VIBER ဖြင့် မိုဘိုင်းဗီဒီယိုခေါ်ဆိုမှု စတင်နိုင်ပါပြီ
===============================
Viber (www.viber.com)၊ အခမဲ့ စာပို့ခြင်းနှင့် HD အရည်အသွေး ဖုန်းခေါ်ဆိုမှုတို့ကို ၀န်ဆောင်မှုပေးနေသည့် လူသုံးအများဆုံး မိုဘိုင်းဆက်သွယ်ရေး platform ဖြစ်သော Viber မှ ၎င်း၏ ဗားရှင်းအသစ် Viber 5.0 ကို Android နှင့် iOS တို့အတွက် ဖြန့်ချိလိုက်ပြီ ဖြစ်ကြောင်း ကြေညာသည်။ အဆိုပါ 5.0 နှင့်အတူ Windows, Windows 8 နှင့် OS X တို့အတွက် desktop application ဗားရှင်းအသစ်များကိုပါ ထုတ်လုပ်လိုက်ပါသည်။ Viber 5.0 တွင် သင့်ဖုန်းမှ ဗီဒီယိုခေါ်ဆိုမှု video call အပါအ၀င် features အသစ်များနှင့် တိုးတက်မှုအချို့ ပါဝင်လာကြောင်းလည်း သိရသည်။
“ဗီဒီယိုခေါ်ဆိုမှု video calling ကို မိုဘိုင်းဖုန်းတွေမှာ အသုံးပြုလို့ရအောင် ဖန်တီးနိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ ကျေနပ်ခဲ့ရပါတယ်” ဟု Viber ၏ CEO ဖြစ်သူ Talmon Marco မှ ပြောကြားခဲ့ပါသည်။ “အခုဆိုရင် Viber ကို သုံးပြီး ဗီဒီယိုခေါ်ဆိုမှုကို သင့်ရဲ့ဖုန်းမှာသာမက PC နဲ့ Mac ပေါ်မှာပါ တစ်ပြိုင်တည်း သုံးနိုင်ပြီ ဖြစ်တာကြောင့် သင့်အတွက် အဆင်ပြေဆုံး ဖြစ်မှာပါ”
Viber 5.0 မှာ ဗီဒီယိုခေါ်ဆိုမှု ပါဝင်လာရုံမက သူငယ်ချင်းတွေရဲ့ Viber နံပါတ်ကို ရိုက်ထည့်လိုက်တာပဲဖြစ်ဖြစ်၊ QR code နဲ့ Scan ဖတ်တာပဲဖြစ်ဖြစ် လုပ်ဆောင်ပြီး သင့်ရဲ့ Contacts တွေကို အလွယ်တကူ စီမံခန့်ခွဲနိုင်သည့် နည်းစနစ်လည်း ပါဝင်လာပါသည်။
iOS မှာ သုံးစွဲသူအနေနဲ့ sticker လေးတွေကို ပိုပြီး လွယ်လွယ်ကူကူ စီမံနိုင်လာပါသည်။ sticker packs လေးများကို on/off လုပ်နိုင်ကာ reorder လည်းလုပ်နိုင်တဲ့အပြင် photo message တွေကိုပါ အလွယ်တကူ forward လုပ်နိုင်မှာ ဖြစ်ပါသည်။
Android မှာဆိုရင်တော့ အသစ်ပြန်လည် ပြင်ဆင်ရေးဆွဲထားတဲ့ ဒီဇိုင်းကို user တွေ ထိတွေ့ခံစားနိုင်မှာ ဖြစ်ပြီး ပိုမိုလွယ်ကူအဆင်ပြေကာ ပျော်ရွှင်မှုတွေလည်း ပိုရလာမှာ ဖြစ်ပါသည်။
Viber အနေနဲ့ Windows, Windows 8 နဲ့ OS X တို့အတွက် desktop application မှာ ပိုမိုမွမ်းမံ ပြင်ဆင်လိုက်တဲ့ အကြောင်းကိုလည်း ကြေညာထားပါသည်။
Desktop v4.3 မှာဆိုရင် ပိုမိုကောင်းမွန်အောင် အသစ်ပြန်လည် ရေးဆွဲဖန်တီးထားတဲ့ ဒီဇိုင်း၊ နောက်ခံ background gallery အပါအ၀င် အခြား တိုးတက်မှုတွေနဲ့ ချို့ယွင်းချက် ပြင်ဆင်မှုတွေကိုပါ ပေါင်းထည့်ထားပါသည်။
Win 8 v3.2 မှာဆိုရင်လည်း ပိုကောင်းလာတဲ့ ဒီဇိုင်းအသစ်၊ stickers များနဲ့ မွမ်းမံပြင်ဆင်ထားတဲ့ snap mode, emoticons နဲ့ notifications တွေ ပါဝင်လာတာကို တွေ့ရမှာ ဖြစ်ပါသည်။ ဒါ့အပြင် အခြား highlights တွေ၊ ချို့ယွင်းချက် ပြင်ဆင်မှုတွေကိုလည်း ထည့်သွင်းထားပြီး contacts တွေ ရှာဖွေရာမှာ ပိုမိုလွယ်ကူစေဖို့၊ online contacts တွေကို home screen မှာ မြင်ရဖို့အတွက်နဲ့ photo message တွေအတွက်လည်း PNG format ကို ထောက်ပံ့ပေးထားတာကို တွေ့ရမှာ ဖြစ်ပါသည်။
========================================
Viber Myanmar မှ သတင်းထုတ်ပြန်ချက်အတိုင်းဖြစ်ပါသည်
======================================== (4 photos)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။