Followers အားေပးသူမ်ား အထူး အထူးပဲ ေက်းဇူးတင္ပါသည္။

✩✩ ✩ ✩ ✩ ✩ ✩သီခ်င္းခ်စ္သူ ✪ မွ ✪ သီခ်င္းခ်စ္သူသို႔✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ္႔ခ်စ္ AhMoon&အမြန္း AhNaing&အႏိုင္ AhNge&အငဲ Akuk Alex&အဲလက္စ္ AnnHellar&အန္ဟဲလာ Ar-T AungHtet&ေအာင္ထက္ AungLa&ေအာင္လ AungNaing&ေအာင္ႏိုင္ AungThu&ေအာင္သူ AungYin&ေအာင္ရင္ AuraLi&အာ္ရာလီ AyeChanMay&ေအးခ်မ္းေမ AyeTinChoShwe&ေအသင္ခ်ိဳေဆြ AyeWuttYiThaung&ေအးဝတ္ရည္ေသာင္း BaDin&ဗဒင္ Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန္ BoPhyu&ဘိုျဖဴ Breaky&ဘရိတ္ကီ BunnyPhyoe&ဘန္နီၿဖိဳး ChanChan&ခ်မ္းခ်မ္း ChanChann&ခ်မ္ခ်မ္း ChawSuKhin&ေခ်ာစုခင္ ChinSong&ခ်င္းသီခ်င္း ChitKaung&ခ်စ္ေကာင္း ChitThuWai&ခ်စ္သုေဝ ChoLayLung&ခ်ိဳေလးလုန္ ChoPyone&ခ်ိဳၿပံဳး ChristmasSong&ခရစၥမတ္သီခ်င္း CityFm Dawn&ဒြန္း DiraMore&ဓီရာမိုရ္ DoeLone&ဒိုးလံုး Dway&ေဒြး EainEain&အိန္အိန္း G.Latt&ဂ်ီလတ္ GaeGae&ေဂေဂး GirlLay&ဂဲ(လ္)ေလး Graham&ဂေရဟမ္ Group&အဖြဲ႔လိုက္ GuRawng&ကူးေရာင္ GyoGyar&ႀကိဳးၾကာ HanTun&ဟန္ထြန္း HaymarNayWin&ေဟမာေနဝင္း He`Lay&ဟဲေလး HlonMoe&လႊမ္းမိုး HlwanPaing&လႊမ္းပိုင္ HtamHkay&ထ်န္ေခး HTDTunYin&ဟသာၤတထြန္းရင္ HtetAung&ထက္ေအာင္ HtetHtetMyintAung&ထက္ထက္ျမင္႔ေအာင္ HtetSaung&ထက္ေလွ်ာင္း HtooEainThin&ထူးအိမ္သင္ HtooHtooSet&ထူးထူးဆက္ HtooL.Lin&ထူးအယ္လင္း HtunHtun&ထြဏ္းထြဏ္း HtunYati&ထြန္းရတီ IreneZinMarMyint&အိုင္ရင္းဇင္မာျမင္႔ J.LingMawng&ေဂလိန္းေမာင္း J.MgMg&ေဂ်ေမာင္ေမာင္ JarSan&ဂ်ာဆန္ JetSanHtun&ဂ်က္ဆန္ထြန္း JMe&ေဂ်းမီ KabarPhone&ကမၻာဖုန္း KaiZar&ကိုင္ဇာ KapyaBoiHmu&ကဗ်ာဘြဲ႔မွဴး KaungKaung&ေကာင္းေကာင္း KhaingHtoo&ခိုင္ထူး KhinBone&ခင္ဘုဏ္း khinMgHtoo&ခင္ေမာင္ထူး KhinMgToe&ခင္ေမာင္တိုး KhinSuSuNaing&ခင္စုစုႏိုင္ KhupPi&ခုပ္ပီး KKT&ေကေကတီ KoKoGyi&ကိုကိုႀကီး KoNi&ေကာ္နီ KyingLianMoong L.KhunYe&L.ခြန္းရီ L.LwinWar&L.လြန္းဝါ L.SengZi&L.ဆိုင္းဇီ LaShioTheinAung&လားရႈိးသိန္းေအာင္ LaWi&လဝီ LayLayWar&ေလးေလး၀ါ LayPhyu&ေလးျဖဴ LDKyaw&L.ဒီေက်ာ္ LiLiMyint&လီလီျမင္႔ LinNit&လင္းနစ္ LynnLynn&လင္းလင္း Madi&မဒီ MaNaw&မေနာ Marritza&မာရဇၨ MayKhaLar&ေမခလာ MaySweet&ေမဆြိ MayThu&ေမသူ MgThitMin&ေမာင္သစ္မင္း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင္းေဖ MinAung&မင္းေအာင္ Misandi&မိဆႏၵီ MMGospelSong&ခရစ္ယာန္ဓမၼေတး MMLoveSong&ျမန္မာသီခ်င္း MoMo&မို႔မို႔ MoonAung&မြန္းေအာင္ Music&ဂီတ Myanmar-Kid-Songs MyayPeYo&ေျမပဲယို MyoGyi&မ်ိဳးႀကီး MyoMyo&မ်ိဳးမ်ိဳး NangKhinZayYar&နန္းခင္ေဇယ်ာ Naung&ေနာင္ NawLiZar&ေနာ္လီဇာ NawNaw&ေနာေနာ္ NgeNgeLay&ငဲ႔ငယ္ေလး NiNiKhinZaw&နီနီခင္ေဇာ္ NiNiWinShwe&နီနီဝင္းေရႊ NO&ႏိုး NweYinWin&ႏြဲ႔ယဥ္ဝင္ NyanLinAung&ဥာဏ္လင္းေအာင္ NyiMinKhine&ညီမင္းခိုင္ NyiZaw&ညီေဇာ္ PannEiPhyu&ပန္းအိျဖဴ PanYaungChel&ပန္းေရာင္ျခယ္ Pb.ThanNaing&သန္းႏိုင္ PhawKa&ေဖာ္ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ္ PhyoGyi&ၿဖိဳးႀကီး PhyoKyawHtake&ၿဖိဳးေက်ာ္ထိုက္ PhyuPhyuKyawThein&ျဖဴျဖဴေက်ာ္သိန္း PhyuThi&ျဖဴသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည္ RainMoe&ရိန္မိုး RebeccaWin&ေရဗကၠာ၀င္း Ringo&ရင္ဂို SaiHteeSaing&စိုင္းထီးဆိုင္ SaiLay&စိုင္းေလး SaiSaiKhanHlaing&စိုင္းစိုင္းခမ္းလႈိင္ SaiSaiMaw&စိုင္းဆိုင္ေမာ၀္ SaiSan&ဆိုင္စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင္းဂၽြန္သင္ဇမ္း SalaiSunCeu&ဆလိုင္းဆြန္က်ဲအို SalaiThuahAung&ဆလိုင္းသႊေအာင္ SalaiZamLain&ဆလိုင္းသွ်မ္းလ်န္ SandyMyintLwin&စႏၵီျမင့္လြင္ SangPi&စံပီး SaungOoHlaing&ေဆာင္းဦးလႈိင္ SawBweHmu&စာဘြဲ႔မွဴး SawKhuSe&ေစာခူဆဲ She&သွ်ီ ShinPhone&ရွင္ဖုန္း ShweHtoo&ေရႊထူး SinPauk&ဆင္ေပါက္ SiThuLwin&စည္သူလြင္ SithuWin&စည္သူဝင္း SiYan&စီယံ Snare SoeLwinLwin&စိုးလြင္လြင္ SoeNandarKyaw&စိုးနႏၵာေက်ာ္ SoePyaeThazin&စိုးျပည္႔သဇင္ SoeSandarTun&စိုးစႏၵာထြန္း SoTay&ဆိုေတး SungTinPar&ဆုန္သင္းပါရ္ SuNit&ဆူးနစ္ TekatawAyeMg&တကၠသိုလ္ေအးေမာင္ ThangPaa&ထန္းပါး TharDeeLu&သာဒီးလူ ThawZin&ေသာ္ဇင္ ThiriJ.MgMg&သီရိေဂ်ေမာင္ေမာင္ Thoon&သြန္း TinGyanSong&သႀကၤန္သီခ်င္း TintTintTun&တင္႔တင္႔ထြန္း TinZarMaw&တင္ဇာေမာ္ TunEaindraBo&ထြန္းအိျႏၵာဗို TunKham&ထြဏ္းခမ္ TunTun&ထြန္းထြန္း TuTu&တူးတူး V.NoTun&V.ႏိုထြန္း WaiLa&ေဝလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင္းစုခိုင္သိန္း WyneLay&ဝိုင္းေလး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင္ YadanaOo&ရတနာဦး YairYintAung&ရဲရင္႔ေအာင္ YanAung&ရန္ေအာင္ YarZarWinTint&ရာဇာဝင္းတင္႔ YeTwin&ရဲသြင္ YummyRookie YuZaNa&ယုဇန YY&၀ိုင္၀ိုင္း Z.DiLa&Z.ဒီးလာ ZamNu&ဇမ္ႏူး ZawOne&ေဇာ္ဝမ္း ZawPaing&ေဇာ္ပိုင္ ZawWinHtut&ေဇာ္ဝင္းထြဋ္ ZawWinShing&ေဇာ္ဝင္းရွိန္ ZayYe&ေဇရဲ ZwePyae&ဇြဲျပည္႔
သီခ်င္းနားေထာင္ရန္ အေပၚက အဆိုေတာ္ နာမည္ Click ပါေနာ္

Facebook မွာ ဖတ္ခ်င္ရင္ Like တစ္ခ်က္ေလာက္ နဲ႔ အားေပးႏိုင္ပါသည္

Wednesday, September 9, 2015

ျမန္မာ အိုင္တီနည္းပညာရွင္ အမ်ိဳးသမီးတစ္ဦး - မခိ်ဳဇင္ဝင့္


ျမန္မာ အိုင္တီနည္းပညာရွင္ အမ်ိဳးသမီးတစ္ဦး - မခိ်ဳဇင္ဝင့္

ကြ်န္မနာမည္က ခ်ိဳဇင္ဝင့္ ပါ။ IT ေလာကထဲကုိစဝင္ခဲ့ပုံ ကုိေျပာရရင္ လြန္ခဲ့တဲ့ (၁၀) ႏွစ္ေက်ာ္က သူငယ္ခ်င္းႏွစ္ေယာက္ မႏၱေလး ေတာင္ေျခအထိ စက္ဘီးစီးျပီး အၾကားျမင္ဆရာကုိ ရန္ကုန္မွာ အလုပ္ရႏိုင္ပါသလားဆုိျပီး သြားေမးခဲ့ဘူးတာကေတာ့ ဘယ္ေတာ့မွ ေမ့ႏုိင္မွာမဟုတ္ဘူး။ ငယ္စဥ္တုန္းကေတာ့ Movie ေတြၾကည့္တုိင္း Computer ေတြအသုံးျပဳျပီး အလုပ္လုပ္ေနတဲ့သူေတြကုိ အရမ္းအားက်မိခဲ့တယ္။ (၁၀) တန္းေျဖပီးတာနဲ႔ သူငယ္ခ်င္းေတြ အိမ္တုိင္ရာရာက္လာေခၚခဲ့လုိ႔ လားရႈိး Computer ေကာလိပ္နဲ႔ ေပါင္းဖြင့္ထားတဲ့ Diploma သင္တန္းတစ္ခုကုိစျပီးတက္ျဖစ္ခဲ့ပါတယ္။ နယ္မွာဆုိေတာ့ အျပင္သင္တန္းကလည္း ေကာင္းေကာင္းမရွိေတာ့ Computer နဲ႕ပတ္သတ္တဲ့ ဂ်ာနယ္ေတြကုိပဲ အျမဲတန္း ဝယ္ဖတ္ျဖစ္ခဲ့တယ္။

ေက်ာင္းကသင္တဲ့ Programming အေျခခံ Knowledge နဲ႔ စာအုပ္ေတြကတဆင့္ Programming ကုိ Self Study စတင္ေလ့လာျဖစ္ခဲ့ပါတယ္။ Computer မပါပဲ စာအုပ္ကေန Programming ေလ့လာရတာက ေတာ္ေတာ္ မလြယ္တဲ့ အလုပ္ပါ။ ဒါေပမဲ့ နာလည္သည္ျဖစ္ေစ၊ မလည္သည္ျဖစ္ေစ အျမဲတမ္းဖတ္ျဖစ္တယ္။ ေလ့လာျဖစ္တယ္။ အဲဒီ့မွာပဲ ကုိယ့္ရဲ႕ စိတ္ဝင္စားမႈက ဘာလဲဆုိတာ သိခဲ့ရပါတယ္။ ေက်ာင္းကဆရာမေတြ ရဲ႕အားေပးစကားေတြ၊ စာအုပ္ေတြထဲမွာပါတဲ့ Software Engineer တေယာက္ရဲ႕ အနာဂါတ္ေတြကုိ ဖတ္မိေတာ့ ဒီလမ္းေၾကာင္းေပၚလိုက္ဖုိ႔ ဆုံးျဖတ္ခ်က္ကပုိျပီး ခုိင္မွာခဲ့ပါတယ္။ တကၠသုိလ္ မတက္ရေသးဘူး အလုပ္က စလုပ္ခ်င္ေနပါပီ။ အိမ္ကုိ ဘယ္လုိေျပာရမလဲ မသိဘူး။ ဒါနဲ႕ပဲ ကုိယ္တုိင္ IT company ေတြကုိဖုန္းဆက္၊ စာတုိက္ကတဆင့္ စာေတြပုိ႔၊ အဲဒီမွာ ဟုိက ဖုန္းဆက္ Interview လွမ္းေခၚေတာ့ အိမ္က ေဖေဖကေတာ့ ဒီအ႐ြယ္မွာ အိမ္နဲ႔ ခြဲျပီး အလုပ္လုပ္ဖုိ႔ ခြင့္မျပဳခဲ့ပါဘူး။ ေမေမကေတာ့ အားေပးပါတယ္၊ ျပီးေတာ့ မမက ေဖေဖ ကုိေသခ်ာ႐ွင္းျပတယ္။ ကြ်န္မက ဆုံးျဖတ္ခ်က္ခ်ျပီးေနပီ။ ဒါနဲ႔ပဲ Interview ေျဖခြင့္ျပဳလုိက္ရတယ္။ အဲဒီမွာ Interview က မနက္(၉) နာရီ ရန္ကုန္ကုိ ေရာက္တာ မနက္ (၆) နာရီ၊ ႐ုံးနဲ႔ နီးတဲ့ hotel တခုမွာပဲတည္းျပီး Interview ေျဖခဲ့တယ္။

အလုပ္ရခ်င္ေဇာ နဲ႔ ပင္ပန္းတာေတြလည္းမသိေတာ့ဘူး။ တေနကုန္ ထုိင္ဆုေတာင္းေနလုိက္တာ၊ Company က ေန႔ခင္းဖုန္းျပန္ဆက္ပါဆုိလုိ႔ ဖုန္းဆက္ေတာ့ အလုပ္ခန္႔လုက္ျပီးလုိ႔ေျပာေတာ့ အရမ္းေပ်ာ္ခဲ့ရတယ္။ ကြ်န္မဘဝမွာ အေပ်ာ္ဆုံးေန႔ထဲက တေန႔ပါပဲ။ အဲဒီ့တုန္းက အသက္က (၁၈) ႏွစ္မျပည့္ေသးပါဘူး။ အလုပ္သင ္စလုပ္ျဖစ္ခဲ့တယ္။ အိမ္နဲ႔ေသခ်ာတုိင္ပင္ျပီး အေဝးသင္သာ တက္ခဲ့ျပီး စီးပြားေရးဘြဲ႔ ပဲယူခဲ့ပါတယ္။ အိမ္နဲ႔ စခြဲျပီးေနခဲ့တယ္။ အခက္အခဲေတြမ်ားစြာၾကားက ကုိယ္သိခ်င္တဲ့ နည္းပညာေတြကုိ ရေအာင္ေလ့လာသင္ယူခဲ့ပါတယ္။ IT ေလာကမွာ ထူးခြ်န္ထက္ျမတ္ေတြသူေတြကုိ အရမ္းအားက်ခဲ့ပါတယ္။ တေန႔မွာ ကုိယ္ပုိင္ IT Company ေထာင္မယ္ဆုိတဲ့ ရည္ရြယ္ခ်က္နဲ႔ အိပ္မေပ်ာ္ပဲ မနက္မုိးလင္းတဲ့ အထိစဥ္းစား ျပီး ေပ်ာ္ေန႔ခဲ့တဲ့ ေန႕ေတြလဲ႐ွိခဲ့ဘူးတယ္။ ၂၀၀၆ ခုႏွစ္မွာေတာ့ စကၤာပူမွာ အလုပ္စလုပ္ဖုိ႔ဆုံးျဖတ္ခဲ့တယ္။ အိမ္က မိသားဝင္ေတြက အကူအညီေတြအမ်ားၾကီးေပးခဲ့တယ္။ စကၤာပူကုိ စေနေန႕ေရာက္တယ္၊ အဂၤါေန႔ ပထမဆုံး ေျဖတဲ့ Interview မွာ အလုပ္ခန္႔လုိက္တယ္ေျပာေတာ့ အံၾသျပီး ေပ်ာ္ဖုိ႔ေတာင္ ေမ့ေနခဲ့တယ္။

အဲဒီ့မွာ ကြ်န္မအလုပ္လုပ္ခဲ့ဘူးတဲ့ ကုမၼဏီတုိင္းက Government project လုပ္တဲ့ Company ေတြပဲျဖစ္ေနေတာ့ Singapore governments အဖြဲ႕႔အစည္း (၆)ခုေလာက္ရဲ႕ Project ေတြမွာဝင္ပါျဖစ္ခဲ့တယ္။ Singapore Changi Airport အတြက္လည္း Program ဝင္ေရးခဲ့ဘူးပါတယ္္။ OCOE Bidding system(ကားအသစ္ေတြ Register လုပ္ဖုိ႔ ေစ်းသတ္မွတ္တဲ့ တန္ဒါ ေခၚဆုိတဲ့ စနစ္) အတြက္ဝယ္ေရးေပးရတုန္းကေတာ့ အဲဒီ့က Bank အားလုံးနဲ႕ ဆက္သြယ္ျပီး အလုပ္လုပ္ခဲ့ရပါတယ္။ အလုပ္လုပ္ေနရင္းနဲ႕မွ ကုိယ့္ရဲ႕ဝါသနာတစ္ခုျဖစ္တဲ့Teaching ပုိင္းကုိလည္း လုပ္ျဖစ္ခဲ့တယ္။ အဲ့ဒီက ပညာဒါနအဖြဲ႕မွာ Programming ဘာသာရပ္ကုိ ေလ့လာခ်င္တဲ့ အထူးသျဖင့္ ေက်ာင္းတက္ေနတဲ့ အလုပ္လာရွာတဲ့ သူေတြကုိ တပတ္မွာတစ္ရက္ ႐ုံးဆင္းခ်ိန္ညေနေတြမွာ အခမဲ့စာသင္ၾကားေပးခဲ့ပါတယ္။ညစာလြတ္ခဲ့တဲ့ညေတြပါ။ ကြ်န္မ စာသင္ေပးလုိက္လုိ႔ အလုပ္ရသြားတယ္လုိ႔လာေျပာတဲ့ စကားေတြဟာ ကြ်န္မအတြက္ခြန္းအားေတြပါပဲ။ အဲဒီမွာ သုံးႏွစ္ဆက္တုိက္သင္ၾကားေပးဖုိ႔ အားေတြ ျဖစ္ခဲ့ပါတယ္။ ကုိယ့္ရဲ႕ အခ်ိန္နည္းနည္းဖဲ့ျပီး သူတုိ႔ရဲ႕႐ွိျပီးသား အရည္အသြးကုိ Polish ပဲလုပ္ေပးခဲ့တာပါ။

၂၀၁၃ မွာေတာ့ ကြ်န္မအလုပ္လုပ္ေနတဲ့ Company တစ္ခုရဲ႕ Management ပို္င္းမွာစတင္ပါဝင္ျပီး အလုပ္လုပ္ခဲ့ရတယ္။ အျမင့္ကေနၾကည့္ရင္ View ပုိေကာင္းပါတယ္။ ကြ်န္မ အရမ္းၾကိဳက္တဲ့ View ပါ။ ကြ်န္မ ႏုိင္ငံျခားမွာ အၾကာၾကီး ေနဖုိ႔စိတ္ကူးမ႐ွိပါဘူး။ ျမန္မာျပည္ ကိုျပန္ဖုိ႔ စိတ္ကူးအျမဲ႐ွိခဲ့ပါတယ္။ ၂၀၁၄ အစမွာပဲ Company တခုက ကြ်န္မကုိ အလုပ္လာအပ္ပါတယ္။ ကြ်န္မ ရဲ႕သူငယ္ခ်င္းေတြ သင္တန္းသားေတြနဲ႔ ေပါင္းျပီး ေရးေပးႏုိင္မလားေပါ့။ အဲဒီ့ Project ကၾကီးေနတယ္။ အခ်ိန္ အတုိအတြင္းလည္း ျပီးမွာမဟုတ္တဲ့အတြက္ ျမန္မာျပည္ျပန္ျပီး Company စလုပ္ဖုိ႔အခြင့္အလွမ္းျဖစ္ခဲ့ပါတယ္။ မိသားစုဝင္ေတြ မိတ္ေဆြေတြနဲ႕ေသခ်ာတုိင္းပင္ျပီးေတာ့မွ ကြ်န္မျမန္မာျပည္ အျပီး ျပန္လာဖုိ႔ ဆုံးျဖတ္ခ်က္ခ်လုိက္ပါတယ္။

၂၀၁၄ အစပုိင္းမွာ ကြ်န္မျမန္မာျပည္ကုိ အျပီးျပန္ျဖစ္ခဲ့တယ္။ High Society ဆုိတဲ့စကာလုံးကုိ ကြ်န္မႏွစ္သက္ေနတာ ၾကာပါျပီ။ ကုိယ္ပုိင္ လုပ္ငန္းစလုပ္ျဖစ္ျပီဆုိေတာ့ Company နာမည္ကုိ Myanmar High Society လုိ႔ေပးခဲ့ပါတယ္။ ကုိယ့္ Society ထဲမွာ႐ွိတဲ့ ျမန္မာလူငယ္ေတြရဲ႕ ဘဝကုိ ဒီထက္ျမင့္တက္သြားေအာင္ ကုိယ္တက္ကြ်မ္းတဲ့နည္းပညာႏွင့္ စြမ္းေဆာင္မည္ဆုိတဲ့ ရည္႐ြယ္ခ်က္နဲ႔ပါ။ Company မွာ Customized Software ေတြေရးပါတယ္။ လက္႐ွိမွာေတာ့ Myanmar ျပည္ မွာ႐ွိတဲ့ Bank, College, Petrol Station စတဲ့ Industry ေတြက Software ေတြကုိ Customer စိတ္တုိင္းၾကေရးေပးေနပါတယ္။ Oversea က Customers ေတြ နဲ႔ကေတာ့ long term စာခ်ဳပ္ခ်ဳပ္ျပီး အလုပ္လုပ္ပါတယ္။ Offshore development လုပ္ေပးေနတာျဖစ္ျပီး အဲဒီ့က Project ေတြကုိ ဒီဘက္ကေနတာဝန္ယူျပီး ေရးသားေပးေနတာပါ။ ဝန္ထမ္းေတြကုိ ကြ်န္မကုိယ္တုိင္ အခ်ိန္ရတုိင္း Programming ဘာသာရပ္ကုိ အေသးစိတ္ သင္ၾကားေပးပါတယ္။ အခုေနာက္ပုိင္းေတာ့ Seniors ေတြကုိအားကုိးေနရ ျပီး သူတုိ႔ကတဆင့္ Junior ေတြကုိတြဲေခၚၾကပါတယ္။

႐ုံးက ဝန္ထမ္းေတြ နည္းပညာအသစ္ေတြ အျမဲ ေလ့လာေနႏုိင္ ေအာင္၊ Freedom ရွိရွိ ေပ်ာ္႐ႊင္စြာ အလုပ္လုပ္လုပ္ႏုိင္ေအာင္၊ ေဘာင္ေတြ စည္းမ်ည္းေတြမရွိေအာင္ ေသခ်ာစီမံထားပါတယ္။ အလုပ္နဲ႔ပတ္သတ္ျပီး ကြ်န္မကုိယ့္ကုိကုိယ္ တန္ဖုိးအထားဆုံးအခ်က္ကေတာ့ Customers ေတြနဲ႔ ဝန္ထမ္းေတြအေပၚမွာ ထား႐ွိတဲ့ ကြ်န္မရဲ႕ ေစတနာပါပဲ။ လြန္ခဲ့တဲ့ (၂) လေလာက္က Yangon ကြန္ျပဴတာတကၠသုိလ္ မွာ IT ေလာကကုိ ေျခဆန္႔မဲ့ လူငယ္ေတြ အတြက္ လုပ္တဲ့ Panel Discussion တစ္ခုမွာ ပါဝင္ေဆြးေႏြးေပးခဲ့ပါတယ္။ သူတုိ႔ရဲ႕ Passion ေတြ စိတ္ပါဝင္စားမႈေတြကုိ ျမင္ေတြ႔ရေတာ့ ျမန္မာျပည္ ရဲ ႔ IT development အတြက္ ကြ်န္မအားတက္မိပါတယ္။ ကုိယ္သိထားတဲ့ Knowledge ေတြကုိ အခါအခြင္ သင့္တုိင္း Sharing လုပ္ေပးသြားမွာပါ။

ကြ်န္မ Programming ကုိ ၁၂ ႏွစ္ေက်ာ္လုပ္ခဲ့ျပီးသြားပါပီ။ အခု လက္ရွိမွာေတာ့ Business Engagement ေတြပုိလုပ္ျဖစ္ျပီး Business ပုိင္းကုိ ပုိေလ့လာျဖစ္ပါတယ္။ ကြ်န္မ Company ေထာင္ထားတာ (၁)ႏွစ္ ခြဲေက်ာ္ေနပါျပီ။ ဒီကာလအတြင္းမွာ ဝန္ထမ္းေတြ ပုိျပီးေတာ့ ေပ်ာ္လာတာေတြ၊ တက္တက္ၾကြၾကြ အလုပ္လုပ္ေနတာေတြ ပုိေတြ႔ခြင့္ရလာျခင္းက ကြ်န္မအတြက္ Achievement ေတြပါပဲ။ ကြ်န္မဆီမွာ ပုံမေဖာ္ရေသးတဲ့ ရည္မွန္းခ်က္ပန္တုိင္းေတြ ႐ွိေနေသးတယ္။ လူငယ္တုိင္းမွာ အိမ္မက္ကုိယ္စီ႐ွိၾကပါတယ္။ ကံ ဥာဏ္ ဝိရယ ကုိ Balance ႐ွိ႐ွိ အသုံးခ်တတ္ႏုိင္ဖုိ႔ အေရးၾကီးပါတယ္။ ကြ်န္မရဲ႕ ယုံၾကည္ခ်က္ကေတာ့ ဘဝမွာ မိသာစုဝင္ေတြ သူငယ္ခ်င္း မိတ္ေဆြေတြစီက စိတ္ဓါတ္ပုိင္းဆုိင္ရာ အေထာက္အပံ့ ကသာ အဓိကက်ျပီး ကုိယ့္ျဖစ္ခ်င္ရဲ႕ အရာကုိ တကယ္ၾကိဳးစားျပီးလုပ္ရင္ Right Time ေရာက္ရင္ ျဖစ္ပါတယ္ လုိ႔ေျပာခ်င္ပါတယ္။ တျခားအေထာက္အပံ့ ရတဲ့သူေတြကေတာ့ ကံထူးတဲ့သူေတြပါ။ အားလုံးကုိေက်းဇူးတင္ပါတယ္။

- ခ်ိဳဇင္ဝင့္
https://www.facebook.com/ChoZinWint

..................................
Geek Girls Myanmar (www.facebook.com/geekgirlsmm) ဆုိတာ အမ်ိဳးသမီးအုိင္တီပညာရွင္မ်ားကို ကူညီေျမေတာင္ေျမာက္ေပးလ်က္ရွိတဲ့ ကိုယ္က်ိဳးမဖက္အဖြဲ႔အစည္းတစ္ခု ျဖစ္ျပီး လစဥ္ ထူးခြ်န္သူ ျမန္မာ အမ်ိဳးသမီးအိုင္တီပညာရွင္မ်ားကို ေရြးခ်ယ္ေဖာ္ျပေလ့ ရွိရာ ၾသဂုတ္လအတြက္ မခ်ိဳဇင္ဝင့္က အေရြးခ်ယ္ခံခဲ့ရျခင္း ျဖစ္ပါတယ္။

#tech_yyl
#aungkham_yyl
www.yoyarlay.com

Unicode Version

မြန်မာ အိုင်တီနည်းပညာရှင် အမျိုးသမီးတစ်ဦး - မချိုဇင်ဝင့်

ကျွန်မနာမည်က ချိုဇင်ဝင့် ပါ။ IT လောကထဲကိုစဝင်ခဲ့ပုံ ကိုပြောရရင် လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်က သူငယ်ချင်းနှစ်ယောက် မန္တလေး တောင်ခြေအထိ စက်ဘီးစီးပြီး အကြားမြင်ဆရာကို ရန်ကုန်မှာ အလုပ်ရနိုင်ပါသလားဆိုပြီး သွားမေးခဲ့ဘူးတာကတော့ ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ဘူး။ ငယ်စဉ်တုန်းကတော့ Movie တွေကြည့်တိုင်း Computer တွေအသုံးပြုပြီး အလုပ်လုပ်နေတဲ့သူတွေကို အရမ်းအားကျမိခဲ့တယ်။ (၁၀) တန်းဖြေပီးတာနဲ့ သူငယ်ချင်းတွေ အိမ်တိုင်ရာရာက်လာခေါ်ခဲ့လို့ လားရှိုး Computer ကောလိပ်နဲ့ ပေါင်းဖွင့်ထားတဲ့ Diploma သင်တန်းတစ်ခုကိုစပြီးတက်ဖြစ်ခဲ့ပါတယ်။ နယ်မှာဆိုတော့ အပြင်သင်တန်းကလည်း ကောင်းကောင်းမရှိတော့ Computer နဲ့ပတ်သတ်တဲ့ ဂျာနယ်တွေကိုပဲ အမြဲတန်း ဝယ်ဖတ်ဖြစ်ခဲ့တယ်။

ကျောင်းကသင်တဲ့ Programming အခြေခံ Knowledge နဲ့ စာအုပ်တွေကတဆင့် Programming ကို Self Study စတင်လေ့လာဖြစ်ခဲ့ပါတယ်။ Computer မပါပဲ စာအုပ်ကနေ Programming လေ့လာရတာက တော်တော် မလွယ်တဲ့ အလုပ်ပါ။ ဒါပေမဲ့ နာလည်သည်ဖြစ်စေ၊ မလည်သည်ဖြစ်စေ အမြဲတမ်းဖတ်ဖြစ်တယ်။ လေ့လာဖြစ်တယ်။ အဲဒီ့မှာပဲ ကိုယ့်ရဲ့ စိတ်ဝင်စားမှုက ဘာလဲဆိုတာ သိခဲ့ရပါတယ်။ ကျောင်းကဆရာမတွေ ရဲ့အားပေးစကားတွေ၊ စာအုပ်တွေထဲမှာပါတဲ့ Software Engineer တယောက်ရဲ့ အနာဂါတ်တွေကို ဖတ်မိတော့ ဒီလမ်းကြောင်းပေါ်လိုက်ဖို့ ဆုံးဖြတ်ချက်ကပိုပြီး ခိုင်မှာခဲ့ပါတယ်။ တက္ကသိုလ် မတက်ရသေးဘူး အလုပ်က စလုပ်ချင်နေပါပီ။ အိမ်ကို ဘယ်လိုပြောရမလဲ မသိဘူး။ ဒါနဲ့ပဲ ကိုယ်တိုင် IT company တွေကိုဖုန်းဆက်၊ စာတိုက်ကတဆင့် စာတွေပို့၊ အဲဒီမှာ ဟိုက ဖုန်းဆက် Interview လှမ်းခေါ်တော့ အိမ်က ဖေဖေကတော့ ဒီအရွယ်မှာ အိမ်နဲ့ ခွဲပြီး အလုပ်လုပ်ဖို့ ခွင့်မပြုခဲ့ပါဘူး။ မေမေကတော့ အားပေးပါတယ်၊ ပြီးတော့ မမက ဖေဖေ ကိုသေချာရှင်းပြတယ်။ ကျွန်မက ဆုံးဖြတ်ချက်ချပြီးနေပီ။ ဒါနဲ့ပဲ Interview ဖြေခွင့်ပြုလိုက်ရတယ်။ အဲဒီမှာ Interview က မနက်(၉) နာရီ ရန်ကုန်ကို ရောက်တာ မနက် (၆) နာရီ၊ ရုံးနဲ့ နီးတဲ့ hotel တခုမှာပဲတည်းပြီး Interview ဖြေခဲ့တယ်။

အလုပ်ရချင်ဇော နဲ့ ပင်ပန်းတာတွေလည်းမသိတော့ဘူး။ တနေကုန် ထိုင်ဆုတောင်းနေလိုက်တာ၊ Company က နေ့ခင်းဖုန်းပြန်ဆက်ပါဆိုလို့ ဖုန်းဆက်တော့ အလုပ်ခန့်လုက်ပြီးလို့ပြောတော့ အရမ်းပျော်ခဲ့ရတယ်။ ကျွန်မဘဝမှာ အပျော်ဆုံးနေ့ထဲက တနေ့ပါပဲ။ အဲဒီ့တုန်းက အသက်က (၁၈) နှစ်မပြည့်သေးပါဘူး။ အလုပ်သင ္စလုပ်ဖြစ်ခဲ့တယ်။ အိမ်နဲ့သေချာတိုင်ပင်ပြီး အဝေးသင်သာ တက်ခဲ့ပြီး စီးပွားရေးဘွဲ့ ပဲယူခဲ့ပါတယ်။ အိမ်နဲ့ စခွဲပြီးနေခဲ့တယ်။ အခက်အခဲတွေများစွာကြားက ကိုယ်သိချင်တဲ့ နည်းပညာတွေကို ရအောင်လေ့လာသင်ယူခဲ့ပါတယ်။ IT လောကမှာ ထူးချွန်ထက်မြတ်တွေသူတွေကို အရမ်းအားကျခဲ့ပါတယ်။ တနေ့မှာ ကိုယ်ပိုင် IT Company ထောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အိပ်မပျော်ပဲ မနက်မိုးလင်းတဲ့ အထိစဉ်းစား ပြီး ပျော်နေ့ခဲ့တဲ့ နေ့တွေလဲရှိခဲ့ဘူးတယ်။ ၂၀၀၆ ခုနှစ်မှာတော့ စင်္ကာပူမှာ အလုပ်စလုပ်ဖို့ဆုံးဖြတ်ခဲ့တယ်။ အိမ်က မိသားဝင်တွေက အကူအညီတွေအများကြီးပေးခဲ့တယ်။ စင်္ကာပူကို စနေနေ့ရောက်တယ်၊ အင်္ဂါနေ့ ပထမဆုံး ဖြေတဲ့ Interview မှာ အလုပ်ခန့်လိုက်တယ်ပြောတော့ အံဩပြီး ပျော်ဖို့တောင် မေ့နေခဲ့တယ်။

အဲဒီ့မှာ ကျွန်မအလုပ်လုပ်ခဲ့ဘူးတဲ့ ကုမ္မဏီတိုင်းက Government project လုပ်တဲ့ Company တွေပဲဖြစ်နေတော့ Singapore governments အဖွဲ့အစည်း (၆)ခုလောက်ရဲ့ Project တွေမှာဝင်ပါဖြစ်ခဲ့တယ်။ Singapore Changi Airport အတွက်လည်း Program ဝင်ရေးခဲ့ဘူးပါတယ်။ OCOE Bidding system(ကားအသစ်တွေ Register လုပ်ဖို့ ဈေးသတ်မှတ်တဲ့ တန်ဒါ ခေါ်ဆိုတဲ့ စနစ်) အတွက်ဝယ်ရေးပေးရတုန်းကတော့ အဲဒီ့က Bank အားလုံးနဲ့ ဆက်သွယ်ပြီး အလုပ်လုပ်ခဲ့ရပါတယ်။ အလုပ်လုပ်နေရင်းနဲ့မှ ကိုယ့်ရဲ့ဝါသနာတစ်ခုဖြစ်တဲ့Teaching ပိုင်းကိုလည်း လုပ်ဖြစ်ခဲ့တယ်။ အဲ့ဒီက ပညာဒါနအဖွဲ့မှာ Programming ဘာသာရပ်ကို လေ့လာချင်တဲ့ အထူးသဖြင့် ကျောင်းတက်နေတဲ့ အလုပ်လာရှာတဲ့ သူတွေကို တပတ်မှာတစ်ရက် ရုံးဆင်းချိန်ညနေတွေမှာ အခမဲ့စာသင်ကြားပေးခဲ့ပါတယ်။ ညစာလွတ်ခဲ့တဲ့ညတွေပါ။ ကျွန်မ စာသင်ပေးလိုက်လို့ အလုပ်ရသွားတယ်လို့လာပြောတဲ့ စကားတွေဟာ ကျွန်မအတွက်ခွန်းအားတွေပါပဲ။ အဲဒီမှာ သုံးနှစ်ဆက်တိုက်သင်ကြားပေးဖို့ အားတွေ ဖြစ်ခဲ့ပါတယ်။ ကိုယ့်ရဲ့ အချိန်နည်းနည်းဖဲ့ပြီး သူတို့ရဲ့ရှိပြီးသား အရည်အသွးကို Polish ပဲလုပ်ပေးခဲ့တာပါ။

၂၀၁၃ မှာတော့ ကျွန်မအလုပ်လုပ်နေတဲ့ Company တစ်ခုရဲ့ Management ပ်ိုင်းမှာစတင်ပါဝင်ပြီး အလုပ်လုပ်ခဲ့ရတယ်။ အမြင့်ကနေကြည့်ရင် View ပိုကောင်းပါတယ်။ ကျွန်မ အရမ်းကြိုက်တဲ့ View ပါ။ ကျွန်မ နိုင်ငံခြားမှာ အကြာကြီး နေဖို့စိတ်ကူးမရှိပါဘူး။ မြန်မာပြည် ကိုပြန်ဖို့ စိတ်ကူးအမြဲရှိခဲ့ပါတယ်။ ၂၀၁၄ အစမှာပဲ Company တခုက ကျွန်မကို အလုပ်လာအပ်ပါတယ်။ ကျွန်မ ရဲ့သူငယ်ချင်းတွေ သင်တန်းသားတွေနဲ့ ပေါင်းပြီး ရေးပေးနိုင်မလားပေါ့။ အဲဒီ့ Project ကကြီးနေတယ်။ အချိန် အတိုအတွင်းလည်း ပြီးမှာမဟုတ်တဲ့အတွက် မြန်မာပြည်ပြန်ပြီး Company စလုပ်ဖို့အခွင့်အလှမ်းဖြစ်ခဲ့ပါတယ်။ မိသားစုဝင်တွေ မိတ်ဆွေတွေနဲ့သေချာတိုင်းပင်ပြီးတော့မှ ကျွန်မမြန်မာပြည် အပြီး ပြန်လာဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

၂၀၁၄ အစပိုင်းမှာ ကျွန်မမြန်မာပြည်ကို အပြီးပြန်ဖြစ်ခဲ့တယ်။ High Society ဆိုတဲ့စကာလုံးကို ကျွန်မနှစ်သက်နေတာ ကြာပါပြီ။ ကိုယ်ပိုင် လုပ်ငန်းစလုပ်ဖြစ်ပြီဆိုတော့ Company နာမည်ကို Myanmar High Society လို့ပေးခဲ့ပါတယ်။ ကိုယ့် Society ထဲမှာရှိတဲ့ မြန်မာလူငယ်တွေရဲ့ ဘဝကို ဒီထက်မြင့်တက်သွားအောင် ကိုယ်တက်ကျွမ်းတဲ့နည်းပညာနှင့် စွမ်းဆောင်မည်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ Company မှာ Customized Software တွေရေးပါတယ်။ လက်ရှိမှာတော့ Myanmar ပြည် မှာရှိတဲ့ Bank, College, Petrol Station စတဲ့ Industry တွေက Software တွေကို Customer စိတ်တိုင်းကြရေးပေးနေပါတယ်။Oversea က Customers တွေ နဲ့ကတော့ long term စာချုပ်ချုပ်ပြီး အလုပ်လုပ်ပါတယ်။ Offshore development လုပ်ပေးနေတာဖြစ်ပြီး အဲဒီ့က Project တွေကို ဒီဘက်ကနေတာဝန်ယူပြီး ရေးသားပေးနေတာပါ။ ဝန်ထမ်းတွေကို ကျွန်မကိုယ်တိုင် အချိန်ရတိုင်း Programming ဘာသာရပ်ကို အသေးစိတ် သင်ကြားပေးပါတယ်။ အခုနောက်ပိုင်းတော့ Seniors တွေကိုအားကိုးနေရ ပြီး သူတို့ကတဆင့် Junior တွေကိုတွဲခေါ်ကြပါတယ်။

ရုံးက ဝန်ထမ်းတွေ နည်းပညာအသစ်တွေ အမြဲ လေ့လာနေနိုင် အောင်၊ Freedom ရှိရှိ ပျော်ရွှင်စွာ အလုပ်လုပ်လုပ်နိုင်အောင်၊ ဘောင်တွေ စည်းမျည်းတွေမရှိအောင် သေချာစီမံထားပါတယ်။ အလုပ်နဲ့ပတ်သတ်ပြီး ကျွန်မကိုယ့်ကိုကိုယ် တန်ဖိုးအထားဆုံးအချက်ကတော့ Customers တွေနဲ့ ဝန်ထမ်းတွေအပေါ်မှာ ထားရှိတဲ့ ကျွန်မရဲ့ စေတနာပါပဲ။ လွန်ခဲ့တဲ့ (၂) လလောက်က Yangon ကွန်ပြူတာတက္ကသိုလ် မှာ IT လောကကို ခြေဆန့်မဲ့ လူငယ်တွေ အတွက် လုပ်တဲ့ Panel Discussion တစ်ခုမှာ ပါဝင်ဆွေးနွေးပေးခဲ့ပါတယ်။ သူတို့ရဲ့ Passion တွေ စိတ်ပါဝင်စားမှုတွေကို မြင်တွေ့ရတော့ မြန်မာပြည် ရဲ့ IT development အတွက် ကျွန်မအားတက်မိပါတယ်။ ကိုယ်သိထားတဲ့ Knowledge တွေကို အခါအခွင် သင့်တိုင်း Sharing လုပ်ပေးသွားမှာပါ။

ကျွန်မ Programming ကို ၁၂ နှစ်ကျော်လုပ်ခဲ့ပြီးသွားပါပီ။ အခု လက်ရှိမှာတော့ Business Engagement တွေပိုလုပ်ဖြစ်ပြီး Business ပိုင်းကို ပိုလေ့လာဖြစ်ပါတယ်။ ကျွန်မ Company ထောင်ထားတာ (၁)နှစ် ခွဲကျော်နေပါပြီ။ ဒီကာလအတွင်းမှာ ဝန်ထမ်းတွေ ပိုပြီးတော့ ပျော်လာတာတွေ၊ တက်တက်ကြွကြွ အလုပ်လုပ်နေတာတွေ ပိုတွေ့ခွင့်ရလာခြင်းက ကျွန်မအတွက် Achievement တွေပါပဲ။ ကျွန်မဆီမှာ ပုံမဖော်ရသေးတဲ့ ရည်မှန်းချက်ပန်တိုင်းတွေ ရှိနေသေးတယ်။ လူငယ်တိုင်းမှာ အိမ်မက်ကိုယ်စီရှိကြပါတယ်။ ကံ ဥာဏ် ဝိရယ ကို Balance ရှိရှိ အသုံးချတတ်နိုင်ဖို့ အရေးကြီးပါတယ်။ ကျွန်မရဲ့ ယုံကြည်ချက်ကတော့ ဘဝမှာ မိသာစုဝင်တွေ သူငယ်ချင်း မိတ်ဆွေတွေစီက စိတ်ဓါတ်ပိုင်းဆိုင်ရာ အထောက်အပံ့ ကသာ အဓိကကျပြီး ကိုယ့်ဖြစ်ချင်ရဲ့ အရာကို တကယ်ကြိုးစားပြီးလုပ်ရင် Right Time ရောက်ရင် ဖြစ်ပါတယ် လို့ပြောချင်ပါတယ်။ တခြားအထောက်အပံ့ ရတဲ့သူတွေကတော့ ကံထူးတဲ့သူတွေပါ။ အားလုံးကိုကျေးဇူးတင်ပါတယ်။

ချိုဇင်ဝင့်
https://www.facebook.com/ChoZinWint

..................................
Geek Girls Myanmar (www.facebook.com/geekgirlsmm) ဆိုတာ အမျိုးသမီးအိုင်တီပညာရှင်များကို ကူညီမြေတောင်မြောက်ပေးလျက်ရှိတဲ့ ကိုယ်ကျိုးမဖက်အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး လစဉ် ထူးချွန်သူ မြန်မာ အမျိုးသမီးအိုင်တီပညာရှင်များကို ရွေးချယ်ဖော်ပြလေ့ ရှိရာ ဩဂုတ်လအတွက် မချိုဇင်ဝင့်က အရွေးချယ်ခံခဲ့ရခြင်း ဖြစ်ပါတယ်။

www.yoyarlay.com
 

No comments:

Post a Comment

မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။