Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, December 19, 2015

❖ အမှီအခိုကင်းသော ကလေးများ ❖

❖ အမှီအခိုကင်းသော ကလေးများ ❖
.
အရင်တစ်ပတ်ကျော်က “ကလေးတွေအတွက် အတွေး”မှာ
ရေးခဲ့တာ “အန္တရာယ်ကင်းသော ကလေးများ” အကြောင်းပါ။
တကယ်တော့ မပြည့်စုံသေးပါဘူး။ လုပ်ငန်းခွင်ထဲ အန္တရာယ်
မျိုးစုံ၊ အစားအသောက်တွေလည်း အန္တရာယ်မျိုးစုံ ကြုံ
နေရတဲ့ ကလေးတွေအကြောင်း ရေးဖို့ လိုပါသေးတယ်။
.
ပြီးခဲ့တဲ့ စာနဲ့ ပတ်သက်လို့ သြစတြေးလျနိုင်ငံက မိတ်ဆွေ
တစ်ဦးက ဖြည့်စွက်ပေးပါတယ်။ သူ့ကလေးကို နောက်ခန်းမှာ
Baby car seat နဲ့ ခါးပတ် ပတ်ခဲ့ပေမယ့် ရဲက စစ်ချိန်မှာ
ဓားလွယ်ခါးပတ်ကြိုးလျော့နေရုံနဲ့ အရေးယူ ခံရကြောင်းပါ။
အမျိုးမျိုး တောင်းပန်တိုးလျှိုးလည်း မရပါဘူးတဲ့။ လာဘ်ထိုး
ဖို့တော့ စဉ်းတောင် မစဉ်းစားရဲဘူး။ နောက်တစ်မှု ထပ်တိုးမှာ
သေချာနေလို့ပါ။ မှတ်လောက် သားလောက်အောင် အရေး
ယူမှ ဖြစ်မယ်။ ဒါမှ နောက် မပေါ့ဆရဲမှာ...တဲ့။ ရဲက ပြော
ပါတယ်။
.
အရေးယူနည်းကလည်း ဒဏ်ငွေမကပါ၊ သြစီ ဒေါ်လာ ၃၀၀
တင်မက ယာဉ်မောင်းလိုင်စင်ရဲ့ သတ်မှတ်ချက် ပွိုင့်နှစ်ပွိုင့်
ဖြတ်ပါသတဲ့။ ပွိုင့်ပြန်ရဖို့က ပြစ်မှုပေါ် မူတည်ပြီး ၆ လကနေ
၃ နှစ်အထိ ပြန်စောင့်ရတတ်ပါတယ်။ ပွိုင့်မရှိရင် ကား
မမောင်းရတော့ပါ။ (လိုင်စင်အသစ် ပြန်ဖြေရတာမျိုးက
ပြန်စရပါတယ်၊ ဒဏ်ငွေပဲဆိုရင် ပိုက်ဆံရှိတိုင်း ရမ်းနေမှာ
စိုးလို့ပါ) ကားထဲမှာ ကလေးမပြောနဲ့၊ ခွေးတောင် အလုံပိတ်
ထားခဲ့လို့လည်း မရပါဘူး။ အမြင်မတော်သူတွေက ရဲကို
ဖုန်းဆက်ခေါ်မှာပါ။ နိုင်ငံသားတစ်ယောက် အရေးပေါ်
ရဲ သို့မဟုတ် သူနာပြုယာဉ် ခေါ်ရင်လည်း ၂ မိနစ်မှ ၅
မိနစ် အတွင်း ရောက်ပါသတဲ့။
.
နိုင်ငံခြားမှာ (အာရှနိုင်ငံတစ်ခုပါ) မွေးပြီး နေထိုင်နေတဲ့
မြန်မာမိသားစုတစ်စု အလည်ပြန်လာပါတယ်။ အကြီးဆုံး
သမီးက ဆယ်နှစ်ကျော်ပဲ ရှိသေးတာပါ။ ဒါပေမဲ့
သူ့အောက် အငယ်မောင်နှင့် ညီမအတွက် ခရီးဆောင်
အိတ် ပြင်ဆင်တာကို သူကပဲ တာဝန်ယူပါတယ်။
ဘယ်ရာသီအတွက် ဘယ်အ၀တ်အစား ထည့်သင့်တယ်
ဆိုတာ သူ့ဘာသာ ရေရွတ်ပြီး ရွေးထည့်နေတာပါ။
သူတို့ သွားလည်မယ့် မြန်မာပြည်က မြို့တွေရဲ့ အပူ
ချိန်တွေကို Internet ထဲမှာ ရှာကြည့်ပြီး စီမံခန့်ခွဲ
နေတာပါ။ ခရီးသွား အသုံးအဆောင် တွေကို စနစ်
တကျ ထည့်ပြီး၊ အငယ်နှစ်ယောက်ကလည်း သူတို့
ကျောပိုးအိတ်နဲ့၊ ဘီးတပ် ဆွဲအိတ်တွေကို ကိုယ်တိုင်
သယ်ပါတယ်။ လူကြီးတွေ သယ်ပေးမယ်ဆိုတာ လုံးဝ
လက်မခံပါ။ ကိုယ့်အားကိုယ်ကိုးစိတ်အပြည့် ကိုယ်စီ
နှင့်ပါ။
.
သူတို့ရဲ့ အစ်မ၀မ်းကွဲ မြန်မာပြည်မှာ မွေးတဲ့ အသက်
၂၀ ၀န်းကျင် မိန်းကလေးကတော့ “အမေ...သမီး
မလုပ်တတ်ဘူး” တစ်ခွန်းကိုပဲ ဂါထာလို ရွတ်ပြီး
မအေ ပြုသမျှ နုဖို့ စောင့်နေပါတယ်။ ဒါကြောင့်လည်း
ဘွဲ့ရပြီးတဲ့တိုင် မိဘကို မှီခိုနေရတာ အရသာတွေ့
နေသူတွေ များစွာ ကျန်နေရသေးတာပါ။ တချို့တော့
ကိုယ့်အားကိုယ်ကိုး ကလေးတွေ ပြည်တွင်းမှာ
စတွေ့မြင်နေရပါပြီ။တိုးတက်သော နိုင်ငံများမှာ
အထက်တန်းကျောင်း ပြီးရင် တက်္ကသိုလ် ရွေးကြတဲ့
အခါ ပနမေ ၁၂ အမှတ်ပေါ် မူတည်ပြီးတော့ ကျောင်းက
ဆုံးဖြတ်တယ်။
.
အထက်တန်းကျောင်းမှာ ကတည်းက လုပ်ငန်း အတွေ့
အကြုံယူရေးအတွက် ကျောင်းက စီစဉ်ပေးရပါတယ်။
ရက်သတ်္တပတ် ၂ ပတ်ခွဲလောက် လုပ်ကြရတာပါ။
မလုပ်ချင် လည်း ရပေမယ့် အားလုံးလိုလို လုပ်ကြ
တာပါပဲ။ ကျောင်းဝင်ခွင့်နဲ့ အတူ CV တွေမှာ အလုပ်
အတွေ့အကြုံ တွေကို ထည့်ရေးပေးရတာမျိုး ရှိပါတယ်။
၁၂ တန်းပြီးလို့ တက္ကသိုလ်သက်မွေးမှုတွေ မရွေးခင်
(မဆုံးဖြတ်ခင်ဆို ပိုမှန်ပါလိမ့်မယ်) တချို့များ
တနှစ်လောက် အချိန်ယူ လေ့လာကြပါတယ်။ သူတို့
စကားအရ Brake ယူတယ်လို့ ခေါ်တာပေါ့။
.
အမေရိကားက ကလေးတွေ အများစုဟာ ဟားဗတ်လို
တက္ကသိုလ်မှာ သွားလေ့လာကြတယ်။ မြန်မာစကားနဲ့
တစ်နှစ် စောင့်လိုက်တာပါပဲ။ ကိုယ့်ကလေးနှင့် သက်တူ
ရွယ်တူက တစ်တန်း ကျောသွားတော့မှာပဲလို့ တွေးပူ
မနေကြပါဘူး။ တစ်ဘ၀စာ အတွက် တစ်နှစ်ကို ကျေကျေ
နပ်နပ် စောင့်လိုက်တာပါ။ အဓိကနှင့် သာမည စဉ်းစားတာ
မတူပုံကို ကြည့်ကြပါခင်ဗျ။
.
သူတို့ဆီမှာ များသောအားဖြင့် ကျောင်းသားကို မိဘ
ဝင်ငွေပေါ် မူတည်ပြီး အစိုးရက အသုံးစရိတ်ပေးလေ့
ရှိပါတယ်။ ဒါပေမဲ့ အများစုက မယူချင်ကြပါ။ ကိုယ်တိုင်
လုပ်အားခနဲ့ နေရတာကိုပဲ ဂုဏ်ယူကြတာပါ။ ဂျပန်မှာဆို
သတင်းစာပို့တဲ့ အလုပ်ကို ကျောင်းတစ်ဖက်နဲ့ လုပ်ကြ
ပါတယ်။ (သူတို့ကို ဦးစားပေး ခန့်ရတယ်ပေါ့)
ကျောင်းသားတွေကို အချိန်ပိုင်း အလုပ်ရဖို့ ကျောင်းတွေက
ချိတ်ဆက်ပေးရပါတယ်။ တိရ်္ဆာန် အရောင်းဆိုင်တို့၊
စားသောက်ဆိုင်တို့၊ ဈေးဆိုင်တို့မှာ များပါတယ်။ ၀င်ငွေ
တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ အလုပ်သဘာဝကို
နားလည်အောင်ရယ်၊ လူမှုဆက်ဆံရေး ပြေပြစ်အောင်
ရယ်ပါ ရည်ရွယ်ဟန်တူပါတယ်။
.
လုပ်ငန်းခွင် လူမှုဆက်ဆံရေးက သင်ကြားပေးလိုက်တဲ့ အခါ
အဲဒီကလေးတွေဟာ စိတ်ရှည်သည်းခံခြင်း၊ ပြဿနာကို
ဘယ်လို ဖြေရှင်းရမယ်ဆိုတာ အတွေ့အကြုံရသွားခြင်းကြောင်
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပိုင်ရသွားပါတယ်။ ကျွန်တော်
တို့ဆီမှာလို တချို့သော အိမ်တွင်း ဘုရင် ဘုရင်မ လုပ်နေပြီး
ဘ၀ထဲကျတော့ အရေးနိမ့်ကုန်တာမျိုး မဖြစ်တော့ပါ။
.
အထက်တန်းပြီးလို့ လိုင်းရွေးကြရာမှာလည်း မိဘ များက
လုံလောက်တဲ့ သတင်း အချက်အလက်ရယ်၊ အကြံဉာဏ်
ရယ်ကိုပဲ ပေးကြပါတယ်။ ရွေးချယ် ဆုံးဖြတ်ခွင့်က
ကာယကံရှင် (ကျောင်းသားကလေး)ရဲ့ ကိစ်္စပါပဲ။ မိဘ
များက လွှမ်းမိုးချင်လို့ မရပါဘူး။ဒါကြောင့်လည်း သူတို့ဆီမှာ
ကလေးများဟာ ဘွဲ့ရပြီးရင် “ဒါတော့ မသိဘူး (အဖေတို့
အမေတို့) ရွေးခိုင်းတဲ့ လိုင်းပဲ ယူခဲ့တာ၊ မအောင်မြင်
တာတော့ မသိဘူး”လို့ ဆင်ခြေတွေနဲ့ ရှောင်ထွက်တဲ့
အဖြစ်မျိုး မရှိပါ။

ရွေးချယ်ခွင့်နဲ့အတူ ကိုယ်တိုင် တာဝန်ယူမှုပါ တွဲလျက်
ယူခဲ့တာကိုး။ဂျပန်နိုင်ငံမှာ မိုင်ဝက်လောက်ဝေးတဲ့
ကျောင်းကို မူလတန်းကလေးတွေဟာ ကိုယ့်ဘာသာ
ကိုယ်ပဲ ကျောပိုး အိတ်ထမ်း လမ်းလျှောက်သွားကြ
ပါတယ်။ မြို့လယ်ကောင် မှာလည်း အိမ်က လိုက်
မပို့ပါဘူး။ ယုံကြည်ချက်အပြည့်နှင့် ကလေးဟာ
တစ်ယောက်တည်းလည်း တဒေါက်ဒေါက် လျှောက်
နေတာပါပဲ။
.
ဒီနေရာမှာ ပြောစရာ ရှိတာက ဂျပန်မှာတော့ ဟုတ်
တာပေါ့၊ ကားတွေကလည်း စည်းကမ်းအပြည့်၊
အန္တရာယ်လည်း ကင်းတာကိုးလို့။ မှန်ပါတယ်။
ကျွန်တော်တို့ မြို့လယ်တွေမှာ ယာဉ် အန္တရာယ်
သိပ်ကြီးသလို ကလေးရဲ့ လုံခြုံရေးအတွက်လည်း
မသမာသူတွေ အန္တရာယ်ရှိပါတယ်။ ရှိတော့ ဘာလုပ်
ကြ ပါသလဲ။နေတာက ဆင်ခြေဖုံး၊ ထားတဲ့ ကျောင်းက
မြို့လယ် ကောင်မှာ ဆိုတော့ ကားနဲ့ လိုက်ပို့ကြ
ပါရောလား၊ တစ်ရပ်ကွက်တည်း တစ်လမ်းတည်း
အတူနေကလေးတွေ တစ်ကျောင်းတည်း သွားရ
မှာတောင် တစ်အိမ် ကားတစ်စီး ပို့ကြတာကို
အင်မတန် ဂုဏ်ယူနေကြတာပါ။ စုပေါင်း ဖယ်ရီ
(ကျောင်းကား) စီးဖို့ကိုတော့ အကြောင်းပြချက်
အမျိုးမျိုးနဲ့ ငြင်းဆန်ကြပါတယ်။
.
ကြာတော့ ကလေးတွေ ကိုယ်တိုင်ကလည်း အမေ
ကိုယ်တိုင် နေ့တိုင်း လိုက်ပို့မှ၊ လာကြိုမှလို့ နွဲ့ကုန်
ကြတော့တာပါပဲ။ ဖယ်ရီ စီးတာပဲ အဆင့်နိမ့်သလိုလို၊
ကိုယ်ပိုင်ကားနဲ့ ပို့မှ အဆင့်မြင့်သလိုလို တွေးကုန်
ကြပါတော့တယ်။
.
အဲဒီတော့ မြို့လယ်ကောင်ကို မြင်အောင် ကြည့်ပါ။
ကလေးတစ်ယောက် ကားတစ်စီး (တစ်ခါတလေ
အဖေကပါ အလုပ်အပြန်ဝင်ကြိုလို့ ကားနှစ်စီး) ဆိုတော့
ဒီလမ်းတွေ မပိတ်ဘဲ ခံနိုင်ပါ့မလား။ ရန်ကုန်မှာ
ကားမောင်းသူတိုင်း ကျောင်းချိန်တွေကို အသေအလဲ
ကြောက်ကြပါတယ်။ ၀ဋ်တစ်ခုလို နေ့စဉ် ခံစားနေ
ကြရပါတယ်။လောင်စာဆီတွေ ပိုကုန်သလို၊ အချိန်
တန်ဖိုးတွေလည်း ဆုံးရှုံးပါတယ်။ အများစု ဘွဲ့ရမိခင်
များဟာ ကလေး ကျောင်းကြိုကျောင်းပို့ ကိုယ်တိုင်
လုပ်ရတဲ့ ဒုက္ခကို ကျောင်းရှေ့မှာ ဘ၀တူမိခင်တွေနဲ့
ခပ်ညည်းညည်း ကြွားရင်း ဘ၀သက်တမ်း တော်တော်
များများကို စတေးလိုက်ကြ ပါတော့တယ်။
(ကျောင်းရှေ့မှာ မိခင်တွေ စုပြီး နေ့စဉ် ဘယ်လို
အချိန်ဖြုန်းလဲဆိုတာ ကာယကံရှင်တွေ ပိုသိမှာပါ)
တိုးတက်သော နိုင်ငံများမှာ ကိုယ်ပိုင်ကားနှင့် လိုက်
မပို့ရပါ။ ကျောင်းကားကို အားလုံး ကျေနပ်စွာ စီးကြ
ရပါတယ်။
ကလေးတွေ အမှီအခို ကင်းကြပါစေ...။
.
#မင်းကိုနိုင်
[ ပြည်သူ့အရေးဂျာနယ်၊ အတွဲ - ၂၊ အမှတ် - ၆၄မှ ]

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။