Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, December 22, 2015

အမေ့ရဲ့ ဂတိတည်မှုနဲ့ ရိုးသားမှုကို အားကျတယ်ဆိုတဲ့ ရေမွန်

အမေ့ရဲ့ ဂတိတည်မှုနဲ့ ရိုးသားမှုကို အားကျတယ်ဆိုတဲ့ ရေမွန်
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®

အမေအနေနဲ့ လေးစားအတုယူရတာတွေ အများကြီးရှိတယ်။
အဓိကကတော့ ကျွန်တော်တို့ အလုပ်လုပ်တဲ့ အပိုင်းမှာပေါ့။
ကျွန်တော်က မျောတတ်တယ်။ မျောတယ်ဆိုတာက တစ်ခုခုလုပ်ရင်
နောက်ကျတာတွေက အမြဲတမ်းဖြစ်တယ်။ ဖီလင်သမားဆိုတော့
ဖီလင်နောက်ပဲ လိုက်နေတာ...ဝီရိယ သိပ်မကောင်းဘူး။
အမေတို့ကျတော့ သူက ဘယ်လောက် ပင်ပန်းနေပါစေ....
သူလုပ်စရာရှိရင် အတတ်နိုင်ဆုံး အချိန်အတိအကျဖြစ်အောင်လုပ်တယ်။
သူများတွေနဲ့ယှဉ်ရင် သူက အမြဲ တိကျတယ်ဗျ။
အလုပ်လုပ်နိုင် စွမ်းအားပေါ့နော်။ ကျွန်တော်တို့လူငယ်တွေကျတော
အီးရောအီးရောနဲ့ မပြီးဘူးဗျာ။

အမေ့ဆီက ဟာမိုနီကို အဓိက အမွေရထားတယ်။ ပြီးတော့
အဆိုင်ပိုင်းဆိုင်ရာမှာလည်း သူ့လက်ပေါ်မှာပဲ ကြီးလာတာဆိုတော့
ငယ်ငယ်တုန်းကဆိုရင် အမေသီချင်းဆိုတဲ့ နေရာတွေကို အကုန်
လျှောက်လိုက်နေတာလေ။ ကျွန်တော်ကြိုးစားတာက ၅၀% ဆို
အမေက ၅၀% ပါပါတယ်။ အမေ့ကို အားကျတဲ့အချက်ကတော့
ကတိတည်တာနဲ့ ရိုးသားတာပါ။

ကျွန်တော်တို့ Idiots စလုပ်တုန်းကဆိုရင် မိသားစုကလည်း သိပ်မပြေလည်ဘူး။
ငွေရေးကြေးရေးအပိုင်းအတွက် အမေက ဘာမှမကူညီနိုင်ဘူး။
ဒါပေမဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ နည်းပညာပိုင်းဆိုင်ရာကိုတော့ ဒီလိုတွေ
သိလာအောင်၊ ဒီလိုတွေ တီးလို့ရအောင် အမေပဲ စပေးခဲ့တာပါ။
ပထမဆုံးဂီတာ စတီးတုန်းကဆိုရင် အဲဒီခေတ်တုန်းက အမေ့ရဲ့ 
ရှိစုမဲ့စုငွေလေးနဲ့ “ဂစ်တာကမ္ဘာ” ကနေ ပထမဆုံး ဝယ်ပေးတဲ့
ဂစ်တာလေးနဲ့ စတီးဖြစ်တာ။ သင်တန်းလည်း မတက်ခဲ့ဘူး။
အမေ့ဆီက လေ့လာလို့ရတဲ့ ပညာနဲ့ပဲ ဒီလိုဖြစ်လာတာပေါ့။

Vocal ပိုင်းဆိုင်ရာကိုတော့ ဦးစောနုဆီမှာ တက်ဖူးတယ်။
သူ့ဆီကနေ နည်းစနစ်တွေ ရလာပါသေးတယ်။ အဓိကကတော့ အမေပေါ့။
အမေက မဟုတ်မခံစိတ်ရှိတယ်။ ကျွန်တော်ဖြစ်ချင်တာကိုတော့ ကိုယ့်ဘာသာကိုယ်
တွေးပြီးလုပ်ခဲ့တာပေါ့။ Rock Music ကို အမေလည်းကြိုက်တယ်။
သူ့အသံက ကွဲကွဲရှရှလေး။ ဘာတွေကို ဘယ်လိုလုပ်မယ်ဆိုတာကတော့
ကိုယ့်ဘာသာကိုယ်ပဲ ကြိုးစားခဲ့တာပေါ့။

အမေနဲ့ ကျွန်တော်တို့ “ဘယ်အချိန်ပြန်လာမလဲ” ဆိုတဲ့ သီချင်းလေးတစ်ပုဒ်ကို
အမှတ်တရ တွဲဆိုဖူးပါတယ်။ မိသားစုကတော့ အချင်းချင်း မောင်နှမတွေပဲဖြစ်ဖြစ်၊
သားအမိပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေတဲ့ အသေးအဖွဲ
လေးတွေကတော့ ရှိတာပေါ့။ များသောအားဖြင့် ကျွန်တော့်ရဲ့ စည်းကမ်းမရှိမှုနဲ့
ခုနက ပြောသလို မျောတဲ့အရာပေါ့။ မတိကျမှုတွေကြောင့် အမေနဲ့ ခဏခဏ
ကွိုင်တက်ရပါတယ်။ စည်းကမ်းမရှိဘူးဆိုတာက သူ့အိမ်သော့ ပွားပေးထားတဲ့
ဟာတွေကို ကျွန်တော်က ခဏခဏဖျောက် ပစ်တယ်။ အဲဒါတွေနဲ့ ခဏခဏ
ပြဿနာတက်ရတာ ပိုများတယ်။

ဒါပေမဲ့ ကျွန်တော့်အတွက် ... မေမေက တော်တော်များများ အရေးပါပါတယ်။
ကျွန်တော့်ရဲ့ တွေးခေါ်မှု တော်တော်များများဟာ အမေ့ဆီကပဲ သက်ဆင်းလာတာပါပဲ။
ဒါပေမဲ့ နောက်ပိုင်းကျတော့ အမေက အရမ်းမှန်လွန်းအားကြီးတော့ သူ့မျက်စိထဲမှာ
ဘာမှစိတ်တိုင်းမကျဘူး။ ကိုယ်တွေက feel သမားဆိုတော့ ဖြစ်ရင်ဖြစ်ပါစေ။
လွဲရင်လွဲပါစေပေါ့။ လွဲလွဲလေးပဲ ကောင်းပါတယ်ပေါ့။
Mother ကြီးကတော့ လွဲလို့မရဘူး။
တစ်ခါတလေကျရင်တော့ အပြင်မှာပဲ နေချင်တော့တာပေါ့။

ကျွန်တော်ငယ်ငယ်က (၈) တန်း လောက်တုန်းက အမေသီချင်းလေးတစ်ပုဒ်
ရေးထားပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက Own Tune စရေးတာဆိုတော့
စာသားတွေကိုသိပ်ပြီးတော့ သဘောမကျဘူး။ နောက်ပိုင်းပြန်ရေးဖို့ ရှိပါတယ်။
ရေးမယ်ဆိုရင်တော့ ကိုယ်နဲ့ သဟဇာတဖြစ်မယ့် Mood ထွက်လာမယ့်
ပုံစံလေးကို စောင့်နေတာပါ။

ကျွန်တော်တို့အဖွဲ့ရဲ့ “လူအဂီတ” MTV အကုန်လုံးပြီးသွားပါပြီ။
ဒါပေမဲ့ ဗီဒီယိုဆင်ဆာ မိနေတယ်။ အဲဒါလေးစောင့်နေတာပါ။
အဲဒါလေးဖြေရှင်းပြီးရင် အဲဒီခွေ ထွက်လာမှာပါ။

ကျွန်တော့်ညီမလေးကိုလည်း သူနဲ့လိုက်မယ့် သီချင်းတွေ ပေးထားတယ်။
ကျွန်တော်ရေးထားတဲ့အထဲက သူကြိုက်တဲ့ဟာရှိရင်လည်း ယူဆိုပြီး
ပေးထားတယ်။ အဓိကကတော့ သူတကယ်လုပ်ဖြစ်ပြီဆိုရင် ကျွန်တော်တို့ပဲ
တီးပေးဖြစ်၊ Guide လုပ်ပေးဖြစ်မယ် ထင်ပါတယ်။
သူကတော့ ဒီဘက်ခေတ်မှာပေါ်တဲ့ Katy Perry တို့ကို ပိုကြိုက်တယ်။
ကျွန်တော်တို့တုန်းကျတော့ Rock က အရမ်းပျောက်နေတော့ အဲဒီဘက်ကို
အဖတ်ဆယ်ချင်တော့ အသည်းအသန် လိုက်လုပ်ခဲ့တာပေါ့။ အခုချိန်မှာလည်း
ခေတ်လည်းပြောင်းသွားပြီဆိုတော့ ကျွန်တော်တို့အနနဲ့ အကုန်လုံးကို
လက်ခံတယ်။ ကိုယ်အဆင်ပြေတဲ့အရာက ကိုယ့်စိတ်ထဲက အရာပဲလေ။
မယုံကြည်ပဲ ပေါ်ပင်လိုက်ုပ်နေတာကမှ ကိုယ့်ကိုယ်ကိုယ် လိမ်ရာကျနေမယ်။
အဲဒီတော့ ညီမလေးအနေနဲ့ လုပ်ချင်တဲ့ဟာကို လုပ်ပေါ့နော်။ နောက်ပိုင်း
ပေါ်လာတဲ့ Music လေးတွေလည်း သူ့အတွက် လုပ်ပေးဖို့ရှိပါတယ်။

ကျွန်တော်က ဂီတပြီးရင် ဒုတိယ ဝါသနာပါတာက ဂိမ်းဆော့တာပဲ။
ဂိမ်းကို မျိုးစုံဆော့တယ်။ အစုံ ဝယ်ထားတယ်။ ပြီးရင် ရုပ်ရှင်ကြည့်တယ်။

ဒီကဏ္ဍလေးကို ရိုက်ရတာ ပျော်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း အမေနဲ့
တစ်ခေါက်ရိုက်ဖူးတယ်။ အဲလိုမျိုး အင်တာဗျူးတွေရှိမှပဲ အမေနဲ့သား
စိတ်ထဲမှာရှိတဲ့ အမှန်တရားတွေကို စာရွက်ပေါ်မှာ မြင်ရမှာလေ။
ဒီတိုင်းဆို တစ်ယောက်နဲ့တစ်ယောက် မပြောဖြစ်ကြဘူး။ စာအုပ်ထဲမှာ
ပြန်ဖတ်ရတော့လည်း ပြီးတာပဲ။

ကျွန်တော်တို့က အခု“ခေတ်သစ်ကျောင်း” ဆိုတဲ့ အခွေလေး လုပ်နေတယ်။
မျောနေတာ တော်တော်ကြာပြီ။ အဲဒါကို လက်စသတ်ဖို့ လုပ်နေပါတယ်။

============================================

အန်တီက အပျော်တမ်းဘဝမှာ (၁၀) နှစ်လောက် ဆိုခဲ့တယ်။ Professional ထဲကို
ရောက်တာကတော့ ၁၉၈၄ ကပေါ့။

အန်တီက Music အကုန်လုံးကိုကြိုက်တယ်။ လူကြီးပိုင်းလည်းဖြစ်တော့ နားထဲမှာ
သိပ်ဆူဆူညံညံနဲ့ ဖွင့်တဲ့အသံတွေဆို အရမ်းဆူညံတယ်။ တချို့  Hip Hop/ R&B
ငြိမ့်ငြိမ့်ညောင်းညောင်းလေးတွေလည်း ရှိတယ်။ အဲဒါဆို လက်ခံလို့ရတယ်။
တကယ်တမ်း Music တွေကို ပိုကြိုက်တာကတော့ Rock လည်း ကြိုက်တယ်။
Pop လည်းကြိုက်တယ်။

ရေမွန်ကဂီတကို အရမ်းစိတ်ဝင်စားခဲ့တာ လေးတန်း၊ ငါးတန်းလောက်ကပေါ့။
အန်တီကလည်း နေရာတော်တော်များများမှာ လျှောက်ဆိုတော့ တောက်လျှောက်
လိုက်တယ်။ လိုက်လာပြီးရင် အန်တီက အပေါ်ကဆို၊ အောက်ကနေ သူက
ဟာမိုနီလိုက်ပေးတယ်။ ငါးတန်းလောက်မှာ သူ့ကိုသတိထားမိတာ။
တီဗွီက ကြော်ငြာတွေတော်တော်များများလာရင် ကြော်ငြာသီချင်းတွေကို
ဟာမိုနီလိုက်ဆိုတာ။ အန်တီက နည်းနည်း ဂရုစိုက်ပြီး နားထောင်တော့
မှန်တယ်ပေါ့။ ဟယ်...တွတ်ပီ ဘယ်လိုလုပ်ရမလဲ...ဆိုတော့ မသိဘူးမေကြီး....
အသံတစ်သံကြားလိုက်ရရင်...ဟာမိုနီ အလိုအလျောက်ကို ရနေတယ်တဲ့။
အဲဒါနဲ့ လိုက်လိုက်ဆိုတာ။ အဲဒီကနေ စခဲ့တာပေါ့။ မင်းသေသေချာချာ
လုပ်မှာလား...ဆိုတော့ လုပ်မှာတဲ့။ အန်တီ သေချာအောင် ထပ်မေးလိုက်တယ်။
Music ပေးမလုပ်ဘူးဆိုရင် မင်းဘာလုပ်မလဲလို့...
သေချာတယ်...ကျွန်တော်အိမ်ပေါ်ကဆင်းမယ်တဲ့။
အဲဒီတော့ သူတကယ် Crazy ဖြစ်တယ်ဆိုတာ သေချာသွားပြီ။
အဲဒါနဲ့ (၈) တန်းနှစ်မှာ ဂစ်တာတစ်လုံး ဝယ်ပေးလိုက်တယ်။
သူ (၈) တန်းနှစ်မှာပဲ နိုဝင်ဘာ ၂၆ သူ့မွေးနေ့မှာ ပုဂံမှာ သွားဆိုလို့ရတဲ့
ပိုက်ဆံလေးနဲ့...တစ်သိန်းခွဲပေးရတယ်။ လျှပ်စစ်ဂစ်တာလေးတစ်လုံး
လက်ဆောင် ဝယ်ပေးလိုက်တယ်။

သူက အကြံဥာဏ်တွေတော့ တကူးတကကြီး လာမတောင်းဘူး။ သူဖြတ်သန်းခဲ့တဲ့
အချိန်မှာ အန်တီကသူ့ကို မောင်းလာခဲ့တာကိုး။ အန်တီသူ့ကို တော်တော်လေး
Train လုပ်ခဲ့တဲ့ အရာတွေသည် သူ့အတွက် အကြံကောင်းတွေလို့ ထင်ပါတယ်။
အန်တီ တစ်ခုတော့သူ့ကို ပြောထားပေတယ်။ လုပ်မယ်ဆိုရင် Music တစ်ခုတည်း
ထူးချွန်နေ၊ တော်နေလို့ မဖြစ်ဘူး။ ပေါင်းသင်းဆက်ဆံရေး ကောင်းရမယ်။
အန်တီတို့လောကမှာ ကတိမတည်တဲ့ လူတွေများတယ်။ အဲဒီတော့
ကတိတည်ရမယ်။ အချိန်လေးစားရမယ်။ အဲဒါတွေတော့ ဆုံမထားတယ်။
ပြီးတော့အလုပ်ကို ကိုယ်က Ready အနေအထားနဲ့စောင့်ပါ။
အလုပ်ကကိုယ့်ကို ပြန်စောင့်ရတာမျိုး မဖြစ်ပါစေနဲ့။ အမြဲတမ်းသူက
နောက်ကျတတ်တယ်။ အန်တီနဲ့ ဟာမိုနီအတူတူဆိုရင် အန်တီက
အချိန်အရမ်းတိကျတာ။ အန်တီ့ကိုစောင့်ရတယ်ဆိုတာ မရှိစေရဘူး။
သူနဲ့အန်တီ ပြဿနာတက်ခဲ့တာတွေများတယ်။ နောက်ပိုင်းကျတော့
အန်တီပဲ နားလည်ပေးလိုက်တယ်။ သူက အရမ်းအလုပ်ရှုပ်တာဆိုတော့လေ။
အန်တီ့ဘက်က အချိန်အတိအကျကြီး သတ်မှတ်လို့မရဘူး။ အလုပ်ရှုပ်လွန်းတဲ့
အခြေအနေဆိုရင် အန်တီ့ဘက်က နည်းနည်းလေး ပြန်လျှော့တယ်။

Idiots အဖွဲ့စတည်ထောင်မယ်ဆိုတော့ သူ့အဖွဲ့မှာ ဒရမ်တီးတဲ့ ဂျပန်ဆိုတာ...
အမှန်တော့ အန်တီနဲ့ဂျပန်က အရင်သူငယ်ချင်းဖြစ်တာ။ ကန်တော်ကြီး
နိုက်ကလပ်တစ်ခုမှာ ဆိုကြရင်းနဲ့ အန်တီရယ်၊ ဂျပန်က ဒရမ်တီးပေါ့။
နောနော်က ဂစ်တာတီးတယ်။ အင်္ဂလိပ်သီချင်းတွေ ဆိုကြတယ်။
အဲဒီမှာ ဂျပန်နဲ့စကားစပ်မိရင်းနဲ့ ဂျပန်က အန်တီ့သား သီချင်းတွေ
စလုပ်နေပြီလား..လို့မေးတယ်။ အခုတော့ သီချင်းစလုပ်နေပြီဆိုတော့
တကယ်လို့ Band တွေ ဘာတွေဖွဲ့မယ်ဆိုရင် ကျွန်တော့်ကိုပြောပါ။
ကျွန်တော် ဒရမ်ဝင်တီးပေးမယ်လို့ ပြောတယ်။ အဲဒါနဲ့ သူတကယ်
Band ဖွဲ့ချိန်မှာ လူရှာပေးပါဆိုတာနဲ့ ဒရမ်ကို ဂျပန်နဲ့ချိတ်ပေးလိုက်တာ။
ကျန်တာကတော့ အန်တီ ဘေးနားကနေ တတ်နိုင်သလောက်တော့
ပံ့ပိုးပေးတယ်ပေါ့။ အများကြီး အခက်အခဲကြုံတယ်။ တချို့ကျတော့
နှိမ်တာတို့၊ နှိပ်ကွပ်တာတို့၊ မတူမတန်သလို ဆက်ဆံတာတို့ပေါ့။
ရှိုးပွဲကနေ မောင်းထုတ်တာတို့ ဒါမျိုးတွေ အများကြီးကြုံရတယ်။
မောင်းထုတ်တဲ့ သူကလည်း ပွဲစီစဉ်တဲ့ အန်တီ့ဘော်ဒါတွေပေါ့။
သူကလည်း သားအမိချင်း မသိဘူး။ နောက်တစ်ခုက ရိုင်းရိုင်းပျပျ
မောင်းထုတ်လိုက်တာ။ အန်တီကြားတော့ ဒေါသတွေထွက်ပြီး
ပြောတာပေါ့။ အန်တီက ဝင်ရှင်းပေးပေါ့။ သူတစ်ခါတလေ
ဝမ်းနည်းတဲ့အခါ၊ စိတ်အားငယ်တဲ့အခါ မျက်ရည်ကျတာတွေရှိတယ်။
အဲဒါတွေကို အမေတစ်ယောက်အနေနဲ့ သူ့ကို အားပေးခဲ့ရတာပေါ့။

အမှန်တော့ သူပြောတဲ့ “ခေတ်သစ်ကျောက်” အခွေမှာ မေကြီးနဲ့
တစ်ပုဒ်စုံတွဲ အမှတ်တရ ထပ်ဆိုမယ်လို့ပြောတယ်။ ဒါပေမဲ့
သူထည့်ချင်တာတွေ များနေတော့ အပုဒ်ရေက မဆံ့နိုင်ဘူး ဖြစ်နေတယ်။
အဲဒါနဲ့ပဲ အန်တီ မပါဖြစ်လိုက်ဘူးပေါ့။

အန်တီက သူ့နားမှာ တောက်လျှောက်ရှိလာတယ်။ (သူက ဒဂုံ(၁)မှာ
ကျောင်းတက်ခဲ့တာ) ဆယ်တန်းနှစ်လိုက်မှာ ကျောင်းပြေးတဲ့ကိစ္စနဲ့
အန်တီ ခဏခဏ ကျောင်းကို လိုက်ရှင်းရတယ်။ အတန်းမှူးနဲ့ရှင်းရ၊
သူ့အတန်းခေါင်းဆောင်နဲ့ ရှင်းရ၊ သူ့အတန်းပိုင်ဆရာမနဲ့ ရှင်းရ၊
လိုက်တောင်းပန်းတာတွေ အမြဲလုပ်ခဲ့ရတယ်။ ဘယ်သွားလဲကြည့်လိုက်...
Studio ထဲမှာ အသံသွားသွား သွင်းနေတာ။ အဲလိုတွေ လုပ်နေတာ။
အမှန်အတိုင်းပြောရရင် အန်တီက ငွေရေးကြေးရေးကို ကိုယ်ဘာသာကိုယ်ပဲ
ပိုင်းဖြတ်ရတာလေ။ ငွေကြွေးကို အလုံးလိုက် ချမပေးနိုင်ဘူး။ အဲဒီတော့
သူ့ကို စိတ်ဓာတ်ခွန်အားပေးတယ်။ Music လောကကို ဝင်မယ်ဆိုရင်
ငွေလည်းမရှိဘူး။ အရည်အချင်းလည်း မပြည့်ဝဘူးဆိုရင်တော့
သူများရဲ့ နင်းပြားပဲ ဖြစ်မှာပဲ။ သူများခြေထောက်အောက်က လူပဲဖြစ်မှာပဲ။
Music လုပ်မှာ သေချာတယ်ဆိုကတည်းက အန်တီက သေချာ
ပြင်ဆင်ပေးပြီး Music နဲ့ ပတ်သတ်တဲ့ အခြေခံဝမ်းစာတွေပြည့်အောင်
အကုန်ဖြည့်ပေးတယ်။ Notes တွေသင်ပေးတယ်။ ဟာမိုနီတွေ
ခေါ်ဆိုပေးတယ်။ ရိုးရိုးတန်းတန်း ခေါ်ဆိုပေးတာ မဟုတ်ဘူး။
အန်တီက ထိုးလိုက်၊ ခေါက်လိုက်နဲ့ ခေါ်ဆိုတာ။ တခြားတပည့်တွေဆိုရင်
အန်တီပါးစပ်နဲ့ပဲ ပြောတယ်။ သူကတော့ သားသမီးဆိုတော့ ဆန်ရင်း
နာနာဖွပ် ဆိုသလို ခေါက်လို့၊ ဆဲလိုက်၊ ဆိုလိုက်နဲ့ပဲ သင်ပေးရတာပေါ့။

Notes တွေလည်း ကျွမ်းကျင်သွားပြီ။ ဟာမိုနီဆိုလည်း ရှင်းရှင်းပြောရရင်
အန်တီထက်တောင် ကျော်သွားပါပြီ။ ပိုကောင်းသွားပြီပေါ့။
စိတ်ဓာတ်ခွန်အားကတော့ ကြုံရင်ကြုံသလိုပေးတယ်။ တစ်ခုတော့ သူ့ကို
မှာထားတယ်။ အလုပ်လုပ်ရင် ရိုးသားပြီး ကြိုးစားပါ။ အဲဒါတော့ မှာထားတယ်။
ဘယ်သူ့ကိုမှ ကလိမ်မကျနဲ့။ အန်တီလည်း မလုပ်ခဲ့ဘူး။ နောက်တစ်ခုရှိတာက
အန်တီတို့က သူများ ကျေနပ်စာပဲ စားတယ်။ သူများ မကျေနပ်စာ၊ ကျိန်ဆဲစာ
မစားဘူး။ သားသမီးတွေကို သင်ထားတယ်။ ပိုက်ဆံယူသင့်တဲ့ပွဲဆိုရင် ယူ၊
မယူသင့်တဲ့ပွဲဆိုရင် မယူနဲ့။ အားလုံးကို ရိုးရိုးသားသားနဲ့ စိတ်ရင်းအတိုင်း
ဆက်ဆံပါ။ တတ်နိုင်သလောက် လက်တွဲခေါ်ပါ။ ကူညီပါ။ ဒါလေးတော့
မှာထားတယ်။


သမီးငယ်လေးကိုလည်း မျှော်လင့်ထားတယ်။ သူကလည်း Music ကိုတအား
Crazy ဖြစ်တာ။ သူ့အစ်ကိုကတော့ သူ့လိုပဲဖြစ်မှာစိုးတော့ ဆယ်တန်း
မအောင်သေးခင်မှာ ပေးမလုပ်ခိုင်းထားဘူး။ ဒါပေမဲ့ ပိုးကတော့ ဘယ်နေမလဲ။
အိမ်မှာ သူကလည်း သီချင်းတအား နားထောင်တယ်။ သီချင်းကိုမျိုးစုံ
အကုန်ရတယ်။ ပိုက်ဆံရသမျှလည်း အခွေတွေပဲ ဝယ်တာ။
စုပေါင်း၊ စပ်ပေါင်းလေးတွေတော့ သုံး၊ လေးပုဒ်လောက် ဆိုနေပြီ။
ကလေး VCD သုံးခွေလောက် ဆိုထားတယ်။ ကြော်ငြာလည်း လေးပုဒ်
ဆိုပြီးသွားပြီ။ အစ်ကိုကလည်း သူ့အလုပ်နဲ့သူ နည်းနည်းရှုပ်နေတော့
သူ့ညီမဘက် မလှည့်ဖြစ်သေးတာ။ နောက်ပိုင်း သူ့ညီမကို
ှSingle လေးလုပ်ပေးဖို့ အစီအစဉ် ရှိပါတယ်။

အန်တီက Single တစ်ခွေတော့ လုပ်လိုက်ဦးမယ်။ အဲဒါကလည်း
တွတ်ပီပဲ မြှောက်ပေးတာ။ အမေက သူများကိုကျတော့ သင်သင်နေတယ်။
ုကိုယ်ကိုယ်တိုင်လည်း ဒီလောက်ဆိုနိုင်ပြီးတော့ သူများကို သင်ပေးတာနဲ့ပဲ
ကျေနပ်နေမှာလား။ မေကြီးဘဝမှာ မှတ်တိုင်တစ်ခုအနေနဲ့ Single ခွေတစ်ခွေ
ထုတ်ပါဦးတဲ့။ စောစောပိုင်းတုန်းက “ဘာအလိုရှိသလဲ” ဆိုတဲ့ အခွေတစ်ခွေ
ထုတ်ထားတယ်။ ၁၉၉၀လောက်ကဆိုတော့ အခုအရမ်းဝေးသွားပြီ။
ဖိုးလုံးတို့၊ဂျပန်တို့လည်း ဝိုင်းရေးပေးမယ်။ တီးတာကလည်း Idiots ပဲ တီးပေးမယ်။
အဲဒါနဲ့ အန်တီက အားတက်သွားပြီးတော့ အင်တာဗျူးတွေမှာ တော်တော်ဖြေထားတာ။
တွတ်ပီကလည်း သူ့ဟာနဲ့သူ ချာလပတ်လည်နေတာ။ ဒီဘက်ကို မလှည့်ဖြစ်သေးဘူး။
အန်တီကလည်း အလုပ်တွေ တအားရှုပ်တယ်။ နည်းနည်းလေး ရှင်းပြီဆိုရင်
သီချင်းလေးတွေ စုမယ်။ တွတ်ပီဆီကတော့ အလကားရမယ်။ လုပ်ဖြစ်ရင်လည်း
သမီးကို ဝင်ဆိုခိုင်းမယ်။ တွတ်ပီနဲ့လည်း ဆိုမယ်။

အန်တီက ဒီ Professional မှာ (၂၅) နှစ်လောက် လုပ်ပြီးပြီ။ အပျော်တမ်းမှာ
(၁၀) နှစ် ဆိုတော့ နှစ်သုံးဆယ်ကျော်လောက် ကြာသွားပြီ။ သူတို့ကျတော့
အခုမှအသစ် စတာဆိုတော့ တအားကို လန်းဆန်းတက်ကြွနေတယ်။
အိမ်မှာ သူတို့မောင်နှမရှိရင် နားကိုငြီးနေတာပဲ။ ဝုန်းဒိုင်းကြဲပြီးတော့လေ...။

ဒီ Music က Generation အရမ်းကြီးတယ်။ အန်တီ့အဘိုးလက်ထက်ကနေ
စပြီး လုပ်လာလိုက်တာ တွတ်ပီလက်ထက်အထိပဲ။ ကိုယ်တိုင်ကလည်း
Music ကို တအား crazy ဖြစ်ပြီးတော့ ကျောင်းတောင် အန်တီက
Law နဲ့ပြီးတာ...အထက်တန်းရှေ့နေလိုင်စင်တောင် ထွက်ပြီးပြီ။
ဒါပေမဲ့ Music ပိုင်းကိုရွေးလိုက်တာ။ အန်တီ့သားသမီးတွေက အခု
ဒီ Music ကို တအားဝါသနာပါတယ်ဆိုတော့ အန်တီဝမ်းသာတယ်။
ဘာလို့လဲဆိုတော့ အန်တီအတင်းလုပ်ခိုင်းလို့ သူတို့လုပ်ရတာ မဟုတ်ဘူးလေ။
သူတို့ သွေးသားထဲမှာကို စီးဆင်းနေတာ။ အဲဒီအတွက်လည်း အရမ်း
စိတ်အေးချမ်းတယ်။

ဒီကဏ္ဍလေး ရိုက်ရတာ အန်တီ အရမ်းပျော်ပါတယ်။ အန်တီနဲ့ သူနဲ့
မဆုံဖြစ်တာ၊ ထမင်းလက်ဆုံ မစားရတာ တစ်နှစ်ခွဲလောက်ရှိပြီ။
အန်တီက ဝင်လိုက်၊ သူက ထွက်လိုက်နဲ့ဆိုတော့.......
အန်တီက သူတို့နှစ်ယောက်ကို အရမ်းချစ်ပါတယ်။ အန်တီ့အသက်
ပေးရလောက်တဲ့အထိ ချစ်ပါတယ်။ သူတို့နှစ်ယောက်အတွက်ဆိုရင်
ဘဝကို ဘေးဖယ်လိုက်....အန်တီ့အသက်ကိုတောင် လိုအပ်ရင်ပေးဖို့
အဆင်သင့်ပါပဲ။ အရမ်းချစ်တယ်။ သူတို့ ထူးချွန်တာ၊ အောင်မြင်တာ
မြင်ရတော့ အန်တီ တအားပျော်တယ်။ အန်တီ့ဘဝရဲ့ အခက်အခဲတွေ
အားလုံးက သူတို့ရဲ့ အောင်မြင်မှုနဲ့ ပြေပျောက်သွားတယ်။ သူတို့
ဆက်ပြိးတော့ အောင်မြင်ကြပါစေ။ အငယ်မလေးလည်း
အနုပညာလမ်းမှာ အောင်မြင်တဲ့ အဆိုရှင်တစ်ယောက် ဖြစ်ပါစေလို့
ဆုတောင်းပါတယ်။ သားကြီးကလည်း အောင်မြင်မှုအရှိန်အဝါကို
အကြာကြီး ထိန်းသိမ်းထားနိုင်ပါစေလို့ ဆုတောင်းပါတယ်။

Knin Myat Mon, Raymond
Photo - Min Ko (MK Studio)
မေလ၊ ၂၀၁၅
မြင်ကွင်း မဂ္ဂဇင်း

#ko_naing
Rock နှင့် ပတ်ဝန်းကျင်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။