Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, December 11, 2015

အဆိပ် နှင့် ဖြေဆေး

အဆိပ် နှင့် ဖြေဆေး
----------

လီလီဆိုတဲ့ အမျိုးသမီးငယ်ဟာ အိမ်ထောင်ကျပြီးတဲ့နောက် လင်ယောင်္ကျား ဖြစ်သူ အိမ်မှာ လိုက်နေတယ်။

တူတူနေပြီး သိပ်မကြာခင်မှာပဲ တစ်အိမ်ထဲ အတူနေတဲ့ ယောက္ခမ နဲ့ အဆင်မပြေ ဖြစ်လာတယ်။ အကျင့်စရိုက် ချင်း ကလဲ နည်းနည်းလေးမှ မတူတဲ့အခါ တစ်နေ့ တစ်နေ့ ယောက္ခမ နဲ့ ရန်ပဲ ဖြစ်နေရတယ်။

ဒါနဲ့ နောက်ဆုံး သည်းမခံနိုင်တဲ့ တစ်နေ့မှာတော့ လီလီဟာ သူမ ဖခင်ရဲ့ အသိ ဆေးဆရာဟွမ်း ကို ဖြစ်ကြောင်းကုန်စင် ပြောပြ ပြီးတော့ အဆိပ် ဖော်စပ်ပေးဖို့ အကူအညီတောင်း ခဲ့တယ်။ သူ့အကြံ က ယောက္ခမကို အဆိပ်ခတ် သတ်မယ်ပေါ့။

ဆေးဆရာဟွမ်းဟာ ခေတ္တခဏ စဉ်းစားပြီးတော့ "ကောင်းပြီ.. ကျုပ်ဖော်ပေးပါ့မယ်။ ဒါပေမယ့် မိန်းကလေး အနေနဲ့ ကျုပ်ကို ကတိ တစ်ခုပေး ရလိမ့်မယ်။" လို့ ဆိုတယ်။

"ဟုတ်ကဲ့ပါရှင့်။ ဆရာကြီး ကြိုက်တဲ့ကတိတောင်းပါ။ ကျွန်မ ပေးပါ့မယ်။"

ဆေးဆရာဟွမ်းလဲ ဆေးစပ်ခန်းထဲကို ဝင်သွားပြီး ခနနေတော့ ပုလင်းလေးတစ်လုံးကို ကိုင်လျက် ပြန်ထွက်လာတယ်။

ပုလင်းလေး ကို လီလီ့ဆီ လှမ်းပေးလိုက်ရင်းနဲ့ "မိန်းကလေး ယောက္ခမအတွက်ကို ချက်ချင်းသေတဲ့ အဆိပ် ခတ်မိရင် မိန်းကလေး လုပ်မှန်း လူတွေ သိကုန်လိမ့်မယ်။ ဒီတော့ တန်းပြီး မသေ တဲ့ ဆေး တစ်မျိုး ကျုပ် ဖော်ပေးလိုက်တယ်။ ဒီဆေးက နေ့စဉ်ရက်ဆက် စားလာပြီးတာနဲ့ အားအင်ယုတ်လျော့ ပြီးတော့ နောက်ဆုံး အဆိပ်ဝတဲ့ တစ်နေ့ သေဆုံး ရတော့တာပဲ။ ဒီတော့ မိန်းကလေးအနေနဲ့ အထူးသတိထားရမယ့် တစ်ချက်က သူ သံသယရှိအောင်မနေပါနဲ့။ ကောင်း ကောင်း မွန်မွန် ပြောဆို ဆက်ဆံပြီး သူ့စကားကို ဒီရက်ပိုင်းလေး အောင့်အီးပြီး နားထောင် လိုက်ပါ။ ချိုချိုသာသာပြောဆိုပါ။ တော်ကြာ တစ်ခုခု စိတ်ထင့်သွားလို့ ဆေးမဝင်တော့ရင် ခက်လိမ့်မယ်။"

လီလီဟာ ပျော်လွန်းလို့ ဆေးဆရာဟွမ်းကို အကြိမ်ကြိမ် အရိုအသေ ပေးမိတဲ့ အထိပါပဲ။ ပြီးတာနဲ့ အိမ်ကို ခပ်သွက်သွက် ကလေးပြန်လာပြီးတော့ လုပ်ငန်းစတယ်။

ဒီလိုနဲ့ ရက်တွေကနေ လတွေပြောင်းလာခဲ့တယ်။

နေ့စဉ်နေ့တိုင်းလဲ လီလီဟာ ဆေးဆရာဟွမ်း မှာကြားခဲ့တဲ့ အတိုင်း ယောက္ခမဖြစ်သူ မရိပ်မိအောင် အချိုသာဆုံး နေ တယ်။ ပြောစကားကို နားထောင်တယ်။ မိမိ မိခင်အလား ရိုသေ ကိုင်းရှိုင်းပုံ ဟန်ဆောင် ဆက်ဆံတယ်။

ဒီလိုမျိုး နေ့တိုင်းသူမ ဒေါသတွေကို ထိန်းချုပ်လာတဲ့ အခါ၊ ဟန်ဆောင်လာခဲ့တာ ကြာလာတော့ ထိန်းချုပ်ခြင်းဟာ သူမအတွက် မခက်ခဲတော့ဘူး။ မခက်ခဲရုံတင်မက တစ်ခါ တစ်ခါ ဒေါသထွက် ဖို့တောင် မေ့လာခဲ့တယ်။ နောက်ဆုံး မှာတော့ သူမအနေနဲ့ ဟန်ဆောင်တာမဟုတ်ပဲ တကယ်ကို မေတ္တာ ရှိလာခဲ့တယ်။

လီလီတစ်ယောက်ထဲ အပြောင်းလဲကြီး ပြောင်းလဲခဲ့တာ မဟုတ်။ ယောက္ခမဖြစ်သူဟာလဲ အရင်တုန်း ကလိုမျိုး ချွေးမ ဖြစ်သူကို ရန်ရှာလို့ မနေတော့ဘူး။ သမီးအရင်းလေးလို ချစ်ရ ကြောင်း၊ လိမ္မာရေးခြား ရှိကြောင်း ခနခန မိတ်ဆွေတွေ ရှေ့မှာ ထုတ်ဖော် ချီးမွမ်း တတ်လာတယ်။

ဒီလိုနဲ့ ခြောက်လ လောက်အကြာမှာတော့ လီလီဟာ ဆေးဆရာဟွမ်း ဆီကို ထွက်လာပြီး ပြောတယ်။

"ဆရာကြီးရယ်... ပြောချင်ရာသာ ပြောပါတော့... ကျွန်မ အခု ယောက္ခမကို မသေစေချင်တော့ဘူး။ အဆိပ်ခတ်မိတဲ့ ကျွန်မ ကိုယ် ကျွန်မ အပြစ်တင်မဆုံးပါပဲရှင်။ အဲဒါနဲ့ ဆရာကြီးဟွမ်း ဆီမှာ မသေအောင် ဖြေဆေးလေး တောင်းရအောင် ခုကျွန်မ ထွက်လာခဲ့တာပါ။ ကျွန်မ ယောက္ခမကို ကယ်ပါဦးရှင့်။"

ဆေးဆရာဟွမ်းက ပြုံးပြီးတော့ ပြန်ဖြေတယ်။

"မိန်းကလေး.. စိတ်မပူပါနဲ့။ ကျုပ် မိန်းကလေးကို ပေးခဲ့တာ အဆိပ် မဟုတ် ပါဘူး။ အားဆေးတွေပါ။ အဆိပ်ကတော့ ကျုပ်ပေးစရာ မလို အောင် မိန်းကလေးဆီမှာ ပြည့်စုံပြီးသားပါ။ အဲဒီနေ့က မိန်းကလေး ကျုပ်ဆီကို လာခဲ့တဲ့စိတ်က အပြင်းဆုံး အဆိပ်ပါပဲ မိန်းကလေး။ ဒါကိုပဲ သူ့ရဲ့ ဆန့်ကျင်ဘက် မေတ္တာစိတ် ဖြေဆေးက အနိုင်ယူသွားခဲ့ပြီ မဟုတ်လား။"

ref: poison
----------

- မှတ်စုကြမ်းမှ ဘာသာပြန်ဆိုသည်။ #kyawnge

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။