Heaven Jade added 5 new photos.
ISIS အကြမ်းဖက်အဖွဲ့ အစည်းအား မျိုးပြုတ်အောင်ဆက်လက်ချေမှုန်းရန် ပြင်သစ်သမ္မတမှအမိန့် ပေးပြီးနောက် ပြင်သစ်လေတပ်မှ Storm Shadow ခေါ်မုန်တိုင်းအရိပ် ဖျက်အားပြင်းခရုဇ်ဒုံးကျည်များစတင်အသုံးပြု ကာ ISIS အဓိကနေရာများအား ပစ်ခွင်းတိုက်ခိုက်ခဲ့တယ်လို့ ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌါနမှထုတ်ဖေါ်ပြောဆိုပါတယ်။
အနောက်မဟာမိတ်နိုင်ငံများအနက် ပြင်သစ်နိုင်ငံဟာ စစ်လက်နက်ပစ္စည်းများမှအစ အခြားအဆင့်မြင့်ပစ္စည်းများအဆုံး၊ အများစုကို မိမိကိုယ်တိုင်သို့ မဟုတ် အနောက်ဥရောပမဟာမိတ်နိုင်ငံအချင်းချင်းပူးပေါင်းတီထွင်လျက်သာထုတ်လုပ်လေ့ရှိပါတယ်။ ဥပမာအားဖြင့် လက်ရှိဆင်နွဲနေသော လေကြောင်းစစ်ဆင်ရေးတွင် ပြင်သစ်လေတပ်ဟာ မိမိကိုယ်တိုင်ထုတ်လုပ်ထားသော "Rafale" တိုက်လေယာဉ်ကိုအဓိကအသုံးပြုတိုက်ပွဲဝင်စေခဲ့ပြီး ပူးတွဲတီထွင်ထုတ်လုပ်ရာတွင်သူကိုယ်တိုင်ပါဝင်ခဲ့သော Eurofighter (Typhoon) တိုက်လေယာဉ်ကိုပင် အသုံးမပြုခဲ့သေးပါ။ အရပ်ဖက်လေကြောင်းပို့ ဆောင်ရေးမှာဆိုလျှင်လည်း နိုင်ငံအများစုမှအားကိုးနေရသော Boeing ဘိုးရင်းဂျက်လေယာဉ်အစား မိမိကိုယ်တိုင်နှင့်မဟာမိတ်ဥရောပနိုင်ငံအချို့ ပူးပေါင်းတည်ထောင်ထားသော Airbus ကုမ္မဏီမှထုတ်လုပ်သည့်လေယာဉ်များကိုသာအသုံးပြုပါတယ်။
တာဝေးပစ်ခရုဇ်ဒုံးကျည်ဖက်မှာလည်း ပြင်သစ်နိုင်ငံဟာ အများသိသော အမေရိကန်လုပ် "Tomahawk" ဒုံးကျည်ကဲ့သို့ အစွမ်းထက်သော "Storm Shadow" ဒုံးကျည်ကို ဗြိတိန်၊အီတလီနိုင်ငံတို့ နှင့်ပူးပေါင်းပြီး ၂၀၀၂ခုနှစ်ကတည်းက မိမိတိုက်လေယာဉ်များအားတပ်ဆင်အသုံးပြုစေခဲ့ပါတယ်။ ပြင်သစ်နိုင်ငံရဲ့ ဒီ (မုန်တိုင်းအရိပ်)ဒုံးကျည်ဟာ တစ်စင်းကို US$1million(၁ သန်း)နီးပါးတန်ဘိုးရှိပြီး ၃၅၀မိုင်နီးပါးအထိပစ်ခတ်နိုင်ကာ ၄၅၀ကီလိုရှိသောထိပ်ဖူးသယ်ဆောင်နိုင်သဖြင့် ပေါက်ကွဲအားအင်မတန်ပြင်းထန်လှပါတယ်။ ISIS အကြမ်းဖက်အဖွဲ့ အစည်းအား ဆက်လက်မျိုးဖြုတ်ရန် သမ္မတအော်လွန်မှအမိန့် ပေးပြီးနောက် ပြင်သစ်လေတပ်မှ မိမိပြည်သူများအတွက် မျှတသောသွေးကြွေးပြန်ယူသည့်အနေဖြင့် ယခုလို ဖျက်အားပြင်းခရုဇ်ဒုံးကျည်များဖြင့်ပထမဆုံးပစ်ခွင်းခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ မြေထဲပင်လယ်တွင်ရောက်ရှိပြီးစစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသော နျူကလီယားစွမ်းအင်သုံးလေယာဉ်တင်သင်္ဘော "Charles de Gaulle" ကြီးအားလည်း မမျှော်လင့်သော ရန်သူ့ တိုက်ခိုက်ခံရခြင်းမှကာကွယ်ရန် အတူလိုက်ပါလာသော စစ်သင်္ဘောများ၏လက်နက်စွမ်းပကားအပြင် လေယာဉ်တင်သင်္ဘောရဲ့ ကိုယ်ပိုင် နောက်ဆုံးပေါ်ဒုံးကျည်စနစ်များဖြင့်ကာကွယ်ပေးထားတယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံမှ Tomahawk ခရုဇ်ဒုံးကျည်များဖြင့်ယခင်ကတည်းပစ်ခိုက်တိုက်ခိုက်ခဲ့ပြီး လွန်ခဲ့သောသီတင်းပါတ်ကတော့ ရုရှားရေငုပ်သင်္ဘောများက "Kalibr" ခရုဇ်ဒုံးကျည်များဖြင့်စတင်ပစ်လွှတ်တိုက်ခိုက်ခဲ့ကာ ယခုအခါ ပြင်သစ်နိုင်ငံမှလည်း "Storm Shadow" ခရုဇ်ဒုံးကျည်များအသုံးပြုလာခြင်းဖြင့် ဖျက်အားပြင်းဒုံးကျည်များအသုံးပြုတိုက်ခိုက်သော တတိယနိုင်ငံဖြစ်လာခဲ့ပါတယ်။ အကြမ်းဖက်သမားများအပေါ်တိုက်ခိုက်နေသော လေကြောင်းစစ်ဆင်ရေး၏အဓိကနောက်တနိုင်ငံဖြစ်သော ဗြိတိန်နိုင်ငံအနေဖြင့် မည်သည့်ဖျက်အားပြင်းလက်နက်များဖြင့်သုံးစွဲတိုက်ခိုက်လာမည်လားဆိုတာတော့ ဆက်လက်စောင့်ကြည့်သွားရမှာပါ။ Dr.Myo Tun
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။