ရှပ်အင်္ကျီနှစ်ထည်အနက် တစ်ခုမှာ ချည်သားနဲ့ပြုလုပ်ထားခြင်း မဟုတ်တဲ့ အခွင့်အလမ်းတွေ ရှိနေပါတယ်။ ဈေးဝယ်ထွက်တဲ့အချိန်ဟာ ကျန်းမာရေး အသက်အန္တရာယ်ဖြစ်ဖို့ အစပျိုးနေခြင်းပဲဖြစ်ပါတယ်။
စတိုးဆိုင်တွေမှာ ရောင်းချတဲ့ အဝတ်အစားတွေထဲက ၄၀% ဟာ ဖော်ပြထားတဲ့ တံဆိပ်တွေနဲ့ ကိုက်ညီမှု မရှိပါဘူး။ ချည်သားအစား polyester ခေါ် ဓာတုနည်းနဲ့ ပြုလုပ်တဲ့ အမျှင်တွေနဲ့ ရက်လုပ်တဲ့ အထည်ကို သင်ဝယ်ယူခြင်းပဲဖြစ်တယ်။
ဒီ့အပြင် ဓာတုပစ္စည်းအမျိုးမျိုးမှ ရရှိတဲ့ အကျီအရောင်တွေ ရှိပါတယ်။ အဲဒါတွေကို ကင်ဆာရောဂါဖြစ်စေတဲ့အရာတွေဖြစ်လို့ နိုင်ငံအများစုမှာ တားမြစ်ထားပါတယ်။
ကျန်းမာရေးအတွက် စိတ်ချမှုရှိကြောင်း အထောက်အထားကို စက်ရုံမှာသာ စစ်ဆေးနိုင်တာပါ။ ဒီအတိုင်း မျက်စိဖြင့် ကြည့်ရုံနဲ့ မရဘူးလို့ ကျွမ်းကျင်ပညာရှင်များက ဆိုပါတယ်။
ဒါကြောင့် အဝတ်အစားများ ဝယ်တဲ့အခါ သတိထားဖို့ လိုအပ်တာပါ။ ကျွန်ုပ်တို့ဘက်မှ လုပ်နိုင်တာ တစ်ခုက အနံ့အသက် ထူးခြားနေတဲ့ အဝတ်အစားတွေ မဝယ်ဖို့ပဲ ဖြစ်ပါတယ်။ မိမိတို့ဝယ်မယ့် အဝတ်အစားဆီမှ အနံ့တစ်ခုရှိနေရင် အဲဒါ တစ်ခုခုမှားနေလို့ပဲ ဖြစ်ပါတယ်။
Ref: TNH
http://www.trend.com.mm/

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။