Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, December 24, 2015

Alex နဲ့ Alter

Alex နဲ့ Alter

"စိတ်ကူးသက်သက်များ".....တဲ့။
အဲလက်စ်ရဲ့ Alternative Rock သီချင်းတွေ ထွက်လာတယ်။ မြို့အနှံ့မှာလည်း ပိုးဇာရဲ့ လက်ရာ အဲလက်စ်နဲ့ Lazy Club တို့ရဲ့ပုံ Caricature wall sheet တွေ နေရာတကာ။ အခွေထွက်လာတော့ အခွေကာဗာမှာလည်း Caricature နဲ့ Cartoon ပုံတွေအပြည့်။
အဲလက်စ်ရဲ့ ထူးထူးခြားခြား အစီအစဉ်လေးမို့ နားထောင်ကြည့်လိုက်တော့ အဲလက်စ်မဟုတ်တဲ့ အဲလက်စ်ကို လေထုအကြားမှာ အသံနဲ့ မြင်လိုက်ရတယ်။
အဲဒါကြောင့် (၁၂) ရက်နေ့ လူချင်းတွေ့ကြတော့ စကားတွေ အပြန်အလှန် ပြောဖြစ်ကြတယ်။

"Alex က Alter ကို ဘယ်တုန်းက စိတ်ဝင်စားသွားတာလဲ" လို့ ကျွန်တော်က မေးမိလိုက်တယ်။
"Alter က ကျွန်တော်တို့ဆီကို ရောက်တာ 95 လောက်ကပေါ့။ ကျွန်တော် ပထမဆုံးစီးရီး စဆို စထွက်ကတည်းက ပေါ်တာ။ Alter ရယ်လို့ မဟုတ်ပါဘူး။ Music Style အသစ်အသစ်တွေကို ကျွန်တော်ချစ်ပါတယ်။ ကျွန်တော်တို့ဆီ Alter ရောက်ကတည်းက ကျွန်တော် စိတ်ဝင်စားတာ။ ကျွန်တော့်စီးရီးတွေမှာလည်း တစ်ပုဒ်တလေ ထည့်ဆိုဖြစ်ပါတယ်။ 'စားမှာပဲ' တို့ ဘာတို့ပေါ့"

"အခုလို သီးသန့် လုပ်ဖြစ်သွားတာက..."
"ကျွန်တော်က Alter ကို စကတည်းက ကြိုက်တော့ စာသားကောင်းကောင်းလေးတွေ တွေ့ရင်၊ ရရင်၊ စုမိရင်လုပ်မယ်။ Alter သီးသန့်တစ်ခွေ လုပ်မယ်ဆိုပြီး အရင်ကတည်းက ရည်ရွယ်ထားတာ ရှိပါတယ်။
အဲ....ဒါနဲ့ ကျွန်တော့်သူငယ်ချင်း ELDE တို့၊ မျိုးမျိုးတို့၊ အရိုးတို့ဆီမှာ ကျွန်တော်တွေ့ချင်တဲ့၊ လိုချင်တဲ့ စာသားတွေ သွားတွေ့တယ်။ ကျွန်တော်ကိုယ်တိုင်လည်း အပျော်လေးတွေ ရေးရေးထားတယ်။ အဲဒီလိုနဲ့ ကိုညီညီသွင်တို့၊ ကိုဆောင်းဦးတို့ဆီမှာ ရှိနေကြတဲ့ ပျော်စရာ စာသားလေးတွေ စုမိဆောင်းမိပြီး "စိတ်ကူးသက်သက်များ" ဆိုတဲ့ ဒီ Alternative Rock သီချင်းတွေ သီးသန့်ခွေလေးကို လုပ်ဖြစ်သွားတာပဲ။
တေးရေးအသီးသီးမှာ ရှိပြီးသား စာသားတွေရယ်၊ ကျွန်တော့်ရင်ထဲမှာ တည်ပြီးသား ဆုံးဖြတ်ချက်ရယ်တို့ ပေါင်းစည်းမိပြီး လုပ်ထားတာပါ"

"ကိုယ်ပိုင်သံစဉ်တွေချည်းပဲလား..."
"ပထမဆုံးအပုဒ် ကျေနပ်လိုက်၊ စိတ်ဆိုးလိုက် သီချင်းနဲ့ ငါမဟုတ်ဘူး....အဲဒီ (၂) ပုဒ်က Copy လို့ ဆိုရမှာပေါ့။ GREENDAY နဲ့ BLOODHOUND GANG တို့ရဲ့ သီချင်း၊သံစဉ်တွေကို မှီငြမ်းထားတာပါ။ ကျန်တာတွေကတော့ ကိုယ်ပိုင်သံစဉ်တွေပေါ့။

"ဒါဆိုရင် နောက်ကိုရော ဒီလိုပဲ ဂီတအမျိုးအစား တစ်ခုတည်းတွေနဲ့ သီးသန့်စီးရီးတွေ လုပ်ဖို့ရှိသေးလား"
"ဂီတပုံစံ အားလုံးကို ကျွန်တော်ကြိုက်တယ်လေ။ ပုံစံသစ်တွေ လာသမျှလည်း နားထောင်တယ်၊ ကြိုက်တယ်။ ကျွန်တော်ပိုပြီး စိတ်ဝင်စားတဲ့ ဂီတပုံစံတစ်ခုခု ရင်ထဲမှာ ကိန်းအောင်းလာရင်တော့ အခုလိုပဲ ပုံစံတစ်မျိုးတည်းနဲ့ သီးသန့်စီးရီးတွေ လုပ်ဖြစ်မှာပါ"

"ဒီနေ့ခေတ် ဂီတရေစီးကြောင်းမှာ လူငယ်တွေကို ဘာပြောချင်လဲ ကိုအဲလက်စ်"
"လူငယ်တွေကို....အင်း ကျွန်တော်လည်း လူငယ်ပါပဲ။ ကျွန်တော်နဲ့တကွ ဘဝတူ၊ အရွယ်တူ လူငယ်တွေကို ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်သံစဉ် သီချင်းတွေ ကိုယ်တိုင် ရေးစေချင်တယ်။ ကိုယ်ပိုင်သံစဉ် မဟုတ်လည်း Copy Song ဖြစ်ဖြစ်၊ ကိုယ့်ရင်ထဲက ခံစားချက်ကို ကိုယ်တိုင်ရေးချ၊ သံစဉ်သွင်း၊ သံစဉ်ရှာ၊ ပြီးရင် ကိုယ်တိုင်ဆို။ ဖြစ်နိုင်ရင် ကိုယ်ပိုင်တီးဝိုင်းတွေထောင်၊ Music Arrangement တွေ ကိုယ်တိုင်လုပ်၊ ကိုယ်တိုင်တီးကြ၊ လုပ်စေချင်တယ်။
နိုင်ငံခြားမှာ တီးဝိုင်းငှါးတီးပြီး အသံသွင်းတာမျိုး၊ Stage Show လုပ်တာမျိုးတွေ သိပ်မရှိဘူးလေ။ ကိုယ့်ဝိုင်းနဲ့ကိုယ် ကိုယ်တိုင်ချကြတာပဲ။ အများစုပေါ့။ ရေးတာလည်း ကိုယ်တိုင် ရေးကြတာများတယ်။
အဲဒီလိုပဲ ကျွန်တော်တို့ဆီမှာလည်း လူငယ်တွေ ရေး ဆို တီး အစကနေအဆုံး ကိုယ်တိုင် လုပ်ကြည့်ကြစေချင်တယ်"

အဲလက်စ်တစ်ယောက် သူ့ရင်ထဲက စကားတွေကို အားပါးတရပြောပြီး သူ့စကားတွေရဲ့ အနာဂတ်ကို လူငယ်ထုထဲ မှန်းဆ တွေးတော ကြည့်နေပုံရရဲ့။ စကားစပြတ်ပြီး အတွေးတွေနဲ့ သူနဲ့ ကျွန်တော်နဲ့ မျောပါနေကြတယ်။ HEART ရဲ့ SOUNDBOX တွေထဲကနေ သူ့သီချင်းသံ ထွက်လာတော့မှ.....

"စိတ်ကူးသက်သက်များ" ရဲ့ Result က ဘယ်လို ထွက်လာမယ်ထင်လဲ"....
"ကျွန်တော်လည်း မမှန်းတတ်ဘူး။ Result ကို ကျွန်တော် သိပ်ဂရုမစိုက်ချင်ဘူး။ ကျွန်တော့်ရင်ထဲက လုပ်ချင်တာကို ပရိသတ်ကို ကျွန်တော်လုပ်ပြလိုက်တာပဲ။ အရင်အဲလက်စ် မဟုတ်ဘူးပေါ့။ ဒါ အဲလက်စ် အသစ်တစ်ယောက်။ ကျွန်တော် မွေးဖွားကြည့်လိုက်တာ။ ကျွန်တော့်ရဲ့အသံတွေ ပြီးရင်တော့ ပရိသတ်ရဲ့အသံတွေ ကျွန်တော်တို့ ပြန်ကြားရမှာပဲ။"

ကျွန်တော်တို့နှစ်ယောက် နှုတ်ဆက်လမ်းခွဲခဲ့ကြတယ်။ အဲလက်စ်ရဲ့ နောက်ထပ်စိတ်ကူးတွေ....ဘာတွေ ပေါ်လာဦးမလဲ.....ကျွန်တော်လည်း စိတ်ကူးကြည့်နေဆဲ....။

ကိုဦးမောင်

Beauty magazine
Jan,2002

စာစီကျေးဇူးရှင် Ko Ka Lee

ဒေါင်း၍ယူငင် နားသောတဆင်ကြပါ။
https://www.dropbox.com/s/qsfo8sopc7htj57/အဲလက်-စိတ်ကူးသက်သက်များ.zip?dl=0

https://www.mediafire.com/folder/qk2xizfmhzdd4/အဲလက်စ်_-_စိတ်ကူးသက်သက်များ

စာအုပ်လင့်ခ်
https://m.facebook.com/groups/193432337508706?view=permalink&id=378215272363744

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။

!
t
s
e
B
e
h
T
e
B