ရာသက်ပန်မခွဲ ရွှေလက်တွဲကာမြန်မာ့ရိုးရာ ထိမ်းမြားလက်ထပ်မင်္ဂလာ
************************** ************************** ****
အာကာသ (သာစည်)
အမျိုးသားယောက်ျားလေးနှင့် အမျိုးသမီး မိန်းကလေးတို့ နှစ်ဦးသဘောတူ အတူ ပေါင်းသင်းနေထိုင်၍ အိမ်ရာထောင်ခြင်းကို အိမ်ထောင်ပြုသည်၊ အိမ်ထောင်ကျသည်ဟု ခေါ်သည်။ ယင်းအိမ်ထောင်ပြုခြင်းကို လူသိ ရှင်ကြား အခမ်းအနားဖြင့် မင်္ဂလာဦးဆွမ်းကပ် လှူခြင်း၊ လူသူပရိသတ်တို့အား ဧည့်ဝတ်ပြု လုပ်ကျင်းပခြင်း အစရှိသည်တို့ကို ထိမ်းမြား မင်္ဂလာဟု ခေါ်ပါသည်။
ထိမ်းမြားမင်္ဂလာပြုခြင်းသည် လူမှုရေး နယ်ပယ်တွင် အစဉ်အလာအရ ယဉ်ကျေးမှုမျှ သာဖြစ်၍ လူမှုရေးသက်သက်သာ ဖြစ်ချေ သည်။ အချို့သောလူမျိုးများကား ထိမ်းမြား မင်္ဂလာပြုခြင်းကို ဘာသာအယူဝါဒနှင့်ဆိုင် သောကိစ္စဖြစ်၍ ရေးကြီးခွင်ကျယ်လုပ်ကာ ဆောင်ရွက်လေ့ရှိကြသည်။ မြန်မာတို့အဖို့မူ ထိမ်းမြားမင်္ဂလာပြုခြင်းကို သာမန်ကာလျှံကာ လောက်သာ သဘောထားကြသည်။
ယောက်ျားလေးနှင့်မိန်းကလေးတို့ အိမ် ထောင်ပြုခြင်းကို လက်ထပ်သည်၊ ထိမ်းမြား သည်၊ စုလျားရစ်ပတ်သည်ဟု ဝေါဟာရအ မျိုးမျိုးဖြင့် ခေါ်ဆိုကြသည်။
ထိမ်းမြားဟူသော စကားကို ယောက်ျားငယ်နှင့်မိန်းမငယ်တို့ကို
ပေးစားထိမ်းမြား၍ 'အုံးအိပ်ရာယှဉ်သည်ဟု လည်းကောင်း၊ 'အာဝါဟဝိဝါဟ' မင်္ဂလာပြု
လုပ်သည်ဟူ၍လည်းကောင်း ခေါ်ဆိုသည်။ အာဝါဟမင်္ဂလာဆိုသည်မှာ သတို့သားအတွက်
တစ်ပါးအိမ်မှ သတို့သမီးကို ဆောင်ယူခြင်း ဖြစ်၍ ဝိဝါဟမင်္ဂလာကား သတို့သမီးကို
သတို့ သားအိမ်သို့ ပို့ဆောင်ခြင်းတို့ ဖြစ်လေသည်။
မင်္ဂလာလက်ထပ်အခမ်းအနားတွင် မိန်း ကလေးလက်ကို အောက်ကထားပြီး ယောက်ျား လေး၏လက်ကို အပေါ်ကထားကာ လက်ထပ် ရသည်။ စုလျားရစ်ပတ်သည်ဟုဆိုရာ၌ စုလျား မှာ တဘက် သို့မဟုတ် အပေါ်တင်ပုဆိုးဖြစ် ၍ ယင်းစုလျားဖြင့် သတို့သား၊ သတို့သမီးတို့ ၏ လက်ယာလက်နှစ်ဖက်ကို ရစ်ပတ်ပေးခြင်း ဖြစ်သည်။
မြန်မာတို့၏မင်္ဂလာပွဲတွင် မင်္ဂလာဆောင် နှင်းသောနေ့၌ သတို့သားနှင့် သတို့သမီးတို့ ကို လူပျိုရံ၊ အပျိုရံများ ခြံရံပြီး ပွဲထုတ်လာကြ သည်။ ဂုဏ်သရေရှိသော လူကြီးဇနီးမောင်နှံ က လက်ဆက်ပေးခြင်း၊ ရတနာသုံးပါးနှင့်တကွ နှစ်ဖက်သောမိဘများအား ကန်တော့စေခြင်း တို့ကို ပြုလုပ်ကြသည်။ အချို့လည်း ဘာသာ ရေး ထုံးတမ်းစဉ်လာနှင့်အညီ သံဃာတော် များအား ပင့်ဖိတ်၍ မင်္ဂလာဦးဆွမ်းကပ်လှူကာ မင်္ဂလာတရားနာယူကြသည်။ ထို့နောက် ဧည့် ပရိသတ်တို့ကို အကျွေးအမွေး၊ တူရိယာအတီး အမှုတ်တို့ဖြင့် ဧည့်ခံခြင်းပြုသည်။ အချို့သော မင်္ဂလာပွဲများတွင် ဘိသိက်သွန်းခြင်း သြဘာ စာရတုစာဖတ်ခြင်း၊ သြဝါဒစကားပြောခြင်း တို့ ပြုလုပ်ကြလေသည်။
ထိမ်းမြားမင်္ဂလာပွဲပြီးစီး၍ သတို့သားနှင့် သတို့သမီးတို့ကို အခန်းအပ်သောအခါတွင် ရွှေကြိုးငွေကြိုးများဖြင့်တားပြီး
ခဲဖိုးငွေတောင်း လေ့ရှိသည်။ ခဲဖိုးတောင်းသောဓလေ့မှာ ယ နေ့တိုင်
ကျေးလက်တချို့၌ ကြိုးကြားကြိုးကြား ရှိနေသေးသည်။ မေ့လျော့ပြီး
ခဲဖိုးမပေးမိဘဲ ပျက်ကွက်ပါက သတို့သားနှင့် သတို့သမီးတို့ ၏ မင်္ဂလာဦးညတွင်
အပျော်သဘောဖြစ်စေ အနှောင့်အယှက်ပေးတတ်ကြသည်။
သတို့သားနှင့်သတို့သမီးတို့ အား
လက် ထပ်ထိမ်းမြားပေးသည့်အခါ အိမ်ထောင်သစ် တစ်ခု တည်ဆောက်နိုင်ဖို့အတွက်
ခန်းဝင် ပစ္စည်းများ ပေးအပ်ရသည်။ နှစ်ဖက်သော မိဘများက ပစ္စည်းဥစ္စာ၊
ကျွဲနွားလယ်မြေ၊ ရွှေ ငွေရတနာ စသော လက်ဖွဲ့ပစ္စည်းများကို ဝိုင်း
ဝန်းပေးကမ်းလေ့ရှိသည်။ ယခုအခါ မိဘတို့ ကပေးသော လက်ဖွဲ့ပစ္စည်းများသာမကဘဲ
ဆွေမျိုးÓတိ၊ မိတ်သင်္ဂဟများက ပေးကမ်းချီး မြှင့်သော လက်ဖွဲ့ပစ္စည်းများပါ
ခန်းဝင်ပစ္စည်း အဖြစ် သတ်မှတ်ကြသည်။
အချို့သောမိသားစုတို့တွင် တစ်ဦးတည်း သောသား၊ တစ်ဦးတည်းသောသမီးတို့သာ ရှိရာ ယင်းတို့ လက်ထပ်မင်္ဂလာပွဲပြုလုပ်ပြီး နောက် အိုးအိမ်သစ်ထူထောင်ရန် မလိုအပ် ချေ။ မိဘတို့၏ လက်ငုတ်လက်ရင်းအတိုင်း ဆက်လက်လုပ်ကိုင်၍ ယင်းအတူနေ မိဘ၊ ယောက္ခမတို့၏ ဘဝနေဝင်ချိန်အထိ ပြုစုလုပ် ကျွေးသွားကြခြင်းသာ ဖြစ်သည်။
ဗုဒ္ဓဘာ သာ မြန်မာ တို့၏ လက် ထပ်ရေးတွင် အကြင် လင် မယား ဖြစ် မြောက်ရန်အ လို့ငှာ အခမ်းအ နားကျင်းပခြင်း၊ ခန်း ဝင်ပစ္စည်းများပေးခြင်း ကို မပြုမနေရဟု သတ် မှတ်ထားခြင်း မရှိချေ။ ခန်းဝင် ပစ္စည်းပေးခြင်းသည် သက်ဆိုင်ရာ မိဘတို့၏ အခြေအနေ၊ အဆင့်အတန်း အလိုက် မိမိတို့သဘောအလျောက် ချီးမြှင့် ပေးကမ်းခြင်းသာ ဖြစ်သည်။ အိမ်ထောင်ဦး တွင်ရရှိသော လက်ဖွဲ့ပစ္စည်းအားလုံးကို ဇနီး မောင်နှံနှစ်ဦးစလုံးက အခွင့်အရေးတူညီစွာ ပိုင်ဆိုင်ကြလေသည်။
ပစ္စည်းဥစ္စာရှိလျှင် လူ့ဘဝ၌ အရာရာ ပြည့်စုံနိုင်သဖြင့် စီးပွားချမ်းသာကို လူတိုင်းက မြတ်နိုးတွယ်တာကြသည်။ လူနှင့် ဥစ္စာကား တစ်နေ့သောအခါ တစ်နည်းမဟုတ်တစ်နည်း ဖြင့် ကင်းကွာရသည်သာဖြစ်၍ စိတ်ချရသော အရာတော့ မဟုတ်ချေ။ သည့်ပြင် ပစ္စည်းဥစ္စာ အပေါ် တွယ်တာတပ်မက် သေဆုံးသွားမည် ဆိုပါက ယင်းအစွဲလောဘဇောကြောင့် အပ္ပာယ် ဘုံဖြစ်သော ပြိတ္တာဘဝသို့ ရောက်တတ်ချေ သေးသည်။
စည်းစိမ်ချမ်းသာကို လူအများ ခုံမင် တောင့်တကြ၍ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံ သော လူ့ဘဝကား အများအမြင်အားဖြင့် ချမ်း သာအေးမြလှသည်ဟု ထင်စရာရှိသည်။ သို့ သော်လည်း သဘာဝကျကျ ဂဃနဏ သေချာ ကောင်းစွာသိသောသူတို့၏ အမြင်ကား ဘေး ရန်များ၍ စိတ်ချမ်းသာမှုနည်းပါးလှချေသ ည်။
ဟိုစဉ်တုန်းက ယောက်ျားလေးနှင့် မိန်း ကလေးတို့ ရည်းစားသနံဘဝနှင့် သုံးနှစ်သုံး မိုးနေပြီးမှ အိမ်ထောင်ပြုလေ့ရှိကြသည်။ 'အိမ် ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုး၊ သည်သုံးချက် ခုမပိုင်လျှင် နောင်ပြင်နိုင်ရန် ခက်သည့်အမျိုး'ဟု ဆိုရိုးရှိရာ တစ်ယောက်၏ အကြောင်းကို တစ်ယောက်က နောကျေနေ အောင် သိပြီးမှ လက်ထပ်ကြ၍ အိမ်ထောင် ရေး တည်မြဲသာယာကြသည်။
သမီးရည်းစားဖြစ်စဉ်က အချစ်တွင် မိုး လေမမြင်ရှိ၍ လင်မယား ဖြစ်လာချိန်တွင် အရှက်ကုန်နေတတ်ကြသဖြင့် ကြားလေသွေး သည်ကိုပင် ဝေးသည်ထင်ကြကုန်သည်။ တစ် ယောက်နှင့်တစ်ယောက် မည်မျှချစ်ကျွမ်းဝင် နေစေကာမူ သူ့အိမ်ကိုယ့်အိမ်၊ သူ့နယ်ကိုယ့် နယ် လိုက်ပါဖို့အတွက် အငြင်းပွား၍ မာန် မာနခံလာပြီဆိုသည်နှင့် ကွဲပြဲသွားကြသည် လည်းရှိသည်။
အချို့သောနိုင်ငံများတွင် ယောက်ျားတစ် ယောက်လျှင် မိန်းမတစ်ယောက်ထက်ပိုယူ သောစနစ်ရှိသေး၍ မြန်မာ့ဓလေ့ထုံးစံကမူ တစ်လင် တစ်မယား စနစ် ဖြစ်သည်။ ယောက်ျားတစ်ယောက် က မိန်းမတစ်ယောက်တည်းကို လည်းကောင်း၊ မိန်းမတစ်ယောက် က ယောက်ျားတစ်ယောက်တည်းကို လည်းကောင်း ကာမပိုင်အဖြစ်ထားရှိသော မြန်မာ့အစဉ်အလာကား မြတ်နိုးဖွယ်ရာကောင်း လှသည်။
ယောက်ျားတစ်ယောက်နှင့် မိန်းမတစ် ယောက် ထိမ်းမြားမင်္ဂလာပြုရာတွင် တရား ဝင်ဖြစ်စေရန် များစွာအရေးကြီးသည်။ အသိ သက်သေများ၏ ရှေ့မှောက်တွင် ခိုင်လုံသော စာချုပ်၌ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုး ၍ လက်ထပ်ကြသည်လည်းရှိသည်။ ယင်းသို့ ဆောင်ရွက်ခြင်းကား တစ်ရပ်တည်းတွင် အတူ နေ၍ တစ်ယောက်နှင့်တစ်ယောက် အဆင်း သိသူများ လက်ထပ်သော မင်္ဂလာပွဲတို့နှင့် မသက်ဆိုင်ချေ။ တစ်ယောက်နှင့်တစ်ယောက် တစ်နယ်တစ်ကျေးတွင်လည်းကောင်း ဖေ့စ် ဘွတ်ခ်ထဲတွင်လည်းကောင်း တွေ့ကြပြီး စုံ ရေမက်ရေဖြစ်ရာမှ အာမခံစာချုပ် ချုပ်ဆို လက်ထပ်ခြင်းတို့ ဖြစ်လေသည်။
ရိုးသားသော မြန်မာ့ဓလေ့ ထိမ်းမြား ခြင်းအတွက် တရားဝင်ဖြစ်ရန်ကား စင်စစ် မည်သည့် အခမ်းအနား မျှ မလိုအပ်ပါချေ။ မိဘနှစ်ပါးက ပေးစား၍ ယောက်ျားလေးနှင့်မိန်းကလေး တို့ အတူနေအတူစားကြလျှင်လည်း ကောင်း၊ သူတစ်ပါးကို အောင်သွယ် ထား၍ အတူနေ အတူစားကြလျှင်လည်း ကောင်း၊ နှစ်ဦးသဘောတူ အတူနေအတူစား ကြလျှင်လည်းကောင်း လင်မယားအရာမြောက် ပါသည်။
မင်္ဂလာဦးညတွင် အတူနေ သူငယ်ချင်း တချို့တလေက သတို့သားအား ကျီစားတတ် ကြသည်။ ယင်း၏ မင်္ဂလာအခမ်းအနားအ တွက် အားတတ်သရော လုပ်ကိုင်ပေးကြပြီး နောက် ညနေချမ်းဆည်းဆာတွင် သတို့သား ကို နားပူနားဆာလုပ်၍ ဧည့်ခံခိုင်းသည်။ သတို့သားကလည်း သူငယ်ချင်းအပေါင်းအ သင်းများကို နားအေးပြီးရော သဘောနှင့် အရက်၊ ကြက်၊ စီးကရက်၊ ကွမ်းတို့ဖြင့် ဧည့်ခံ ပေးရသည်။ ယင်းညတွင် သတို့သားကို မျက် စိအောက်က အပျောက်မခံကြ။ သန်းခေါင် ညဥ့်နက်ချိန်အထိ အိပ်ရာမဝင်နိုင်ရန် ကျီစယ် ထားကြလေသည်။
လင်နှင့်မယားသည် ကာမဂုဏ် ခံစား ဖက်များသာဖြစ်သည်ဟုဆိုလျှင် လူမဆန်သော အယူအဆ ဖြစ်ပေလိမ့်မည်။ ကာမဂုဏ်ခံစား ခြင်းကား လူတို့သာမက တိရစ္ဆာန်များလည်း ရှိကြရာ ကာမဂုဏ်ခံစားမှုသက်သက်ဆိုလျှ င် လူ့အဖြစ်ကို တိရစ္ဆာန်လောက်ပဲ သဘောထား သည့် အခြေအနေမျိုး ရောက်သွားချေမည်။
ကြင်ဖော်ကြင်ဖက် လင်နှင့်မယားတို့ကား ရာသက်ပန် ရိုးမြေကျ အတူယှဉ်လက်တွဲ၍ ဘဝ၏တိုက်ပွဲတို့အား ရင်ဆိုင်ကြရန် ဝန်ခံထား သူများနှင့်တူသည်။ နေထိုင်စားသောက်ရေး၊ လူမှုရေး၊ ကျန်းမာရေးသာမက အနာဂတ် ကာလတွင် ပေါက်ပွားလာမည့် သားသမီးတို့ ၏ ပညာရေးကိုလည်း ထည့်သွင်းစဉ်းစားထား ရသည်။
သာယာချမ်းမြေ့သော အိမ်ထောင်တစ် ခုဖြစ်ဖို့ကား လင်ကောင်းမယားကောင်းဖြစ် ၍ အပေးအယူမျှတပြီး ညီညွှတ်ကြဖို့လိုသည်။ မိန်းမဆိုးမမြင်းကတ်လို ကတ်တီးကတ်ဖဲ့နိုင် သောမိန်းမမျိုးနှင့် လင်ဆိုးမယား တဖားဖား ကသီကရီဖြစ်နေရှာသူ၏ ယောက်ျားဆိုးလည်း မဖြစ်သင့်ပေ။ လင်နှင့်မယားကား မောင်တစ် ထမ်း မယ်တစ် ရွက် တစ်နိုင်စီ တာဝန်ယူ၍ တစ်ဦးက တစ် ဦးကို ဖေးဖေး မမ ယုယုယယ ဖြင့် နေသွားကြဖို့ အရေးကြီးသည်။
အိမ်ထောင် တစ်ခုတွင် လင်ယော က်ျားသည် အိမ်ထောင်ဦး စီးဖြစ်၏။ ယင်းဦးစီပဲ့ကိုင်မတတ် လျှင် မိသားတစ်စုလုံး၏ဘဝကို က မောက်ကမ ဖြစ်သွားစေနိုင်ပါသည်။ လင် ယောက်ျားကောင်းတစ်ယောက်သည် မိမိ၏ ဇနီးမယားကို လိမ္မာအောင် ပဲ့ပြင်ဆုံးမတတ် ၍ တစ်နည်းအားဖြင့် ဆရာသမားလည်းမည် ပေသည်။ လူ့လောကအလယ်တွင် ဇနီး၏ ဂုဏ်အင်္ဂါ ပြည့်ဝတင့်တယ်နေခြင်းသည်ပင် ယောက်ျားကောင်းတစ်ယောက်၏ စွမ်းရည် ဖြစ်ချေသည်။
အချို့သောယောက်ျားများကား မိမိ၏ ဇနီးမယားကို မရခင် ဖျာလိုလိပ်၍ ထိပ်ပေါ် တင်ထားမတတ်ရှိပြီး တကယ်တမ်းပေါင်းသင်း နေထိုင်လာသောအခါတွင် မထီမဲ့မြင် ရှုမြင် လာတတ်ကြသည်။ အိမ်ကိုလည်း မခင်မင်၊ ပွဲလမ်းသဘင်ကြည့်ရှုရာတွင်လည်း တစ်ယောက် တည်း သွားလာတတ်သည်။ လင်နှင့်မယား မျက်နှာချင်းဆိုင်ပြန်လျှင် လည်း မချစ်မခင် မရွှင်မပြုံး နေတတ်ကြသည်။
ယောက်ျားကောင်း၊ လင်ကောင်းဖြစ် သောသူတို့ကား အစားအစာကို အတူစားကြ သည်။ ပွဲလမ်းသဘင်သွားလျှင်လည်း အတူ တူသွားကြသည်။ တစ်ယောက်တည်း တစ်နေ ရာရောက်၍ ဇနီးမိန်းမဖို့ တစ်ခုမဟုတ်တစ်ခု ပါလာတတ်၍ ပါမလာလျှင်လည်း စိတ်မကောင်း ဖြစ်လေ့ရှိကြသည်။ အတူနေသောအခါတွင် လည်း ဟင်္သာမောင်နှံကဲ့သို့ မိမိဇနီးနှင့် ကြင် ကြင်နာနာ ယှဉ်တွဲနေထိုင်လေသည်။
လင်ဆိုးတို့ကား မိမိ၏မယားကို မာန်မဲ လေ့ရှိ၍ ကျေးကျွန်သဖွယ် ဆက်ဆံကြသည်။ နင်ပဲငဆ ကြမ်းတမ်းစွာ ပြောဆိုရုံမျှမက မိဘ များကိုပင် ထိပါးဆဲရေး တိုင်းထွာလာကြသည်။ လင်ကောင်းတို့ကမူ မိမိ၏မယားကို ချစ်ခင် ကြင်နာစွာခေါ်၍ မောင်နှမအရင်းကဲ့သို့ ချစ် ခင်လေးစားကြသည်။
စကားစမြည်ပြောကြရာတွင်လည်း ရှက် ကြောက်ဖွယ်ရာစကားများကို ရှောင်ရှား ပြောဆိုလေ့ရှိကြသည်။ လင်ဆိုးတို့သည် ချစ် ခင်ဖွယ်ရာမိန်းမလှလေးများကိုမြင်လျှင်
အ ရူးပမာ ဣနြေ္ဒမဆောင်နိုင်ဘဲ ငမ်းငမ်းတက် ပိုးပန်းချင်ကြသည်။ ငါ့မယား
စိတ်မကောင်း ဖြစ်လိမ့်မည်ဟု စိုးစဉ်းလေးမျှ မတွေးတော ကြချေ။
လင်ကောင်းတို့ကား မိမိမယားဖြင့် သာ ရောင့်ရဲတင်းတိမ်ပြီး မည်သည့်မိန်းက
လေးများနှင့်တွေ့စေကာမူ ကျူးလွန်ဖောက် ပြားခြင်းမရှိကြဘဲ ကိုယ့်မယားကလွဲ၍
ဖွဲ၊ ဆန်ကွဲချည်း အောက်မေ့ကြသည်။
အိမ်ထောင်တစ်ခု တိုးတက်ဖွံ့ဖြိုးဖို့ဆို လျှင် လင်ကောင်းရုံနှင့်ချည်းမပြီးသေး။
စီး သည့်ရေ ဆည်သည့်ကန်သင်းဆိုသလို ဇနီး မယားကောင်းဖြစ်ဖို့ကလည်း အရေးကြီး
သည်။ ဥစ္စာဖြို စားဖိုကဖြစ်၍ မီးဖိုချောင် ကောင်းမှ ကျောင်းဆောက်ရသည်ဆိုသော
စကားရှိနေသည်။ ရှေးလူကြီးလူမများက မိန်းကလေးတစ်ယောက်ကို စီးပွားရှာတတ်
ခြင်းထက် သိမ်းဆည်းတတ်ဖို့က ပိုမိုအရေး ကြီးသည်ဟု ဆိုကြသည်။
မယားကောင်းတစ်ယောက်၏ လက္ခ ဏာမှာ မိမိလင်ယောက်ျားမှတစ်ပါး လော် လည်ဖောက်ပြားမှု မရှိခြင်းပင်ဖြစ်သည်။ မယားကောင်းတို့သည် စန္ဒကူးနံ့သာခြောက် ကပ်သွားသော်လည်း အနံ့မကုန်သေးသကဲ့ သို့ ကာလရှည်သော်လည်း မိမိလင်ကိုရိုးအီ မသွားဘဲ ချစ်မြဲချစ်နေတတ်သည်။ ကြမ်း တမ်းသိမ်ဖျင်းသောစကားကို တစ်ရံတစ်ခါ မျှပြောသည်မရှိဘဲ မိမိလင်သားကိုလွန်စွာ လေးစားသဖြင့် ခိုင်းစေခြင်းလည်းမပြုချေ။ မိမိလင်သားအရင် ဦးစွာအိပ်ရာထ၍ပြုဖွယ် ကိစ္စမှန်သမျှ စီမံဆောင်ရွက်လေ့ရှိသည်။
အိမ်ရှင် ဇနီးမယားကောင်းတို့သည် ဧည့်ဝတ်ကျေပွန်၍ ပျူပျူငှာငှာနှုတ်ဆက် စကားပြောကြားကြသည်။ ပေးကမ်းဖွယ်ရှိ လျှင် ပေးကမ်း၍ အိမ်နီးချင်းတို့နှင့် သဟ ဇာတဖြစ်အောင်နေထိုင်ပြီး မကျန်းမာလျှင် လည်း မေးမြန်းတတ်ကြသည်။ အတိတ်ကံ ကုသိုလ်ဟောင်းကိုချည်း ခံစားမနေဘဲ ကု သိုလ်အသစ် တိုးပွားစေဖို့အတွက် လှူဒါန်း ကောင်းမှုပြုလုပ်ကြသည်။
ဇနီးမယားကောင်းတို့ကား အမိနှင့်တူ ၍ နှမနှင့်လည်းတူပြီး ဘဝတစ်လျှောက် လုံးတွင် လက်တွဲမဖြုတ်စတမ်းသွာကြမည့်
မိတ်ဆွေစစ်လည်းဖြစ်သည်။ မိမိ၏ လင် ယောက်ျားကို သားကဲ့သို့ချစ်၍ မောင်ဖား
မိဘအလား ရှက်ကြောက်ခြင်းမှ ရှောင်ကြဉ် သည်။ အကြောင်းကိစ္စရှိသောအခါ လင်ကို
မိတ်ဆွေလိုအကူအညီပေး၍ အရှင်သခင် ကဲ့သို့ ရိုသေစွာ အဝတ်အစားပြုပြင်ဆင်ယင်
ပေးလေ့ရှိကြသည်။
အိမ်ထောင်သည်မဖြစ်မီ လူပျိုနှင့်အပျို တို့၏ဘဝကား စုံလင်ပြည့်ဝသော လူ့ဘဝ မဟုတ်သေး။ အိမ်ထောင်သည်တို့၏ ဘဝ ကသာ လူ့ဘဝအစစ်ဖြစ်သည်။ သားမယား တို့ဖြင့် ပြည့်ပြည့်စုံစုံ တင့်တင့်တယ်တယ် နေရခြင်းကား လူ့ချမ်းသာဖြစ်သည်။ သို့ သော်လည်း သားမယားဟူသော လူ့ချမ်းသာ မှာ အများထင်သလို တကယ့်နှစ်သက်အား ကိုးစရာကား မဟုတ်ပါချေ။
လင်နှင့်မယား အချစ်ညီသော အိမ် ထောင်သည်ဘဝကား အားကျဖွယ်ရာ၊ စိတ် ချမ်းသာစရာကောင်းလှချေသည်။ သိကြား မင်းနှင့် သိကြားမင်း၏ မိဖုရားတို့ကလာပြီး ဖျက်သည့်တိုင် သစ္စာမယိုင်သော လင်ကောင်း မယားကောင်း ဖြစ်ကြပြီဆိုလျှင် ဘဝအဆက် ဆက် ပေါင်းဖက်လျက်နေနိုင်ကြမည်ကား သေချာ၍သာနေပါသည်။ ။
#YangonMediaGroup #YangonTimesJournal
**************************
အာကာသ (သာစည်)
အမျိုးသားယောက်ျားလေးနှင့် အမျိုးသမီး မိန်းကလေးတို့ နှစ်ဦးသဘောတူ အတူ ပေါင်းသင်းနေထိုင်၍ အိမ်ရာထောင်ခြင်းကို အိမ်ထောင်ပြုသည်၊ အိမ်ထောင်ကျသည်ဟု ခေါ်သည်။ ယင်းအိမ်ထောင်ပြုခြင်းကို လူသိ ရှင်ကြား အခမ်းအနားဖြင့် မင်္ဂလာဦးဆွမ်းကပ် လှူခြင်း၊ လူသူပရိသတ်တို့အား ဧည့်ဝတ်ပြု လုပ်ကျင်းပခြင်း အစရှိသည်တို့ကို ထိမ်းမြား မင်္ဂလာဟု ခေါ်ပါသည်။
ထိမ်းမြားမင်္ဂလာပြုခြင်းသည် လူမှုရေး နယ်ပယ်တွင် အစဉ်အလာအရ ယဉ်ကျေးမှုမျှ သာဖြစ်၍ လူမှုရေးသက်သက်သာ ဖြစ်ချေ သည်။ အချို့သောလူမျိုးများကား ထိမ်းမြား မင်္ဂလာပြုခြင်းကို ဘာသာအယူဝါဒနှင့်ဆိုင် သောကိစ္စဖြစ်၍ ရေးကြီးခွင်ကျယ်လုပ်ကာ ဆောင်ရွက်လေ့ရှိကြသည်။ မြန်မာတို့အဖို့မူ ထိမ်းမြားမင်္ဂလာပြုခြင်းကို သာမန်ကာလျှံကာ လောက်သာ သဘောထားကြသည်။
ယောက်ျားလေးနှင့်မိန်းကလေးတ
ထိမ်းမြားဟူသော စကားကို ယောက်ျားငယ်နှင့်မိန်းမငယ်တ
မင်္ဂလာလက်ထပ်အခမ်းအနားတွင် မိန်း ကလေးလက်ကို အောက်ကထားပြီး ယောက်ျား လေး၏လက်ကို အပေါ်ကထားကာ လက်ထပ် ရသည်။ စုလျားရစ်ပတ်သည်ဟုဆိုရာ၌ စုလျား မှာ တဘက် သို့မဟုတ် အပေါ်တင်ပုဆိုးဖြစ် ၍ ယင်းစုလျားဖြင့် သတို့သား၊ သတို့သမီးတို့ ၏ လက်ယာလက်နှစ်ဖက်ကို ရစ်ပတ်ပေးခြင်း ဖြစ်သည်။
မြန်မာတို့၏မင်္ဂလာပွဲတွင် မင်္ဂလာဆောင် နှင်းသောနေ့၌ သတို့သားနှင့် သတို့သမီးတို့ ကို လူပျိုရံ၊ အပျိုရံများ ခြံရံပြီး ပွဲထုတ်လာကြ သည်။ ဂုဏ်သရေရှိသော လူကြီးဇနီးမောင်နှံ က လက်ဆက်ပေးခြင်း၊ ရတနာသုံးပါးနှင့်တကွ နှစ်ဖက်သောမိဘများအား ကန်တော့စေခြင်း တို့ကို ပြုလုပ်ကြသည်။ အချို့လည်း ဘာသာ ရေး ထုံးတမ်းစဉ်လာနှင့်အညီ သံဃာတော် များအား ပင့်ဖိတ်၍ မင်္ဂလာဦးဆွမ်းကပ်လှူကာ မင်္ဂလာတရားနာယူကြသည်။ ထို့နောက် ဧည့် ပရိသတ်တို့ကို အကျွေးအမွေး၊ တူရိယာအတီး အမှုတ်တို့ဖြင့် ဧည့်ခံခြင်းပြုသည်။ အချို့သော မင်္ဂလာပွဲများတွင် ဘိသိက်သွန်းခြင်း သြဘာ စာရတုစာဖတ်ခြင်း၊ သြဝါဒစကားပြောခြင်း တို့ ပြုလုပ်ကြလေသည်။
ထိမ်းမြားမင်္ဂလာပွဲပြီးစီး၍ သတို့သားနှင့် သတို့သမီးတို့ကို အခန်းအပ်သောအခါတွင် ရွှေကြိုးငွေကြိုးများဖြင့်တ
သတို့သားနှင့်သတို့သမီးတို့
အချို့သောမိသားစုတို့တွင် တစ်ဦးတည်း သောသား၊ တစ်ဦးတည်းသောသမီးတို့သာ ရှိရာ ယင်းတို့ လက်ထပ်မင်္ဂလာပွဲပြုလုပ်ပြီး နောက် အိုးအိမ်သစ်ထူထောင်ရန် မလိုအပ် ချေ။ မိဘတို့၏ လက်ငုတ်လက်ရင်းအတိုင်း ဆက်လက်လုပ်ကိုင်၍ ယင်းအတူနေ မိဘ၊ ယောက္ခမတို့၏ ဘဝနေဝင်ချိန်အထိ ပြုစုလုပ် ကျွေးသွားကြခြင်းသာ ဖြစ်သည်။
ဗုဒ္ဓဘာ သာ မြန်မာ တို့၏ လက် ထပ်ရေးတွင် အကြင် လင် မယား ဖြစ် မြောက်ရန်အ လို့ငှာ အခမ်းအ နားကျင်းပခြင်း၊ ခန်း ဝင်ပစ္စည်းများပေးခြင်း ကို မပြုမနေရဟု သတ် မှတ်ထားခြင်း မရှိချေ။ ခန်းဝင် ပစ္စည်းပေးခြင်းသည် သက်ဆိုင်ရာ မိဘတို့၏ အခြေအနေ၊ အဆင့်အတန်း အလိုက် မိမိတို့သဘောအလျောက် ချီးမြှင့် ပေးကမ်းခြင်းသာ ဖြစ်သည်။ အိမ်ထောင်ဦး တွင်ရရှိသော လက်ဖွဲ့ပစ္စည်းအားလုံးကို ဇနီး မောင်နှံနှစ်ဦးစလုံးက အခွင့်အရေးတူညီစွာ ပိုင်ဆိုင်ကြလေသည်။
ပစ္စည်းဥစ္စာရှိလျှင် လူ့ဘဝ၌ အရာရာ ပြည့်စုံနိုင်သဖြင့် စီးပွားချမ်းသာကို လူတိုင်းက မြတ်နိုးတွယ်တာကြသည်။ လူနှင့် ဥစ္စာကား တစ်နေ့သောအခါ တစ်နည်းမဟုတ်တစ်နည်း ဖြင့် ကင်းကွာရသည်သာဖြစ်၍ စိတ်ချရသော အရာတော့ မဟုတ်ချေ။ သည့်ပြင် ပစ္စည်းဥစ္စာ အပေါ် တွယ်တာတပ်မက် သေဆုံးသွားမည် ဆိုပါက ယင်းအစွဲလောဘဇောကြောင့် အပ္ပာယ် ဘုံဖြစ်သော ပြိတ္တာဘဝသို့ ရောက်တတ်ချေ သေးသည်။
စည်းစိမ်ချမ်းသာကို လူအများ ခုံမင် တောင့်တကြ၍ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံ သော လူ့ဘဝကား အများအမြင်အားဖြင့် ချမ်း သာအေးမြလှသည်ဟု ထင်စရာရှိသည်။ သို့ သော်လည်း သဘာဝကျကျ ဂဃနဏ သေချာ ကောင်းစွာသိသောသူတို့၏ အမြင်ကား ဘေး ရန်များ၍ စိတ်ချမ်းသာမှုနည်းပါးလှချေသ
ဟိုစဉ်တုန်းက ယောက်ျားလေးနှင့် မိန်း ကလေးတို့ ရည်းစားသနံဘဝနှင့် သုံးနှစ်သုံး မိုးနေပြီးမှ အိမ်ထောင်ပြုလေ့ရှိကြသည်။ 'အိမ် ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုး၊ သည်သုံးချက် ခုမပိုင်လျှင် နောင်ပြင်နိုင်ရန် ခက်သည့်အမျိုး'ဟု ဆိုရိုးရှိရာ တစ်ယောက်၏ အကြောင်းကို တစ်ယောက်က နောကျေနေ အောင် သိပြီးမှ လက်ထပ်ကြ၍ အိမ်ထောင် ရေး တည်မြဲသာယာကြသည်။
သမီးရည်းစားဖြစ်စဉ်က အချစ်တွင် မိုး လေမမြင်ရှိ၍ လင်မယား ဖြစ်လာချိန်တွင် အရှက်ကုန်နေတတ်ကြသဖြင့် ကြားလေသွေး သည်ကိုပင် ဝေးသည်ထင်ကြကုန်သည်။ တစ် ယောက်နှင့်တစ်ယောက် မည်မျှချစ်ကျွမ်းဝင် နေစေကာမူ သူ့အိမ်ကိုယ့်အိမ်၊ သူ့နယ်ကိုယ့် နယ် လိုက်ပါဖို့အတွက် အငြင်းပွား၍ မာန် မာနခံလာပြီဆိုသည်နှင့် ကွဲပြဲသွားကြသည် လည်းရှိသည်။
အချို့သောနိုင်ငံများတွင် ယောက်ျားတစ် ယောက်လျှင် မိန်းမတစ်ယောက်ထက်ပိုယူ သောစနစ်ရှိသေး၍ မြန်မာ့ဓလေ့ထုံးစံကမူ တစ်လင် တစ်မယား စနစ် ဖြစ်သည်။ ယောက်ျားတစ်ယောက် က မိန်းမတစ်ယောက်တည်းကို လည်းကောင်း၊ မိန်းမတစ်ယောက် က ယောက်ျားတစ်ယောက်တည်းကို လည်းကောင်း ကာမပိုင်အဖြစ်ထားရှိသော မြန်မာ့အစဉ်အလာကား မြတ်နိုးဖွယ်ရာကောင်း လှသည်။
ယောက်ျားတစ်ယောက်နှင့် မိန်းမတစ် ယောက် ထိမ်းမြားမင်္ဂလာပြုရာတွင် တရား ဝင်ဖြစ်စေရန် များစွာအရေးကြီးသည်။ အသိ သက်သေများ၏ ရှေ့မှောက်တွင် ခိုင်လုံသော စာချုပ်၌ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုး ၍ လက်ထပ်ကြသည်လည်းရှိသည်။ ယင်းသို့ ဆောင်ရွက်ခြင်းကား တစ်ရပ်တည်းတွင် အတူ နေ၍ တစ်ယောက်နှင့်တစ်ယောက် အဆင်း သိသူများ လက်ထပ်သော မင်္ဂလာပွဲတို့နှင့် မသက်ဆိုင်ချေ။ တစ်ယောက်နှင့်တစ်ယောက် တစ်နယ်တစ်ကျေးတွင်လည်းကောင်
ရိုးသားသော မြန်မာ့ဓလေ့ ထိမ်းမြား ခြင်းအတွက် တရားဝင်ဖြစ်ရန်ကား စင်စစ် မည်သည့် အခမ်းအနား မျှ မလိုအပ်ပါချေ။ မိဘနှစ်ပါးက ပေးစား၍ ယောက်ျားလေးနှင့်မိန်းကလေး တို့ အတူနေအတူစားကြလျှင်လည်း ကောင်း၊ သူတစ်ပါးကို အောင်သွယ် ထား၍ အတူနေ အတူစားကြလျှင်လည်း ကောင်း၊ နှစ်ဦးသဘောတူ အတူနေအတူစား ကြလျှင်လည်းကောင်း လင်မယားအရာမြောက် ပါသည်။
မင်္ဂလာဦးညတွင် အတူနေ သူငယ်ချင်း တချို့တလေက သတို့သားအား ကျီစားတတ် ကြသည်။ ယင်း၏ မင်္ဂလာအခမ်းအနားအ တွက် အားတတ်သရော လုပ်ကိုင်ပေးကြပြီး နောက် ညနေချမ်းဆည်းဆာတွင် သတို့သား ကို နားပူနားဆာလုပ်၍ ဧည့်ခံခိုင်းသည်။ သတို့သားကလည်း သူငယ်ချင်းအပေါင်းအ သင်းများကို နားအေးပြီးရော သဘောနှင့် အရက်၊ ကြက်၊ စီးကရက်၊ ကွမ်းတို့ဖြင့် ဧည့်ခံ ပေးရသည်။ ယင်းညတွင် သတို့သားကို မျက် စိအောက်က အပျောက်မခံကြ။ သန်းခေါင် ညဥ့်နက်ချိန်အထိ အိပ်ရာမဝင်နိုင်ရန် ကျီစယ် ထားကြလေသည်။
လင်နှင့်မယားသည် ကာမဂုဏ် ခံစား ဖက်များသာဖြစ်သည်ဟုဆိုလျှင်
ကြင်ဖော်ကြင်ဖက် လင်နှင့်မယားတို့ကား ရာသက်ပန် ရိုးမြေကျ အတူယှဉ်လက်တွဲ၍ ဘဝ၏တိုက်ပွဲတို့အား ရင်ဆိုင်ကြရန် ဝန်ခံထား သူများနှင့်တူသည်။ နေထိုင်စားသောက်ရေး၊ လူမှုရေး၊ ကျန်းမာရေးသာမက အနာဂတ် ကာလတွင် ပေါက်ပွားလာမည့် သားသမီးတို့ ၏ ပညာရေးကိုလည်း ထည့်သွင်းစဉ်းစားထား ရသည်။
သာယာချမ်းမြေ့သော အိမ်ထောင်တစ် ခုဖြစ်ဖို့ကား လင်ကောင်းမယားကောင်းဖြစ် ၍ အပေးအယူမျှတပြီး ညီညွှတ်ကြဖို့လိုသည်။ မိန်းမဆိုးမမြင်းကတ်လို ကတ်တီးကတ်ဖဲ့နိုင် သောမိန်းမမျိုးနှင့် လင်ဆိုးမယား တဖားဖား ကသီကရီဖြစ်နေရှာသူ၏ ယောက်ျားဆိုးလည်း မဖြစ်သင့်ပေ။ လင်နှင့်မယားကား မောင်တစ် ထမ်း မယ်တစ် ရွက် တစ်နိုင်စီ တာဝန်ယူ၍ တစ်ဦးက တစ် ဦးကို ဖေးဖေး မမ ယုယုယယ ဖြင့် နေသွားကြဖို့ အရေးကြီးသည်။
အိမ်ထောင် တစ်ခုတွင် လင်ယော က်ျားသည် အိမ်ထောင်ဦး စီးဖြစ်၏။ ယင်းဦးစီပဲ့ကိုင်မတတ် လျှင် မိသားတစ်စုလုံး၏ဘဝကို က မောက်ကမ ဖြစ်သွားစေနိုင်ပါသည်။ လင် ယောက်ျားကောင်းတစ်ယောက်သည် မိမိ၏ ဇနီးမယားကို လိမ္မာအောင် ပဲ့ပြင်ဆုံးမတတ် ၍ တစ်နည်းအားဖြင့် ဆရာသမားလည်းမည် ပေသည်။ လူ့လောကအလယ်တွင် ဇနီး၏ ဂုဏ်အင်္ဂါ ပြည့်ဝတင့်တယ်နေခြင်းသည်ပင်
အချို့သောယောက်ျားများကား မိမိ၏ ဇနီးမယားကို မရခင် ဖျာလိုလိပ်၍ ထိပ်ပေါ် တင်ထားမတတ်ရှိပြီး တကယ်တမ်းပေါင်းသင်း နေထိုင်လာသောအခါတွင် မထီမဲ့မြင် ရှုမြင် လာတတ်ကြသည်။ အိမ်ကိုလည်း မခင်မင်၊ ပွဲလမ်းသဘင်ကြည့်ရှုရာတွင်လည
ယောက်ျားကောင်း၊ လင်ကောင်းဖြစ် သောသူတို့ကား အစားအစာကို အတူစားကြ သည်။ ပွဲလမ်းသဘင်သွားလျှင်လည်း အတူ တူသွားကြသည်။ တစ်ယောက်တည်း တစ်နေ ရာရောက်၍ ဇနီးမိန်းမဖို့ တစ်ခုမဟုတ်တစ်ခု ပါလာတတ်၍ ပါမလာလျှင်လည်း စိတ်မကောင်း ဖြစ်လေ့ရှိကြသည်။ အတူနေသောအခါတွင် လည်း ဟင်္သာမောင်နှံကဲ့သို့ မိမိဇနီးနှင့် ကြင် ကြင်နာနာ ယှဉ်တွဲနေထိုင်လေသည်။
လင်ဆိုးတို့ကား မိမိ၏မယားကို မာန်မဲ လေ့ရှိ၍ ကျေးကျွန်သဖွယ် ဆက်ဆံကြသည်။ နင်ပဲငဆ ကြမ်းတမ်းစွာ ပြောဆိုရုံမျှမက မိဘ များကိုပင် ထိပါးဆဲရေး တိုင်းထွာလာကြသည်။ လင်ကောင်းတို့ကမူ မိမိ၏မယားကို ချစ်ခင် ကြင်နာစွာခေါ်၍ မောင်နှမအရင်းကဲ့သို့ ချစ် ခင်လေးစားကြသည်။
စကားစမြည်ပြောကြရာတွင်လည်း ရှက် ကြောက်ဖွယ်ရာစကားများကို ရှောင်ရှား ပြောဆိုလေ့ရှိကြသည်။ လင်ဆိုးတို့သည် ချစ် ခင်ဖွယ်ရာမိန်းမလှလေးများကိ
အိမ်ထောင်တစ်ခု တိုးတက်ဖွံ့ဖြိုးဖို့ဆို လျှင် လင်ကောင်းရုံနှင့်ချည်းမပြီ
မယားကောင်းတစ်ယောက်၏ လက္ခ ဏာမှာ မိမိလင်ယောက်ျားမှတစ်ပါး လော် လည်ဖောက်ပြားမှု မရှိခြင်းပင်ဖြစ်သည်။ မယားကောင်းတို့သည် စန္ဒကူးနံ့သာခြောက် ကပ်သွားသော်လည်း အနံ့မကုန်သေးသကဲ့ သို့ ကာလရှည်သော်လည်း မိမိလင်ကိုရိုးအီ မသွားဘဲ ချစ်မြဲချစ်နေတတ်သည်။ ကြမ်း တမ်းသိမ်ဖျင်းသောစကားကို တစ်ရံတစ်ခါ မျှပြောသည်မရှိဘဲ မိမိလင်သားကိုလွန်စွာ လေးစားသဖြင့် ခိုင်းစေခြင်းလည်းမပြုချေ။ မိမိလင်သားအရင် ဦးစွာအိပ်ရာထ၍ပြုဖွယ် ကိစ္စမှန်သမျှ စီမံဆောင်ရွက်လေ့ရှိသည်။
အိမ်ရှင် ဇနီးမယားကောင်းတို့သည် ဧည့်ဝတ်ကျေပွန်၍ ပျူပျူငှာငှာနှုတ်ဆက် စကားပြောကြားကြသည်။ ပေးကမ်းဖွယ်ရှိ လျှင် ပေးကမ်း၍ အိမ်နီးချင်းတို့နှင့် သဟ ဇာတဖြစ်အောင်နေထိုင်ပြီး မကျန်းမာလျှင် လည်း မေးမြန်းတတ်ကြသည်။ အတိတ်ကံ ကုသိုလ်ဟောင်းကိုချည်း ခံစားမနေဘဲ ကု သိုလ်အသစ် တိုးပွားစေဖို့အတွက် လှူဒါန်း ကောင်းမှုပြုလုပ်ကြသည်။
ဇနီးမယားကောင်းတို့ကား အမိနှင့်တူ ၍ နှမနှင့်လည်းတူပြီး ဘဝတစ်လျှောက် လုံးတွင် လက်တွဲမဖြုတ်စတမ်းသွာကြမည့်
အိမ်ထောင်သည်မဖြစ်မီ လူပျိုနှင့်အပျို တို့၏ဘဝကား စုံလင်ပြည့်ဝသော လူ့ဘဝ မဟုတ်သေး။ အိမ်ထောင်သည်တို့၏ ဘဝ ကသာ လူ့ဘဝအစစ်ဖြစ်သည်။ သားမယား တို့ဖြင့် ပြည့်ပြည့်စုံစုံ တင့်တင့်တယ်တယ် နေရခြင်းကား လူ့ချမ်းသာဖြစ်သည်။ သို့ သော်လည်း သားမယားဟူသော လူ့ချမ်းသာ မှာ အများထင်သလို တကယ့်နှစ်သက်အား ကိုးစရာကား မဟုတ်ပါချေ။
လင်နှင့်မယား အချစ်ညီသော အိမ် ထောင်သည်ဘဝကား အားကျဖွယ်ရာ၊ စိတ် ချမ်းသာစရာကောင်းလှချေသည်။ သိကြား မင်းနှင့် သိကြားမင်း၏ မိဖုရားတို့ကလာပြီး ဖျက်သည့်တိုင် သစ္စာမယိုင်သော လင်ကောင်း မယားကောင်း ဖြစ်ကြပြီဆိုလျှင် ဘဝအဆက် ဆက် ပေါင်းဖက်လျက်နေနိုင်ကြမည်က
#YangonMediaGroup #YangonTimesJournal

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။