တိုင်းပြည်စီးပွားရေးပြန်လ ည်ဖွံ့ဖြိုးတိုးတက်ဖို့ ဘာတွေလုပ်ဆောင်သင့်လဲ
************************** ************************** ******
ဖြူသစ်လွင်
ပြီးခဲ့သည့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်က စီးပွားရေးဖွံ့ဖြိုးမှု ၈ ဒသမ ၅ ရာခိုင် နှုန်းအထိ တိုးတက်ခဲ့သော မြန်မာ့စီးပွားရေးမှာ ယခုဘဏ္ဍာနှစ်တွင် ၆ ဒသမ ၅ ရာ ခိုင်နှုန်းသို့ ကျဆင်းလာနိုင်သည်ဟု ကမ္ဘာ့ဘဏ် က အရှေ့အာရှနှင့်ပစိဖိတ်ဒေသ၏ စီးပွားရေး တိုးတက်ရေးအစီရင်ခံစာနှင့် မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာတွင် ထုတ်ဖော်ပြော ဆိုလိုက်သည်။
အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ စီးပွား ရေးဝန်းကျင် အနေအထားနှင့်အတူ လူမှုရေး နှင့် နိုင်ငံရေးကဏ္ဍတို့တွင်လည်း စိန်ခေါ်မှု များစွာ ရှိနေကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဆက် စပ်သည့် သွင်းကုန်ဝယ်လိုအားများ မြင့်တက် လာခြင်းကြောင့် စာရင်းရှင်လိုငွေများ တက် လာကြောင်း၊ အလားတူ အမေရိကန်ငွေကြေး ခိုင်မာလာခြင်းသည်လည်း မြန်မာငွေကြေး လဲလှယ်မှုနှုန်းထားများအပေါ် ဖိအားရှိနေ ကြောင်း၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများသို့
ချေးငွေတိုးတက်မှုနှုန်းလည်း မြင့်မားနေ ကြောင်း၊ ထို့ကြောင့်
ငွေကြေးဖောင်းပွမှုနှုန်း မှာလည်း ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ် သြဂုတ်လ မှ ယခု
၂ဝ၁၅ ဇူလိုင်လအထိ တစ်နှစ်တာ ကာလအတွင်း ၁ဝ ရာခိုင်နှုန်းခန့် မြင့်တက်
သွားကြောင်း ဆက်လက်ဖော်ပြထားသည်။
မြန်မာ့စီးပွားရေးကို လာမည့်နှစ်အတွင်း တိုးတက်လာမည်ဟု ခန့်မှန်းထားကြသော် လည်း အမှန်ပင် လက်ရှိစီးပွားရေးအခြေအ နေမှာ အားကောင်းသောအဆင့်သို့ ရောက် ရှိရန်ခက်ခဲနေသေးသည်။ နိုင်ငံ၏ Decision Maker (ဆုံးဖြတ်ပိုင်ခွင့်ရှိသူ)များသည်
စီးပွားရေးထက် နိုင်ငံရေးကိုသာ ပိုမိုစိတ် အားထက်သန်နေကြသည်ကို
တွေ့နေရသည့် အတွက် ရွေးကောက်ပွဲအပြီး တက်လာမည့် နောက်အစိုးရသစ်လုပ်ရပ်၏
စီးပွားရေးဆိုင် ရာ ပြုပြင်ပြောင်းလဲမှုများကို စောင့်ကြည့်ရုံ
သာရှိတော့သည်ဟု စီးပွားရေးကျွမ်းကျင်ပညာ ရှင်များက သုံးသပ်ပြောဆိုထားကြသည်။
ရန်ကုန်စီးပွားရေးတက္ကသိုလ် အသုံးချ ဘောဂဗေဒဌာန(ငြိမ်း) ပါမောက္ခဒေါက်တာ မောင်မောင်စိုးက ''တိုင်းပြည်ရဲ့စီးပွားရေး ပြန် လည်အားကောင်းလာအောင် ပံ့ပိုးနိုင်မယ့် အစီအမံနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှု အား နည်းနေသလိုပဲ။ ကျွန်တော်အာဏာရရင် လုပ် မယ်ဆိုတာနဲ့ ကျွန်တော် အာဏာဆက်ရရင် လုပ်မယ်ဆိုတာမျိုးပဲ ကြားရတယ်။ ကျွန်တော့် အမြင်ကတော့ တိုင်းပြည်ရဲ့ စီးပွားရေးဟာ လှည့်စားခံနေရတယ်။ တကယ်က ရေတို၊ ရေ ရှည် စီးပွားရေးမူဝါဒတွေ ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့လိုတယ်'' ဟု ဝေဖန် သည်။
စီးပွားရေးကျဆင်းလာနိုင်ခြင်းမှာ မကြာ သေးခင်က ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှု ဖြစ်စဉ်များနှင့် ရင်းနှီးမြှုပ်နှံမှုများ နှေးကွေး လာခြင်းတို့ကြောင့်ဖြစ်ကြော င်း ကမ္ဘာ့ဘဏ် က ဆက်လက်ထောက်ပြသည်။
သို့သော် မည်သည့်အတိုက်အခံပါတီဖြစ် စေ၊ အစိုးရဖြစ်စေ ထိုကဲ့သို့သဘာဝဘေးအန္တ ရာယ်များ ကြုံတွေ့နေရချိန်တွင်ပင် နိုင်ငံစီး ပွားရေးကို ပြန်လည်ထူထောင်ရေးထက် မိမိ တို့အာဏာရရန်အတွက်ကိုသာ ဦးတည်လုပ် ဆောင်နေသည်ကို တွေ့မြင်နေရသည်။
ယင်းအပြင် ပြည်တွင်းရှိစီးပွားရေးလုပ် ငန်းရှင်များအနေဖြင့် လုပ်သာကိုင်သာရှိသည့် အခြေအနေအထိကို ကောင်းမွန်လာခြင်းမရှိ သေးကြောင်း စီးပွားရေးလုပ်ငန်းရှင်များ က ဆိုသည်။
''မူဝါဒပိုင်းက အရေးကြီးတယ်။Policy တစ်ခု ချမှတ်တော့မယ်ဆိုရင်လဲ အောက် ခြေနဲ့ ကိုက်ညီမှုရှိတဲ့ သတ်မှတ်ချက်တစ်ခု ဖြစ်ဖို့လိုတယ်။ အဲဒါမှ လုပ်ငန်းတွေက လုပ် သာကိုင်သာရှိမှာ။ အခု ပြည်တွင်းစီးပွားရေး က လုပ်သာကိုင်သာ အဆင့်တောင်မရှိဘူး'' ဟု စီးပွားရေးလုပ်ငန်းရှင် ဦးအောင်လတ်က ဆိုသည်။
မူဝါဒများကို ကောင်းမွန်အောင်ပြဋ္ဌာန်း သည့်အပိုင်းတွင်လည်း လက်တွေ့အကောင် အထည်ဖော် ဆောင်ရွက်ခြင်းမရှိလျှင် စီးပွား ရေးတိုးတက်လာစရာအကြောင်း ရှိမည်မဟုတ် သေးပေ။ ထို့ကြောင့် မူဝါဒတစ်ရပ်ကိုချမှတ် ပြီးသည့်အခါတိုင်း အလေးထားလုပ်ဆောင် ပေးရန်လည်းလိုအပ်နေသည်ဟု ယင်းကဆက် လက်ပြောဆိုသည်။
တိုင်းပြည်မှာ နိုင်ငံလူဦးရေ၏ ၇ဝ ရာ ခိုင်နှုန်း လုပ်ကိုင်ကြသည့် စိုက်ပျိုးရေးကိုအ ခြေခံသည့်နိုင်ငံဟု ဆိုထားသော်လည်း လယ် ယာကဏ္ဍမှာ ဖွံ့ဖြိုးတိုးတက်မှုမရှိသည့် အပြင် ယင်းကဏ္ဍအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုနှုန်းထားမှာလည်း သုည ဒသမ ၅ ရာခိုင်နှုန်းဖြင့် နိမ့်ကျနေဆဲဖြစ်နေသေး သောကြောင့် ဖွံ့ဖြိုးမှုနည်းပါးနေသည်ကို တွေ့ ရသည်။
စိုက်ပျိုးရေးကဏ္ဍအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမြင့်တက်လာရန် အသစ်ပြဋ္ဌာန်း မည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ အမြန် ဆုံး ထွက်ပေါ်လာရန် လိုအပ်လျက်ရှိကြောင်း သိရသည်။
''မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍမှာ အခုထိ ဘာဖြစ်လို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မပြုကြသေးတာလဲဆိုရင် လက်ရှိမြန်မာနိုင်ငံ ရဲ့ မြေယာဥပဒေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ တွေကို မြေယာငှားရမ်းလုပ်ကိုင်ခွင့်  မရှိတာ ကြောင့်ပဲ။ ဥပဒေအသစ်မှာ မြေယာနှစ်ရှည် ငှားရမ်းစိုက်ပျိုးခွင့် ပေးမယ်ဆိုရင် ဒီကဏ္ဍမှာ ရင်းနှီးမြှုပ်နှံချင်သူတွေ ရှိနေပါတယ်''ဟု အာရှဖွံ့ဖြိုးရေးဘဏ်၊ မြန်မာနိုင်ငံ ဒုတိယ ဌာနေကိုယ်စားလှယ် Mr.Perter J. Brimble က ပြောသည်။
အသစ်ရေးဆွဲနေသည့် မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုဥပဒေမူကြမ်း
အပိုဒ် ၁၂ တွင် ရင်း နှီးမြှုပ်နှံသူအားလုံးသည် ပုဂ္ဂလိကမြေပိုင်ရှင်
သို့မဟုတ် နိုင်ငံတော်ပိုင်ဖြစ်လျှင် အစိုးရအဖွဲ့ အစည်းများထံမှ
စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားရင်းနှီးမြှုပ်နှံမှု
ပုံစံတစ် မျိုးမျိုးကို အကောင်အထည်ဖော်ရာတွင် အ သုံးပြုရန်အလို့ငှာ
မြေငှားရမ်းသည့်အခါ ရင်း နှီးမြှုပ်နှံသူနှင့် မြေယာငှားရမ်းသူတို့သည်
သဘောတူညီမှု အချိန်အကန့်အသတ်တစ်ခုခု နှင့် ငှားရမ်းခွင့်ပေးထားသည်။
အဆိုပါ ဥပဒေမူကြမ်း၌ နိုင်ငံခြားရင်း နှီးမြှုပ်နှံသူများအနေဖြင့် 
မြေယာငှားရမ်းရာ တွင် ပထမအဆင့်နှစ် ၅ဝ အထိ ငှားရမ်းခွင့် ရှိပြီး ထပ်တိုး
၁ဝနှစ်နှင့် နောက်ထပ်တိုး ၁ဝ နှစ်ငှားရမ်းခွင့်ရှိသည်ဟု ထည့်သွင်းရေးဆွဲ
ထားခြင်းကြောင့်လည်းဖြစ်သည် ။
သို့သော်လည်း စိုက်ပျိုးရေးကဏ္ဍတွင် အခြားစိန်ခေါ်မှုများဖြစ်သည့်
ရာသီဥတု၊ ပတ်ဝန်းကျင်နိုင်ငံများ၏ ထုတ်လုပ်မှု၊ အရည် အသွေး
စသည့်အချက်များလည်း ရှိနေရာ ယင်းကဏ္ဍကို Package အလိုက် ချဉ်းကပ် ရန်
လိုနေဆဲဖြစ်ကြောင်း စီးပွားရေးလေ့လာ သုံးသပ်သူများကဆိုသည်။
အခြား ကုန်သွယ်ရေးကဏ္ဍကို ကြည့် လျှင်လည်း လက်ရှိအချိန်အထိ ကုန်သွယ်လို ငွေပို့ကုန်ထက် သွင်းကုန်တင်သွင်းမှု ပိုမိုများ ပြားနေသဖြင့် နှစ်စဉ်ကုန်သွယ်မှုလိုငွေ ဖြစ် ပေါ်လျက်ရှိရာ ပို့ကုန်ဦးဆောင်သည့် တိုး တက်မှုပုံစံနှင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်သွားနိုင်ရန် လိုအပ်နေ သည်။
စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ
ဦး နှင်းဦးကလည်း ''လက်ရှိကုန်သွယ်ရေးကို ကြည့်ရင် လိုငွေပြနေတယ်။
ပြည်တွင်းထုတ် ကုန်လုံလောက်အောင် မထုတ်နိုင်တော့ ပြည်ပ ကနေ သွင်းရတယ်။
ပြည်တွင်းက ထုတ်လုပ် မှု မြင့်မားလာမှ တိုင်းပြည်က စီးပွားရေးတိုး တက်လာမယ်။
သူများနိုင်ငံတွေမှာလို အစိုးရ က လုပ်ငန်းရှင်တွေကို ငွေကြေးဆိုင်ရာထောက်
ပံ့မှု မပေးနိုင်ဘူး။ ပြည်တွင်းဘဏ်စနစ်တွေ ကလဲ စီးပွားရေးအတွက် အထောက်အကူပြု
နိုင်လောက်အောင် အားမကောင်းဘူး။ အ ဓိကကတော့ တိုင်းပြည်စီးပွားရေး တိုးတက်
လာဖို့ဆိုရင် ပြည်တွင်းမှာ ငွေကြေးဆိုင်ရာ ပံ့ပိုးမှုနဲ့ ဘဏ္ဍာရေးစနစ်ကို
လက်ရှိထက်ပိုမို ကောင်းမွန်တဲ့ အနေအထားကိုရောက်အောင် ဆောင်ရွက်ဖို့
လိုတယ်''ဟု ရှုမြင်ပြောကြား သည်။
ပြည်တွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် ပုဂ္ဂလိကကဏ္ဍများ၌ အဟန့်အတား ဖြစ်နေသော အခက်အခဲ အတားအဆီးများ ကို ဖယ်ရှားရေးအပေါ် အာရုံစိုက်ခြင်းအားဖြင့် ပိုမိုကောင်းမွန်သော စီးပွားရေးပတ်ဝန်းကျင် တစ်ခုကို ဖန်တီးနိုင်မည်ဖြစ်ကာ ပုဂ္ဂလိကလုပ် ငန်းများ၏ ထုတ်လုပ်နိုင်စွမ်းအားနှင့် အမြတ် အစွန်းရရှိနိုင်မှုတို့တိုးတ က်ကာ
လုပ်ငန်းများ ဖွံ့ဖြိုးအောင် တံခါးဖွင့်ပေးသကဲ့သို့ ဖြစ်လာ မည်ဟု
ကမ္ဘာ့ဘဏ်၏ Chief Economist နှင့် အကြီးတန်း ဒုတိယဥက္ကဋ္ဌဖြစ်သူKaushik Basu က
ဆိုထားသည်။
''တိုင်းပြည်စီးပွားရေး တိုးတက်ဖို့ဆိုရင် ပြည်တွင်းမှာ လိုအပ်နေတဲ့ ငွေကြေးအရင်း အနှီးနဲ့ ဘဏ္ဍာရေးလိုအပ်ချက်ဖြစ်တဲ့ Loan ရရှိဖို့အတွက်ကို နိုင်ငံတော်က ဦးဆောင်ပြီး ဆောင်ရွက်ပေးဖို့လိုတယ်။ နောက် တိုင်းပြည် ရဲ့ GDP ကို တိုးတက်လာဖို့ အစိုးရပိုင်းရဲ့ ဖြေလျှော့ပေးမှုတွေကလဲ အများကြီး သက် ဆိုင်နေတယ်''ဟု ကုန်သည်စက်မှုအသင်းချုပ် ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်နိုင်သိန်းက သုံးသပ်ပြောဆို သည်။
မည်သို့ပင်ဆိုစေ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရန်အတွက် ပြည်တွင်းလုပ်ငန်းရှင် များနှင့် နိုင်ငံတော် ပူးပေါင်းလုပ်ဆောင်မှ သာ ဖြစ်ထွန်းလာနိုင်မည် ဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းများတွင်
ကြုံတွေ့နေရ သည့်အခက်အခဲများအား နိုင်ငံတော်မှ အ မှန်တကယ် ဖြေလျှော့မှုများ
ပြုလုပ်ပေးရန် လိုအပ်နေပေသည်။ ဖြေလျှော့မှုများဆိုရာတွင် လည်း
အောက်ခြေရှိလုပ်ငန်းများနှင့် ကိုက် ညီမှုရှိသည့် ဖြေလျှော့မှုများအား အဓိကလုပ် ကိုင်ပေးမှသာ ပြည်တွင်းစီးပွားရေး ဖွံ့ဖြိုး တိုးတက်လာနိုင်မည်ဖြစ်ကြောင်း စီးပွားရေး ပညာရှင်များက တညီတညွတ်တည်း ပြောဆို ထားကြသည်။
#YangonMediaGroup #YangonTimesJournal
**************************
ဖြူသစ်လွင်
ပြီးခဲ့သည့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်က စီးပွားရေးဖွံ့ဖြိုးမှု ၈ ဒသမ ၅ ရာခိုင် နှုန်းအထိ တိုးတက်ခဲ့သော မြန်မာ့စီးပွားရေးမှာ ယခုဘဏ္ဍာနှစ်တွင် ၆ ဒသမ ၅ ရာ ခိုင်နှုန်းသို့ ကျဆင်းလာနိုင်သည်ဟု ကမ္ဘာ့ဘဏ် က အရှေ့အာရှနှင့်ပစိဖိတ်ဒေသ၏ စီးပွားရေး တိုးတက်ရေးအစီရင်ခံစာနှင့် မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာတွင် ထုတ်ဖော်ပြော ဆိုလိုက်သည်။
အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ စီးပွား ရေးဝန်းကျင် အနေအထားနှင့်အတူ လူမှုရေး နှင့် နိုင်ငံရေးကဏ္ဍတို့တွင်လည်း စိန်ခေါ်မှု များစွာ ရှိနေကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဆက် စပ်သည့် သွင်းကုန်ဝယ်လိုအားများ မြင့်တက် လာခြင်းကြောင့် စာရင်းရှင်လိုငွေများ တက် လာကြောင်း၊ အလားတူ အမေရိကန်ငွေကြေး ခိုင်မာလာခြင်းသည်လည်း မြန်မာငွေကြေး လဲလှယ်မှုနှုန်းထားများအပေါ် ဖိအားရှိနေ ကြောင်း၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများသို့
မြန်မာ့စီးပွားရေးကို လာမည့်နှစ်အတွင်း တိုးတက်လာမည်ဟု ခန့်မှန်းထားကြသော် လည်း အမှန်ပင် လက်ရှိစီးပွားရေးအခြေအ နေမှာ အားကောင်းသောအဆင့်သို့ ရောက် ရှိရန်ခက်ခဲနေသေးသည်။ နိုင်ငံ၏ Decision Maker (ဆုံးဖြတ်ပိုင်ခွင့်ရှိသူ)မ
ရန်ကုန်စီးပွားရေးတက္ကသိုလ် အသုံးချ ဘောဂဗေဒဌာန(ငြိမ်း) ပါမောက္ခဒေါက်တာ မောင်မောင်စိုးက ''တိုင်းပြည်ရဲ့စီးပွားရေး ပြန် လည်အားကောင်းလာအောင် ပံ့ပိုးနိုင်မယ့် အစီအမံနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှု အား နည်းနေသလိုပဲ။ ကျွန်တော်အာဏာရရင် လုပ် မယ်ဆိုတာနဲ့ ကျွန်တော် အာဏာဆက်ရရင် လုပ်မယ်ဆိုတာမျိုးပဲ ကြားရတယ်။ ကျွန်တော့် အမြင်ကတော့ တိုင်းပြည်ရဲ့ စီးပွားရေးဟာ လှည့်စားခံနေရတယ်။ တကယ်က ရေတို၊ ရေ ရှည် စီးပွားရေးမူဝါဒတွေ ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့လိုတယ်''
စီးပွားရေးကျဆင်းလာနိုင်ခြင
သို့သော် မည်သည့်အတိုက်အခံပါတီဖြစ် စေ၊ အစိုးရဖြစ်စေ ထိုကဲ့သို့သဘာဝဘေးအန္တ ရာယ်များ ကြုံတွေ့နေရချိန်တွင်ပင် နိုင်ငံစီး ပွားရေးကို ပြန်လည်ထူထောင်ရေးထက် မိမိ တို့အာဏာရရန်အတွက်ကိုသာ ဦးတည်လုပ် ဆောင်နေသည်ကို တွေ့မြင်နေရသည်။
ယင်းအပြင် ပြည်တွင်းရှိစီးပွားရေးလုပ်
''မူဝါဒပိုင်းက အရေးကြီးတယ်။Policy တစ်ခု ချမှတ်တော့မယ်ဆိုရင်လဲ အောက် ခြေနဲ့ ကိုက်ညီမှုရှိတဲ့ သတ်မှတ်ချက်တစ်ခု ဖြစ်ဖို့လိုတယ်။ အဲဒါမှ လုပ်ငန်းတွေက လုပ် သာကိုင်သာရှိမှာ။ အခု ပြည်တွင်းစီးပွားရေး က လုပ်သာကိုင်သာ အဆင့်တောင်မရှိဘူး'' ဟု စီးပွားရေးလုပ်ငန်းရှင် ဦးအောင်လတ်က ဆိုသည်။
မူဝါဒများကို ကောင်းမွန်အောင်ပြဋ္ဌာန်း သည့်အပိုင်းတွင်လည်း လက်တွေ့အကောင် အထည်ဖော် ဆောင်ရွက်ခြင်းမရှိလျှင် စီးပွား ရေးတိုးတက်လာစရာအကြောင်း ရှိမည်မဟုတ် သေးပေ။ ထို့ကြောင့် မူဝါဒတစ်ရပ်ကိုချမှတ် ပြီးသည့်အခါတိုင်း အလေးထားလုပ်ဆောင် ပေးရန်လည်းလိုအပ်နေသည်ဟု ယင်းကဆက် လက်ပြောဆိုသည်။
တိုင်းပြည်မှာ နိုင်ငံလူဦးရေ၏ ၇ဝ ရာ ခိုင်နှုန်း လုပ်ကိုင်ကြသည့် စိုက်ပျိုးရေးကိုအ ခြေခံသည့်နိုင်ငံဟု ဆိုထားသော်လည်း လယ် ယာကဏ္ဍမှာ ဖွံ့ဖြိုးတိုးတက်မှုမရှိသည့်
စိုက်ပျိုးရေးကဏ္ဍအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမြင့်တက
''မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍမှာ အခုထိ ဘာဖြစ်လို့ နိုင်ငံခြားရင်းနှီးမြှုပ်န
အသစ်ရေးဆွဲနေသည့် မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုဥပဒေမူကြမ်း
အဆိုပါ ဥပဒေမူကြမ်း၌ နိုင်ငံခြားရင်း နှီးမြှုပ်နှံသူများအနေဖြင်
သို့သော်လည်း စိုက်ပျိုးရေးကဏ္ဍတွင် အခြားစိန်ခေါ်မှုများဖြစ်သည့်
အခြား ကုန်သွယ်ရေးကဏ္ဍကို ကြည့် လျှင်လည်း လက်ရှိအချိန်အထိ ကုန်သွယ်လို ငွေပို့ကုန်ထက် သွင်းကုန်တင်သွင်းမှု ပိုမိုများ ပြားနေသဖြင့် နှစ်စဉ်ကုန်သွယ်မှုလိုငွေ ဖြစ် ပေါ်လျက်ရှိရာ ပို့ကုန်ဦးဆောင်သည့် တိုး တက်မှုပုံစံနှင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်သွားနိုင်ရန် လိုအပ်နေ သည်။
စီးပွားရေးလုပ်ငန်းရှင်တစ်ဥ
ပြည်တွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် ပုဂ္ဂလိကကဏ္ဍများ၌ အဟန့်အတား ဖြစ်နေသော အခက်အခဲ အတားအဆီးများ ကို ဖယ်ရှားရေးအပေါ် အာရုံစိုက်ခြင်းအားဖြင့် ပိုမိုကောင်းမွန်သော စီးပွားရေးပတ်ဝန်းကျင် တစ်ခုကို ဖန်တီးနိုင်မည်ဖြစ်ကာ ပုဂ္ဂလိကလုပ် ငန်းများ၏ ထုတ်လုပ်နိုင်စွမ်းအားနှင့်
''တိုင်းပြည်စီးပွားရေး တိုးတက်ဖို့ဆိုရင် ပြည်တွင်းမှာ လိုအပ်နေတဲ့ ငွေကြေးအရင်း အနှီးနဲ့ ဘဏ္ဍာရေးလိုအပ်ချက်ဖြစ်တဲ့ Loan ရရှိဖို့အတွက်ကို နိုင်ငံတော်က ဦးဆောင်ပြီး ဆောင်ရွက်ပေးဖို့လိုတယ်။ နောက် တိုင်းပြည် ရဲ့ GDP ကို တိုးတက်လာဖို့ အစိုးရပိုင်းရဲ့ ဖြေလျှော့ပေးမှုတွေကလဲ အများကြီး သက် ဆိုင်နေတယ်''ဟု ကုန်သည်စက်မှုအသင်းချုပ် ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ
မည်သို့ပင်ဆိုစေ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရန်အတွက် ပြည်တွင်းလုပ်ငန်းရှင် များနှင့် နိုင်ငံတော် ပူးပေါင်းလုပ်ဆောင်မှ သာ ဖြစ်ထွန်းလာနိုင်မည် ဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းများတွင်
#YangonMediaGroup #YangonTimesJournal

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။