Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, October 24, 2015

မြည်းမိုက် မဖြစ်စေနဲ့ …


တစ်ခါတုန်းက မြေအိုးဖုတ်သမားတစ်ယောက်ဆီမှာ ၀န်ထုတ်ဝန်ပိုးတွေကို သယ်ပေးရင်း အသက်မွေးနေ တဲ့ မြည်းလေးတစ်ကောင်ရှိပါတယ်။ ဒီမြည်းကလေးဟာ နေ့စဉ်နေ့တိုင်း သူ့သခင်ရဲ့ အလုပ်ခွင်မှာ ၀င်လုပ် ပေးရတဲ့အပြင် စာနာမှုမရှိတဲ့ သူ့သခင်ရဲ့ ရိုက်နှက်ဆဲရေးကြိမ်းမောင်းတဲ့ ဒဏ်ကိုလည်း နေ့တိုင်း လိုလို ခံရပါသတဲ့။


တစ်နေ့မှာတော့ မလှမ်းမကမ်းရွာမှာနေတဲ့ မြည်းကလေးရဲ့ ညီဝမ်းကွဲတော်သူ တခြားမြည်းတစ်ကောင်ဟာ သူ့အစ်ကိုဆီကို အလည်လာခဲ့ပါတယ်။ အလည်လာတဲ့ ညီကိုတွေ့ရတော့ မြည်းကလေးဟာ ပျော်သွားပါ သတဲ့။ မတွေ့ရတာလဲကြာပြီဆိုတော့ ရောက်တုန်းရောက်ခိုက်လေး သူတို့နှစ်ယောက် ပျော်ပျော်ရွှင်ရွှင် နဲ့ပင် စားကြသောက်ကြရင်း…စကားစမြည်ပြောဖြစ်ကြပါတယ်။ သူ့ညီမြည်းကလေးကလည်း သူ့အစ်ကိုဆီ ရောက်တုန်းရောက်ခိုက်အနည်းဆုံး နှစ်ရက်သုံးရက်လောက်နေပြီးမှ ပြန်မယ်လို့ ဆုံးဖြတ်ထားခဲ့ပါသတဲ့။

နောက်တစ်နေ့ နံနက်မိုးသောက်လို့ အလင်းရောက်ချိန်မှာတော့ အိမ်ရှင်မြည်းကလေးဟာ ထုံးစံအတိုင်း အင်မတန်လေးလံတဲ့ ၀န်တွေကို သူ့ကျောကုန်းပေါ်မှာတင်ပြီး သူ့အလုပ်ခွင်ကို ၀င်ရပါတယ်။ ဒီလိုလုပ်နေ ရင်း တစ်ခါတစ်ခါ သူ့သခင်ရဲ့ ရိုက်ပုတ်တာ၊ ဆဲရေးတိုင်းထွာတာတို့ကိုလည်း မကြာမကြာခံရပါတယ်။ ဒီအနေ အထားကို မြင်သွားတဲ့ အလည်အပတ်ရောက်လာတဲ့ မြည်းကလေးဟာ တော်တော်လေးကို အံ့သြမိ သွားခဲ့ပါတယ်။

ညနေပိုင်း အလုပ်တွေလည်း သိမ်းပြီဆိုတော့ ညီဖြစ်တဲ့ မြည်းကလေးဟာ သူ့အစ်ကိုကို

“အစ်ကို….ကျနော်ကို ပြောပြပါဦး။ အစ်ကိုက နေ့တိုင်းပဲ ဒီလိုအရိုက်အနှက် အဆဲရေးခံပြီးတော့ သူ့ဝန်တွေ ကို ဆွဲပေးနေရတာလား ”ဆိုပြီး မေးလိုက်ပါတယ်။ ဒီတော့ မြည်းကလေးက အနည်းငယ်ပြုံးပြီး

“ဟုတ်တာပေါ့……ငါ့ညီရာ…။ ငါ့သခင်က နေ့တိုင်းပဲ ငါ့ကို ရိုက်နှက်ဆဲရေးတိုင်းထွာပြီး ၀န်တွေကို ဆွဲစေခဲ့ တာလေ…”

လို့ ပြန်ပြောလိုက်ပါတယ်။ ဒီတော့ သူ့ညီမြည်းကလေးက တစ်ခါထပ်ပြီး

“ဒါဆို ဘာဖြစ်လို့ အစ်ကိုက ဒီသခင်ကို ထားခဲ့ပြီး အဝေးကို ထွက်မပြေးခဲ့တာလဲ။ ကျနော့အလိုသာဆိုရင် ထွက်ပြေးသွားမှာ အမှန်ပဲ။ အခုတော့ အစ်ကိုက အဲဒီလိုမဟုတ်ဘဲ ဒီမှာပဲ ဆင်းဆင်းရဲရဲနဲ့ ကပ်နေနေ ရတယ်လို့။ ပြောပါဦး…ဘာဆွဲဆောင်စရာတွေများ ရှိနေလို့ ဒီမှာဆက်ပြီး နေနေရတာလဲ…”

လို့မေးလိုက်တဲ့ခါ မြည်းကလေးက

“ဒီလိုကွ….ငါ့ညီရ။ ဒီအိုးဖုတ်သမားကြီးမှာ အင်မတန်လှပတဲ့ သမီးလေးတစ်ယောက်ရှိတယ်…”

ဒီမှာ ညီဖြစ်သူက

“ဒါဆို…. အစ်ကို ဆိုလိုချင်တာက ….”

စကားဖြတ်ပြောတဲ့အခါမှာတော့ မြည်းကလေးက သူ့စကားကိုပြန်ဆက်ပြီး

“ဒီအိုးဖုတ်သမားကြီးက သူ့သမီးလေး အမှားတစ်ခုခုကို လုပ်မိတဲ့အခါတိုင်းအခါတိုင်း ‘နင့်ကို ငါ ဒီမြည်းနဲ့ ပေးစားပစ်မယ်…၊ နင့်ကို ငါ ဒီမြည်းနဲ့ ပေးစားပစ်မယ်’ လို့ ခဏခဏပြောပြီး ကြိမ်းမောင်းတယ်ကွ။ ဒါဆို ငါ့ညီနားလည်လောက်ပြီ ထင်ပါတယ်…ငါဒီမှာဘာကြောင့် သူတို့ကို မစွန့်ခွာဘဲ ဆက်ပြီးနေနေတယ်ဆို တာကို။ ကဲ…. ဘယ်လိုလဲ အခု ငါ့ရဲ့ ဒီမှာဆက်နေရခြင်းအကြောင်းနဲ့ ငါ့ရဲ့တောက်ပနေတဲ့ အနာဂတ်ကို ငါ့ညီ သိပြီမဟုတ်လား…”

လို့ ပြောလိုက်ပါတယ်။ ဒီတော့ ညီဖြစ်သူ မြည်းကလေးက စိတ်မထိန်းနိုင်ဘဲ ကျယ်လောင်စွာကို အော်ရယ် ပစ်လိုက်ပါတယ်။ သူ့အစ်ကို ပြောတဲ့စကားကို မယုံကြည်နိုင်လောက်အောင် ဖြစ်သွားပြီး ထပ်ခါ ထပ်ခါရယ် မောပစ်လိုက်ပါတယ်။ ပြီးတော့…

“အစ်ကို …. မင်းဟာ ငမိုက်ပဲ…။ အေး….. မင်းသခင် ပြောသလို မင်းကို သူ့သမီးနဲ့ ပေးစားမယ့် ရက်ဟာ ဘယ်တော့မှာ ရောက်လာမှာ မဟုတ်ဘူး…”

လို့ ပြောလိုက်ပါတယ်။

ကျနော်တို့ရဲ့နေ့စဉ်ဘ၀မှာလည်း ဒီပုံပြင်လေးထဲက အိုးဖုတ်သမားရဲ့ မြည်းလေးအတိုင်းပါပဲ။ ကျနော်တို့ အားလုံးလိုလိုဟာ ရောက်လာဖို့အတွက် မသေချာတဲ့အနာဂတ်တွေကို မျှော်ကိုးရင်းနဲ့ပင် ခက်ခဲကြမ်း တမ်းတဲ့ ဘ၀ခရီးကို ဖြတ်သန်းကြတယ်။ ဆင်းရဲဒုက္ခရဲ့ ဒဏ်တွေကို အနာဂတ်ရောင်ခြည်တွေနဲ့ ကုစားကြ တယ်။ ဒါပေမဲ့ မှားယွင်းနေတဲ့ အနာဂတ်မျှော်လင့်ချက်တွေကို မိုက်ရူးရဲဆန်စွာနဲ့ပင် ဆုတ်ကိုင်ထား မိမယ်ဆိုရင်တော့………..။

Credit: ဘ၀ကျောင်းဖတ်စာ
  SearchMyanmar

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။