Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, September 9, 2015

အသစ်ထွက်မည့် Apple iPhone အကြောင်း သိထားသင့်သမျှ


Apple သည်နှစ်စဉ် ကျင်းပသည့်ပွဲကို စက်တင်ဘာလ ၉ ရက်တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး အဆိုပါပွဲတွင် iPhone အသစ်ကို မိတ်ဆက်ပေးဖွယ် ရှိနေသည်။
ထို့အတွက်ကြောင့် iPhone အသစ်အကြောင်းကို စိတ်ဝင်စား သူများတွက် ၎င်းထုတ်ကုန်သစ်နှင့် ပတ်သက်သည့် ကောလာဟလများ၊ တစ်ဆင့်စကားများနှင့် ခန့်မှန်းပြောကြားချက်များကို စုစည်းဖော်ပြလိုက်ပါသည်။

ကြေညာမည့်အချိန်
တရားဝင်ဖိတ်ကြားချက်များ မရမီကတည်းက Apple အနေဖြင့် iPhone အသစ်ကို iPad ဗားရှင်းသစ်၊ Apple TV တို့နှင့်တူ စက်တင်ဘာလ ၉ ရက်တွင် မိတ်ဆက်ပေးဖွယ်ရှိကြောင်း Buzzfeed မှဖော်ပြခဲ့သည်။
အချို့သော သတင်းဌာနများကမူ iPhone 6S ကိုစက်တင်ဘာလ ၁၈ ရက်တွင် ဝယ်ယူနိုင်မည်ဟု ဖော်ပြခဲ့သည်။
ဒီဇိုင်း
၂၀၁၄ ခုနှစ်က Apple မှ ဖြန့်ချိခဲ့သော iPhone 6 တွင် ယခင်အမျိုးအစားထက် အရွယ်အနည်းငယ် ကြီးမားသော display ပါဝင်ခဲ့သည်။ ၅.၅ လက်မ display ပါဝင်သော iPhone 6 Plus မှာကုမ္ပဏီ၏ ပထမဦးဆုံး phablet အမျိုးအစား ဖြစ်လာခဲ့သည်။ ဇွန်လတွင် ထွက်ပေါ်လာခဲ့သော သတင်းများအရ အသစ်ထွက်မည့် iPhone သည် ယခင်အမျိုးအစားထက် အနည်းငယ်ထူပြီး ဘက်ထရီသက်တမ်း ပိုမိုကြာရှည်ကာ Force Touch ကို ထောက်ပံ့ပေးဖွယ်ရှိကြောင်း သိရသည်။
KGI Securities ကလည်း အသစ်ထွက်မည့် iPhone တွင် Apple Watch Sport ၌ အသုံးပြုထားသော 7000 series အလူမီနီယံကို အသုံးပြုဖွယ်ရှိကြောင်းနှင့် ၎င်းသည် iPhone 6 ထက် အနံကျယ်ကာ ရှည်လျားဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။ Unbox  Therapy ၏ ဗီဒီယိုတစ်ခုတွင်လည်း iPhone အသစ်သည် ယခင် အမျိုးအစားထက် ပိုမိုတောင့်တင်း ခိုင်ခံ့ဖွယ်ရှိကြောင်း ခန့်မှန်းခဲ့သည်။ ဇူလိုင်လ ၄ ရက်တွင် Engadget Japan က လက်ရှိ iPhone 6 ထက် အနည်းငယ်ကြီးမားသော ဒီဇိုင်းသစ်ကို ပြသခဲ့သည်။
Apple က 6S နှင့် 6S Plus အပြင် ၄ လက်မအရွယ် ထုတ်ကုန်သစ်ကိုလည်း ထုတ်လုပ်ရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ အဆိုပါ ၄ လက်မအရွယ် ထုတ်ကုန်သည် iPhone 6C သို့မဟုတ် iPhone mini ကိုရည်ညွှန်းကြောင်း ဆိုသည်။
လျှို့ဝှက် သတင်းအချက်အလက်များ ပေါက်ကြားရာတွင် လူသိများထင်ရှားသော အီဗန်ဘလက်စ်ကလည်း iPhone 6s, 6s Plus နှင့် 6c တို့ကို တစ်ပြိုင်နက် မိတ်ဆက်ဖွယ်ရှိကြောင်း သြဂုတ်လ ၁၀ ရက်က twitter တွင် ရေးသားခဲ့သည်။ သို့သော်လည်း 9to5Mac က ၄ လက်မအရွယ် ထုတ်ကုန်ကို စက်တင်ဘာ ၉ ရက် ပွဲတွင် ပွဲထုတ်မိတ်ဆက်ဖွယ် မရှိကြောင်းနှင့် iPhone 5C ထုတ်လုပ်ရောင်းချမှုကို ရပ်ဆိုင်းဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။
အခြားသတင်းများတွင်မူ iPhone အသစ်ကို ပန်းရောင်သမ်းသော ရွှေရောင် (rose-gold) နှင့် တန်ဖိုးမြင့် Apple Watch ကဲ့သို့ ၁၄ ကာရက်ရွှေဖြင့် ပြုလုပ်ထားသည့် Edition အမျိုးအစားကိုလည်း တွေ့မြင်ရနိုင်ကြောင်း ဖော်ပြခဲ့သည်။
iOS
Apple သည် iOS 9 ကို ဇွန်လ ၈ ရက်တွင် ကျင်းပခဲ့သော World wide Developers Conference တွင် မိတ်ဆက်ခဲ့သည်။ ၎င်းတွင် အဆင့်မြှင့်ထားသော Siri နှင့် ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားသော Apple Pay တို့အပြင် မြေပုံလုပ်ဆောင်ချက်သစ်နှင့် News app သစ်တို့ ပါဝင်လာမည် ဖြစ်သည်။ Apple ကမူအဆိုပါ operating system တွင် ပါဝင်သည့် low-power mode သစ်သည် အချို့ထုတ်ကုန်များ၏ ဘက်ထရီကို သုံးနာရီကို တိုးမြှင့်အသုံးပြု နိုင်စေမည်ဟု ပြောကြားခဲ့သည်။
ဇွန်လတွင်မူ iOS beta ဗားရှင်းကို အသုံးပြုနိုင်ရန် developer များက ထောက်ပံ့ပေးခဲ့သည်။ ၎င်းသည် developer မဟုတ်သူများထံ beta ဗားရှင်းကို ပထမဦးဆုံး အသုံးပြုခွင့်ပေးသော iOS operating system ဖြစ်လာခဲ့သည်။
9to5mac.com ကမူ iPhone 6S ၏ lock screen တွင် motion graphic များ ပါဝင်လာဖွယ်ရှိပြီး ၎င်းသည် Apple Watch ရှိ animations feature နှင့် တူညီကြောင်း ဆိုခဲ့သည်။
Processor
iPhone 6 နှင့် 6 Plus နှစ်မျိုးစလုံးတွင် A8 64-bit dual-core processor ကို အသုံးပြု ထားသောကြောင့် အလွန်ကောင်းမွန်သည့် စွမ်းဆောင်ရည်ဖြင့် အသုံးပြုနိုင် စေခဲ့သည်။
သို့သော်လည်း အသစ်ထွက်မည့် iPhone တွင်မူ Samsung မှ ထုတ်လုပ်ထားသော A9 chip ကို အသုံးပြုဖွယ်ရှိကြောင်း Bloomberg မှ ဖော်ပြခဲ့သည်။ လေ့လာဆန်းစစ်သူ မင်ချီကူကလည်း iPhone အသစ်တွင် A9 processor, 2GB RAM တို့ဖြင့် အသုံးပြုနိုင်မည်ဟု ပြောကြားခဲ့သည်။
ဇူလိုင်လတွင် DigiTimes က Samsung နှင့် TSMC အနေဖြင့် iPhone သန်း ၉၀ အတွက် လုံလောက်သော A9 chip များကို အလုံးအရင်း ထုတ်လုပ်နေကြောင်း ဆိုခဲ့သည်။
ဇူလိုင်လတွင်ပင် 9to5mac.com က အသစ်ထွက်မည့် iPhone တွင် Qualcomm processor ဖြစ်သော 9X35 Gobi chip ပါဝင်လာဖွယ်ရှိကြောင်း၊ ၎င်းသည် ပိုမိုကောင်းမွန်သော စွမ်းဆောင်ရည်ကို ထောက်ပံ့ပေးနိုင်ကာ လက်ရှိမျိုးဆက် LTE ကွန်ရက်အမြန်နှုန်းကို နှစ်ဆပိုမိုစေနိုင်ကြောင်း ဖော်ပြခဲ့သည်။

NFC
Apple သည် NFC ကို iPhone  6 နှင့် iPhone 6 Plus တွင် ပထမဦးဆုံး ထောက်ပံ့ပေးခဲ့သလို Apple Watch တွင်လည်း ထောက်ပံ့ပေးခဲ့သည်။ 9to5mac.com ကမူ အသစ်ထွက်မည့် iPhone တွင် သီးခြား chip မလိုအပ်သော secure element processor တစ်ခုပါဝင်သည့် NFC hardware သစ်တစ်ခု  ပါဝင်ဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။
Battery
iOS 9 တွင် ပါဝင်လာမည့် low-power mode သစ်သည် iPhone ဘက်ထရီသက်တမ်းကို ၃ နာရီအထိ တိုးမြှင့်အသုံးပြု နိုင်စေမည် ဖြစ်သည်။
ထို့အပြင် အားသွင်းမှုအတွက် USB-C cable တစ်ခုပါဝင်လာပြီး Apple Watch အပြင် Samsung Galaxy S6 နှင့် S6 Edge စသည့် အခြားစမတ်ဖုန်းများတွင် ပါဝင်သော ကြိုးမဲ့အားသွင်း စနစ်ကိုလည်း ထောက်ပံ့ပေးဖွယ်ရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။
Screen
လက်ရှိအမျိုးအစားများတွင် အသုံးပြုထားသော Gorilla glass ထက် ခြစ်ရာဒဏ်ခံနိုင်ပြီး အကြမ်းခံနိုင်သော sapphire display ပါဝင်သည့် iPhone အကြောင်း ကောလာဟလ သတင်းထွက်ခဲ့ဖူးသည်။
Corning သည် Project Phire ဟုခေါ်သော မျိုးဆက်သစ် Gorilla Glass တစ်မျိုးကို ကြေညာခဲ့သည်။ ထို့အပြင် Sapphhireကဲ့သို့ စင်းရာခြစ်ရာ ဒဏ်ခံနိုင်သည့် Phire ပါဝင်သော ထုတ်ကုန်များကို ယခုနှစ်ကုန်ပိုင်းတွင် တွေ့မြင်ရမည်ဟု ကုမ္ပဏီက ပြောကြားထားသည့်အတွက် ၎င်းမှာ iPhone အသစ်ထွက်ရှိမည့် အချိန်နှင့် တိုက်ဆိုင်နေသည်။
တစ်ချိန်တည်းမှာပင် iPhone အသစ်တွင် Apple Watch ၏ OLED display နည်းပညာကို အသုံးပြုဖွယ် ရှိနေသည်။ ၎င်းသည် လက်ရှိ iPhone များ၏ Retina display များတွင် အသုံးပြုထားသော LCD နည်းပညာထက် အရောင်များကို ကြည်လင်ပြတ်သားစွာ ဖော်ပြပေးနိုင်သည်။
ထို့အပြင် Apple Watch တွင် အသုံးပြုထားသည့် Force Touch ကိုလည်း iPhone screen များတွင် ပေါင်းစပ်ပါဝင်လာဖွယ် ရှိနေသည်။ သို့သော် iPhone တွင်ပါဝင်လာဖွယ်ရှိသော Force Touch အကြောင်းကို Apple က အတည်ပြုခြင်း မရှိသေးပေ။
Camera
သြဂုတ်လတွင် Apple က ချွတ်ယွင်းချက်ရှိသော iPhone 6 Plus ၏ iSight ကင်မရာများကို အခမဲ့ အစားထိုး လဲလှယ်ပေးရန် စီစဉ်ခဲ့သည်။ Apple သည် ၂၀၁၅ ခုနှစ် ဧပြီလက အစ္စရေးကုမ္ပဏီ LinX Computational ကို ဝယ်ယူခဲ့သောကြောင့် အသစ်ထွက်မည့် iPhone တွင် အဆင့်မြင့် ကင်မရာနည်းပညာများ ပါဝင်လာဖွယ် ရှိနေသည်။
IHS China ၏ ဈေးကွက်အချက်အလက် လေ့လာဆန်းစစ်ရေးဌာနမှ အမှုဆောင်ချုပ် ကီဗင်ဝေါင်ကမူ ကျောဘက်ကင်မရာ pixel မှာ 8 မှ 12 အထိ တိုးမြှင့်လာနိုင်ကြောင်း သုံးသပ်ခဲ့သည်။
-Ref: CNET
http://www.internetjournal.media/article/4014

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။