Vote for Education (2) ပညာရေးအတွက် မဲပေးပါ (၂)
ဒီနှစ် ဖေဖေါ်ဝါရီလတုံးကရေးထားတာပါ။
ပညာရေးဝန်ကြီးသတင်းနဲ့ ပါချုပ်တယောက်သတင်းတွေက ပညာမရှိလိုက်တာ။ တယောက်ကို (တန်ပြန်ချုပ်) လို့ ခေါ်တော့မယ်။ ထပ်တွေ့ရသေး အီကိုကဆရာမတဲ့။ သူ့ကိုတော့ ငါးစိမ်းသည်လို့ တယောက်ကကင်ပွန်းတပ်ထားတယ်။ ပညာရေးဝန်ကြီးဆိုသူက ဘာလို့ နိုင်ငံခြားကနေ ပညာလာသင်ပေးတဲ့ တက္ကသိုလ်ကို ပုဒ်မ ၁၄၄ ထုတ်သလည်း စောကြောပါရစေ။
သတင်းကတော့ ပညာရေးဝန်ကြီးဌာနက ပညာရေးဘက်မှာ လွတ်လွတ်လပ်လပ်စီမံခွင့် မရတဲ့အတွက် ဂျွန် ဟော့ပ်ကင်း တက္ကသိုလ်က ရန်ကုန်တက္ကသိုလ်မှာ သင်ကြားပို့ချနေတာတွေကို ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။ လက်ရှိ ပညာရေးဝန်ကြီးသစ်နဲ့ စေ့စပ်ညှိနှိုင်းရာမှာ မပြေလည်တဲ့အတွက် အခုလို ရပ်ဆိုင်းလိုက်တာလို့ သတင်းစာမှာပါတယ်။
ဂျွန်-ဟော့ပ်ကင်းတက္ကသိုလ်ကေ န
ရန်ကုန်တက္ကသိုလ်မှာ ၁၉၅၄ ကတည်းက Rangoon-Hopkins Center for Southeast
Asian Studies ဖွင့်ထားခဲ့ပါတယ်။ အဲဒီကာလတုံးက ရန်ကုန်တက္ကသိုလ်လက်အောက်ခံ
ဆေးကျောင်းဟာ အရှေ့တောင်အာရှမှာ အကောင်းဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
ဂျွန်-ဟော့ပ်ကင်း တက္ကသိုလ်ကနေ Nitze School of Advanced International Studies သင်ကြားရေးဌာနကို ဖွင့်ခဲ့ပါတယ်။ အင်္ဂလိပ်စာသင်ပေးတယ်။ စာကြည့်တိုင်ဖွင့်တယ်။ သုနေသနလုပ်ပါတယ်။ ဒါပေမဲ့ ဒီဌာနဟာ ၈ နှစ်သာ ခံပါတယ်။ ၁၉၆၂ မှာ ဗခကနေဝင်းကနေ စစ်အာဏာသိမ်းလိုက်လို့ပါ။
၁၉၇ဝ ကျော်နဲ့ ၈ဝ ကျော်ကာလအတွင်းမှာ မြန်မာအစိုးရကနေ SAIS မှာသင်ယူဘို့ သံတမန်ပညာတော်သင်တွေ လွှတ်ခဲ့ပါတယ်။ ဂျွန်-ဟော့ပ်ကင်း တက္ကသိုလ်ကဆရာတွေလည်း ဗီဇာရတဲ့အခါရန်ကုန်ကိုလာနို င်ခဲ့ကြပါတယ်။
၁၉၉ဝ ကျော်ကာလမှာ Bloomberg School ကနေ WHO အဆင့်သတ်မှတ်ချက်အရ
နိုင်ငံပေါင်း ၁၉၁ မှာ နံပါတ် ၁၉ဝ ချိတ်နေတဲ့ မြန်မာနိုင်ငံတွင်းမှာ
အကြံပေးမှုတွေလုပ်ခဲ့ပါတယ်။
ဒါပေမဲ့ ၂ဝဝ၃ ခုနှစ်မှာ Bloomberg School က ဆရာတွေကို ဗီဇာမပေးတော့ပါဘူး။ သုနေသလုပ်သူတွေက နယ်စပ်ကိုသာ သွားကြရပါတော့တယ်။ ၂ဝဝ၆ သုတေသနတခု အရ မြန်မာပြည်မှာ ၅ နှစ်မပြည့်မီကလေးတွေ ၅ ယောက်မှာ ၁ ယောက် သေဆုံးနေတာကို တွေ့ရှိလာပါတယ်။
၂ဝ၁၁ ခုနှစ်နွေရာသီမှာတော့ မြန်မာနိုင်ငံမှာ အပြောင်အလဲတွေတွေ့လာရပါတယ်။ အမည်အရ အရပ်သားအစိုးရတခု တက်လာပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ြ ကီးကို
၂ဝ၁၁ နိုဝင်္ဘာမှာစေလွှတ်ပါတယ်။ မကြာခင်မှာ သမတနဲ့ရော
ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ ဂျွန်-ဟော့ပ်ကင်း တက္ကသိုလ်ဥက္ကဋ္ဌ Ron Daniels
ဒင်နီရယ် သွားတွေ့နိုင်လာပါတယ်။ စိတ်မကောင်းစရာကတော့ တချိန်က
အရှေ့တောင်အာရှမှာ ဂုဏ်ယူနိုင်စရာဖြစ်ခဲ့တဲ့နေ ရာဟာ တချို့အဆောက်အဦတွေ ပြိုအပျက်နေတာကို တွေ့ရတယ်လို့ ပြန်ပြောပါတယ်။
၈-၄-၂ဝ၁၂ မှာ ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင် ဦးဆောင်တဲ့ ၁၁ ယောက်ပါအဖွဲ့ ဂျွန်ဟော့ပ်ကင်းကို ရောက်လာကြပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာ၊ USAID တာဝန်ရှိသူတွေနဲ့လည်းတွေ့တယ်။ သူ့ပြောတာထဲမှာ “မြန်မာ့ ကျန်းမာရေးအရည်အသွေးက ရေရောထားသလိုပဲ။ မိခင်နဲ့ကလေးတွေကျန်းမာရေးကို အာရုံစိုက်ချင်တယ်။ ပညာတွေ ကောင်းကောင်းတတ်ထား၊ လုပ်ချင်စိတ်လည်းပြင်းပြတဲ့
ပညာရှင်တွေလိုတယ်။ ဒါပေမဲ့ ငွေမရှိဘူးတဲ့။ တိုင်းပြည် စီးပွါးရေက
သိတဲ့အတိုင်ပါပဲတဲ့။ မကောင်းတာ အနှစ် ၂ဝ-၃ဝ ရှိနေပြီတဲ့။ ဒဏ်ခတ်အရေးယူမှုက
တစိတ်ပိုင်းပါတယ်တဲ့။ ပြုပြင်ပြောင်းလဲရေးမှာ လူတွေကိုယ်တိုင်က
ကိုယ့်ကိုယ်ကိုစဉ်းစားဘို့လိုတယ်။ အထူးသဖြင့် အစိုးရအရာရှိတွေ ဖြစ်တယ်တဲ့။ အခက်ဆုံးက လူတွေစိတ်ဓါတ်က မပြောင်းကြသေးတာပဲ” တဲ့။
SAIS နဲ့ Bloomberg School ကနေ ပရောဂျက်တွေအတွက် ငွေ ဒေါ်လာ ၁့၃ သန်းလောက် ချေးပေးပါတယ်။ ခုထိ အနာဂတ်ကမရေရာသေးပါ။ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ကြိုးကြားဖြစ်နေတယ်။ ကျန်းမာရေးဝန်ကြီးက တိုင်းရင်းသားဒေသတွေအပါအဝင် တပြည်လုံးမှာ ကျန်းမာရေးတိုးတက်စေချင်တယ် ။ တိုင်းပြည်စည်းလုံးညီညွတ်မှု မရှိရင် မတည်ငြိမ်ရင် ဘယ်လိုမှလုပ်မရဘူးလို့ဆိုပါ တယ်။
လာလည်သူတွေထဲက သမတအကြံးကတော့ အပြောင်းအလဲတွေက နောက်ကြောင်းမပြန်ပါဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ အချိန်ကသာ အဲတာကိုပြောနိုင်လိမ့်မယ်လို့ ဆိုပါတယ်။
အထက်ကဆောင်းပါးကို ၂ဝ၁၂ ခုနွေရာသီထုတ် ဂျွန်ဟော့ပ်ကင် မဂ္ဂဇင်းမှာ Cathy Shufro ကရေးထားတာဖြစ်ပါတယ်။ နောက် ၃ နှစ်အတွင်းမှာ ဘယ်လိုတိုးတက်လာပါသလည်း။
၂ဝ၁၃ ခုနှစ်ကစပြီး ဂျွန် ဟော့ပ်ကင်း တက္ကသိုလ်က ရန်ကုန်တက္ကသိုလ်မှာ International Center of Excellence (ICOE) သင်တန်းတွေကို သင်ကြားနေခဲ့တယ်။ ၂ နှစ်အတွင်း တက္ကသိုလ်ဆရာဆရာမ ၂၅ ဦးနဲ့ ဝန်ကြီးဌာနတွေက အစိုးရဝန်ထမ်းနဲ့ အရပ်သား ၃၅ ဦးကို သင်တန်းပို့ချခဲ့ပြီးဖြစ်တယ်။
တက္ကသိုလ်တွေကက ဆရာဆရာမတွေနဲ့ ဘွဲ့လွန် ကျောင်းသားတွေကို နိုင်ငံရေး၊
ပြည်သူ့ရေးရာ၊ စီးပွားရေး မူဝါဒရေးရာတွေနဲ့ ဥပဒေ၊ နည်းပညာ၊ ဆေးပညာရပ်တွေကို
နိုင်ငံတကာစံနှုန်းတွေနဲ့ လွတ်လွတ်လပ်လပ် သင်ကြားနေခဲ့တာပါ။
ဒါပေမဲ့ ပညာရေးဝန်ကြီးအပြောင်းအလဲမှာ
ဝန်ကြီးအသစ်က အသိမှတ်မပြုနိုင်တဲ့အတွက် အခုလိုရုပ်သိမ်းသွားတာလို့
ဆိုပါတယ်။ ပညာရေးမူဝါ မကောင်းတာရော၊ ဝန်ကြီးရဲ့ဒဏ်တွေကိုပါ
ခံနေကြရတာပါလားလို့ သိလာရပါတော့တယ်။ ခရီးရှည် လမ်းလျှောက်တာနဲ့တင်
ရပါမလားမပြောတတ်သေးပါ။
ဤခရီး မနီးပါတကား။ ပညာရေးအတွက် မဲပေးကြပါကုန်။
ဒေါက်တာတင့်ဆွေ
၂၁-၂-၂ဝ၁၅
၂ဝ-၁ဝ-၂ဝ၁၅
http://hub.jhu.edu/ magazine/2012/summer/ renewing-ties-to-myanmar
ဒီနှစ် ဖေဖေါ်ဝါရီလတုံးကရေးထားတာပါ။
ပညာရေးဝန်ကြီးသတင်းနဲ့ ပါချုပ်တယောက်သတင်းတွေက ပညာမရှိလိုက်တာ။ တယောက်ကို (တန်ပြန်ချုပ်) လို့ ခေါ်တော့မယ်။ ထပ်တွေ့ရသေး အီကိုကဆရာမတဲ့။ သူ့ကိုတော့ ငါးစိမ်းသည်လို့ တယောက်ကကင်ပွန်းတပ်ထားတယ်။ ပညာရေးဝန်ကြီးဆိုသူက ဘာလို့ နိုင်ငံခြားကနေ ပညာလာသင်ပေးတဲ့ တက္ကသိုလ်ကို ပုဒ်မ ၁၄၄ ထုတ်သလည်း စောကြောပါရစေ။
သတင်းကတော့ ပညာရေးဝန်ကြီးဌာနက ပညာရေးဘက်မှာ လွတ်လွတ်လပ်လပ်စီမံခွင့် မရတဲ့အတွက် ဂျွန် ဟော့ပ်ကင်း တက္ကသိုလ်က ရန်ကုန်တက္ကသိုလ်မှာ သင်ကြားပို့ချနေတာတွေကို ပြန်လည်ရုပ်သိမ်းလိုက်တယ်လု
ဂျွန်-ဟော့ပ်ကင်းတက္ကသိုလ်ကေ
ဂျွန်-ဟော့ပ်ကင်း တက္ကသိုလ်ကနေ Nitze School of Advanced International Studies သင်ကြားရေးဌာနကို ဖွင့်ခဲ့ပါတယ်။ အင်္ဂလိပ်စာသင်ပေးတယ်။ စာကြည့်တိုင်ဖွင့်တယ်။ သုနေသနလုပ်ပါတယ်။ ဒါပေမဲ့ ဒီဌာနဟာ ၈ နှစ်သာ ခံပါတယ်။ ၁၉၆၂ မှာ ဗခကနေဝင်းကနေ စစ်အာဏာသိမ်းလိုက်လို့ပါ။
၁၉၇ဝ ကျော်နဲ့ ၈ဝ ကျော်ကာလအတွင်းမှာ မြန်မာအစိုးရကနေ SAIS မှာသင်ယူဘို့ သံတမန်ပညာတော်သင်တွေ လွှတ်ခဲ့ပါတယ်။ ဂျွန်-ဟော့ပ်ကင်း တက္ကသိုလ်ကဆရာတွေလည်း ဗီဇာရတဲ့အခါရန်ကုန်ကိုလာနို
ဒါပေမဲ့ ၂ဝဝ၃ ခုနှစ်မှာ Bloomberg School က ဆရာတွေကို ဗီဇာမပေးတော့ပါဘူး။ သုနေသလုပ်သူတွေက နယ်စပ်ကိုသာ သွားကြရပါတော့တယ်။ ၂ဝဝ၆ သုတေသနတခု အရ မြန်မာပြည်မှာ ၅ နှစ်မပြည့်မီကလေးတွေ ၅ ယောက်မှာ ၁ ယောက် သေဆုံးနေတာကို တွေ့ရှိလာပါတယ်။
၂ဝ၁၁ ခုနှစ်နွေရာသီမှာတော့ မြန်မာနိုင်ငံမှာ အပြောင်အလဲတွေတွေ့လာရပါတယ်။
၈-၄-၂ဝ၁၂ မှာ ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင် ဦးဆောင်တဲ့ ၁၁ ယောက်ပါအဖွဲ့ ဂျွန်ဟော့ပ်ကင်းကို ရောက်လာကြပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာ၊ USAID တာဝန်ရှိသူတွေနဲ့လည်းတွေ့တယ
SAIS နဲ့ Bloomberg School ကနေ ပရောဂျက်တွေအတွက် ငွေ ဒေါ်လာ ၁့၃ သန်းလောက် ချေးပေးပါတယ်။ ခုထိ အနာဂတ်ကမရေရာသေးပါ။ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ကြိုးကြားဖြစ်နေတယ်။ ကျန်းမာရေးဝန်ကြီးက တိုင်းရင်းသားဒေသတွေအပါအဝင်
လာလည်သူတွေထဲက သမတအကြံးကတော့ အပြောင်းအလဲတွေက နောက်ကြောင်းမပြန်ပါဘူးလို့
အထက်ကဆောင်းပါးကို ၂ဝ၁၂ ခုနွေရာသီထုတ် ဂျွန်ဟော့ပ်ကင် မဂ္ဂဇင်းမှာ Cathy Shufro ကရေးထားတာဖြစ်ပါတယ်။ နောက် ၃ နှစ်အတွင်းမှာ ဘယ်လိုတိုးတက်လာပါသလည်း။
၂ဝ၁၃ ခုနှစ်ကစပြီး ဂျွန် ဟော့ပ်ကင်း တက္ကသိုလ်က ရန်ကုန်တက္ကသိုလ်မှာ International Center of Excellence (ICOE) သင်တန်းတွေကို သင်ကြားနေခဲ့တယ်။ ၂ နှစ်အတွင်း တက္ကသိုလ်ဆရာဆရာမ ၂၅ ဦးနဲ့ ဝန်ကြီးဌာနတွေက အစိုးရဝန်ထမ်းနဲ့ အရပ်သား ၃၅ ဦးကို သင်တန်းပို့ချခဲ့ပြီးဖြစ်တယ
ဒါပေမဲ့ ပညာရေးဝန်ကြီးအပြောင်းအလဲမှ
ဤခရီး မနီးပါတကား။ ပညာရေးအတွက် မဲပေးကြပါကုန်။
ဒေါက်တာတင့်ဆွေ
၂၁-၂-၂ဝ၁၅
၂ဝ-၁ဝ-၂ဝ၁၅
http://hub.jhu.edu/

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။