Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, October 12, 2015

မိသားစုပိုင် အာဏာရှင်စနစ်၏ ထူးဆန်းသောသမိုင်း


မြောက်ကိုရီးယားတွင် နိုင်ငံကို တကယ်တမ်း ထိန်းချုပ်ထားသည့် ကွန်မြူနစ်ပါတီ တည်ထောင်မှု နှစ် (၇၀) ပြည့် အထိမ်းအမှတ်ပွဲများကို ကျင်းပနေပြီ ဖြစ်သည်။ ပါတီ၏ အုပ်ချုပ်မှု အခြေခိုင်အောင် လုပ်ဆောင်ခဲ့သူ၏မြေး ကင်မ်ဂျုံအန်သည် ယင်းအခမ်းအနားများကို ကမကထပြု ကျင်းပနေပြီဖြစ်သည်။


သို့သော် ပါတီသည် နိုင်ငံရေး အဖွဲ့အစည်းအဖြစ်မှ မိသားစုပိုင် အာဏာရှင်စနစ်အဖြစ် အသွင်ပြောင်းလဲပုံကို လေ့လာကြည့်လျှင် သွေးခင်းသော လမ်းကို လျှောက်ခဲ့သည်ကို မြင်တွေ့နိုင်မည် ဖြစ်သည်။ မြောက်ကိုရီးယား ခေါင်းဆောင်မှုဆိုင်ရာ ကျွမ်းကျင်သူ မိုက်ကယ်မက်ဒန်၏ ရှင်းပြချက် တချို့ကို ပြန်လည် ဖောက်သည်ချလိုက်ပါသည်။

အိုင်ဒီယာရှိနေတဲ့ ဆယ်ကျော်သက်လေး ၁၉၂၆ ခုနှစ် အောက်တိုဘာလ (၁၇) တွင် ကင်မ်အီလ်-ဆွန်းဆိုသူ ဆယ်ကျော်သက် လူငယ်လေးသည် နယ်ချဲ့ဝါဒ ကျဆုံးရေးသမဂ္ဂကို ဖွဲ့စည်းခဲ့သည်။ ဂျပန်၏ နယ်ချဲ့ဝါဒကို တိုက်ခိုက်ပြီး မာ့စ်-လီနင်ဝါဒ အခြေခံရေးကို ရည်ရွယ်ပြီး သမဂ္ဂကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟု ပြောကြသည်။ မြောက်ကိုရီးယား ၀ါဒဖြန့်ချိရေး ယန္တရားက ပါတီနှစ်ပတ်လည်နေ့တွင် ယင်းဖြစ်ရပ်ကို ဂုဏ်ယူပြီး ဖော်ပြလိုသည်။ တချို့ကလည်း ပါတီတကယ် ပေါ်ပေါက်သည်မှာ ၁၉၄၉ မှဖြစ်သည်ဟု ပြောကြသည်။ ယင်းနှစ်တွင် တောင်နှင့်မြောက် ကိုရီးယား ကွန်မြူနစ်များသည် ညီညွတ်သော ကိုရီးယားနိုင်ငံ ပေါ်ထွန်းရေးအတွက် စိတ်တူကိုယ်တူ လက်တွဲခဲ့ကြသည်။

သို့သော် မြောက်ကိုရီးယား၏ သမိုင်းအရဆိုလျှင် ၁၉၄၅ ခုနှစ်တွင် ကိုရီးယား ကွန်မြူနစ်ပါတီ ဗြူရိုကို တည်ထောင်ခဲ့သည်။ ယင်းဗြူရိုသည် ယနေ့ မြောက်ကိုရီးယားကို အုပ်ချုပ်နေသော ပါတီအဖြစ် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။

ခေါင်းဆောင်တစ်ဦး ပေါ်ထွန်းလာခြင်း

၁၉၃၇ ခုနှစ်ဖြစ်သည်။ အသက် (၂၄) နှစ်အရွယ် ကင်မ်အီလ်-ဆွန်းသည် ပိုချွန်ဘိုမြို့ကို ရဲရင့်စွာ သိမ်းပိုက်ခဲ့သည်။ ဂျပန်များ သိမ်းယူထားသောမြို့အား တပ်ခွဲလေးတစ်ခု အင်အားဖြင့် ပြန်လည် သိမ်းယူခဲ့ခြင်း ဖြစ်သည်ဟု ဒဏ္ဍာရီများက ဆိုသည်။

ဆိုဗီယက်များကလည်း ကင်မ် အီလ်-ဆွန်းအကြောင်းကို များစွာချီးမြောက်ခဲ့ကြသည်။ မြောက်ကိုရီးယား အလုပ်သမားများ ပါတီရှိ ကင်မ် အီလ်-ဆွန်း၏ အခန်းကဏ္ဍကို ချီးမြှောက်ရေးသားခဲ့သည်။ ပါတီ၏ အစောပိုင်းကာလများတွင် တရုတ်လူမျိုး ကိုရီးယားနိုင်ငံသား လှုပ်ရှားသူများ၊ ရုရှားမှထွက်ခွာလာသည့် ကိုရီးယား လူမျိုးများ၊ မြောက်ကိုရီးယားသို့ ရွှေ့ပြောင်းလာသည့် တောင်ကိုရီးယား ကွန်မြူ နစ်များနှင့် ကင်မ်၏ ပြောက်ကျား တိုက်ခိုက်ရေးသမားများ ပါဝင်ခဲ့သည်။

ပထမဆုံး သွေးမြေကျမှု

၁၉၅၀ မှာတော့ ကင်မ်အီလ်-ဆွန်း အာဏာကို ခိုင်ခိုင်မြဲမြဲ ချုပ်ကိုင်ထားပြီ ဖြစ်သည်။ တောင်ကိုရီးယားနှင့် ပြန်လည် ပေါင်းစည်းရေးမှာ မြောက်ကိုရီးယား၏ အစီအစဉ်များတွင် ထိပ်ဆုံးကပါဝင်ခဲ့သည်။ ယင်းကြောင့်ပင် ကိုရီးယားစစ်ပွဲ စတင်ခဲ့ခြင်းဖြစ်သည်။ တောင်ကိုရီးယားနှင့် ပတ်သက်မှုရှိသော ကွန်မြူနစ်များအား အဆုံးစီရင်ခြင်းဖြင့် ကင်မ်အီလ်-ဆွန်းသည် အာဏာချုပ်ကိုင်မှု ခိုင်မြဲအောင် လုပ်ခဲ့သည်။

ပါတီ၏ အစောဆုံးသမိုင်းတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် ရုရှားနှင့် တရုတ်၊ ကိုရီးယားများ နယ်နှင်ဒဏ်ခံရသည်။ အကျဉ်းချခံရသည်။ အကြောင်းအရင်း ခိုင်ခိုင်မာမာမရှိဘဲ ပျောက်ကွယ် သွားကြသည်။ ၁၉၅၆ ခုနှစ် ပါတီကွန်ဂရက်စ်ပြီးနောက် ကင်မ်အီလ်-ဆွန်းကို လုပ်ကြံရန် စီစဉ်ခဲ့သည့် ရုရှား၊ တရုတ်တို့နှင့် ပတ်သက်မှုရှိသော ပါတီအရာရှိများ အဆုံးစီရင် ခံခဲ့ရသည်။

ဇာတ်စနစ်ကို တည်ထောင်သည်

၁၉၅၇ ခုနှစ်တွင် ဆွန်ဘန်ဆိုသည့် ဇာတ်စနစ်ကို ဖန်တီးခဲ့သည်။ မြောက်ကိုရီးယား လူ့အဖွဲ့အစည်းအား လူတန်းစား ခွဲခြားပြီး မလိုလားအပ်သူများကို ဖြုတ်၊ ထုတ်၊ သတ်ရန်ဖြစ်သည်။

ဆွန်ဘန်နှင့် ပတ်သက်ပြီး ညွှန်ကြားချက် အနည်းငယ်သာ ရှိခဲ့သည်။ လူများကို အစုသုံးစုခွဲထားသည်။ အနှစ်သာရရှိသော လူတန်းစား၊ သာမန်လူတန်းစားနှင့် ရန်လိုသော လူတန်းစားဟူ၍ သုံးမျိုးခွဲခဲ့သည်။ ရန်လိုသော လူတန်းစားဆိုသည်မှာ နိုင်ငံရေး အရ အန္တရာယ်ပေးနိုင်သူများ ဖြစ်သည်။ သူတို့ကို ဖြုတ်၊ ထုတ်၊ သတ်ရမည်။ မသတ်လျှင်လည်း သူတို့အတွက် ဘ၀တိုးတက် ကောင်းမွန်ရေး အလားအလာ မရှိအောင် ပိတ်ပင်ရမည်။ ဒါတွေကို ကွန်မြူနစ်ပါတီက စနစ်တကျ လုပ်ဆောင်ခဲ့သည်။

ကွန်မြူနစ်ပါတီ၏ အဖွဲ့အစည်း လမ်းညွှန်ဌာနက ဒါတွေကို ကြီးကြပ် လုပ်ဆောင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်များအတွင်း မြောက်ကိုရီးယားတွင် တကယ် အာဏာရှိသည်မှာ ယင်းဌာနသာ ဖြစ်သည်ဟု အများက ယူဆခဲ့ကြသည်။ ယင်းကာလမှာ အာဏာပိုင်များက လူများအား ရန်သူနှင့် မိတ်ဆွေ ခွဲခြားခဲ့သောနှစ်များ ဖြစ်ကြသည်။

ခေါင်းဆောင်ဒဏ္ဍာရီ ပေါ်ထွက်လာပြီ

၁၉၆၇ မှ ၁၉၇၁ ခုနှစ်အတွင်း နိုင်ငံရေးအရ သွေးမြေကျမှုများ ရှိခဲ့သည်။ အဆင့်မြင့်အရာရှိ (၁၇) ဦး ဖြုတ်၊ ထုတ်၊ သတ်ခံခဲ့ရသည်။

ဒီတစ်ခါတွင်တော့ ကင်မ် အီလ်-ဆွန်း၏ ပြောက်ကျားတပ်မှ အရာရှိများ ပစ်မှတ်ထားခံခဲ့ရသည်။ ၁၉၆၈ ခုနှစ်တွင် အမေရိကန်ပိုင် USS Pueblo သူလျှိုသင်္ဘောအား ဖမ်းမိသည့်အခါတွင် မြောက်ကိုရီးယား စစ်တပ် အရာရှိများကြား ဖြုတ်၊ ထုတ်၊ သတ်မှု ပေါ်ပေါက်ပြန်သည်။

၁၉၇၀ ပြည့်နှစ်တွင် ငါးကြိမ်မြောက် ပါတီကွန်ဂရက်စ်ကို ကျင်းပခဲ့သည်။ ယင်းအချိန်တွင် ပါတီမှာ မာ့စ်-လီနင်ဝါဒီကို လိုက်နာသော ပါတီအဖြစ်မှ ကင်မ်အီလ်-ဆွန်းကို ကိုးကွယ်သောပါတီ၊ ကင်မ်အီလ်-ဆွန်း၏ ဆန္ဒကို ဖြည့်ဆည်းပေးသော ပါတီဖြစ်နေပြီ ဖြစ်သည်။

မိသားစုပိုင်လုပ်ငန်း

ကင်မ်အီလ်-ဆွန်းသည် သားဖြစ်သူ အာဏာရရှိရေးကို ဆက်လက် ကြိုးပမ်းခဲ့သည်။ ၁၉၇၃ မှ ၁၉၇၄ ခုနှစ်အတွင်း ကင်မ်ဂျုံ-အီသည် ပါတီတွင်း အဆင့်မြင့် ရာထူးများကို စတင် ထမ်းဆောင်ခဲ့သည်။ အထူးသဖြင့် အဖွဲ့အစည်း လမ်းညွှန်ရေးဌာန အကြီးအကဲ ဖြစ်လာခြင်း ဖြစ်သည်။

ပါတီတွင် အဆင့်မြင့် ရာထူးများ ထမ်းဆောင်ရင်း နိုင်ငံရေးအရ ထောက်ခံသူများကိုလည်း မွေးမြူခဲ့သည်။ မိထွေး ကင်မ်ဆွန်-အဲကဲ့သို့ သူ့ကို ဆန့်ကျင်ရဲသူများကိုလည်း အပြစ်ပေးခဲ့သည်။ မိထွေးဖြစ်သူသည် သူ၏သား ကင်မ်ပြုံ-အီလ် ခေါင်းဆောင်အဖြစ် ဆက်ခံရေးအတွက် အပြင်းအထန် ကြိုးပမ်းခဲ့သူ ဖြစ်သည်။

မြောက်ကိုရီးယား နိုင်ငံပိုင် မီဒီယာကို ချုပ်ကိုင်ထားနိုင်ခြင်းနှင့် ပြည်တွင်း လုံခြုံရေးဌာနများနှင့် အဆက်အသွယ်ရှိခြင်း တို့ကြောင်း ကင်မ်ဂျုံ-အီလ်သည် မိထွေးနှင့် ဖအေတူ မအေကွဲ ညီအစ်ကို မောင်နှမများကို ဖယ်ရှားနိုင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်များတွင် ကင်မ်ဂျုံ-အီလ်သည် အဆင့်မြင့်အရာရှိများစွာကို ဖယ်ရှားပြီး စစ်တပ်ကို ချုပ်ကိုင်ခဲ့သည်။

တောရိုင်းထဲက နှစ်များစွာ

၁၉၉၄ ခုနှစ်တွင် ကင်မ်အီလ်-ဆွန်း ကွယ်လွန်ခဲ့သည်။ ပြီးနောက် မြောက်ကိုရီးယားတွင် အငတ်ဘေး ဖြစ်ခဲ့သည်။ ဖြစ်ရပ်နှစ်ခုကြောင့် ပါတီ၏ အင်အားယုတ်လျော့ သွားခဲ့သည်။ ဗဟိုကော်မတီသည် ၁၉၉၃ မှ ၂၀၁၀ ခုနှစ်အထိ အစည်းအဝေး ကျင်းပခြင်း မပြုခဲ့။ အဓိက ရာထူးနေရာများ လစ်လပ်နေဆဲ ဖြစ်သည်။

အုပ်ချုပ်ရေး တာဝန်များကို ယူထားဆဲ ဖြစ်သော်လည်း နိုင်ငံရေး အဖွဲ့အစည်း အဖြစ်မူ နာမည်ပင်မရှိတော့။ သို့သော် ၂၀၁၀ခုနှစ်တွင် ကင်မ်ဂျုံ-အီလ်သည် ကျန်းမာရေး မကောင်းမွန်တော့ခြင်းနှင့် သားဖြစ်သူ ကင်မ်ဂျုံ-အန် သူ့နေရာကို ဆက်ခံခွင့်ရရှိရေးတို့ကြောင့် ပါတီအား နိုင်ငံရေးဆိုင်ရာ အဆောက်အအုံအဖြစ် ပြန်လည် အသက်သွင်းရန် ကြိုးပမ်းခဲ့သည်။

ပါတီမှာ မိသားစုပိုင်လုပ်ငန်း ဖြစ်လာပြီ

ကင်မ်ဂျုံ-အန်လက်ထက်တွင် ပါတီသည် နိုင်ငံရေး အဆောက်အအုံအဖြစ် ကြီးပွားအောင်မြင်ခဲ့သည်။ သူသည် ၂၀၀၇ ခုနှစ်မှစပြီး ပါတီပြန်လည် ခေါင်းမော့လာရေး လုပ်ဆောင်ချက်တွင် ပါဝင်ခဲ့သည်။ အဘိုးဖြစ်သူကဲ့သို့ မဟာခေါင်းဆောင် ရာထူးရယူထားသော ကင်မ်ဂျုံ-အန်သည် ပါတီ၏နိုင်ငံရေး ဗြူရိုကိုအသုံးချပြီး စစ်ဦးစီးချုပ် ရီယွန်-ဟို၊ ဦးလေးဖြစ်သူ ဂျန်ဆွန်-သက် ကဲ့သို့ မလိုလားအပ်သူများကို ဖယ်ရှားခဲ့သည်။

ထို့ပြင်သူသည် ပါတီ၏ ဗဟိုစစ် ကော်မရှင်ကို ချုပ်ကိုင်ပြီး အာဏာဆက်လက် တည်ဆောက်ခဲ့သည်။ တကယ်တမ်းတွင် ကင်မ်ဂျုံ-အန်သည် ပါတီကိုချုပ်ကိုင်ခြင်းဖြင့် မိသားစု အမွေအနှစ်ကို ဆက်လက် ထိန်းသိမ်းနေခြင်းသာ ဖြစ်သည်။

Ref: The strange history of North Korea's Communists:BBC
messenger news journal



SearchMyanmar

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။