဲ့ တွဲသုံးခဲ့တဲ့ SD card တွေ၊ ဘက်ထရီ
အပိုတွေ၊ filter တွေကိုပါ တွဲပြီးရောင်းတတ်ကြတာမျိုးလည်း ရှိ ပါတယ်။
၇. အာမခံသက်တမ်းကလည်း စဉ်းစားစရာပါ။
ပုံမှန်အားဖြင့်တော့ တစ်ပတ်ရစ်စျေးကွက်မှာ ကင်မရာဝယ်ရင် အာမခံသက်တမ်းကုန်နေပြီးသားတွေပဲ ရောင်းကြပါတယ်။ ဒါ ပေမယ့် တကယ်လို့ အာမခံသက်တမ်းရှိနေသေးတုန်းမှာဆိုရင်တော့ ဒီအာမခံသက်တမ်းဟာ ကိုယ့်
အတွက် အဆင်ပြေရဲ့ လားဆိုတာကို ကြည့်ရမှာပါ။ တစ်ခါတစ်ခါကြရင် အာမခံဟာ ထုတ်တဲ့ကုမ္ပဏီက ပေးတယ်
ဆိုတာထက် ဒီကင်မရာကို ယူ ရောင်းတဲ့ ဆိုင်က ပေးတာမျိုး ဖြစ်တတ်ပါတယ်။ ဥပမာစင်ကာပူကဝယ်လာတဲ့
ကင်မရာကို တခြားနိုင်ငံတစ်နိုင်ငံမှာ ပြင်မယ် ဆိုရင် အာမခံမရတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အာမခံသက်တမ်း ကျန်သေးတယ်ဆိုတိုင်း အရမ်းမဝယ်ပဲ သေချာလေ့ လာကြည့်ဖို့ လိုပါမယ်။
Source:ads.com.mm
http://myanmaronlinemedia.com.mm/how-to-buy-used-digital-camera/

No comments:
Post a Comment
မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။