"အာပုံ Vs ဂွေးကျိ"
.
.
အာပုံ = Vagina တဲ့။
တွေ့လိုက်တဲ့ ဓာတ်ပုံက တပိုင်းတစဆိုတော့ ဘယ်ဂျာနယ်ထဲ ပါလာတာလဲတော့ သေချာမသိဘူး၊
ဘယ်မဟာပညာကျော်က ဘာသာပြန်လိုက်လေသလဲလည်း မသိဘူး...
မြန်မာမုန့် 'အာပုံ' ကို Vagina တဲ့။
ဖတ်မိတဲ့ နိုင်ငံခြားသားတွေထင်မယ်... ... "ယဉ်ကျေးပါတယ်ဆိုတဲ့ မြန်မာလူမျိုးတွေက မုန့်နာမည်မှည့်ထားတာ မိုက်ရိုင်းလိုက်တာ"... လို့။
တကယ်က 'အာပုံ' ဆိုတာ ဘာအဓိပ္ပယ်မှ ဟုတ်ဟုတ်ညားညားရှိဟန် မတူပါဘူးဗျာ။
'ကရေကရာ' တို့၊ မုန်းသိုင်းခြုံ တို့၊ ဆနွင်းမကင်း တို့လို နာမည်ပါ။
တချို့မုန့်တွေကတော့ အဓိပ္ပယ်ရှိကောင်းရှိပါမယ်။
ဥပမာ...
မုန့်ပျားသလက် (ပျားအုံက ပျားသလက်နဲ့ တူလို့)
မုန့်ဗိုင်းတောင့် (ဗိုင်းတောင့်လေးနဲ့ တူလို့)
ဒါပေမယ့်...
ဒီ အာပုံ ကတော့ နာမည်သက်သက်မှည့်ထားတာပါ။
ခက်တာက...
ကျနော်တို့ အညာဘက်မှာ အမျိုးသမီးအင်္ဂါကို 'အာပုံ' လို့ နောက်ပြောင်ပြီး ခေါ်ကြတယ် (လူတချို့ပါ)
ပုံစံတူလို့လား ဘာလားတော့ ကျနော်လည်း သေချာမသိ (ငိ ငိ ကိုယ်က လူပျိုကြီးဆိုတော့လေ)
လူတွေ နောက်ပြောင်ပြောတဲ့စကားကို အဲဒီဘာသာပြန်သူက အမှန်ထင်ခဲ့ပုံရတယ်။
ခုခေတ် FB မှာတောင် ပြောပြောနေကြတယ်လေ... စမူဆာ ဆိုတာ။
ဖေ့စ်ဘုတ်သုံးတဲ့သူများ သိကြပါတယ်၊ အဲဒီစမူဆာ ဆိုတာ မိန်းကလေးတွေရဲ့ အင်္ဂါအစိပ်အပိုင်းကို နောက်ပြီး ခေါ်တယ်ဆိုတာ။
စမူဆာ ဆိုတဲ့ အခေါ်ဟာ တကယ်က အိန္ဒိယအခေါ် ဖြစ်မယ်။
သူတို့မုန့် စမူဆာဟာ စမူဆာပါပဲ။
လူတွေ နောက်ပြောင်ခေါ်တာနဲ့ပဲ စမူဆာ ကို Vagina လို့ ဘာသာပြန်မလား?
ဘာသာပြန်တယ်ဆိုရာမှာ အင်္ဂလိပ်စာကို တစ်ဖက်ကမ်းခတ် တတ်ယုံနဲ့ မရနိုင်ဘူးထင်တယ်။ (ထင်တာပါ)
ဒီလို တလွဲလုပ် တလွဲဘာသာပြန်ခဲ့တဲ့ ရီစရာအဖြစ်လေးတစ်ခုကို တခါက ကျနော်ရေးတင်ဖူးတယ်။
ခုကြုံကြိုက်လို့ ပြန်လည်ဖော်ပြလိုက်ပါတယ်။
နည်းနည်းလေးဖြစ်ဖြစ် ပြုံးနိုင်ကြပါစေ... ....
.
.
"ကပ်ပယ်"
ကျနော် ၉ - ၁ဝ တန်း တက်တော့ ချင်းပြည်နယ် ပလက်ဝ အထက မှာ။
တစ်ရက်ပေါ့...
လပတ်စာမေးပွဲမှာ မြန်မာစာ ဖြေကြတယ်။
ကိုယ်နဲ့ တစ်ခုံထဲထိုင်တဲ့ အတန်းဖော် ချင်းလေးက ကိုယ့်အထင်ကြီးပြီး စာခိုးမေးတယ်။
သူကလည်း ကျောင်းလစ်နေကျ။
ကိုယ်ကလည်း အတန်းမမှန်တဲ့ကောင်။
အတူတူချင်းကို။
ပေးထားတဲ့ ကဗျာကို စကားပြေပြန်ခိုင်းတာမှာ
ကဗျာခက်ဆစ် မသိလို့တဲ့
ကဗျာစာသားလေးက ... ...
"မောင်လွမ်းလျင် လှေယာဉ်နှင့်
ငါးတင်ခဲ့လေး၊
မယ်လွမ်းလျင် သောင်ပြင်က
အလေးချိန်ခွင် ကပ်ပယ်ပိုက်လို့
မျှော်လိုက်ကွဲ့လေး"... တဲ့။
အဲဒီမှာပါတဲ့... လှေတွေ၊ သောင်ပြင်တွေ၊ အလေးတွေ၊ ချိန်ခွင်တွေ၊ မောင်တွေ မယ်တွေ၊ သူ အကုန်သိတယ်။
သူ မသိတာက "ကပ်ပယ်"
ဒါနဲ့ ကျနော့်တိုးတိုးလေး လှမ်းမေးတယ်...
'ဟေ့ရောင်... မင်းတို့ဗမာစကားမှာ ကပ်ပယ်ဆိုတာ ဘာတုံး"
ကိုယ်လည်း ဆရာကြီးအထာနဲ့ မျက်လုံးလေးမှေးပြီး ခဏစဉ်းစားလိုက်တယ်။
ပြီးတော့ သူ့ကိုတိုးတိုးလေး ပြန်ပြောလိုက်တယ်
သူ့မျက်နှာ လက်ကနဲ ဖြစ်သွားပြီး ကဗျာစကားပြေကို အောင်မြင်စွာ ပြန်ဆိုလိုက်တော့တယ်။
သူ့ရဲ့ ဂန္တဝင်တွင်မယ့် စကားပြေပြန်ဆိုချက်က ဒီလိုဗျ... ...
"'ကဗျာစကားပြေ'"
'မောင်က မေ့ကိုလွမ်းရင်
လှေနဲ့အပြည့် ငါးတွေတင်ခဲ့မယ်၊
မေက မောင့်ကိုလွမ်းရင်
အလေးရယ် ချိန်ခွင်ရယ် ဂွေးကျိရယ် ပိုက်ပြီး
သောင်ပြင်က စောင့်'
ရလဒ်ကတော့...
ကျောင်းအုပ်ကြီး ရုံးခန်းရောက်ပြီး
ရေးတဲ့သူကို ၂ ချက်၊ ပြောပြတဲ့သူကို ၄ ချက်၊ ကြိမ်နဲ့ ဆော်လွှတ်လိုက်တယ်။
ခက်ဆစ်အမှန်က-
ကပ်ပယ် = ချိန်ခွင်ငယ် တဲ့
ကိုယ်သိတာက-
ကပ်ပယ် = ကွေးကျိ
.
.
သန်၎ကို - ပေါက်ရရေးသည်။
https://www.facebook.com/ thanlayko
.
.
အာပုံ = Vagina တဲ့။
တွေ့လိုက်တဲ့ ဓာတ်ပုံက တပိုင်းတစဆိုတော့ ဘယ်ဂျာနယ်ထဲ ပါလာတာလဲတော့ သေချာမသိဘူး၊
ဘယ်မဟာပညာကျော်က ဘာသာပြန်လိုက်လေသလဲလည်း မသိဘူး...
မြန်မာမုန့် 'အာပုံ' ကို Vagina တဲ့။
ဖတ်မိတဲ့ နိုင်ငံခြားသားတွေထင်မယ်...
တကယ်က 'အာပုံ' ဆိုတာ ဘာအဓိပ္ပယ်မှ ဟုတ်ဟုတ်ညားညားရှိဟန် မတူပါဘူးဗျာ။
'ကရေကရာ' တို့၊ မုန်းသိုင်းခြုံ တို့၊ ဆနွင်းမကင်း တို့လို နာမည်ပါ။
တချို့မုန့်တွေကတော့ အဓိပ္ပယ်ရှိကောင်းရှိပါမယ်။
ဥပမာ...
မုန့်ပျားသလက် (ပျားအုံက ပျားသလက်နဲ့ တူလို့)
မုန့်ဗိုင်းတောင့် (ဗိုင်းတောင့်လေးနဲ့ တူလို့)
ဒါပေမယ့်...
ဒီ အာပုံ ကတော့ နာမည်သက်သက်မှည့်ထားတာပါ။
ခက်တာက...
ကျနော်တို့ အညာဘက်မှာ အမျိုးသမီးအင်္ဂါကို 'အာပုံ' လို့ နောက်ပြောင်ပြီး ခေါ်ကြတယ် (လူတချို့ပါ)
ပုံစံတူလို့လား ဘာလားတော့ ကျနော်လည်း သေချာမသိ (ငိ ငိ ကိုယ်က လူပျိုကြီးဆိုတော့လေ)
လူတွေ နောက်ပြောင်ပြောတဲ့စကားကို အဲဒီဘာသာပြန်သူက အမှန်ထင်ခဲ့ပုံရတယ်။
ခုခေတ် FB မှာတောင် ပြောပြောနေကြတယ်လေ... စမူဆာ ဆိုတာ။
ဖေ့စ်ဘုတ်သုံးတဲ့သူများ သိကြပါတယ်၊ အဲဒီစမူဆာ ဆိုတာ မိန်းကလေးတွေရဲ့ အင်္ဂါအစိပ်အပိုင်းကို နောက်ပြီး ခေါ်တယ်ဆိုတာ။
စမူဆာ ဆိုတဲ့ အခေါ်ဟာ တကယ်က အိန္ဒိယအခေါ် ဖြစ်မယ်။
သူတို့မုန့် စမူဆာဟာ စမူဆာပါပဲ။
လူတွေ နောက်ပြောင်ခေါ်တာနဲ့ပဲ စမူဆာ ကို Vagina လို့ ဘာသာပြန်မလား?
ဘာသာပြန်တယ်ဆိုရာမှာ အင်္ဂလိပ်စာကို တစ်ဖက်ကမ်းခတ် တတ်ယုံနဲ့ မရနိုင်ဘူးထင်တယ်။ (ထင်တာပါ)
ဒီလို တလွဲလုပ် တလွဲဘာသာပြန်ခဲ့တဲ့ ရီစရာအဖြစ်လေးတစ်ခုကို တခါက ကျနော်ရေးတင်ဖူးတယ်။
ခုကြုံကြိုက်လို့ ပြန်လည်ဖော်ပြလိုက်ပါတယ်။
နည်းနည်းလေးဖြစ်ဖြစ် ပြုံးနိုင်ကြပါစေ... ....
.
.
"ကပ်ပယ်"
ကျနော် ၉ - ၁ဝ တန်း တက်တော့ ချင်းပြည်နယ် ပလက်ဝ အထက မှာ။
တစ်ရက်ပေါ့...
လပတ်စာမေးပွဲမှာ မြန်မာစာ ဖြေကြတယ်။
ကိုယ်နဲ့ တစ်ခုံထဲထိုင်တဲ့ အတန်းဖော် ချင်းလေးက ကိုယ့်အထင်ကြီးပြီး စာခိုးမေးတယ်။
သူကလည်း ကျောင်းလစ်နေကျ။
ကိုယ်ကလည်း အတန်းမမှန်တဲ့ကောင်။
အတူတူချင်းကို။
ပေးထားတဲ့ ကဗျာကို စကားပြေပြန်ခိုင်းတာမှာ
ကဗျာခက်ဆစ် မသိလို့တဲ့
ကဗျာစာသားလေးက ... ...
"မောင်လွမ်းလျင် လှေယာဉ်နှင့်
ငါးတင်ခဲ့လေး၊
မယ်လွမ်းလျင် သောင်ပြင်က
အလေးချိန်ခွင် ကပ်ပယ်ပိုက်လို့
မျှော်လိုက်ကွဲ့လေး"... တဲ့။
အဲဒီမှာပါတဲ့... လှေတွေ၊ သောင်ပြင်တွေ၊ အလေးတွေ၊ ချိန်ခွင်တွေ၊ မောင်တွေ မယ်တွေ၊ သူ အကုန်သိတယ်။
သူ မသိတာက "ကပ်ပယ်"
ဒါနဲ့ ကျနော့်တိုးတိုးလေး လှမ်းမေးတယ်...
'ဟေ့ရောင်... မင်းတို့ဗမာစကားမှာ ကပ်ပယ်ဆိုတာ ဘာတုံး"
ကိုယ်လည်း ဆရာကြီးအထာနဲ့ မျက်လုံးလေးမှေးပြီး ခဏစဉ်းစားလိုက်တယ်။
ပြီးတော့ သူ့ကိုတိုးတိုးလေး ပြန်ပြောလိုက်တယ်
သူ့မျက်နှာ လက်ကနဲ ဖြစ်သွားပြီး ကဗျာစကားပြေကို အောင်မြင်စွာ ပြန်ဆိုလိုက်တော့တယ်။
သူ့ရဲ့ ဂန္တဝင်တွင်မယ့် စကားပြေပြန်ဆိုချက်က ဒီလိုဗျ... ...
"'ကဗျာစကားပြေ'"
'မောင်က မေ့ကိုလွမ်းရင်
လှေနဲ့အပြည့် ငါးတွေတင်ခဲ့မယ်၊
မေက မောင့်ကိုလွမ်းရင်
အလေးရယ် ချိန်ခွင်ရယ် ဂွေးကျိရယ် ပိုက်ပြီး
သောင်ပြင်က စောင့်'
ရလဒ်ကတော့...
ကျောင်းအုပ်ကြီး ရုံးခန်းရောက်ပြီး
ရေးတဲ့သူကို ၂ ချက်၊ ပြောပြတဲ့သူကို ၄ ချက်၊ ကြိမ်နဲ့ ဆော်လွှတ်လိုက်တယ်။
ခက်ဆစ်အမှန်က-
ကပ်ပယ် = ချိန်ခွင်ငယ် တဲ့
ကိုယ်သိတာက-
ကပ်ပယ် = ကွေးကျိ
.
.
သန်၎ကို - ပေါက်ရရေးသည်။
https://www.facebook.com/

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။