အကျပ်အတည်းတစ်ခုကိုရင်ဆိုင် ရတဲ့အခါ
======================
တစ်ခါတုန်းကပေါ့.....အိမ်တွေထဲ ထွင်းဖောက်ဝင်ရောက်ခိုးယူပြီး မိသားစုဝမ်းစာကို ရှာဖွေကျွေးမွေးနေတဲ့ သူခိုးကြီးမှာ သားတစ်ယောက်ရှိပါတယ်.....သားဖြစ်သူက သူ့အဖေ
ကိုကြည့်ပြီး ...အင်း.....အဖေဒီထက်အသက်ကြီးလာရင် မိသားစုစားဝတ်နေရေးအတွက် အလုပ်လုပ်နိုင်မှာ မဟုတ်တော့ဘူး၊ ဒီလိုဆိုရင် မိသားစုတာဝန်ကို ငါကပဲဆက်တာဝန်ယူ ရမှာ ဒီတော့ ငါ့
အဖေ ပညာကိုသင်ယူမှဖြစ်တော့မယ်လို့ စိတ်ကူးရတာနဲ့ သူ့အဖေကို
ပညာလက်ဆင့်ကမ်းဖို့ တောင်းဆိုတော့သူ့အဖေကလည်း သဘောတူလိုက်တယ် သင်မယ်ပေါ့...
တစ်ညတော့ အဖေဖြစ်သူက သူ့သားကို အိမ်ကြီးတစ်အိမ်ဆီ
ခေါ်သွားပြီး ခြံစည်းရိုး ဖောက်ဝင်လိုက်ပါတယ်.....နော က်တော့အိမ်ကြီး
ထဲအထိ ရောက်သွားကြရောဆိုပါတော့...
အိမ်ထဲရောက်လို့ အကြီးဆုံးသေတ္တာတွေ့တော့ အဖေဖြစ်သူက အဖုံးကိုဖွင့်ပြီး သားဖြစ်သူကိုသေတ္တာကြီးထဲဆင်းပြိး အ၀တ်အစားတွေ ယူထုတ်ပေးဖို့ခိုင်းပါတယ်.. ...သားတော်မောင်
သေတ္တာထဲလဲရောက်ရော သေတ္တာအဖုံး အလုံပိတ် သော့ခတ်ပြီး အဖေကြီးလစ်တော့တာပါပဲ။
အိမ်အပြင်ရောက်တော့ အိမ်ရှင်တွေနိုးလောက်အောင် တခါးရွက်ကို ခတ်နာနာထုပြီး လာရာလမ်းအတိုင်း ခြေသံလုံလုံနဲ့ အိမ်ပြန်အားရပါးရ အိပ်နေပါသတဲ့ အိမ်ရှင်တွေလည်းအသံကြားလို့ ကပျာကယာ အိပ်ယာကထ ဖယောင်းတိုင်ထွန်းပြီး လိုက်ရှာကြတော့ သူခိုးလွတ်သွားပြီ
ဆိုတာကိုသိလိုက်ရတယ်...
လိုက်စစ်ကြည့်တော့ဘာမှ ပါမသွားတာနဲ့ စိတ်ချလက်ချပြန်အိပ်
လိုက်ကြတယ်......အဲဒီအချိန် မှာသေတ္တာကြီးထဲ ပိတ်လှောင်ခံနေရတဲ့ သားဖြစ်သူကတော့ ရက်စက်လှတဲ့အဖေ အပေါ်မကျေမနပ် စိတ်တွေဖြစ်နေရာက အကျပ်အတည်းကလွတ်မြောက်
ဖို့စဉ်းစားရင်း လွတ်မြောက်ရေးနည်းကောင်းတစ် ခုကို ဖျက်ခနဲအကြံပေါ်လာပါတယ်..... ..
စိတ်ကူးအတိုင်းသူ့လက်သည်းတွေနဲ့ သေတ္တာကို ကြွက်ကိုက် သံမျိုးဖြစ်အောင် ကုတ်ခြစ်နေ လိုက်တယ်..... ဇနီးသည် ကြွက်ကိုက်သံကြားတယ်ဆိုတော့ အိမ်ရှင်ယောက်ျားကဖယောင်း
တိုင်မီးနဲ့ သေတ္တာကြီးကို လှည့်ပတ်ရှာပါတော့တယ်...အပြ င်မှာမတွေ့လို့ အထဲကြွက်ရောက်နေတာဖြစ်မယ် ဆိုပြီးသော့ဖွင့်လှပ် လိုက်ချိန်မှာ သကောင့်သားသူခိုးလဲ ရုတ်တရက်ထတဲ့ပြီး ဖယောင်းတိုင်မီးမှုတ် အိမ်ရှင်
ကို တွန်းလှဲပြီး လာလမ်းအတိုင်းထွက်ပြေးပါလေေ ရာ...
အိမ်ရှင်တွေလည်း အင်အားသင့်မှင်သက်သလို ဖြစ်နေရာက သတိပြန်ဝင်လာပြီးသူခိုးနောက်ကို လိုက်တော့တာပါပဲ...... ငနဲသားလဲ နောက်ကလိုက်လာပြီဆိုတာသိလို့ 
အလာတုန်းကတွေ့ခဲ့တဲ့ ရေတွင်းပျက်ကြီးနားရောက်တော့ 
ကျောက်ခဲတစ်လုံးကို ကောက်ပြီး ရေတွင်းထဲပစ်ချပြီး သုတ်ခြေတင်တော့တာပဲ........ ..၀ုန်းခနဲ အသံကြားလိုက်တာနဲ့
နောက်ကလိုက်လာတဲ့သူတွေ သူခိုးတော့ ရေတွင်းထဲ လိမ့်ကျသွားပြီဆိုတဲ့အထင်နဲ့ ရေတွင်းကိုဝိုင်းပြီး သူခိုးတက်မပြေးနိုင်အောင် စောင့်နေကြခိုက် သူခိုးကတော့
ခလုပ်မထိ ဆူးမငြိပဲ အိမ်ပြန်ရောက်သွားပါတယ်.... ....
အိမ်ရောက်လို့မပူမပင်အေးအေး ဆေးဆေး အိပ်နေတဲ့ ဖအေကိုမြင်
တော့ အဖေမို့သာအောင့်နေရတယ်၊ စိတ်ကတော့သား အပေါ်ရက်စက်တဲ့ အဖေဆိုပြီး ဒေါသထွက်နေမိတာအမှန်ပဲ..... .သူ့အဖေကိုနှိုးပြီး
သားအဖချင်း ရက်စက်ရကောင်းလားဆိုပြီး အပြစ်တင်ပြောဆိုမိတယ်...... ....
အဖေဖြစ်သူကတော့ အပြုံးမပျက် နားထောင်ပြီး.....ကဲ...ပြော စမ်း....
မင်းအိမ်ကို ဘယ်လိုပြန်ရောက်လာသလဲပေါ့.. ......ဒီတော့သားဖြစ်သူက သူ့ရဲ့လွတ်မြောက်မှုဖြစ်စဉ်ေ တွကို တစင်တတန်း ပြောပြလိုက်တယ်.........
အေး ငါ့သား မင်းသင်ချင်တဲ့ ပညာ မင်းတတ်ပြီးပြီ လုပ်စားလို့ရပြီလို့....... အသိအမှတ်ပြုဆာတီဖီကိတ် လက်မှတ်ပေးလိုက်ပါသတဲ့..... ................
ပုံပြင်ကိုဖတ်ပြီး သူခိုးပညာသင်တာများ အဆန်းလုပ်လို့ဆိုတဲ့သဘောမျိုးတော့
မထင်လိုက်ပါနဲ့ .....ပုံပြင်ကပေးချင်တဲ့ အကြောင်းပြချက်က အကျပ်အတည်းတွေ့လာတဲ့အခါ ဖြေရှင်းဖို့ နည်းလမ်းကောင်းမျိုး လက်ခနဲပေါ်လာပုံကို ပြောလိုတာဖြစ်ပါတယ်....
ကိစ္စတစ်ခုတည်းအပေါ် စိတ်စုစည်းမှုအားကောင်းလာတဲ့ အခါ အသိဥာဏ်အားကောင်းလာသလို ကာယအားလဲတိုးတက်လာတတ်ပါတယ်. ..............
တကယ့်အရေး တကယ့်ဘေး ဘယ်သွေးသာားမကယ်ပြီ.....ဆို တဲ့အတိုင်း ကိုယ့်ဘ၀ရဲ့ကယ်တင်ရှင်ဟာ ကိုယ်သာဖြစ်တယ်ဆိုတာကို သဘောပေါက်စေကြဖို့ပါပဲ..... .....
ကြားဖူးခဲ့တဲံ့ ပုံပြင်လေးတစ်ပုဒ်ကို သူငယ်ချင်းတို့အတွက်ဖတ်ရှု၍ေ ကာင်းအောင်
ပြန်လည်ရေးသားလိုက်ပါသည်... ..................
Casper
#သုတဇုန်
www.thutazone.com
======================
တစ်ခါတုန်းကပေါ့.....အိမ်တေ
ကိုကြည့်ပြီး ...အင်း.....အဖေဒီထက်အသက်ကြ
အဖေ ပညာကိုသင်ယူမှဖြစ်တော့မယ်လိ
ပညာလက်ဆင့်ကမ်းဖို့ တောင်းဆိုတော့သူ့အဖေကလည်း သဘောတူလိုက်တယ် သင်မယ်ပေါ့...
တစ်ညတော့ အဖေဖြစ်သူက သူ့သားကို အိမ်ကြီးတစ်အိမ်ဆီ
ခေါ်သွားပြီး ခြံစည်းရိုး ဖောက်ဝင်လိုက်ပါတယ်.....နော
ထဲအထိ ရောက်သွားကြရောဆိုပါတော့...
အိမ်ထဲရောက်လို့ အကြီးဆုံးသေတ္တာတွေ့တော့ အဖေဖြစ်သူက အဖုံးကိုဖွင့်ပြီး သားဖြစ်သူကိုသေတ္တာကြီးထဲဆင်
သေတ္တာထဲလဲရောက်ရော သေတ္တာအဖုံး အလုံပိတ် သော့ခတ်ပြီး အဖေကြီးလစ်တော့တာပါပဲ။
အိမ်အပြင်ရောက်တော့ အိမ်ရှင်တွေနိုးလောက်အောင် တခါးရွက်ကို ခတ်နာနာထုပြီး လာရာလမ်းအတိုင်း ခြေသံလုံလုံနဲ့ အိမ်ပြန်အားရပါးရ အိပ်နေပါသတဲ့ အိမ်ရှင်တွေလည်းအသံကြားလို့
ဆိုတာကိုသိလိုက်ရတယ်...
လိုက်စစ်ကြည့်တော့ဘာမှ ပါမသွားတာနဲ့ စိတ်ချလက်ချပြန်အိပ်
လိုက်ကြတယ်......အဲဒီအချိန်
ဖို့စဉ်းစားရင်း လွတ်မြောက်ရေးနည်းကောင်းတစ်
စိတ်ကူးအတိုင်းသူ့လက်သည်းတေ
တိုင်မီးနဲ့ သေတ္တာကြီးကို လှည့်ပတ်ရှာပါတော့တယ်...အပြ
ကို တွန်းလှဲပြီး လာလမ်းအတိုင်းထွက်ပြေးပါလေေ
အိမ်ရှင်တွေလည်း အင်အားသင့်မှင်သက်သလို ဖြစ်နေရာက သတိပြန်ဝင်လာပြီးသူခိုးနောက
အလာတုန်းကတွေ့ခဲ့တဲ့ ရေတွင်းပျက်ကြီးနားရောက်တော
ကျောက်ခဲတစ်လုံးကို ကောက်ပြီး ရေတွင်းထဲပစ်ချပြီး သုတ်ခြေတင်တော့တာပဲ........
နောက်ကလိုက်လာတဲ့သူတွေ သူခိုးတော့ ရေတွင်းထဲ လိမ့်ကျသွားပြီဆိုတဲ့အထင်နဲ
ခလုပ်မထိ ဆူးမငြိပဲ အိမ်ပြန်ရောက်သွားပါတယ်....
အိမ်ရောက်လို့မပူမပင်အေးအေး
တော့ အဖေမို့သာအောင့်နေရတယ်၊ စိတ်ကတော့သား အပေါ်ရက်စက်တဲ့ အဖေဆိုပြီး ဒေါသထွက်နေမိတာအမှန်ပဲ.....
သားအဖချင်း ရက်စက်ရကောင်းလားဆိုပြီး အပြစ်တင်ပြောဆိုမိတယ်......
အဖေဖြစ်သူကတော့ အပြုံးမပျက် နားထောင်ပြီး.....ကဲ...ပြော
မင်းအိမ်ကို ဘယ်လိုပြန်ရောက်လာသလဲပေါ့..
အေး ငါ့သား မင်းသင်ချင်တဲ့ ပညာ မင်းတတ်ပြီးပြီ လုပ်စားလို့ရပြီလို့.......
ပုံပြင်ကိုဖတ်ပြီး သူခိုးပညာသင်တာများ အဆန်းလုပ်လို့ဆိုတဲ့သဘောမျိ
မထင်လိုက်ပါနဲ့ .....ပုံပြင်ကပေးချင်တဲ့ အကြောင်းပြချက်က အကျပ်အတည်းတွေ့လာတဲ့အခါ ဖြေရှင်းဖို့ နည်းလမ်းကောင်းမျိုး လက်ခနဲပေါ်လာပုံကို ပြောလိုတာဖြစ်ပါတယ်....
ကိစ္စတစ်ခုတည်းအပေါ် စိတ်စုစည်းမှုအားကောင်းလာတဲ့
တကယ့်အရေး တကယ့်ဘေး ဘယ်သွေးသာားမကယ်ပြီ.....ဆို
ကြားဖူးခဲ့တဲံ့ ပုံပြင်လေးတစ်ပုဒ်ကို သူငယ်ချင်းတို့အတွက်ဖတ်ရှု၍ေ
ပြန်လည်ရေးသားလိုက်ပါသည်...
Casper
#သုတဇုန်
www.thutazone.com

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။