BBC Burmese added 2 new photos.
အမေရိကန်သမ္မတ အိုဘာမားဟာ ဝေလပြည်နယ်မှာ ကျင်းပခဲ့တဲ့ နေတိုးထိပ်သီးညီလာခံအပြီး ဝါရှင်တန်ကို မပြန်ခင် မနေ့ကအင်္ဂလန်နိုင်ငံက ထင်ရှားလှတဲ့ ကမ္ဘာဦးခေတ်က စိုက်ထူခဲ့တဲ့ ဧရာမကျောက်တိုင်ကြီးတွေရှိတဲ့ Stonehenge စတုံးဟဲ့ခ်ျ ကိုသွားရောက်လည်ပတ်ခဲ့ပါတယ်။
သမ္မတ အိုဘာမား လာမယ်ဆိုတဲ့သတင်းကို ကြားလို့ စတုံးဟဲ့ခ်ျ အနီးအနားမှာ နေထိုင်တဲ့ Janice Raffle ဂျယ်နစ် ရိုက်ဖ်ဖဲ နဲ့ခင်ပွန်းက သားသုံးယောက်ကိုခေါ်ပြီးစတုံးဟဲ့ခ်ျုကျောက်တိုင်ကြီးတွေဆီဘက်ထွက်လာတဲ့အခါမှာ သမ္မတက သူတို့မိသားစုကိုတွေ့သွားပြီး သူတို့နဲ့ တရင်းတနှီးလာစကားပြောရုံသာမကပဲ အတူတွဲပြီးဓါတ်ပုံအရိုက်ခံခဲ့ပါတယ်။ အမျှော်လင့်ပဲ သမ္မတအိုဘာမားနဲ့ဓါတ်ပုံတွဲအရိုက်ခံရတဲ့ ဂျယ်နစ်တို့မိသားစုအဖို့သမ္မတနဲ့တွေ့ရတာဟာ အိပ်မက်လိုပဲလို့ဆိုပါတယ်။ ဒီသတင်းကို ဗြိတိန်က နေ့စဉ်သတင်းစာတွေ အများအပြားမှာ အကျယ်တဝင့်ဖော်ပြခဲ့ပြီး အိုဘာမားနဲ့ ဂျယ်နစ်တို့မိသားစု ဆုံခဲ့ကြပုံသတင်းဗီဒီယိုက ဘီဘီစီ ဝက်ဆိုက်မှာ လူအများဆုံးဖတ်တဲ့ ကြည့်တဲ့သတင်းတပုဒ်ဖြစ်လာပါတယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။