"အစက်လေး တစ်စက်ရဲ့ တန်ဖိုး"
======================
.
ကျနော်ရေးထားတဲ့ ဟာသလေးတစ်ခုကို ပေ့ခ်ျတစ်ခုမှာ တင်ထားလို့ ဘာရယ်မဟုတ်ဘူး ကွန်မန့်တွေ သွားဖတ်ကြည့်တာ... ...
တစ်ခုသော ကွန်မန့်ကိုလည်းတွေ့ရော လန့်တောင်သွားတယ်။

ကောင်မလေးတစ်ယောက်က သူ့သူငယ်ချင်းကောင်မလေးတစ်ယောက်ကို မန်းရှင်းခေါ်ပြီး ကွန်မန့်ရေးတားတာလေ...
[ ဟဲ့ မိမုန်း ဒမာလာဖတ်ကြည့်၊ သန်၎ကို ရေးထားတာ ရီရတယ် ဟိ ဟိ]
... ဆိုတော့ မန်းရှင်းခေါ်ခံရတဲ့ ကောင်မလေးက ပြန်ပြောတယ်... ...
[ငါ အဲ့အကောင်ကို အက်တာ မရဘူး၊ ဖော်လိုးလုပ်ထားတယ်]... တဲ့။
အေးတာပဲ။ သူ့အဖေလောက်လူကို 'အကောင်' တဲ့။
ဒါနဲ့...
ဒီကလေးမတော့ ဘုမသိဘမသိနဲ့ ငရဲငအုံတွေ ကြီးကုန်ပ့ါမယ်လေဆိုပြီး CB ကနေ သွားပြောရတာပေါ့။
ကျုပ်က အသက် ၅၀ ပြည့်တော့မှာ၊ ကျုပ်ကို 'အကောင်' လို့ မပြောနဲ့ သမီး၊ ငရဲကြီးမယ် ဘာညာ ဘာညာ.... ဆိုတော့ သူက ပြန်ပြောတယ်... ...
"အယ်... ကန်တော့ ကန်တော့၊ သမီးက အကောင်လို့ ပြောတာ မဟုတ်ပါဘူး၊ 'အကောင့်' လို့ ပြောတာပါ။ အောက်မြစ်လေး ကျန်ခဲ့တဲ့ ဟီး ဟီး ကန်တော့နော် ဦး"...
ကဲ...
အစက်ကလေးတစ်စက်ပေမယ့် အဓိပ္ပယ် အများကြီးပြောင်းသွားတယ်။
မြန်မာစာရေးရင် သတ်ပုံလေးတော့ အတတ်နိုင်ဆုံး ဂရုစိုက်ပါဗျာ။
အရေးကြီးပါတယ်။
.
.
စေတနာဖြင့် - သန်၎ကို

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။