Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, October 20, 2015

ပိန်သူများ ၀လာစေရန် နည်းလမ်းများ


ပိန်သူများ ၀လာစေရန် နည်းလမ်းများ
----------------------------------------------

ဝချင်ရင် အလေးမ(ဝိတ်မ) တာ ငြင်းစရာတော့ မရှိပါ။ များများစားဘို့လောက်တော့ မထိရောက်ပါ။ ပိန်သူတွေရဲ့ ဇီဝကမ္မ ဆိုတဲ့ သက်ရှိတို့ ထုံးစံလုပ်ပေးနေရတဲ့ ဖြစ်စဉ်ကိုယ်၌က မြန်မြန်ကြီး လုပ်နေသူတွေ ဖြစ်လို့ (ကယ်လိုရီ) တွေ ပိုရဘို့ လိုပါတယ်။ စာသင်သလို ပြောရရင် အဆင့် ၅ ဆင့်ရှိတယ်။ ကိုယ်အလေးချိန် ချိန်ထားပါ။

၁။ ခါတိုင်း တနေ့မှာ (ကယ်လိုရီ) ဘယ်လောက် စားနေသလဲ။

၂။ စားနေတာထက် ၅ဝဝ (ကယ်လိုရီ) ပိုစားပါ။ စားနိုင်အောင် တနေ့ ၃ ထပ်ကနေ ၄-၅ ထပ် စားပြစ်လိုက်ပါ။

၃။ (ဝိတ်)မ ပါ။ Gym သွားချင်သွား၊ အိမ်မှာဘဲ လုပ်လုပ်။

၎။ အလေးချိန် ပြန်ချိန်ပါ။ တပါတ်အပြီး ၁-၂ ပေါင်တိုးရင် ကောင်းတယ်။ ၁ဝ ပေါင် မတိုးချင်ပါနဲ့။ ကျန်းမာရေးအရ အကောင်း မဟုတ်ပါ။ ၁ လကုန်ရင် ၅-၈ ပေါင် တိုးတာ ကောင်းတယ်။

၅။ အလေးချိန် ဆက်မတိုးရင် နောက်ထပ် (ကယ်လိုရီ) ၂၅ဝ ပိုစားပါလေ။

တနေ့ (ကယ်လိုရီ) ဘယ်လောက်လိုတာ သိဘို့ အတွက် ဖေါ်မြူလာ ရှိတယ်။ အရင်ဆုံး ဘာမှမလုပ်ဘဲ နေတဲ့ အချိန်မျိုးမှာ လိုမဲ့နှုန်းထားကို တွက်ရတယ်။ Resting Metabolic Rate (RMR) လဲခေါ်တယ် Basal Metabolic Rate (BMR) လဲခေါ်တယ်။ လမ်းလဲမလျောက်၊ ပြေးလဲမပြေး၊ အသားလေးနေတုံး ကိုယ်ခန္ဓာက အသက်ရှူဘို့၊ နှလုံးခုန်ဘို့၊ အစာခြေနေဘို့ စတာတွေရဲ့ ဇီဝအလုပ်တွေအတွက် လိုအပ်ချက်ကို ပြောတာပါဘဲ။

RMR = 9.99w + 6.25h - 4.92a + 166g-161
w = ကိုယ်အလေးချိန် ကီလိုဂရမ်၊ h = အရပ် စင်တီမီတာ၊ a = အသက် နှစ်၊ g = ကျား-မ၊ (ကျား = 1 မ = 0)
တနေ့တာလိုမဲ့ (ကယ်လိုရီ) သိဘို့ RMR ကို 1.25 နဲ့ မြှောက်လိုက်ပါ။

ပိုပြီး စားနိုင်အောင် စားပုံစားနည်း ပြောင်းသင့်ရင် ပြောင်းရမယ်။ အဝစား ၃ ခါနဲ့ သွားရည်စာ ၂ ခါ၊ ၃ ခါ စားပါ။ ကော်ဖီ၊ လက်ဘက်ရည် သောက်မဲ့အစား၊ နွားနို့၊ သစ်သီးဖျော်ရည် သောက်ပါ။ ပေါင်မုံ့စားရင် အညိုက အဖြူထက် ပိုတယ်။ အသီးအရွက်မှာလဲ ရေများများ ပါတာမျိုးဖြစ်တဲ့ ဂေါ်ဖီ၊ ပဲစိမ်းစားဥ၊ သခွါးသီးတို့ထက် အာလူး၊ ပဲမျိုးစုံ၊ မုံလာဥနီ၊ ပြောင်းဖူး တို့က သာတယ်။ အသီးတွေဆိုရင် လိမ်မော်၊ ပိခ်ျ၊ ဇီးသီး၊ ဖရဲသီးတွေထက် ငှက်ပျောသီး၊ သစ်တော့သီး၊ ထောပတ်သီး၊ နာနတ်သီး၊ ပန်းသီးတွေက သာတယ်။ (ဆု-ပ်)ဆိုတဲ့ ဟင်းရည်ဆိုရင် (ခရင်)ပါတာက အကြည်ရည်ထက် သာတယ်။

ဖြစ်နိုင်သမျှ အစားအသောက်တွေထဲမယ် စားသုံးဆီ ထည့်ရပါမယ်။ သံလွင်ဆီ၊ စားအုန်းဆီ၊ ထောပတ်ဆီတို့က နေကြာစေ့ဆီ၊ ပဲဆီတို့ထက် သာတယ်။ သာတယ်ဆိုတာ (ကယ်လိုရီ) ပိုရတာကို ပြောတာပါ။ ရှောင်သင့်တာတွေကတော့ ကျန်းမာရေးနဲ့ မကိုက်တဲ့ trans-fats တွေများတဲ့ (ပက်စထရီ)၊ ကိတ်၊ ကွတ်ကီး၊ ပြုပြင်ထားတဲ့ အသား-ငါး၊အလွယ်ဝယ်ရတဲ့ အစားအစာတွေပါ။

မဖြစ်မနေစားရမှာက (ပရိုတင်း) ဓါတ်ပါ အစာတွေ ဖြစ်တယ်။ အသားမျိုးစုံ၊ ငါးမျိုးစုံ။ စားနိုင်တဲ့ အသားအမျိုးမျိုးအပြင် (ကယ်လိုရီ) များများပါတဲ့ ထောပတ်၊ ဒိန်၊ (အောလစ်ဖ်)ဆီ၊ (ခရင်မ်)ဆိုတာတွေ ထပ်ဖြည့်ပါ။ အသားမစားသူတွေလဲ ဝနိုင်တာပါ။ ကြွက်သားတွေ မာတင်းပြီး သန်ချင်ရင်တော့ အသားစားသူများက ပိုသာပါတယ်။

စိတ်လှုတ်ရှားမှုတွေဟာ (ကလ်လိုရီ) အတော် ဖြုန်းပြစ်တယ်။ ဒါ့ကြောင့် စိတ်အေးအေးထားပါ။ လွမ်းစရာ ဝတ္တုတွေ မဖတ်နဲ့။ ဟောလိဝုဒ်က သရဲကား၊ (အေလီယန်)ကား၊ (အက်ရှင်)ကားတွေ မကြည်နဲ့၊ ဇာတ် မနာနာအောင် ရိုက်ထားတဲ့ ကိုရီးယားကား၊ ကုလားကားတွေ မကြည့်နဲ့။ ဗမာတွေ ဒါကြောင့် ပိန်နေတာ။

စားခိုင်းတာတော့ ဟုတ်ပါပြီ၊ စားချင်စိတ် ပိုကောင်းအောင် ဘယ်လိုလုပ်မလဲ။ ဗီတာမင် B အုပ်စု ဆေးတွေက အထောက်အပံ့ ပြုပါတယ်။ Cyproheptadine (Cypon) ဆိုတဲ့ဆေးက (အလာဂျီ) စတာတွေအတွက် ဖြစ်ပေမဲ့ Anorexia nervosa ခေါ်တဲ့ စားချင်သောက်ချင်စိတ် နည်းနေသူတွေကိုလဲ ပေးနိုင်ပါတယ်။ ကလေးတွေဟာ နဲနဲလေး ဖြစ်လိုက်တာနဲ့ ကျသွား၊ ပိန်သွားဖြစ်တတ်တယ်။ (Cypon) တိုက်ရင်လဲ ခဏနဲ့ ပြန်စားချင် လာကြမယ်။

နောက်တခုက အစပ်စားတဲ့လူ၊ (မဆလာ)ကြိုက်သူ၊ အချဉ်ပါမှဆိုသူတွေ ခံတွင်းတွေ့ရင် စားသာစားပါလေ။ အစပ်တို့၊ ဟင်းခပ်အမွှေးအကြိုင်တို့ဆိုတာ စားချင်လာအောင် လုပ်ပေးတဲ့ တန်ခိုးရှိတယ်။ တရူပ်နံနံ (ကြံမဆိုင်) ခပ်ထားတဲ့ ဟင်းချိုရည်က ပိုချိုသလို မဟုတ်လား။ “နှာညွန့်ကို ခြူတတ်သော” ဆိုတဲ့အစားပေါ့။ ငရုပ်သီးက မတူတဲ့ အကျိုး နှစ်မျိုး ရစေပါတယ်။ အစပ်တွေဟာ (ကယ်လိုရီ) ပိုသုံးလို့ ပိန်စေတယ်။ အစပ်ပါမှ စားချင်စိတ်ပိုလို့ ဝစေမယ်။

ကိုယ်ခန္ဓာ ကြီးထွားစေတဲ့ ဟော်မုန်းဆိုတာ လူ့ဦးနှောက်ကနေ ထုတ်ပေးနေတယ်။ အလေးမသူများ ကြွက်သားတွေ သန်မာလာတာ သူ့အစွမ်းပါ။ သဘာဝ မဟုတ်ဘဲ အပိုဆောင်းချင်သူတွေအတွက် (စတီရွိုက်) ဟော်မုန်း ဆေးတွေလဲ ရှိပါတယ်။ Human Growth hormone (HGH), Growth factors and Testosterone-based analogs ဆိုတာတွေပါ။ ဒီဆေးတွေကို အရွယ်လွန်သူ ယောက်ျားတွေအတွက်ရော အားကစားသမားများအတွက်ပါ သုံးနေတာဖြစ်တယ်။ အိုလံပစ် ဆုတံဆိပ် ပြန်အပ်သူတွေ မနည်းတော့ဘူး မဟုတ်လား။ ဟော်မုန်းဆိုတာ အစွမ်းကြီးသလို သတိကြီးကြီးလည်းထား သုံးရတာမျိုး ဖြစ်တယ်။

ဂျပန် (ဆူမို) နပမ်းသမားနည်းက “(ကယ်လိုရီ)များတဲ့ အစာတွေစား၊ အဆီ မများစေနဲ့”။ (အင်စူလင်) ဆိုတဲ့ သကြားဓါတ် ထိန်းတဲ့ ဟော်မုန်းကို ဆွပေးလို့၊ (ကယ်လိုရီ) များရင် သိမ်းထားတဲ့ အဆီကို ထုတ်မသုံးစရာ မလိုတော့ဘူး။ တခါတည်း များများ စားနိုင်အောင် တချို့က မနက်စောစောစာ မစားဘဲနေတယ်။ သူလို ကိုယ်လိုတွေက တနေ့မှ ၂ဝဝဝ-၃ဝဝဝ သာ စားတယ်။ (ဆူမို) နပမ်းသမားတွေ တနေ့ကို (ကယ်လိုရီ) ၆ဝဝဝ ကနေ ၂ဝဝဝဝ အထိ စားသတဲ့။ အရက် (ဘီယာ)လဲ သောက်ပါတဲ့။ သူလို ကိုယ်လိုဘဲပေါ့။ တထိုင်ထဲ ဘီယာ ဗူး ၁ဝဝ ကုန်သူဆိုတာ ရှိဆိုဘဲ။ လေ့ကျင့်ခန်းကို ပိုပြီး၊ ပြင်းပြင်း ထံထံ၊ နေ့စဉ်မှန်မှန်၊ လုပ်တာကြောင့် စားချင်စိတ်တွေ ပိုလာစေတယ်။

(ပိန်နည်းများကို မကြာမကြာ တင်ပေးခဲ့လို့ ၀နည်းကို တောင်းဆိုလာသူများအတွက် ရှာဖွေပြီး တင်ပေးလိုက်ပါတယ်။ အခြားနည်းလမ်းများရှိရင်လည်း အများသိစေရန် ဖော်ပြပေးမှာမို့ မက်ဆေ့ကနေ ပေးပို့ထားနိုင်ကြပါတယ်။

သက်ရှည်ကျန်းမာ)

Credit to Htet Kaung Kin
================

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။