အသိပညာတစ်ခုတည်းက စွမ်းအားမဟုတ်ဘူး။
အဲ့ဒိအသိပညာကို အသုံးပြုတတ်မှ စွမ်းအားရတာပါ။
တစ်ချို့တွေ စာအုပ်တွေ အများကြီးဖတ်တဲ့သူတွေ မြင်ဖူး
ပါတယ်။ တကယ့်တကယ် သူတို့ပြောတဲ့ စကားဝိုင်းတွေ
နားထောင်ကြည့်တဲ့ အခါမှာ စာအုပ်ထဲက အနှစ်သာရတွေ
ကို ဆွေးနွေးနေတာထက် သူတို့ ဘယ်စာအုပ်တွေ ဖတ်ဖူး
ကြောင်း ပြိုင်နေတာက ပိုများပါတယ်။ ဘယ်စာရေး ဆရာ
ကို သိကြောင်း၊ ဘယ်နာမည်ကျော်စာအုပ်ကို ဖတ်ဖူးကြောင်း
ကို ပိုပြီး အာရုံစိုက်ကြွားနေတတ်ပါတယ်။
ဘယ်လိုစာအုပ်ပဲဖတ်ဖူးဖတ်ဖူး အဲ့ဒိအသိပညာကို တပ်ဆင်
အသုံးမပြုတတ်ရင် အလကားပါပဲ။ တကယ်စာဖတ်တဲ့သူက
အဲ့ဒိလို အကြွားပြိုင်တဲ့ စကားဝိုင်းတွေမှာပါလေ့မရှိ ပါဘူး။
တကယ်စာဖတ်ပြီး အသိပညာကြွယ်ဝတဲ့သူက ကိုယ်ရေး
သွေးလေ့မရှိပါဘူး။
ကျွန်တော်တို့ ငယ်ငယ်က ရွာထဲမှာ ဦးလေးကြီးတစ်ယောက်
ရှိပါတယ်။ သူက ရွာထဲမှာ စာအဖတ်ဆုံးလူတစ်ယောက်ပါပဲ။
သူက ဗုဒ္ဓဘာသာအကြောင်းကို သေသေချာချာကို သိပါတယ်။
နောက်ပြီး ဆံပင်ညှပ်ဆိုင်လေး တစ်ဆိုင်ဖွင့်ထားပါတယ်။ ဒါ
ပေမယ့် ထူးခြားတဲ့ အချက်က သူ့ကို တစ်ရွာလုံး ဘယ်သူမှ
မလေးစားပဲ အမြင်ကတ်နေခြင်းပါပဲ။ ကျွန်တော်က ငယ်ငယ်
ကတည်းက အမေနဲ့ အဖေကြောင့် စာဖတ်တာ ဝါသနာပါခဲ့
ပါတယ်။ အဲ့ဒိဦးလေးကြီးမှာ ဆံပင်သွားညှပ်တိုင်း သူ့ဆီက
စာအုပ်တွေ ငှားဖတ်လေ့ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်ကိုယ်
တိုင်လည်း သူ့ကို အမြင်ကတ်ခဲ့ပါတယ်။ အဲ့ဒိတုန်းက ကလေး
အသိဥာဏ်နဲ့ မို့ ဘာလို့ အမြင်ကတ်ခဲ့မှန်းတော့ မသိပါဘူး။
အခုအသက်အရွယ်တွေကြီးလာပြီး စာပေပေါင်းစုံ ဖတ်မိ
တော့မှ ကျွန်တော်အဖြေကို ရှာတွေ့ခဲ့ပါတယ်။ အဲ့ဒိဦးလေး
ကြီးဟာ အသိပညာကို ကောင်ကောင်းတတ်ဆင် အသုံးပြု
တတ်ခဲ့ခြင်း မရှိခဲ့တာပါ။ နောက်တစ်နည်း ပြောရရင် ဖတ်ခဲ့
တဲ့ စာအုပ်မစုံတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နောက်ဆုံး
အရေးကြီးဆုံး တစ်ချက်က သူ့ကိုယ်သူ ပြည့်တဲ့အိုးလို့ ထင်
သွားခဲ့တာပါ။ လောကကြီးမှ ကိုယ့်ကိုယ်ကို ပြည့်တဲ့အိုးလို့
ထင်တဲ့နေ့ သင်သေဆုံးတဲ့ နေ့ပါပဲ။ သင့်ကိုလူတွေစပြီး အမြင်
ကတ်တဲ့နေ့ပါပဲ။
သူဖတ်ခဲ့တဲ့ စာအုပ်မစုံလို့ လို့ ဘာလို့ ကျွန်တော်ထင်တာလဲ
ကျွန်တော်ရှင်းပြပါ့မယ်။ သူ့ရဲ့ စာအုပ်စင်ပေါ်က စာအုပ်တွေ
တော်တော်များများဟာ ဘာသာရေး စာအုပ်တွေပါပဲ။ သူ့မှာ
ဘာသာရေး ဗဟုသုတတွေ အပုံလိုက် အခေါင်းလိုက် ရှိနေ
တာ အမှန်ပါပဲ။ ဒါပေမယ့် သူဟာ လူတွေနဲ့ ဘယ်လို ဆက်ဆံ
ရမယ်ဆိုတဲ့ ဗဟုသုတကိုတော့ ရှာဖွေဖတ်ရှုခဲ့ပုံ မပေါ်ပါဘူး။
ဥပမာ မိတ္တဗလဋီကာ လိုစာအုပ်မျိုးပေါ့။ သူကစကားပြောတိုင်း
အပေါ်စီးက ပြောလေ့ရှိပါတယ်။ သူများပြောချင်တာထက်
သူပြောချင်တာတွေကိုပဲ ဦးစားပေးပြီး ပြောလေ့ရှိပါတယ်။
ရပ်ကွက်ထဲက အလှူအချို့မှာတောင် ဘုန်းကြီးတွေ တရားစာ
အသံထွက်မှားရင် လူကြားထဲမှာ ထောက်ပြလေ့ရှိပါတယ်။
အကယ်၍ သူသာ မိတ္တဗလဋီကာလို စာအုပ်မျိုးဖတ်ဖူးမယ်
ဆိုရင်၊ အပေါ်စီးကပြောခြင်း၊ သူများပြောတာနားမထောင်ခြင်း ၊
သူတစ်ပါးရဲ့ ဂုဏ်သိက္ခာကို လူရှေ့သူရှေ့မှာ ကျစေခြင်း၊ ဟာ
ဘယ်တော့မှ ကောင်းမွန်တဲ့ ဆက်ဆံရေးကို မရစေနိုင်သည့်
အပြင် ထိုအပြောခံရတဲ့သူမှာလည်း ဘယ်တော့မှ သူ့အလေ့
အကျင့်ကို ပြင်မှာ မဟုတ်ပါဘူး။
ကျွန်တော် #မိုးရှင်း (I.M.T) သည်လည်း စာအုပ်ပေါင်းများစွာ
ကို ဖတ်ရှုဖူးသူမဟုတ်ပါဘူး။ ကျွန်တော့်ကို ကျွန်တော် ပြည့်သည့်
အိုးလို့လည်း မထင်ပါ။ ယခုလည်း မထင်၊နောက်လည်း မထင်ပါ။
သင်သည်လည်း ပါရဂူကြီးဖြစ်နေပါစေ၊ ဒေါက်တာကြီးဖြစ်နေ
ပါစေ။ သင်မသိတဲ့ အရာတွေ လောကကြီးမှာ အများကြီးရှိ
နေတယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ အသိပညတစ်ခုတည်း
ကစွမ်းအားမဟုတ်ပါဘူး။ ထိုအသိပညာကို တပ်ဆင်အသုံးပြု
တတ်မှသာ စွမ်းအားဖြစ်လာတာပါ။
#မိုးရှင်း (I.M.T) ရေးသားသည်။
အဲ့ဒိအသိပညာကို အသုံးပြုတတ်မှ စွမ်းအားရတာပါ။
တစ်ချို့တွေ စာအုပ်တွေ အများကြီးဖတ်တဲ့သူတွေ မြင်ဖူး
ပါတယ်။ တကယ့်တကယ် သူတို့ပြောတဲ့ စကားဝိုင်းတွေ
နားထောင်ကြည့်တဲ့ အခါမှာ စာအုပ်ထဲက အနှစ်သာရတွေ
ကို ဆွေးနွေးနေတာထက် သူတို့ ဘယ်စာအုပ်တွေ ဖတ်ဖူး
ကြောင်း ပြိုင်နေတာက ပိုများပါတယ်။ ဘယ်စာရေး ဆရာ
ကို သိကြောင်း၊ ဘယ်နာမည်ကျော်စာအုပ်ကို ဖတ်ဖူးကြောင်း
ကို ပိုပြီး အာရုံစိုက်ကြွားနေတတ်ပါတယ
ဘယ်လိုစာအုပ်ပဲဖတ်ဖူးဖတ်ဖ
အသုံးမပြုတတ်ရင် အလကားပါပဲ။ တကယ်စာဖတ်တဲ့သူက
အဲ့ဒိလို အကြွားပြိုင်တဲ့ စကားဝိုင်းတွေမှာပါလေ့မရှိ
တကယ်စာဖတ်ပြီး အသိပညာကြွယ်ဝတဲ့သူက ကိုယ်ရေး
သွေးလေ့မရှိပါဘူး။
ကျွန်တော်တို့ ငယ်ငယ်က ရွာထဲမှာ ဦးလေးကြီးတစ်ယောက်
ရှိပါတယ်။ သူက ရွာထဲမှာ စာအဖတ်ဆုံးလူတစ်ယောက်ပါပဲ။
သူက ဗုဒ္ဓဘာသာအကြောင်းကို သေသေချာချာကို သိပါတယ်။
နောက်ပြီး ဆံပင်ညှပ်ဆိုင်လေး တစ်ဆိုင်ဖွင့်ထားပါတယ်။ ဒါ
ပေမယ့် ထူးခြားတဲ့ အချက်က သူ့ကို တစ်ရွာလုံး ဘယ်သူမှ
မလေးစားပဲ အမြင်ကတ်နေခြင်းပါပဲ။ ကျွန်တော်က ငယ်ငယ်
ကတည်းက အမေနဲ့ အဖေကြောင့် စာဖတ်တာ ဝါသနာပါခဲ့
ပါတယ်။ အဲ့ဒိဦးလေးကြီးမှာ ဆံပင်သွားညှပ်တိုင်း သူ့ဆီက
စာအုပ်တွေ ငှားဖတ်လေ့ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်ကိုယ်
တိုင်လည်း သူ့ကို အမြင်ကတ်ခဲ့ပါတယ်။ အဲ့ဒိတုန်းက ကလေး
အသိဥာဏ်နဲ့ မို့ ဘာလို့ အမြင်ကတ်ခဲ့မှန်းတော့ မသိပါဘူး။
အခုအသက်အရွယ်တွေကြီးလာပြီး
တော့မှ ကျွန်တော်အဖြေကို ရှာတွေ့ခဲ့ပါတယ်။ အဲ့ဒိဦးလေး
ကြီးဟာ အသိပညာကို ကောင်ကောင်းတတ်ဆင် အသုံးပြု
တတ်ခဲ့ခြင်း မရှိခဲ့တာပါ။ နောက်တစ်နည်း ပြောရရင် ဖတ်ခဲ့
တဲ့ စာအုပ်မစုံတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နောက်ဆုံး
အရေးကြီးဆုံး တစ်ချက်က သူ့ကိုယ်သူ ပြည့်တဲ့အိုးလို့ ထင်
သွားခဲ့တာပါ။ လောကကြီးမှ ကိုယ့်ကိုယ်ကို ပြည့်တဲ့အိုးလို့
ထင်တဲ့နေ့ သင်သေဆုံးတဲ့ နေ့ပါပဲ။ သင့်ကိုလူတွေစပြီး အမြင်
ကတ်တဲ့နေ့ပါပဲ။
သူဖတ်ခဲ့တဲ့ စာအုပ်မစုံလို့ လို့ ဘာလို့ ကျွန်တော်ထင်တာလဲ
ကျွန်တော်ရှင်းပြပါ့မယ်။ သူ့ရဲ့ စာအုပ်စင်ပေါ်က စာအုပ်တွေ
တော်တော်များများဟာ ဘာသာရေး စာအုပ်တွေပါပဲ။ သူ့မှာ
ဘာသာရေး ဗဟုသုတတွေ အပုံလိုက် အခေါင်းလိုက် ရှိနေ
တာ အမှန်ပါပဲ။ ဒါပေမယ့် သူဟာ လူတွေနဲ့ ဘယ်လို ဆက်ဆံ
ရမယ်ဆိုတဲ့ ဗဟုသုတကိုတော့ ရှာဖွေဖတ်ရှုခဲ့ပုံ မပေါ်ပါဘူး။
ဥပမာ မိတ္တဗလဋီကာ လိုစာအုပ်မျိုးပေါ့။ သူကစကားပြောတိုင်း
အပေါ်စီးက ပြောလေ့ရှိပါတယ်။ သူများပြောချင်တာထက်
သူပြောချင်တာတွေကိုပဲ ဦးစားပေးပြီး ပြောလေ့ရှိပါတယ်။
ရပ်ကွက်ထဲက အလှူအချို့မှာတောင် ဘုန်းကြီးတွေ တရားစာ
အသံထွက်မှားရင် လူကြားထဲမှာ ထောက်ပြလေ့ရှိပါတယ်။
အကယ်၍ သူသာ မိတ္တဗလဋီကာလို စာအုပ်မျိုးဖတ်ဖူးမယ်
ဆိုရင်၊ အပေါ်စီးကပြောခြင်း၊ သူများပြောတာနားမထောင်ခြင်း
သူတစ်ပါးရဲ့ ဂုဏ်သိက္ခာကို လူရှေ့သူရှေ့မှာ ကျစေခြင်း၊ ဟာ
ဘယ်တော့မှ ကောင်းမွန်တဲ့ ဆက်ဆံရေးကို မရစေနိုင်သည့်
အပြင် ထိုအပြောခံရတဲ့သူမှာလည်း ဘယ်တော့မှ သူ့အလေ့
အကျင့်ကို ပြင်မှာ မဟုတ်ပါဘူး။
ကျွန်တော် #မိုးရှင်း (I.M.T) သည်လည်း စာအုပ်ပေါင်းများစွာ
ကို ဖတ်ရှုဖူးသူမဟုတ်ပါဘူး။ ကျွန်တော့်ကို ကျွန်တော် ပြည့်သည့်
အိုးလို့လည်း မထင်ပါ။ ယခုလည်း မထင်၊နောက်လည်း မထင်ပါ။
သင်သည်လည်း ပါရဂူကြီးဖြစ်နေပါစေ၊ ဒေါက်တာကြီးဖြစ်နေ
ပါစေ။ သင်မသိတဲ့ အရာတွေ လောကကြီးမှာ အများကြီးရှိ
နေတယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ အသိပညတစ်ခုတည်း
ကစွမ်းအားမဟုတ်ပါဘူး။ ထိုအသိပညာကို တပ်ဆင်အသုံးပြု
တတ်မှသာ စွမ်းအားဖြစ်လာတာပါ။
#မိုးရှင်း (I.M.T) ရေးသားသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။