နဂါးခေါင်းအလား လမ်းမထက်တွင် လူးလွန့်နေမည့်ကား
==============================
ပုံပါကားမှာ လမ်းမထက်တွင် မောင်းနှင်သွားလာပါက နဂါးခေါင်းတစ်ခု လမ်းမထက်တွင် လူးလွန့်သွားလာနေသည်ဟု ထင်မှတ်နိုင်ပါတယ်။

ရုရှားမှ ထူးခြားဆန်းပြားသည့် ကားများအား စိတ်ကူးပုံဖော် ထုတ်လုပ်သည့်
တီထွင်ဖန်တီးမှုပညာရှင် တစ်ယောက်မှ ဖန်တီးထားတာပါ။ Wolfen Dragon Car ဟု
သူကအမည်ပေးထားပါတယ်။
ဖန်တီးရှင် ရဲ့အဆိုအရ Mad Max ရုပ်ရှင်ထဲမှ ကားပုံစံကို ကိုယ်ပိုင်စိတ်ကူးဉာဏ် ဖြည့်စွမ်းပြီး တည်ဆောက်ထားတာဖြစ်တယ်လို့ဆိုပါတယ်။ လက်ရာသေသပ်လွန်းပြီး ရုပ်ထွက်ကြွလှတဲ့အတွက် ကားတစ်စီးဟုပင် မထင်ဘဲ နဂါးခေါင်းဟုပင် ထင်မှားနိုင်ပါတယ်။
ကားပုံထူးဆန်းလှတဲ့အတွက် လူမှုကွန်ရက်တွင် တင်ခဲ့ရာ တစ်ပတ်အတွင်း ယင်းနိုင်ငံရဲ့လူစိတ်ဝင်မှုအများဆုံး Top Ten စာရင်းထဲသို့ဝင်ခဲ့ကြောင်း သိရှိရပါတယ်။
Colay Automobile
#သုတဇုန် www.thutazone.com

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။