နောင်လာနောက်သားများအတွက် စဉ်းစားပေးသည့် အစိုးရမျိုးကို ရွေးချယ် ရန် ဝေဠုကျော် တိုက်တွန်း
----------
သရက်ပင်စိုက်သည့် အဘိုးအိုပုံပြင်ကဲ့သို့ အစိုးရမျိုးရရှိအောင် မြန်မာပြည်သူများ အနေဖြင့် စဉ်းစားဆုံးဖြတ် စေလိုကြောင်း အနုပညာရှင် ဝေဠုကျော်က တိုက်တွန်းပြောကြားလိုက်သည် ။
သြဂုတ်လ ၂၂ ရက်နေ့ ညပိုင်းက အမျိုးသားကဇာတ်ရုံတွင် ကမ္ဘောဇဘဏ်၏ အနာဂတ် အလင်းတန်းများ ဖောင်ဒေးရှင်းက ဦးဆောင်ကျင်းပသည့် ရေဘေးသင့်ပြည်သူများ ရန်ပုံငွေဖျော်ဖြေပွဲ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော် ဘယ်တော့မှ ပါတီနိုင်ငံရေး မလုပ်ပါဘူး။ ဘယ်အစိုးရ တက်တက် ပရဟိတပဲ လုပ်မှာပါ။ ကျွန်တော် ဖတ်ဖူးတဲ့ ပုံပြင်ထဲကလို သရက်ပင်စိုက်တဲ့ အဘိုးအို လိုပဲ နောင်လာနောင်သားများ စားသုံးလို့ရအောင် စိုက်ပျိုးတဲ့သူမျိုးကို ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင် ရန် ဆုံးဖြတ်ပါ” ဟု သရုပ်ဆောင် ဝေဠုကျော်က ပြောကြား လိုက်ခြင်း ဖြစ်သည်။
ဝေဠုကျော် ဖောင်ဒေးရှင်းအနေဖြင့် ရေဘေးသင့်ပြည်သူများအား ပြန်လည်ထူထောင်ရေး အပါအ၀င် ငြိမ်းချမ်းရေး လုပ်ငန်းများအတွက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကိုလည်း သိရှိရသည်။
“အခုလို ရေဘေးအတွက် ရန်ပုံငွေပွဲပြုလုပ်ရတာ အထူးဝမ်းမြောက်ဝမ်းသာဖြစ်ရတ ယ်” ဟု အဆိုတော် လေးဖြူက ရန်ပုံငွေပွဲ၌ ပြောကြားခဲ့သည်။
အဆိုပါဖျော်ဖြေပွဲကို လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်းတို့က IRON CROSS တေးဂီတ အဖွဲ့နှင့်အတူ ဖျော်ဖြေခဲ့သည်။ ရန်ပုံငွေဖျော်ဖြေပွဲတွင် ရေးဘေးသင့် ပြည်သူများအတွက် အလှူငွေပေါင်း ကျပ်သိန်း တစ်သောင်းကိုးထောင်ကျော် ရရှိခဲ့ကြောင်းကိုလည်း သိရှိရသည်။
MMK
The Ladies News Journal
----------
သရက်ပင်စိုက်သည့် အဘိုးအိုပုံပြင်ကဲ့သို့ အစိုးရမျိုးရရှိအောင် မြန်မာပြည်သူများ အနေဖြင့် စဉ်းစားဆုံးဖြတ် စေလိုကြောင်း အနုပညာရှင် ဝေဠုကျော်က တိုက်တွန်းပြောကြားလိုက်သည်
သြဂုတ်လ ၂၂ ရက်နေ့ ညပိုင်းက အမျိုးသားကဇာတ်ရုံတွင် ကမ္ဘောဇဘဏ်၏ အနာဂတ် အလင်းတန်းများ ဖောင်ဒေးရှင်းက ဦးဆောင်ကျင်းပသည့် ရေဘေးသင့်ပြည်သူများ ရန်ပုံငွေဖျော်ဖြေပွဲ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော် ဘယ်တော့မှ ပါတီနိုင်ငံရေး မလုပ်ပါဘူး။ ဘယ်အစိုးရ တက်တက် ပရဟိတပဲ လုပ်မှာပါ။ ကျွန်တော် ဖတ်ဖူးတဲ့ ပုံပြင်ထဲကလို သရက်ပင်စိုက်တဲ့ အဘိုးအို လိုပဲ နောင်လာနောင်သားများ စားသုံးလို့ရအောင် စိုက်ပျိုးတဲ့သူမျိုးကို ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင် ရန် ဆုံးဖြတ်ပါ” ဟု သရုပ်ဆောင် ဝေဠုကျော်က ပြောကြား လိုက်ခြင်း ဖြစ်သည်။
ဝေဠုကျော် ဖောင်ဒေးရှင်းအနေဖြင့် ရေဘေးသင့်ပြည်သူများအား ပြန်လည်ထူထောင်ရေး အပါအ၀င် ငြိမ်းချမ်းရေး လုပ်ငန်းများအတွက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်
“အခုလို ရေဘေးအတွက် ရန်ပုံငွေပွဲပြုလုပ်ရတာ အထူးဝမ်းမြောက်ဝမ်းသာဖြစ်ရတ
အဆိုပါဖျော်ဖြေပွဲကို လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်းတို့က IRON CROSS တေးဂီတ အဖွဲ့နှင့်အတူ ဖျော်ဖြေခဲ့သည်။ ရန်ပုံငွေဖျော်ဖြေပွဲတွင် ရေးဘေးသင့် ပြည်သူများအတွက် အလှူငွေပေါင်း ကျပ်သိန်း တစ်သောင်းကိုးထောင်ကျော် ရရှိခဲ့ကြောင်းကိုလည်း သိရှိရသည်။
MMK
The Ladies News Journal
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။