ကျနော်ရယ်…လူတွေရယ်…လောကကြီးရယ်
ဒဿနရွာလည်သွားခြင်း…( ၁ )
-------------
->ကျနော်က ဥာဏ်သိပ်မကောင်းဘူး…။ဒါပေမယ့်…မှတ်မိနေတဲ့ အရာတွေကြတော့ မှတ်မိနေတတ်ပြီး …မမှတ်မိတဲ့ အရာတွေကြတော့ မမှတ်မိတော့ပြန်ဘူးး…။
တစ်ချို့ မှတ်မိနေတဲ့ အရာတွေက လူကို နေသာထိုင်သာရှိခြင်းကနေဖယ်ထုတ်ကြပြီး …စို့နင့်နင့်ခံစားရစေပြန်တ ယ်…။
ဒီတော့…ကျနော်တွေးမိပြန်တယ် …။ကျနော်တို့ဟာ မှတ်မိချင်တဲ့ဟာကိုပဲ မှတ်မိပြီး မမှတ်မိချင်တဲ့ အပိုင်းအဆတွေကို ဖယ်ထုတ်လို့ မရနိုင်ဘူးလား…။
ဥပမာ…ကိုယ်အရမ်းချစ်တဲ့ တစ်စုံတစ်ယောက်ကို စွန့်လွှတ်လိုက်ရတာမျိုး…။အဲ ဒီလို
အတိတ်အကြောင်းကို ကျနော်တို့ မှတ်ဥာဏ်ထဲက ဖယ်ထုတ်လို့
မရနိုင်ဘူးလား…။ကျနော်တို့ စိတ်ကြိုက် ကျနော်တို့ရဲ့ မှတ်ဥာဏ်တွေကို
စီမံခန့်ခွဲခွင့် မရှိဘူးလား…။တိုက်ဆိုင်မှြုေ ကာင့် ပြန်သတိရလာတာ တစ်ချို့ …အတိုက်ဓတ် အခံဓတ်တွေဆိုတာ ဒါတွေလဲပါမှာပေါ့…။သိမှုဖြစ် ပေါ်ပုံ ဗုဒ္ဓကျမ်းတွေပြန်ရှာဖတ်ရဦး မယ်…။
ငါမစေနိုင်ခြင်းတွေရှိနေတာကို ကျနော်တို့ မှတ်ဥာဏ်တွေကိုယ်တိုင်က သက်သေထူနေတယ်…။သတိရချင်တဲ့ဟာ ကျတော့မေချင်မေ့နေတယ်…။မေ့ချင်တဲ့ဟာတွေကျတော့ ……သတိရ…။ငါ့ခန္ဓာမှာရှိနေတဲ့ စိတ်တွေ သညာတွေ င့ါသဘောတိုင်းဆောင်ဖို့ဆိုတာ…
ဒီလိုတွေးခေါ်မိလို့ ကျနော် ဗုဒ္ဓဘာသာဘက်ကို ဦးညွှတ်ခဲ့တာလဲဖြစ်ပါလိမ့်မ ယ်…။
မှတ်ဥာဏ်က လူ့ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာ ရှိမလဲ…။ဦးခေါင်းပိုင်းမှာ ပဲ ထားပါတော့…။ကျနော်လဲ အထင်နဲ့ပြောတာပါ…။လက်ရှိ ကျနော်မသေသေးပါဘူး…။ကျနော့် က ဥာဏ်သိပ်မကောင်းပေမယ့် သာမာန်လူ ဦးနှောက်အဆင့်ထဲလောက်တော့ ပါမယ်ထင်တယ်…။ပုံမှန်လုပ်ဆောင်ချက်တွေ အတွက် ကျနော်မှ သိပ်အခက်အခဲမရှိပါဘူး…။ဗိုက်ဆာတဲ့ အခါ တစ်ခုခုစားဖို့ လုပ်ရမယ်ဆိုတာ ကျနော်သိပြီး…ကျနော့်ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ဘယ်လိုလုပ်ရမယ်ဆိုတာ ကျနော့်ဦးနှောက်က စီမံခန့်ခွဲမှုပေးနိုင်ပါသေး တယ်…။ဒီတော့ ကျနော့်ကိုယ် ကျနော်ပြန်စမ်းစစ်ချက်အရ ကျနော်က ပုံမှန်လူတစ်ယောက်ပါပဲ…။
တစ်ခါတစ်ခါ မတူခြားနားမှုလေးတွေ ရှိတတ်ပေမယ့် …အရူးလုံးလုံးသတ်မှတ်ခံရလော က်အောင် ကျနော် လူအသိုင်းအဝိုင်းထဲက မသွေဖီသွားသေးပါဘူး…။
နာဖာချေး…ကလော်ပြီးတိုင်း ပြန်နမ်းတတ်တာ…တူနဲ့သွားကြားထိုးတတ်တာ…တူနဲ့စားရင်
ဖင်ဖက်အပိုင်းကြီးကြီးကို ထိပ်ဖက်ထားပြီး ညှပ်တတ်တာတွေ…တချို့
အမှုအကျင့်နဲနဲလောက်ပဲ ကျနော်က အများနဲ့သိပ်မတူတာပါ…။စမှုစာ နဲ့ လက်ဖက်ရည်တို့စားတတ်တာ…စသဖြ င့်ပေါ့…။
ဒါကလဲ…တမင်မတူအောင် ဖန်တီးလုပ်ယူထားတာမဟုတ်ပါဘူး…။ကျနော့် သွေးသားနှစ်သက်တောင်းဆိုမှုေ တွကြောင့် ဖြစ်ပေါ်လာတာပါ…။နားဖာချေးပြ န်နမ်းရတာ ကျနော်တကယ်နှစ်သက်လို့နမ်းတာပါ…။စမှုစာကို အချဉ်ရည်နဲ့ထက်စာရင် လက်ဖက်ရည်နဲ့တို့စားတဲ့ အရသာကို ပိုကြိုက်မိတာ အမှန်ပါပဲ…။
ကျနော် ၂တန်းလောက်တုန်းက လူကြီးတစ်ယောက်က အဲလိုစားတာမြင်တော့
"ဒီကောင် ကြီးရင် လူ့ဂွစာ ဖြစ်မယ့်ကောင်တဲ့…"
ခက်တာက ခုချိန်ထိ လူ့ဂွစာဆိုတာကို ကျနော် တိတိကျကျ အဓိပ္ပာယ်မဖွင့်နိုင်သေးဘူး… ။တကယ်ပါပဲ…ကျနော် ဥာဏ်မကောင်းဘူးဆိုတာ မှန်တယ်။တစ်ချို့ စကားလုံးတွေကို ကျနော် ခံစားလို့ရနေပြီး…သေသေချာချာ တိတိပပ နားမလည်ပါဘူး…။လူတစ်ချို့ကေ တာ့ ပြောတယ် နားမလည်ပဲ ဘယ်လိုခံစားမလဲတဲ့…။
မဟုတ်သေးဘူး…ကျနော်ကပဲ လူတွေနဲ့မတူတာလား…လူတွေကပဲ လူတွေနဲ့မတူတော့တာလား…။အဓိပ္ပာယ်နားမလည်ပဲ ခံစားနေတာ…ကျနော်သူတို့တစ်ခု ရှင်းပြချင်တယ်…လုံးဝမသိဘူး ရယ်တော့ မဟုတ်ဘူးပေါ့…။တိတိကျကျကြီး သတ်မှတ်ပြဋ္ဌာန်းချက် ဖြစ်နေတာမျိုး အဓိပ္ပာယ်ဖွင့်ဆိုပြပြီး နားလည်နေတာမျိုး မဟုတ်ပဲ ခံစားလို့ရနေတာတွေရှိတယ်…။
ဥပမာ…အချစ်
ကျနော်သူတို့ကို မေးဖူးတယ်…
"အချစ်…မင်းကောင်မလေးကို ဘာလို့ချစ်လဲ…အဓိပ္ပာယ်ဖွင့် ဆိုပြ…"
တစ်ယောက်စီမေးကြည့်တော့ အဖြေမျိုးစုံပါပဲ…။ချစ်တော့ ချစ်နေကြတာပဲ…။ဒါပေမယ့် ဘာကြောင့်ချစ်လဲဆိုတဲ့ အချစ်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုပုံတွေမတူညီကြပါဘူး…။အချစ်ကိုလည်း ကိုယ်နားလည်ချင်သလို နားလည်ပြီး ချစ်လိုက်ကြတာပဲမဟုတ်လား…။
တကယ်လို့…
အချစ်ကို စည်းမျဉ်းတစ်ခု…
ရုပ်ရည်ပိုင်းဆိုင်ရာ ဘောင်တစ်ခုသွင်းမယ်ဆိုရင်…အ ချစ်ဆိုတာ ပုံသေတစ်မျိုးပဲထွက်လာပြီး… အချစ်ဟာ လူတိုင်းမှာ မဖြစ်ပေါ်နိုင်တော့ပဲ…အဲဒီ့စ ည်းမျဉ်း အဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့
ကိုက်ညီတဲ့ လူတွေပေါ်မှာ သွားဖြစ်နေမယ်…ဒါမှ အချစ်ခံရမယ့် သူက
စတိုင်လ်တစ်မျိုး ပုံစံခွက်တစ်ခုလို အံကိုက်ဖြစ်နေမှ
အချစ်ခံရတော့မယ်…။ဒီလိုဆိုရ င် အချစ်ဆိုတာကြီးက ပြသနာတော်တော်များကုန်လိမ့် မယ်။အခုထက်ပိုပြီးပေါ့…။
လူတော်တော် များများမေးကြည့်ပါ…
အချစ်က ဘာလဲလို့…အဓိပ္ပာယ်ဖွင့်ဆြို ပ…
ရှင်းပြပါဆိုရင်…အင်တင်တင် အမ်းတမ်းတမ်း ဖြစ်သွားလိမ့်မယ်…။ဒါပေမယ့် …အချစ်ကို ခံစားလို့ ရလားမေးကြည့်…။မင်းချစ်သူကို မင်းချစ်လားမေးကြည့်…။ချစ်တ ယ်ဆိုတာတော့ ခံစားရနေတယ်…။သေသေချာချာရှင်းပြဖို့ ခက်နေလိမ့်မယ်…။ရှင်းပြနိုင်တယ်ထား…ရှင်းပြတဲ့ အဖြေတွေကို စုလိုက်…။အချစ်ဖွင့်ဆိုပုံက လုံးဝတစ်ထပ်တည်းမဖြစ်ဘူး…။မ ယုံရင် စစ်တမ်းကောက်ကြည့်…:)
ဒီတော့…ကျနော့်မှာ ပြောစရာနဲနဲရှိသွားပြီ…
နားလည်တယ်ဆိုတာ အဓိပ္ပာယ်ဖွင့်ဆိုပုံသိမှ နားလည်မှာပေါ့…။ထပ်ပြီးဒီတော့…အချစ်မှာ အဓိပ္ပာယ်ဖွင့်ဆိုပုံ တိတိကျကျပြဋ္ဌာန်းချက်မရှိ တစ်ချို့ဘာကြောင့်ချစ်လဲဆို တာ ဖြေဖို့ခက်နေတာတွေရှိတယ်…။ဒါပေမယ့် သူတို့ချစ်တယ်ဆိုတာ ခံစားရလို့ ချစ်လိုက်ရတာပါပဲ…။
ဒီလိုပါပဲ…
ကျနော့်ကဗျာစာသားတစ်ချို့ဟာ လည်း ကျနော်ကိုယ်တိုင် အဓိပ္ပာယ်တိတိကျကျသိလို့ ရေးထားတာမဟုတ်ပါဘူး…။ခံစားချက်အထူးပြုပြီးရေးထားတာပါ…။ ကျနော်ရေးနေတာ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်အတွက် ရေးနေတာမဟုတ်တဲ့ အတွက် တိတိကျကျကြီး အဓိပ္ပာယ်ကောက်ဖို့ ပေါက်မြောက်ဖို့ တစ်သားတည်းဖြစ်ဖို့လည်း ကျနော်မရည်ရွယ်ထားပါဘူး…။
လူတွေ အချစ်ကို ခံစားရသလိုပါပဲ…ကဗျာဟာလည်း တစ်ယောက်ရင်ထဲက တစ်ယောက်နားလည်မှုတွေမရှင်းလ င်းပေမယ့် ဖွင့်ဆိုပုံတွေမတူပေမယ့်…တစ်ခုခုတော့ ခံစားမှုပေးစွမ်းနိုင်လို့ ကဗျာမြောက်နေခြင်းပါပဲ…။ချည်ပြီးတုတ်ပြီး ပြောကြေးဆိုရင်…နားမလည်ပဲ ဘယ်လိုခံစားလဲ ပြောတဲ့သူတွေအတွက်…
အချစ်ကို ခံစားတတ်ရင်…ကျနော့်ကဗျာတွေ ကို နားလည်သွားပါလိမ့်မယ်ပေါ့…။ အချစ်မရှိရင်တော့………:P
နောက်တစ်ခုက…ကျနော်က မြန်မာနိုင်ငံတစ်ယောက်ဆိုတော့ မြန်မာလိုတော့ နားလည်တယ်ပေါ့…။ဒီနေရာမှာ ကျနော်တို့ ပြန်စဉ်းစားကြည့်ရအောင်…နား မလည်ပဲ ခံစားနိုင်တယ်ဆိုတဲ့ ကျနော့်စကားဟာ အမှားကြီးမှားနေလား…ဒါမှမဟု တ် တချို့နေရာတွေမှာ မှန်နေမလားဆိုတာကိုပေါ့…။ကျ နော်တို့ နိုင်ငံခြားသီချင်းတွေနားထောင်ဖူးမှာပေါ့…။
ဒီတော့…ကျနော့် နေရာကဆို …ကျနော်က ဘာသာစကားသင်ယူလေ့လာမှုအားနဲသ လို ပညာအရည်အချင်းကလဲ သိပ်မရှိပါဘူး…။အဲဒီ့သီချင်းတွေနားထောင်မိကြားမိတဲ့အခါ …ကျနော်နားမလည်ပါဘူး…။ဒါပေမ ယ့် ခံစားလို့ရနေတဲ့ သီချင်းတွေတော့ ရှိနေတာပဲလေ…။
ခင်ဗျားတို့ရော…ခုကြိုက်လှပါတယ်ဆိုတဲ့ ကိုရီးယား …တစ်ပုဒ်လုံးနားလည်လို့လား… သူဘာကိုဆိုလိုပြီး ဘာကိုဖွဲ့နွဲ့သီဆိုပြီး ဆိုတာကို မပြောပါနဲ့ဦး…ခပ်ရိုးရိုးပဲ တိုက်ရိုက်ဘာသာပြန်ကြည့်ပါဘူး…:)
ဒီလိုပါပဲ…ကျနော်တို့ နားမလည်ပဲ ခံစားနေရတာ…ကြိုက်နေတာတွေ ချစ်နေရတာတွေ ရှိနေကြပါလိမ့်မယ်…။
----
အချစ်ဆိုတဲ့ စကားကြောင့် တွေးစရာတွေ ပြောစရာတွေနဲနဲထပ်ရှိလာပြန် တယ်…။စကားဆိုတာ ဘယ်ကိုသွားလဲဆိုတော့ ဘာသာဗေဒဆီ သွားတယ်…။ဟိုတလောက ဘာသာဗေဒစာအုပ်ထိုင်ဖတ်တော့… ကျနော်တို့ လူသားတွေရဲ့ ဘာသာဗေဒက တော်တော်ကျယ်ပြန့်တယ်…။စာ စကား ကျနော်တို့ရဲ့ ဆက်သွယ်မှုတွေက ဘာသာဗေဒတွေပါပဲ…။
စာကလေးအော်သံ
"ကျွီကျွီကလဲ ဘာသာဗေဒပါပဲ။စာကလေး ဘာသာဗေဒပေါ့…။လူသားတွေနဲ့တိ ရိစ္ဆာန်တွေရဲ့
ဘာသာဗေဒ ကွာခြားတယ်။ကျနော်တို့ဟာ ဖြစ်ပြီးတာရော မဖြစ်သေးတာရော
ဖြစ်ဖို့မှန်းဆတာ ရှိနေတာတွေရော မရှိနေတာတွေရောကို တွေးတောမှန်းဆပြီ
ပုံပြင်တွေ ခန့်မှန်းမှုတွေ အတိတ်အကြောင်းတွေပြန်ပြောနိုင်ကြတယ်။
အိပ်ချင်လို့ နောက်မှ ဆက်တွေးရေးတော့မယ်…။
အင်း…ညက အိပ်ချင်သွားတယ်…။ခန္ဓာကြောင့်လား…စိတ်ကအိပ်ချင်လာလို့လား…မေးခွန်းနှစ်ခု ထွက်ပေါ်လာပြန်တယ်…။ကျနော့်ကိုယ်ပဲ ကျနော် အဲဒီ့အခိုက်အတန့်လေးကို သုံးသပ်ရမယ်ဆိုရင်တော့…စိတ် က စာရေးချင်နေတာ…ဒါပေမယ့် ခန္ဓာက မဟန်နိုင်တော့ဘူး…ဒါကြောင့် …ခန္ဓာကြောင့်ပဲ…ကျနော်ကို အိပ်ချင်စိတ်က အနိုင်ယူသွားတယ်…။ဒီတော့ စိတ်က ရုပ်ကိုမှီတယ်လို့ ဆိုရမလိုဖြစ်နေတာပေါ့…။စိတ် ကိုလည်း ရုပ်ကပြန်မှီတာတွေရှိတယ်…။ဥ ပမာ…အသဲကွဲတာမျိုးကြောင့် မအိပ်နိုင်မစားနိုင်မသောက်နိုင်ဖြစ်တွေပေါ့…။
ဟုတ်ပြီ…အသဲကွဲတာမှာ ကိုယ်ထိလက်မှု တိုက်ခိုက်ခံရခြင်း ဘာမှမပါဘူး…။
စိတ်တစ်ခုပဲကျကွဲခြင်းလို့ဆိုရမှာပေါ့…။ရုပ်ပိုင်းဆိုင်ရာထိခိုက်မှု ဘာမှမရှိပေမယ့် …အဲဒီ့အသဲကွဲတဲ့ စိတ်ကြောင့် ကျနော်တို့ ခန္ဓာဟာ စားချိန်တန်မှာ စားဖို့မေ့နေတတ်ပြန်ရော…။ဒီ လိုအဖြစ်အပျက်မျိုးကြတော့…ရုပ်က စိတ်ကိုပြန်မှီသွားပြန်တယ်… ။
ဒါကြောင့် ကျနော့်အတွက်တော့ စိတ်နဲ့ရုပ်ဟာ အပြန်အလှန်အကျိုးအကြောင်းပြုနေပါသတဲ့…။
-----
ကျနော်တို့ရဲ့ စကားတွေဟာ စိတ်ထင်ရာ အသံပြုရာကနေ ပေါ်ထွက်လာကြတာပါပဲ…။
တစ်သားမှတ်ထဲ သတ်မှတ်ပြဋ္ဌာန်းပြီး ဘာသာစကားတွေ မမွေးဖွားလာကြပါဘူး…။
ဥပမာ…အနီရောင်ကို အနီရောင်လို့ အသံပြုခြင်းဟာ…အရောင်မှာ အနီဆိုပြီး အသံပါလာလို့မဟုတ်ပါဘူး…။ဘာေ ကြာင့်လဲဆိုတော့ Redလို့လဲ အင်္ဂလိပ်တွေခေါ်ကြတာပါပဲ…။
အဲဒီလိုအရောင်လေးမှန်း ဖေါ်ပြဖို့ လူတစ်မျိုးခြင်းဆီဟာ သူ့စိတ်ထင်ရာ သူအသံပြုရာကနေ ဘာသာစကားပေါ်ထွက်လာရတာပါပဲ…။ ဘယ်သူဦးဆုံး အနီလို့ အသံပြုမှန်း ကျနော်မသိပေမယ့်…လူမျိုးစုတ စ်ခုရဲ့ ဒီအရောင်လေးကို အနီလို့ အသံပြုရာကနေ အဲ့လိုအရောင်လေးကို တွေ့ရင် အနီလို့ ပြောဆိုပြမှ အဲ့လိုအရောင်လေးမှန်းသိမယ်လို့ ညွှန်းဆိုလို့ရမယ်လို့ ဆက်သွယ်ပြောဆိုလို့ရမယ်လို့ …လက်ခံလာကြရာကနေ
အဲ့လို သွေးကဲ့သို့သော အရောင်လေးဟာ အနီဟု ပညတ်တွင်လာတယ် ထင်ပ…။ဒါပေမယ့်
အင်္ဂလိပ်တွေကတော့ redလို့ အဲ့လိုအရောင်လေးကို ခေါ်ကြတယ်…။
ဒီလိုဆိုတော့ ကျနော်တို့ စိတ်ထင်ရာအသံပြုမှုကနေ ဖြစ်ပေါ်လာတဲ့ စကားတွေထဲမှာ အဲ့လိုအရောင်လေးကို အနီလို့ အသံထွက်တာမှန်မလား…redလို့အ သံထွက်တာမှန်မလား…။ရုပ်ပုံေ ဖ်ါပြမှုကတော့ ဒီအရောင်လေးပါပဲ…။အသံဆက်သွယ်မှု အက္ခရာဆက်သွယ်မှုတွေမတူပါဘူး… ။ဘယ်လိုခေါ်ပြီး ဘယ်လိုရေးတာ အမှန်ပိုကျမလဲ…။ကျနော်တို့ လူမျိုးစုတွေငြင်းခုန်ကြမလား…။
တကယ်တော့…ဒါဟာ သမုတိသစ္စာပိုင်းထဲရောက်သွား တာပါ…။ကျနော်တို့ အများစုသမုတ်တဲ့ အမှန်တွေပေါ့…။အင်္ဂလိပ်တွေကြားမှာ redဆိုတာအမှန် ကျနော်တို့မြန်မာတွေမှာ အနီလို့ဆိုတာအမှန်…red-<>အနီဖလှယ်ရေး လုပ်ရင် အဲ့လိုအရောင်လေးကို ဆိုလိုနေတာပါပဲ…။ဒီတော့ အဲ့လိုဟာလေးက အမှန်ပေါ့…။အဲလိုအရောင်လေးကို ဘာမှ အသံမပြုနာမည်မပေးပဲ…ထားလိုက်ရင် ကျနော်တို့ဆက်သွယ်ဖို့ခက်ခဲ ကုန်လိမ့်မယ်…။
အဓိကပြောချင်တာက ကျနော်တို့ ဘာသာစကားတွေဟာ စိတ်ထင်ရာ အသံပြုရာကနေပေါ်ထွက်လာကြတယ်လို့ ကျနော်မြင်ပါတယ်…။အနီဆိုတဲ့ အရောင်လေးကြောင့် အဲ့လိုအရောင်လေးကြောင့် အနီဆိုတဲ့ အသံဖြစ်လာတာမဟုတ်ပါဘူး…။အဲ့ လို အရောင်လေးကို စိတ်ထင်ရာ အနီလို့အသံပြုရာကနေ အနီထွက်ပေါ်လာခြင်းပါပဲ…။တကယ်တော့ အဲ့လိုအရောင်လေးကြောင့် အနီလို့အသံထွက်ပေါ်ခဲ့တယ်ဆို ရင် Redဆိုတာ ဖြစ်ပေါ်လာမှာမဟုတ်ပါဘူး…။
ဒီတော့ ခင်ညားအနေနဲ့ အထွန့်တက်လို့ရပါတယ်…။နောက် ထပ်မွေးဖွားလာတဲ့ ကျနော်တို့က ဘာလို့ အဲ့လိုအရောင်လေးကို အနီလို့ ထပ်ခေါ်ပါသေးသလဲ…။စိတ်ထင်ရာ အဝါလို့ပြောင်းခေါ်ပါလား…စသြ ဖင့်ပေါ့…။
ဒီလိုမေးမယ်ဆိုရင်တော့…
မွေးကင်းစကလေးတစ်ယောက်ကို ကျနော်တို့ လူပတ်ဝန်းကျင်ကနေ သီးခြားရပ်တည်ခိုင်းရလိမ့်မ ယ်…။အဲ့ကလေးကြီးလာတဲ့အခါ အဲ့လိုအရောင်လေးကို တွေ့ရင် အနီလို့ ပြောနိုင်မှာမဟုတ်ပါဘူး…။တစ်ခုခုတော့ အသံပြုပါလိမ့်မယ်…။ဘာလို့လဲ ဆိုတော့ သူ့မှာ သင်ယူစရာ မှတ်သားစရာ လူ့ပတ်ဝန်းကျင်မရှိလို့ပါ…။ ဒါကြောင့် သူဟာ လူတွေရဲ့သမုတိသစ္စာပိုင်းက ကင်းလွှတ်နေပြီး သူ့စိတ်ထင်ရာပဲ သူအသံပြုပါလိမ့်မယ်…။အုအလို့ အသံပြုချင်လဲပြုပါလိမ့်မယ် …။ဒီတော့ သူ့ကို ကျနော်တို့က လူရိုင်းဆိုပြီး ပညတ်ပေးလိုက်ကြပြန်ရောပေါ့… :P
ဒါကြောင့်…လူအစုအဖွဲ့တစ်ခုရဲ့ သမုတိသစ္စာပိုင်းကို ဆန့်ကျင်နေတဲ့သူတွေဟာ လူရိုင်း သို့ လူရူးတွေလို့ အဲဒီ့လူအစုအဖွဲ့ရဲ့ ခေါ်ဝေါ်သမုတ်ခြင်းခံရပြန်ပါတ ယ်…။
ှုဥပမာ…သခင်ယေရှု့…။ခရစ်ယန်ဘာ သာတွေအတွက်တော့ သူဟာ ဘုရားပါပဲ…။ဒါဟာ သူတို့ရဲ့ သမုတိပိုင်းပေါ့…။အဲဒီ့ ခရစ်ယန်အသိုင်းအဝိုင်းထဲသွားပြီး သခင်ယေရှု့ကို ဘုရားမဟုတ်ဘူး သွားပြောရင် ခင်ညား လူရိုင်းဖြစ်ပြီပဲ…။ဒါမှမဟု တ် သောက်ရူးဖြစ်ပြီပဲ…။
ဒီလိုပဲ ရွှေတိဂုံစေတီတော်ကြီးကို အုတ်ခဲပုံကြီးလို့ ပြောရင် ဗုဒ္ဓဘာသာအသိုင်းအဝိုင်းက ခင်ညားကို အပြစ်တင်မှာပါပဲ…။ဒါဟာ ဗုဒ္ဓဘာသာတွေရဲ့ သမုတိကို ခင်ညားသွားဖောက်ဖျက်တာကိုး… ။
ဒီပါပဲ…လောကကြီးဟာ သူ့အပိုင်းအခြား သူ့အစုအဖွဲ့တွေနဲ့သူ သူတို့ဘာသူတို့ အမှန်သတ်မှတ်ထားကြတာတွေများ ပါတယ်…။
တကယ်တော့…လောကကြီးက ဘာမှမဟုတ်တာတွေကို ဟုတ်အောင်လုပ်ရင်းပေါ်ပေါက်လာရတာပါပဲ…။ငါ သူ နင် စသဖြင့် လူသားတွေပဲ ဖွဲ့စည်းတည်ဆောက်…အဲဒါတွေဖယ်လိုက်ပြန်ရင်လည်း အဲ့ဒါတွေ ရှိကြောင်းမရှိကြောင်း ရှင်းပြဖို့ခက်ခဲကုန်ကြမယ်… ။
ဒါတွေဟာ တကယ့်အမှန်စင်စစ်မဟုတ်ဘူးဆိုပြီး ကျနော်တို့် ဖယ်ထုတ်ပစ်လို့မရပါဘူး…။ကျေ န်ာတို့ဟာ အဲ့လိုသမုတ်ထားတဲ့ အဝန်းအဝိုင်းအတွင်းမှာပဲ လူသားတွေဖြစ်တည်လို့ရနိုင်မှာပါ…။သမုတ်ထားတဲ့ အဝန်းအဝိုင်းတွေမရှိရင်…လူအ ဖွဲ့အစည်း လူယဉ်ကျေးမှုတွေ ပေါ်ထွန်းလာမှာမဟုတ်ပါဘူး…။လူသားတွေ သမုတ်မှုကြောင့်ပဲ လူအဖွဲ့အစည်းတွေ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းရိုးရားတွေ ပေါ်လာရတာပါပဲ…။
နောက်ဆုံးဘာသာတရားတွေဟာလည်း လူသားတွေကြောင့်ပဲပေါ်ပေါက်လာရတာပဲ…။
ဘာသာတရားတွေအပိုင်းတွေးခေါ်ဖို့ဆိုတာကတော့ လူတွေအနေနဲ့ကျနော့်အပေါ် နားလည်မှုရှိမှ ဖြစ်မှပါ…။မညှာတမ်း အလွတ်တွေးပြရင်…ကျနော့်အပေါ် လူတွေဘယ်လိုမြင်နိုင်မလဲ…။ကျနော့် အမြင်အရတော့ ဘယ်ဝါဒတွေဘယ်လိုရှိရှိ…
လူသားမပါပဲ…ဘယ်ဘုရားမှ ပေါ်ထွက်လာလို့မရပါဘူး…။
ဘာသာစကားဆက်သွယ်မှု အပိုင်းကိုကြည့်ရင်…ဖန်ဆင်း ရှင်ရှိတယ်ဆိုပါစို့…။ဖန်ဆင်းရှင်ဟာ လူသားအားလုံးနားလည်နိုင်တဲ့ ဘာသာစကားကို မပြောပဲ လူတစ်ဦးတစ်ယောက် နားလည်နိုင်တဲ့ ဘာသာဗေဒကို သုံးပြီး ဆက်သွယ်မှုပြုရပါတယ်…။အဲဒီ့အ ပိုင်းမှာ ဖန်ဆင်းရှင်က လူသားအလိုကို လိုက်တယ်…။
စိတ်ထင်ရာ အသံပြုထားတဲ့ လူးသားစကားတွေကို သူမလွန်ဆန်သွားဘူး…။ဖန်ဆင်း ရှင်ဟာ သူ့စိတ်ထင်ရာ ဘာသာစကားနဲ့လူသားတွေအပေါ်မလွ မ်းမိုးနိုင်ခဲ့ဘူး…။လူသားသ မုတ်ပြီးသား ဘာသာစကားနဲ့သာ သူဆက်သွယ်မှုပြုရတယ်…။ဒီတော့ လူသားနဲ့ ဖန်ဆင်းရှင် ဘယ်သူက ပိုပြီး အသာစီးရနေလဲဆိုတာ…:)
ဘုရားတွေအကုန် လူသားအကူအညီ ယူရတာပါပဲ…။လူသားဇာတိခံယူပြီး ဘုရားဖြစ်ကြောင်းပြောရတာပါပဲ…။ဗုဒ္ဓဘာသာကြပြန်တော့လဲ လူသားကပဲ ဘုရားဖြစ်နိုင်တာပဲ…။
ခြုံကြည့်ရင် လူသားဆိုတာ ဘုရားတွေအတွက် ဘုံကိန်းဖြစ်နေပြီး…ဘုရားတွေဆိုတာ လူသားတွေအတွက်…ကွဲပြားခြားနားမှုတွေ ပြန်ဖြစ်နေတယ်…။
ထားပါတော့…။ဘာသာရေးအကြောင်း ပြောရင် ပြုံးပြုံးလေးနားထောင်နိုင် မယ့်သူတွေ သိပ်မတွေ့မိဘူး…။
ဒါပေမယ့်…
ဘာသာတရားတွေ ရှိတာကောင်းပါတယ်…။
ဘာကြောင့်လဲဆိုတော့ လူသားဆိုတာမျှော်လင့်ချက်ရှိမှ နေလို့ကောင်းတာမဟုတ်လား…။
ကျနော်တို့ တမလွန်မျှော်လင့်ချက်တွေအတွ က်…ဘာသာတစ်ခုခုကို ယုံကြည်ထားတာ နေသာထိုင်သာ ရှိစေပြီး အထိန်းအကွပ်ရစေပါတယ်…။ဒါပေမ ယ့် လူသားတွေဟာ တစ်ယောက်တစ်ဘာသာလိုပါပဲ…။
ဘာသာဆိုတာ စကားလို့ခပ်လွယ်လွယ်ဖွင့်ဆိုပေမယ့်…ကိုးကွယ်ယုံကြည်မှုအ ပိုင်းတွေမှာကျတော့ အယူအဆပိုင်းနဲ့ ခံယူချက်တွေ ပါဝင်လာပါပြီ…။
---
ကျနော့်အနေနဲ့တော့…ဘာသာတရား တွေဟာ ဘာပြသနာမှသိပ်မရှိပါဘူး…။ကိုယ်ကြိုက်တဲ့ ဘာသာတစ်ခုရဲ့အယူအဆပိုင်းနဲ့ ယုံကြည်နိုင်လောက်တဲ့ အကြောင်းအချက်အလက် ရှိတဲ့ဟာကို ကိုးကွယ်လိုက်ကြတာပေါ့…။
ဒီလိုပြောတော့…ဘာသာရေးဆိုတာ မလေးနက်ဘူးလို့မြင်ကြမယ်…။အ င်း!…ကိုယ့်အမြင်နဲ့ကိုယ်ပေါ့…။ကျနော့်အမြင်တော့ ဘာသာရေးဆိုတာ ဖိအားတစ်ခုလိုဖြစ်မနေသင့်ပါ ဘူး…။ဘာသာရေးအစဉ်အလာတွေ ထိန်းသိမ်းစောင့်ရှောက်တာ…ကျမ်းဂန်မပျောက်ပျက်အောင် ဆောင်ရွက်တာ စသဖြင့် ဒါမျိုးတွေလုပ်တာကိုတော့ ဖိအားအဖြစ်မရည်ရွယ်ပါဘူး…။
ကျနော်ပြောတဲ့ ဘာသာရေးဖိအားဆိုတာက…လူမှုရေး နယ်ပယ်တွေ…အိမ်ထောင်ရေး…စီး ပွားရေးနယ်ပယ်တွေမှာပေါ့…။အဲ့လိုနေရာတွေမှာ ငါနဲ့ဘာသာမတူဘူးဆိုတဲ့ အသိစိတ်က ကိုယ့်ကိုဖိအားဖြစ်နေတယ်ဆို ရင် အဲ့ဒါက ဘာသာရေးဖိအားဝင်နေတာပါပဲ…။အဲလိုဝင်နေခဲ့မယ်ဆိုရင်…ကျနော့်အနေနဲ့သုံးသပ်ရမယ်ဆိုရင် အဲလိုဝင်နေတဲ့သူတော်တော်များများဟာ ဘာသာရေးဆိုတာကို ဘာမှန်းမသိကြလို့ပါပဲ…။
ဘာသာရေးဆိုတာ…တမလွန်ခရီးကိစ္စကိုဖယ်ထားဦး…လက်ရှိဘဝ လူမှုနယ်ပယ်မှာတင် ဖြေလျော့မှု ဖြေသာနိုင်မှုတွေပေးနိုင်ရမယ်…လူတွေကို ယဉ်ကျေးစေလာရမယ်…။အဲလို သက်ရောက်မှုတွေရှိစေတာက ဘာသာရေးစံနှုန်းလို့ ကျနော်မြင်မိတယ်။ဒါပေမယ့်…ဘာသာရေးကြောင့် ဖိအားဖြစ်နေတာမျိုးကြတော့ ဘာသာရေးစံနှုန်းဆိုတာ တိုက်ခိုက်ရေးအသွင်ပြောင်းေ နပြီလားလို့ မေးခွန်းထုတ်ဖွယ်ရှိလာပါပြီ …။
ဥပမာ…ကျနော်က ဗုဒ္ဓဘာသာကို နှစ်သက်လက်ခံထားတဲ့ လူတစ်ယောက်…။ဗုဒ္ဓဘာသာမှာ ဘာသာမတူရင်မချစ်ရဘူး…မဆက်ဆံ ရဘူး ဘုရားဟောသွားတယ်ဆိုတာမျိုး ကျနော်ယနေ့ထိမကြားမိဘူး…။ဒါ ပေမယ့် ဗုဒ္ဓဘာသာဝင်တစ်ချို့ကတော့ ဘာသာရေးဖိအားအောက်ခိုဝင်လို က်ကြတယ်။
ကျနော်က ဗုဒ္ဓဘာသာဖြစ်နေလို့ ဗုဒ္ဓဘာသာကို ထောက်ပြတာပါ။ကျန်တဲ့ဘာသာတွေ လဲ ဖိအားဝင်နေတာတပုံကြီးပါပဲ…။
ဘုရားတွေဟောခဲ့လား…ဗျာဒိတ်ချခဲ့လား…အဲ့လိုဆိုရင်တော့ ကျနော်က ဘုရားဆန့်ကျင့်ရေး သမားအဖြစ်…အသွင်ပြောင်းသွား နိုင်ပါတယ်။
"ဘာသာရေးဖိအားရောဂါ"
အဲလိုရောဂါရနေတာကိုက ကိုယ့်ဘာသာကို ကိုယ်တိုင် ညစ်နွမ်းစေနေတယ်လို့ ကျနော်ပြောပါရစေ…။
အစ္စလာမ်မှာဆိုလဲ ဘာသာခြားတစ်ယောက်ကိုသက်တာ ဗလီပေါ်က (…)အရာအလုံးလေးဆယ်ကိုဖျက်တာ နဲ့ညီမျှတဲ့ အကုသိုလ်သက်ရောက်တယ်လို့ ကျနော်မှတ်သားဖူးပါတယ်။ဘာသာ ရေးတိုက်ပွဲဆိုတာမှာလဲ…မိမိ ကိုးကွယ်မှု ဖိနှိပ်နှောင့်ယှက်မှသာ တွန်းလှန်ရမယ်လို့ ပြဋ္ဌာန်းထားတာမျိုးပါ…။မတူတာ နဲ့တိုက်ဆိုတာမျိုး ချဆိုတာမျိုးတွေ မရှိပါဘူး…။နောက်တစ်ခုက…လည် လှီးသတ်တာကို ကျနော်ကတော့ ဗြောင်ပဲ… ထောက်ခံတယ်…။သဘောကျတယ်…။။
ကျနော်တို့တွေဟာ အသားစားခြင်းနဲ့ကင်းလွတ်နေတဲ့လူသားတွေမဟုတ်ပါဘူး။ဥပမာ… ကြက်သားစားဖို့အတွက် ကြက်တော့သေပေးရတော့မှာပါပဲ။ ကြက်တစ်ကောင်ကို ထုရိုက်ပြီးသတ်နေတာ ခင်ညားတို့မြင်ဘူးလား။ကျနော်တော့ မြင်ဘူးတယ်။ကျနော့် ဘဝမှာ ဘဲတစ်ကောင်ကို လည်လိမ်ပြီးသတ်ဖူးတယ်။
အဲဒီ့ဖြစ်ရပ်နှစ်ခုပြန်သုံး သပ်ရင် လည်လှီးသတ်တာထက်အကုသိုလ်များနေတယ်။
"သေစမ်းဆိုပြီး ထုရိုက်နေရတာ"'
"လိမ်ချိုးရတာ…"
တစ်ချက်တည်းမသေတော့ ဟ မသေနိုင်သေးဘူး…ထပ်အားစိုက် တဲ့ စိတ်…သေစေလိုစိတ် အထပ်ထပ်…ပြီးတော့ သေခြင်းဟာ ညင်းပန်းနှိပ်စက်မှုဆန်လွန်း နေတယ်…။ဗုဒ္ဓဘာသာ ရှု့ထောင့်အရကြည့်ရင်လည်း သေစေဖို့ အားစိုက်မှု အထပ်ထပ်လုပ်နေတဲ့ စိတ်က အကြိမ်ကြိမ်အကုသိုလ်ဖြစ်နေမ ယ်လို့ ကျနော်မြင်မိပါတယ်။ဒါကြောင့် …တစ်ချက်ပဲ…လည်ဖြတ်နည်းက
ပိုကောင်းတယ်လို့ ကျနော်ကတော့ မြင်ပါတယ်။ဒါဟာ အညင်သာဆုံး အယဉ်ကျေးဆုံး
သေခြင်းဆီ ပို့ဆောင်ပေးနိုင်လိုက်တာပါ ပဲ…။
အင်း…ပြောချင်တာက…ဘာသာရေးဖိ အားရောဂါ ဘာကြောင့်ရလဲဆိုတော့
"ဘာသာရေး လောဘ"ကြောင့်ပါပဲ…။
ဒီလောဘက လူတိုင်းမှာရှိပါတယ်။ဘာသာရေးခေါင်းဆောင်တွေမှာလည်းရှိပါတယ်။အဓိကကတော့ ဘာသာရေးသင်ကြားမှု လက်ဦးဆရာတွေပေါ်မှုတည်ပါတယ်။ သူတို့ကိုယ်တိုင်ဒီရောဂါရနေ ကြတာကို ထပ်မံကူးစက်ဖို့ …လွှမ်းမိုးတတ်ကြပါတယ်။
အဲ့လို ရောဂါရနေတာကိုလည်း ကိုယ်တိုင်မသိပဲ…အမှန်တစ်ခု သစ္စာတရားတစ်ခုလို…အယောင်ဆော င်ထားတဲ့ ရောဂါက ခင်ဗျား အသိစိတ်ထဲကို ဝင်ရောက်နေတတ်တယ်။ဒါကို ခဗျားကတော့ ငါဟ…ဘာသာရေးလုပ်တာပဲဆိုပြီး ကုသိုလ်အထူးတွေ ရယူတယ်ဆိုပြီး မြင်နေတတ်တယ်။ကျနော့်အမြင်ေ တာ့ လောဘကြီး အတောင့်လိုက်ဖြစ်နေတာ ကုသိုလ်မထူးနိုင်ပါဘူး…။
ဘာသာရေးလောဘနဲ့ သူ့သက်ရောက်မှုဆိုတာတွေက…
ဘာသာဝင်နည်းသွားမှာ ကြောက်ပြီး
တခြားဘာသာတွေကို အပုတ်ချတာ…မုန်းတီးဖို့ သင်ကြားပေးတာ…ခွဲခြားဆက်ဆံဖို့ရိုက်သွင်းတာ…ငါ့ဘာသာဝင် မဟုတ်သူ သူယုတ်မာရယ်လို့ ထင်မြင်စေအောင် နှက်ကြောင်းပေးမိတာမျိုးတွေ …။အဲဒီ့ဆင့်ပွားသယ်ဆောင်မှုေ တွကနေ…
ဘာသာရေး ဖိအား ရောဂါရရှိလာကြတာပါပဲ…။
ဝမ်းနည်းဖို့ကောင်းတာက အဲဒီ့ရောဂါရနေသူတွေက ရောဂါကို ရောဂါမှန်းမသိပဲ အမှန်တရားတစ်ခုလို ကျင့်သုံးနေထိုင်နေကြတာပါပဲ …။
အဲဒီ့…ဖိအားရောဂါကို ကဗျာဆန်ဆန် ခေါင်းစဉ်ပေးရရင်…
အမှန်တရားအယောင်ဆောင်ရောဂါ… ပေါ့ဗျာ။
ကျနော်လဲ တစ်ခါတခါတော့ အဲ့ဒီရောဂါ ဝင်တတ်ပါတယ်:P။
-----
-မှတ်စုကြမ်း
#zeroneo
ဒဿနရွာလည်သွားခြင်း…( ၁ )
-------------
->ကျနော်က ဥာဏ်သိပ်မကောင်းဘူး…။ဒါပေမယ
တစ်ချို့ မှတ်မိနေတဲ့ အရာတွေက လူကို နေသာထိုင်သာရှိခြင်းကနေဖယ်ထ
ဒီတော့…ကျနော်တွေးမိပြန်တယ်
ဥပမာ…ကိုယ်အရမ်းချစ်တဲ့ တစ်စုံတစ်ယောက်ကို စွန့်လွှတ်လိုက်ရတာမျိုး…။အဲ
ငါမစေနိုင်ခြင်းတွေရှိနေတာက
ဒီလိုတွေးခေါ်မိလို့ ကျနော် ဗုဒ္ဓဘာသာဘက်ကို ဦးညွှတ်ခဲ့တာလဲဖြစ်ပါလိမ့်မ
မှတ်ဥာဏ်က လူ့ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာ ရှိမလဲ…။ဦးခေါင်းပိုင်းမှာ
တစ်ခါတစ်ခါ မတူခြားနားမှုလေးတွေ ရှိတတ်ပေမယ့် …အရူးလုံးလုံးသတ်မှတ်ခံရလော
နာဖာချေး…ကလော်ပြီးတိုင်း ပြန်နမ်းတတ်တာ…တူနဲ့သွားကြာ
ဒါကလဲ…တမင်မတူအောင် ဖန်တီးလုပ်ယူထားတာမဟုတ်ပါဘူ
ကျနော် ၂တန်းလောက်တုန်းက လူကြီးတစ်ယောက်က အဲလိုစားတာမြင်တော့
"ဒီကောင် ကြီးရင် လူ့ဂွစာ ဖြစ်မယ့်ကောင်တဲ့…"
ခက်တာက ခုချိန်ထိ လူ့ဂွစာဆိုတာကို ကျနော် တိတိကျကျ အဓိပ္ပာယ်မဖွင့်နိုင်သေးဘူး…
မဟုတ်သေးဘူး…ကျနော်ကပဲ လူတွေနဲ့မတူတာလား…လူတွေကပဲ လူတွေနဲ့မတူတော့တာလား…။အဓိပ
ဥပမာ…အချစ်
ကျနော်သူတို့ကို မေးဖူးတယ်…
"အချစ်…မင်းကောင်မလေးကို ဘာလို့ချစ်လဲ…အဓိပ္ပာယ်ဖွင့်
တစ်ယောက်စီမေးကြည့်တော့ အဖြေမျိုးစုံပါပဲ…။ချစ်တော့
တကယ်လို့…
အချစ်ကို စည်းမျဉ်းတစ်ခု…
ရုပ်ရည်ပိုင်းဆိုင်ရာ ဘောင်တစ်ခုသွင်းမယ်ဆိုရင်…အ
လူတော်တော် များများမေးကြည့်ပါ…
အချစ်က ဘာလဲလို့…အဓိပ္ပာယ်ဖွင့်ဆြို
ရှင်းပြပါဆိုရင်…အင်တင်တင် အမ်းတမ်းတမ်း ဖြစ်သွားလိမ့်မယ်…။ဒါပေမယ့်
ဒီတော့…ကျနော့်မှာ ပြောစရာနဲနဲရှိသွားပြီ…
နားလည်တယ်ဆိုတာ အဓိပ္ပာယ်ဖွင့်ဆိုပုံသိမှ နားလည်မှာပေါ့…။ထပ်ပြီးဒီတေ
ဒီလိုပါပဲ…
ကျနော့်ကဗျာစာသားတစ်ချို့ဟာ
လူတွေ အချစ်ကို ခံစားရသလိုပါပဲ…ကဗျာဟာလည်း တစ်ယောက်ရင်ထဲက တစ်ယောက်နားလည်မှုတွေမရှင်းလ
အချစ်ကို ခံစားတတ်ရင်…ကျနော့်ကဗျာတွေ
နောက်တစ်ခုက…ကျနော်က မြန်မာနိုင်ငံတစ်ယောက်ဆိုတေ
ဒီတော့…ကျနော့် နေရာကဆို …ကျနော်က ဘာသာစကားသင်ယူလေ့လာမှုအားနဲသ
ခင်ဗျားတို့ရော…ခုကြိုက်လှပ
ဒီလိုပါပဲ…ကျနော်တို့ နားမလည်ပဲ ခံစားနေရတာ…ကြိုက်နေတာတွေ ချစ်နေရတာတွေ ရှိနေကြပါလိမ့်မယ်…။
----
အချစ်ဆိုတဲ့ စကားကြောင့် တွေးစရာတွေ ပြောစရာတွေနဲနဲထပ်ရှိလာပြန်
စာကလေးအော်သံ
"ကျွီကျွီကလဲ ဘာသာဗေဒပါပဲ။စာကလေး ဘာသာဗေဒပေါ့…။လူသားတွေနဲ့တိ
အိပ်ချင်လို့ နောက်မှ ဆက်တွေးရေးတော့မယ်…။
အင်း…ညက အိပ်ချင်သွားတယ်…။ခန္ဓာကြောင
ဟုတ်ပြီ…အသဲကွဲတာမှာ ကိုယ်ထိလက်မှု တိုက်ခိုက်ခံရခြင်း ဘာမှမပါဘူး…။
စိတ်တစ်ခုပဲကျကွဲခြင်းလို့ဆ
ဒါကြောင့် ကျနော့်အတွက်တော့ စိတ်နဲ့ရုပ်ဟာ အပြန်အလှန်အကျိုးအကြောင်းပြ
-----
ကျနော်တို့ရဲ့ စကားတွေဟာ စိတ်ထင်ရာ အသံပြုရာကနေ ပေါ်ထွက်လာကြတာပါပဲ…။
တစ်သားမှတ်ထဲ သတ်မှတ်ပြဋ္ဌာန်းပြီး ဘာသာစကားတွေ မမွေးဖွားလာကြပါဘူး…။
ဥပမာ…အနီရောင်ကို အနီရောင်လို့ အသံပြုခြင်းဟာ…အရောင်မှာ အနီဆိုပြီး အသံပါလာလို့မဟုတ်ပါဘူး…။ဘာေ
အဲဒီလိုအရောင်လေးမှန်း ဖေါ်ပြဖို့ လူတစ်မျိုးခြင်းဆီဟာ သူ့စိတ်ထင်ရာ သူအသံပြုရာကနေ ဘာသာစကားပေါ်ထွက်လာရတာပါပဲ…။
ဒီလိုဆိုတော့ ကျနော်တို့ စိတ်ထင်ရာအသံပြုမှုကနေ ဖြစ်ပေါ်လာတဲ့ စကားတွေထဲမှာ အဲ့လိုအရောင်လေးကို အနီလို့ အသံထွက်တာမှန်မလား…redလို့အ
တကယ်တော့…ဒါဟာ သမုတိသစ္စာပိုင်းထဲရောက်သွား
အဓိကပြောချင်တာက ကျနော်တို့ ဘာသာစကားတွေဟာ စိတ်ထင်ရာ အသံပြုရာကနေပေါ်ထွက်လာကြတယ်လ
ဒီတော့ ခင်ညားအနေနဲ့ အထွန့်တက်လို့ရပါတယ်…။နောက်
ဒီလိုမေးမယ်ဆိုရင်တော့…
မွေးကင်းစကလေးတစ်ယောက်ကို ကျနော်တို့ လူပတ်ဝန်းကျင်ကနေ သီးခြားရပ်တည်ခိုင်းရလိမ့်မ
ဒါကြောင့်…လူအစုအဖွဲ့တစ်ခုရ
ှုဥပမာ…သခင်ယေရှု့…။ခရစ်ယန်ဘာ
ဒီလိုပဲ ရွှေတိဂုံစေတီတော်ကြီးကို အုတ်ခဲပုံကြီးလို့ ပြောရင် ဗုဒ္ဓဘာသာအသိုင်းအဝိုင်းက ခင်ညားကို အပြစ်တင်မှာပါပဲ…။ဒါဟာ ဗုဒ္ဓဘာသာတွေရဲ့ သမုတိကို ခင်ညားသွားဖောက်ဖျက်တာကိုး…
ဒီပါပဲ…လောကကြီးဟာ သူ့အပိုင်းအခြား သူ့အစုအဖွဲ့တွေနဲ့သူ သူတို့ဘာသူတို့ အမှန်သတ်မှတ်ထားကြတာတွေများ
တကယ်တော့…လောကကြီးက ဘာမှမဟုတ်တာတွေကို ဟုတ်အောင်လုပ်ရင်းပေါ်ပေါက်လ
ဒါတွေဟာ တကယ့်အမှန်စင်စစ်မဟုတ်ဘူးဆု
နောက်ဆုံးဘာသာတရားတွေဟာလည်း
ဘာသာတရားတွေအပိုင်းတွေးခေါ်ဖ
လူသားမပါပဲ…ဘယ်ဘုရားမှ ပေါ်ထွက်လာလို့မရပါဘူး…။
ဘာသာစကားဆက်သွယ်မှု အပိုင်းကိုကြည့်ရင်…ဖန်ဆင်း
စိတ်ထင်ရာ အသံပြုထားတဲ့ လူးသားစကားတွေကို သူမလွန်ဆန်သွားဘူး…။ဖန်ဆင်း
ဘုရားတွေအကုန် လူသားအကူအညီ ယူရတာပါပဲ…။လူသားဇာတိခံယူပြ
ခြုံကြည့်ရင် လူသားဆိုတာ ဘုရားတွေအတွက် ဘုံကိန်းဖြစ်နေပြီး…ဘုရားတေ
ထားပါတော့…။ဘာသာရေးအကြောင်း
ဒါပေမယ့်…
ဘာသာတရားတွေ ရှိတာကောင်းပါတယ်…။
ဘာကြောင့်လဲဆိုတော့ လူသားဆိုတာမျှော်လင့်ချက်ရှ
ကျနော်တို့ တမလွန်မျှော်လင့်ချက်တွေအတွ
ဘာသာဆိုတာ စကားလို့ခပ်လွယ်လွယ်ဖွင့်ဆု
---
ကျနော့်အနေနဲ့တော့…ဘာသာတရား
ဒီလိုပြောတော့…ဘာသာရေးဆိုတာ
ကျနော်ပြောတဲ့ ဘာသာရေးဖိအားဆိုတာက…လူမှုရေး
ဘာသာရေးဆိုတာ…တမလွန်ခရီးကိစ
ဥပမာ…ကျနော်က ဗုဒ္ဓဘာသာကို နှစ်သက်လက်ခံထားတဲ့ လူတစ်ယောက်…။ဗုဒ္ဓဘာသာမှာ ဘာသာမတူရင်မချစ်ရဘူး…မဆက်ဆံ
ကျနော်က ဗုဒ္ဓဘာသာဖြစ်နေလို့ ဗုဒ္ဓဘာသာကို ထောက်ပြတာပါ။ကျန်တဲ့ဘာသာတွေ
ဘုရားတွေဟောခဲ့လား…ဗျာဒိတ်ခ
"ဘာသာရေးဖိအားရောဂါ"
အဲလိုရောဂါရနေတာကိုက ကိုယ့်ဘာသာကို ကိုယ်တိုင် ညစ်နွမ်းစေနေတယ်လို့ ကျနော်ပြောပါရစေ…။
အစ္စလာမ်မှာဆိုလဲ ဘာသာခြားတစ်ယောက်ကိုသက်တာ ဗလီပေါ်က (…)အရာအလုံးလေးဆယ်ကိုဖျက်တာ
ကျနော်တို့တွေဟာ အသားစားခြင်းနဲ့ကင်းလွတ်နေတ
အဲဒီ့ဖြစ်ရပ်နှစ်ခုပြန်သုံး
"သေစမ်းဆိုပြီး ထုရိုက်နေရတာ"'
"လိမ်ချိုးရတာ…"
တစ်ချက်တည်းမသေတော့ ဟ မသေနိုင်သေးဘူး…ထပ်အားစိုက်
အင်း…ပြောချင်တာက…ဘာသာရေးဖိ
"ဘာသာရေး လောဘ"ကြောင့်ပါပဲ…။
ဒီလောဘက လူတိုင်းမှာရှိပါတယ်။ဘာသာရေ
အဲ့လို ရောဂါရနေတာကိုလည်း ကိုယ်တိုင်မသိပဲ…အမှန်တစ်ခု
ဘာသာရေးလောဘနဲ့ သူ့သက်ရောက်မှုဆိုတာတွေက…
ဘာသာဝင်နည်းသွားမှာ ကြောက်ပြီး
တခြားဘာသာတွေကို အပုတ်ချတာ…မုန်းတီးဖို့ သင်ကြားပေးတာ…ခွဲခြားဆက်ဆံဖ
ဘာသာရေး ဖိအား ရောဂါရရှိလာကြတာပါပဲ…။
ဝမ်းနည်းဖို့ကောင်းတာက အဲဒီ့ရောဂါရနေသူတွေက ရောဂါကို ရောဂါမှန်းမသိပဲ အမှန်တရားတစ်ခုလို ကျင့်သုံးနေထိုင်နေကြတာပါပဲ
အဲဒီ့…ဖိအားရောဂါကို ကဗျာဆန်ဆန် ခေါင်းစဉ်ပေးရရင်…
အမှန်တရားအယောင်ဆောင်ရောဂါ…
ကျနော်လဲ တစ်ခါတခါတော့ အဲ့ဒီရောဂါ ဝင်တတ်ပါတယ်:P။
-----
-မှတ်စုကြမ်း
#zeroneo
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။