မနေ့က ဖတ်လိုက်ရတဲ့ စာလေးက ချည်တိုင်ကို မက်မနေကြပါနဲ့တဲ့...။
တကယ်တော့......
အချို့တွေ ချည်တိုင်ကို အရမ်းမက်လွန်းတယ်..။
ချည်တိုင်မှာ ချည်ထားတာကို အရမ်းနှစ်သက်နေကြတယ်။
ပြီးတော့..
သူတို့ကိုယ်တိုင်က ချည်တိုင်မှာ အချည်ခံချင်နေကြတယ်။
အဲဒါ.
ဘာလို့လဲ ဆိုတော့..
သူတို့သခင်က သူတို့ကို
ချည်တိုင်မှာ ချည်ပြီးမှ အစာကျွေးထား ခဲ့လို့.။
ဒါကြောင့်လည်း
သူတို့စိတ်ထဲမှာ
အစာစားရဖို့အတွက်.ချည်တိုင် မှာ အချည်ခံမှ
အစာစားရမယ်လို့..ထင်နေကြတယ် ။
ကိုယ့်ဖာသာကိုယ် လွတ်လွတ်လပ်လပ်နဲ့ အပြင်မှာ ရှာမစားချင်တော့ဘူး။
ဒီလို အချည်ခံပြီးမှ အစာ စား လာတော့လည်း..
ရှာမစားတတ်ကြဘူးနဲ့ တူပါတယ်..။
သူတို့ကို လွတ်လွတ်လပ်လပ်နဲ့ နေလို့ရအောင်
ချည်တိုင်ကနေ ကြိုးဖြည်ပေးမယ်ဆိုရင်တောင်
ကြိုးအဖြည်မခံချင်တဲ့ ဘဝတွေ ဖြစ်နေမှာ သေချာပါတယ် ။
သူတို့စိတ်ထဲမှာ
ချည်တိုင်ကြီး ရှိမှ အစာစားရမယ်။
ဒါကြောင့်..
ချည်တိုင်နားမှာ နေပြီးတော့..
ချည်တိုင်ကြီးကိုပဲ ကာကွယ်မယ်လို့..တွေးနေကြမှာ ပါ။
တကယ်လို့များ...
ရေကြီးတာမျိုးနဲ့ ကြုံခဲ့ရင်..
ချည်တိုင်မှာပဲ အချည်ခံထားရတဲ့ အချိန်ဆို ဘယ်လိုလုပ်မလဲ...?
သခင်ဆိုတဲ့သူတွေကတော့..
ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးကြမှာပါ။
ဒါ့ကြောင့်
ချည်တိုင်ကို မက်မောနေတဲ့.. ဘဝမျိုးတွေ အဖြစ်မခံကြပါနဲ့ ။
လွတ်လွတ်လပ်လပ် ရှာဖွေစားသောက်နိုင်ဖို့ကို သာ
ကြိုးစားကြပါလို့ ရေးသားရင်း
ချည်တိုင်များမှ ရုန်းထွက်နိုင်ကြပါစေ....။
ဘုန်းထက်ကြယ်
တကယ်တော့......
အချို့တွေ ချည်တိုင်ကို အရမ်းမက်လွန်းတယ်..။
ချည်တိုင်မှာ ချည်ထားတာကို အရမ်းနှစ်သက်နေကြတယ်။
ပြီးတော့..
သူတို့ကိုယ်တိုင်က ချည်တိုင်မှာ အချည်ခံချင်နေကြတယ်။
အဲဒါ.
ဘာလို့လဲ ဆိုတော့..
သူတို့သခင်က သူတို့ကို
ချည်တိုင်မှာ ချည်ပြီးမှ အစာကျွေးထား ခဲ့လို့.။
ဒါကြောင့်လည်း
သူတို့စိတ်ထဲမှာ
အစာစားရဖို့အတွက်.ချည်တိုင်
အစာစားရမယ်လို့..ထင်နေကြတယ်
ကိုယ့်ဖာသာကိုယ် လွတ်လွတ်လပ်လပ်နဲ့ အပြင်မှာ ရှာမစားချင်တော့ဘူး။
ဒီလို အချည်ခံပြီးမှ အစာ စား လာတော့လည်း..
ရှာမစားတတ်ကြဘူးနဲ့ တူပါတယ်..။
သူတို့ကို လွတ်လွတ်လပ်လပ်နဲ့ နေလို့ရအောင်
ချည်တိုင်ကနေ ကြိုးဖြည်ပေးမယ်ဆိုရင်တောင်
ကြိုးအဖြည်မခံချင်တဲ့ ဘဝတွေ ဖြစ်နေမှာ သေချာပါတယ် ။
သူတို့စိတ်ထဲမှာ
ချည်တိုင်ကြီး ရှိမှ အစာစားရမယ်။
ဒါကြောင့်..
ချည်တိုင်နားမှာ နေပြီးတော့..
ချည်တိုင်ကြီးကိုပဲ ကာကွယ်မယ်လို့..တွေးနေကြမှာ
တကယ်လို့များ...
ရေကြီးတာမျိုးနဲ့ ကြုံခဲ့ရင်..
ချည်တိုင်မှာပဲ အချည်ခံထားရတဲ့ အချိန်ဆို ဘယ်လိုလုပ်မလဲ...?
သခင်ဆိုတဲ့သူတွေကတော့..
ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးကြမှာပါ။
ဒါ့ကြောင့်
ချည်တိုင်ကို မက်မောနေတဲ့.. ဘဝမျိုးတွေ အဖြစ်မခံကြပါနဲ့ ။
လွတ်လွတ်လပ်လပ် ရှာဖွေစားသောက်နိုင်ဖို့ကို
ကြိုးစားကြပါလို့ ရေးသားရင်း
ချည်တိုင်များမှ ရုန်းထွက်နိုင်ကြပါစေ....။
ဘုန်းထက်ကြယ်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။