Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, September 6, 2014

ဂီတငြိမ်းချမ်းရေးဆီသို့

ဂီတငြိမ်းချမ်းရေးဆီသို့
---------
“တကျောင်းတဂါထာ၊ တရွာတပုဒ်ဆန်း“ ဆိုတဲ့စကားရှိပါတယ်။ ကိုယ့်ရပ်နဲ့ကိုယ့်ဇာတ်။ ကိုယ့်ပြသနာနဲ့ကိုယ်ကိုး။ ကျွန်တော်တို့ရွာ...အဲ..ဟုတ်ပေါင်။ ကျွန်တော်တို့တိုင်းပြည်မှာ ဟစ်ပ်ဟော့ပ်နဲ့ ရော့ခ်ကာတွေနဲ့ ဘာညာကွိကွဖြစ်ကြပါတယ်။ ဖြစ်တာကလဲနှစ်တွေတောင် အတော်ကြာနေပါပြီ။
(ကို)လေးဖြူပြောတဲ့ရေပွက်ကလေးဆိုတဲ့စကားကို ရက်ပ်ပါတွေ အရမ်းအသည်းနာခဲ့တယ်။ အမယ်..ရက်ပ်ပါများကလဲ ဘောင်းဘီတမမနဲ့သီချင်းဆိုရင်း ပြန်ကစ်တာတွေ အတော်များများရှိခဲ့တယ်။
အဲဒီနောက်မှာ ခပ်ကြမ်းကြမ်းနဲ့ (ကျွန်တော်လုံးဝသဘောမတူတဲ့) စကားတခွန်းကို ရော့ခ်ကာလေးတဦးဖြစ်တဲ့ ဖေါ်ကာက စင်ပေါ်ကနေပြီးပြောတော့ ပွက်လောရိုက်ပြီး ထသတ်ကြပြန်တယ်။ ရုတ်တရက်ကြည့်လိုက်ရင် ရည်းစားလုဖက်လိုလို (မရိုးနိုင်မဆန်းနိုင်) ကိုရီးယားကားထဲက (၃) ပွင့်ဆိုင်အချစ်ဇာတ်လမ်းလိုလို။ ပွင့်ပွင့်လင်းလင်းနဲ့ အားပါးတရအဆဲပြိုင်ကြတဲ့ အွန်လိုင်းလောကကြီးမှာ တဖက်နဲ့တဖက် အဆဲပြိုင်ကြပါတယ်။ အောင်လ ကတော့ ခပ်တည်တည်နဲ့ တောင်းပန်လို့မရရင် အပြင်မှာ ချိန်းရိုက်ဖို့ပြောသံကြားဖူးတယ်။ (တကယ်ရိုက်ဖြစ်၊ မဖြစ်တော့မသိပါ)။
အမေရိကန်နိုင်ငံမှာတော့ ရက်ပ်ပါအချင်းချင်းတော့ တည့်ချင်မှတည့်မယ် ရော့ခ်ကာတွေနဲ့ ရက်ပ်ပါတွေက တအားတည့်ပါတယ်။ ဥပမာ - မက်ဂါစတားရက်ပ်ပါတွေဖြစ်တဲ့ Eminem, 50 Cents, Jay Z တို့ဟာ သွားလေသူ Kurt Cobain ကို တအားချစ်ကြပါတယ်။ တအားလေးစားကြပါတယ်။ သီချင်းစာသားတွေထဲမှာ ထည့်ထည့်ပြီးဆိုကြပါတယ်။
ဥပမာ - Eminem ရဲ့ သီချင်းဖြစ်တဲ့ Cum on Everybody သီချင်းထဲမှာ ဟောဒီလို ထည့်ဆိုဖူးတယ်။ My favorite color is red, like the blood shed
In Curt Cobain's head when he shot himself dead
အဲဒီလိုပဲ 50 cent ကလဲ ကာ့ဒ်ကိုဘိန်းနဲ့ အော်ဇီနာမည်တွေကို ဟောဒီလို ထည့်ဆိုဖူးတယ်။ "Kurt Cobain even good friends, Ozzy Ozbourne too I be with rock stars, see you lucky I'm fuckin' with you"
မက်ဂါစတား ဂျေဇီရဲ့ Holy Grail သီချင်းမှာ ဟောဒီလို ကာ့ဒ်ကိုဘိန်းအကြောင်းကို တလေးတစားနဲ့ သီဆိုခဲ့တယ်။
Enough to make me wanna murder
Momma please just get my bail
I know nobody to blame
Kurt Cobain, I did it to myself
ဒါတင်မကဘူး ကာ့ဒ်ကိုဘိန်းရဲ့ နာမည်ကြီးသီချင်းဖြစ်တဲ့ Smells like teen spirit သီချင်းတပိုင်းတစကို (အဲဒီသီချင်းထဲမှာ) တရားဝင်သီဆိုခဲ့တယ်။
တကယ်တော့ အမေရိကန်နိုင်ငံမှာ ရက်ပ်ပါတွေနဲ့ ရော့ခ်ကာတွေပူးပေါင်းပြီး အနုပညာဖန်တီးကြတာ နှစ်ပေါင်းများစွာကြာလှပါပြီ။ ရော့ခ်အင်ရိုး ဘိုးအေကြီးတွေဖြစ်တဲ့ Aerosmith တို့ဟာ Walk this way သီချင်းကို ရက်ပ်ပါတွေဖြစ်တဲ့ Run DMC နဲ့ တွဲဖက်ဖန်တီးပြီး ရော့ခ်နဲ့ဟစ်ပ်ဟော့ကို အရသာရှိရှိပေါင်းစပ်ဖန်တီးခဲ့ကြတာ အားလုံးအသိပါပဲ။ အဲဒီသီချင်းဖန်တီးခဲ့တာ (အမယ်) ၁၉၇၇ ခုနှစ်ကတည်းက အခုထိနာမည်ကြီးတုန်းပဲ။ အဲဒီနောက်မှာလဲ ရက်ပ်နဲ့ရော့ခ်ပူးပေါင်းတင်ဆက်မှုတွေ မရေတွက်နိုင်အောင် များပြားလှပါတယ်။
ကာ့ဒ်ကိုဘိန်းအကြောင်းပြန်ဆက်ရရင် သူက ရော့ခ်ကာဆိုပေမယ့် ရက်ပ်ဂီတကို တလေးတစားနဲ့အသိအမှတ်ပြုခဲ့သူဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ ဟောဒီလိုတရားဝင်ပြောခဲ့တယ်။
“ဂီတသမိုင်းမှာ ပန့်ခ်ရော့ခ်ဂီတစတင်ဖန်တီးမှုပြီးရင် ရက်ပ်ဂီတဟာ အရမ်းအရေးပါတဲ့ အမိုက်စားဂီတအမျိုးအစားဖြစ်ပါတယ်“
ပြောလက်စ စကားပြန်ကောက်ရရင် “တကျောင်းတဂါထာ၊ တရွာတပုဒ်ဆန်း“ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ သူတို့အချင်းချင်း မသတ်ကြပေမယ့် ကျွန်တော်တို့တိုင်းပြည်မှာ သတ်ပါတယ်။ မီဒီယာကလဲ (ထုံးစံအတိုင်း) ထိရောက်စွာနဲ့ ဖျန်ဖြေမပေးနိုင်ကြပါဘူး။ (ကြောက်တာကိုး)။ တဖက်နဲ့တဖက် ဆက်လက်ပြီး ဆဲကြဆိုကြဖြစ်နေတုန်းပဲ။ ဘယ်သူ့အတွက်မှ အကျိုးမရှိတဲ့ ရန်ပွဲကို ဆက်လက်ဆင်နွှဲနေကြတုန်းပဲ။ ကိုယ်တောင်သူတပါးကို မလေးစားနိုင်တာ ကိုယ့်ဂီတကို သူများလေးစားဖို့ တဖက်သတ်မျှော်လင့်နေကြသေးတယ်။
သူများနိုင်ငံမှာ ဖြစ်ပျက်နေတဲ့အလေ့အထအကောင်းစားတွေကို အတုယူဖို့ အကြံမပေးချင်ပါဘူး။ သဘောရှိတဲ့အတိုင်း ယုံကြည်တဲ့အတိုင်းလုပ်ကြပါ။ တခုပဲ အပြတ်ပြောချင်ပါတယ်။ အဆဲသန်လွန်းလို့ ရက်ပ်ပါကလဲ ရော့ခ်ကာဖြစ်မလာနိုင်သလို ရော့ခ်ကာကလဲ ရက်ပ်ပါမဖြစ်နိုင်ပါဘူး။ ဘယ်သူ့အတွက်မှ အကျိုးမရှိတဲ့ရန်ပွဲကြီးကို အမြန်ဆုံးရပ်ဆိုင်းဖို့ (ကြောက်ကြောက်နဲ့) အကြံပြုအပ်ပါတယ်။
ခင်တဲ့
ကိုဝီ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။