အပ်စိုက်ကုထုံး (Acupuncture) အကြောင်း
++++++++++++++++++++++++++
သိကောင်းစရာ
+++++++++
အပ်စိုက်ကုထုံး(Acupuncture )ဆိုတာ အရှေ့တိုင်းရင်းဆေးပညာတစ်ခု ဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ ကနေ ယနေ့ထိတိုင် ကမ္ဘာတလွှားကျော်ကြားတဲ့ ကုသနည်းဖြစ်ပါတယ်၊၊
ရှေးယခင်အရှေ့အာရှ၊ တိတိကျကျပြောရရင် တရုတ်ပြည်ကနေ ဆင်းသက်လာတာဖြစ်ပါတယ်၊၊
တရုတ်အပ်စိုက်ပညာကို အခြေခံတဲ့ ဒီအပ်စိုက်ကုထုံးဟာ သမိုင်းအဆက်ဆက်အရ Korea လူမျိုးတို့ရဲ့ ကိုယ်ပိုင်တိုင်းရင်းဆေးနှင့် တီထွင်ကြံဆမှုကြောင့် သူများနှင့်မတူတဲ့ အပ်စိုက်နည်းပညာသစ်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်၊၊
အပ်စိုက်နေရာပေါင်း ၃၀၀ကျော် အပေါ်အခြေခံတဲ့ ဒီကုသနည်းဟာ ခန္ဓာကိုယ်တကိုယ်လုံးမှာရှိတဲ့ အစိတ်အပိုင်းအားလုံးကိုကုသနိုင်ပါတယ်၊၊ ရောဂါအခြေအနေပေါ်လိုက်ပြီး အပ်စိုက်ကုသနည်းအမျိုးမျိုး ရှိပါတယ်၊၊
အပ်စိုက်ကုထုံးဖြင့်ပျောက်က င်းနိုင်သောရောဂါများမှာ
- နာကျင်မှုအမျိုးမျိုး (ခေါင်းကိုက်၊ ဇက်ကြောတက်၊ ကျီးပေါင်း၊ အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်း၊ ဒူးနာ၊ ခါးနာ)
- လေဖြတ်လေဖျန်းခြင်း
- သွေးတိုးရောဂါ၊ ဆီးချိုရောဂါ
- နှလုံးအားနည်းခြင်း
- အအေးမိခြင်း
- အမျိုးသမီးများ ဓမ္မတာမလာခင်နှင့် လာစဉ်ကိုက်ခဲခြင်း တို့ဖြစ်ပါတယ်၊၊
ယခုနောက်ပိုင်း အချို့သောကုသမှုတွေမှာ Korean အပ်စိုက်ကုထုံး (Acupuncture) ကိုအနောက်တိုင်းနည်းပညာတွေနဲ့အတူတူ တွဲဖက်အသုံးပြုနေတာကိုတွေ့ရှိလာရပါတယ်၊၊
Credit - Hanul Skin & Healthcare center
++++++++++++++++++++++++++
သိကောင်းစရာ
+++++++++
အပ်စိုက်ကုထုံး(Acupuncture
ရှေးယခင်အရှေ့အာရှ၊ တိတိကျကျပြောရရင် တရုတ်ပြည်ကနေ ဆင်းသက်လာတာဖြစ်ပါတယ်၊၊
တရုတ်အပ်စိုက်ပညာကို အခြေခံတဲ့ ဒီအပ်စိုက်ကုထုံးဟာ သမိုင်းအဆက်ဆက်အရ Korea လူမျိုးတို့ရဲ့ ကိုယ်ပိုင်တိုင်းရင်းဆေးနှင
အပ်စိုက်နေရာပေါင်း ၃၀၀ကျော် အပေါ်အခြေခံတဲ့ ဒီကုသနည်းဟာ ခန္ဓာကိုယ်တကိုယ်လုံးမှာရှိတ
အပ်စိုက်ကုထုံးဖြင့်ပျောက်က
- နာကျင်မှုအမျိုးမျိုး (ခေါင်းကိုက်၊ ဇက်ကြောတက်၊ ကျီးပေါင်း၊ အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်
- လေဖြတ်လေဖျန်းခြင်း
- သွေးတိုးရောဂါ၊ ဆီးချိုရောဂါ
- နှလုံးအားနည်းခြင်း
- အအေးမိခြင်း
- အမျိုးသမီးများ ဓမ္မတာမလာခင်နှင့် လာစဉ်ကိုက်ခဲခြင်း တို့ဖြစ်ပါတယ်၊၊
ယခုနောက်ပိုင်း အချို့သောကုသမှုတွေမှာ Korean အပ်စိုက်ကုထုံး (Acupuncture) ကိုအနောက်တိုင်းနည်းပညာတွေန
Credit - Hanul Skin & Healthcare center
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။