Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, September 3, 2014

အိုင်ဆေး၊ လာပြန်ပြီလားဆိုပြီး မျက်စောင်းကြီး မခဲပါနဲ့ အိုင်ပီရယ်၊ ဟို သရဖူခိုးမှုကြီး ဖြေရှင်းဖို့ နည်းလမ်းလေးတွေ ခေါင်းထဲမှာ ပေါ်လာလို့ အာ့ လာပြောတာပါ။

အိုင်ဆေး၊ လာပြန်ပြီလားဆိုပြီး မျက်စောင်းကြီး မခဲပါနဲ့ အိုင်ပီရယ်၊ ဟို သရဖူခိုးမှုကြီး ဖြေရှင်းဖို့ နည်းလမ်းလေးတွေ ခေါင်းထဲမှာ ပေါ်လာလို့ အာ့ လာပြောတာပါ။
သရဖူခိုးတယ်လို့ စွပ်စွဲခံရတဲ့ သူငယ်မလေးက တစ်ဖက်၊ သူ့ကို ရွေးပြီး ပြိုင်ပွဲလွှတ်လိုက်တဲ့ မြန်မာပြည်ဆိုင်ရာ ဒါရိုက်တာ အမျိုးသမီးနဲ့ ပွဲစီစဉ်တဲ့ ကိုရီးယားအဖွဲ့က တစ်ဖက်၊ အပြန်အလှန် စွပ်စွဲကြရင်း တစ်လိမ်နှစ်လိမ် ပွေလိမ်ရှုပ်နေတော့ အိုင်ပီလည်း အုန်းစားနေမှန်း ကျနော်သိပါတယ်။

ဒီကိစ္စက ခက်မယောင်နဲ့ လွယ်မယ့်သဘောရှိတယ် အိုင်ပီရဲ့။ တစ်ဖက်ဖက်က လိမ်သလား၊ နှစ်ဖက်စလုံး လိမ်သလား ဆိုတာ အရင် ဖော်ရမှာပေါ့။ စာသင်ကြီး အုန်းမြင့်လို ပါးရိုက်စစ်လို့တော့ မရဘူးဆရာ။ ကိုရီးယားတွေ ပါနေတယ်လေ၊ စာသင်ကြီး အုန်းမြင့်တို့က ဗမာဆိုရင်သာ လက်ဝါး၊ နိုင်ငံခြားသားဆိုရင် လက်အုပ်ချီတော့တာပဲ။
ဒီမှာ ပထမဦးဆုံး ကိုင်ရမယ့်နေရာကို ပြောပြမယ်၊ ကိုရီးယားအဖွဲ့က သတင်းပြန်ကြားရေး တာဝန်ခံဆိုတဲ့ ငနဲက သူငယ်မလေး ရင်သားခွဲစိတ် အလှပြုပြင်ဖို့ ဒေါ်လာ တစ်သောင်း ကုန်ကျတယ်လို့ ပြောတယ်။
ဒီကနေ့ သူငယ်မလေး မီဒီယာနဲ့ ရှင်းတဲ့ပွဲမှာ ရင်သား ခွဲစိတ်မှု လုံးဝ မလုပ်ခဲ့ဘူးလို့ ငြင်းတာ အိုင်ပီလည်း ကြားတယ်မဟုတ်လား။ ကျနော်လည်း ကောင်မလေးကို သေသေချာချာ စိုက်ကြည့်တော့ ဘာမှ ကြီးကြီးထွားထွား မတွေ့မိဘူး။ ပြုံးစိစိ မလုပ်ပါနဲ့ အိုင်ပီရဲ့၊ တာဝန်အရ အားနာပါးနာ ကြည့်ရတာပါ။ ခင်ဗျားလည်း ကြည့်ပါတယ်ဗျာ။
အပြင်က အပေါ်ယံကြည့်တော့ မသိသာရင် လှန်ကြည့်ရမှာပေါ့။ အိုး နိုး နိုး … မျက်လုံးကြီး ပြူးမသွားပါနဲ့ ဦးအောင်သင်းရယ်၊ ကျနော်ကိုယ်တိုင် လှန်ကြည့်မှာ မဟုတ်ရပါဘူး။ ဆရာဝန်တွေကို စစ်ဆေးခိုင်းပြီး သက်သေစစ်ချက် ယူရမှာပေါ့။ ကောင်မလေးက ရှက်ရင် မြန်မာပြည်မှာ လေဒီဒေါက်တာတွေ အများကြီး ရှိတာပဲဥစ္စာ။
ဆရာဝန်တွေ စစ်ဆေးလို့ ခွဲစိတ်ပြုပြင်ထားတာ တွေ့ရင် ကောင်မလေး ညာတယ်၊ မတွေ့ဘူးဆိုရင် ကိုရီးယားတွေ လိမ်တယ်၊ ရှင်းနေတာဘဲ။
ဟိုအဖွဲ့အစည်းက ကောင်မလေးကို တစ်ကိုယ်လုံး ပလပ်စတစ်ဆာဂျရီ လုပ်ဖို့ ဖိအားပေးတာကို သဘောမတူရာက စပြီး ပြဿနာ တက်ကြတာမဟုတ်လား။ ပြီးတော့ အဲဒါတွေ လုပ်ပြီးရင် ဘောစိကြီးတွေနဲ့ အဖော်လိုက်ပြီး ပိုက်ဆံများများ ရအောင် ခိုင်းသေးတယ်ဆိုပဲ။ လက်စသတ်တော့ အလှမယ်ရွေးပွဲဆိုပြီး အော်ဒါ လိုက်ခိုင်းတဲ့သဘော ဖြစ်မနေဘူးလား အိုင်ပီရယ်။ ဒါမျိုးဆို ကျနော်တို့ဆီမှာတော့ လိုင်းကြေးမပေးရင် ကျောက်တံတားဂါတ်က ဆားပုလင်း အောင်သိန်းလင်းတို့က လူကိုပါ ၇ ရက် တစ်ပတ် ဝါးလိုက်ဦးမှာ။
ပြီးတော့ ကောင်မလေးရဲ့ အမေကို အတင်းပြန်လွှတ်နေတာ ဘာသဘောလဲလို့ ထည့်စဉ်းစားရလိမ့်မယ် အိုင်ပီရဲ့။
ကိုရီးယားသံရုံးက ဗီဇာပေးရင် ပေးသလောက် နေလို့ရတာပဲ။ ဘာလို့ အတင်းပြန်ခိုင်းရသလဲ။
ဒီနေရာမှာ တစ်ချက် စဉ်းစားရမှာ သူငယ်မလေးရဲ့ မွေးနေ့က ၁၉၉၈ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်ဗျ။ တွက်ကြည့်ရင် ၁၆ နှစ် မပြည့်သေးဘူး။ သူ့ရဲ့ မွေးသက္ကရာဇ်ကို ကောင်မလေး ပြောမှမဟုတ်ဖူး၊ အဲဟို ကိုရီးယားသူဌေး မစ္စတာ ကွိုင်၊ အဲလေ..ဆောရီး.. မစ္စတာ ချွိုင်ကိုယ်တိုင် မီဒီယာတွေကို ပြောတာဗျ။
ဒီလို အသက်မပြည့်သေးတဲ့ လူငယ်တွေ အနုပညာလုပ်ငန်းပဲ ဖြစ်စေ၊ တစ်ခြား စီးပွားရေးလုပ်ငန်းပဲ ဖြစ်စေ လုပ်မယ်ဆိုရင် ဂါဒီယန် ခေါ်တဲ့ မိဘအုပ်ထိန်းသူကသာ စာချုပ်လက်မှတ်ထိုးခွင့်ရှိတယ်။ အသက်မပြည့်သူက ထိုးရင် တရားမဝင်ဘူးဗျ။ ဒီတော့ ဥပဒေအတိုင်းဆိုရင် ဒီသူငယ်မဟာ သူ့သဘောနဲ့သူ ဘာမှ လုပ်လို့မရဘဲ သူ့အမေ သဘောတူမှသာ လုပ်ခွင့်ရှိတယ်။ ဒါကို သိသိကြီးနဲ့ အမေကို အတင်းပြန်ခိုင်းနေတာ သိပ်တော့ ရိုးပုံမရဘူးလို့ တစ်ချက်တွေးမိတယ်။
အိုင်ဆေး၊ ဒီကိစ္စတွေကို ကျနော်သိနေတာက ကျနော်က အမေရိကားမှာ လော့စ်အိန်ဂျယ်လိစ်ရဲ့ ကမ္ဘာကျော် ဟောလီးဝုဒ်နားမှာ နေဖူးတာကိုး။ အဲဒီတုန်းက ကျနော့ကို ဟောလီးဝုဒ်မင်းသားလုပ်ဖို့ ဒါရိုက်တာတွေ၊ ပရိုဂျူဆာတွေ ခြေချင်းလိမ်မတတ် အတင်းလာခေါ်နေကြလို့ စိတ်ကုန်ပြီး မြန်မာပြည်မှာ ပုလိပ်လုပ်နေတာဗျ။
ကျနော်ပြောတာ ဟောလီးဝုဒ်က ဥပဒေ။ ကိုရီးယားမှာ ဒီလိုဥပဒေ ရှိမရှိကိုတော့ ပုဒ်မတွေ တီးမိခေါက်မိတဲ့ အမှုလက်ခံ ဂါတ်စာရေးကြီး လဒမောင်လွင်ကို မေးကြည့်ပါလား။
အမှန်ဆိုရင် အသက်မပြည့်သေးသူကို ဒီလို လုပ်ခွင့်၊ ပလပ်စတစ် ဆာဂျရီ ခွဲစိတ်ပြုပြင်ခွင့်တွေ မရှိဘူး။
ပြီးတော့ အသက်မပြည့်သေးသူကို ကာမကိစ္စမှာ အတင်းအဓမ္မ ခိုင်းစေရင် ကိုရီးယားဥပဒေမှာ ထောင်ဒဏ် ၅ နှစ်နဲ့ အထက် အပြစ်ပေးတဲ့ ပုဒ်မရှိတယ်။ ဘောစိတွေကို စပွန်ဆာရှာခိုင်းတာ အဲဒီ ပုဒ်မနဲ့ ငြိတယ်လေ အိုင်ပီရဲ့။
အသက်ကိစ္စမှာ ကောင်မလေး လိမ်တယ်လို့ သူတို့ စွပ်စွဲကြတယ်။ ဒီကလေးမက မရိုးသားဘူး၊ အမှန်မပြောဘူး၊ လိမ်တယ် ညာတယ်၊ သူတို့ သိက္ခာကျအောင်လုပ်တယ်၊ ဒါကြောင့် သရဖူသိမ်းတယ်။
ဒါပေမယ့်၊ တစ်ဖက်က ပြောတာ နားထောင်ကြည့်ပြန်တော့လည်း ပြိုင်ပွဲမဝင်ခင် စာရင်းပေးကတည်းက သူ့ရဲ့ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းတွေ အားလုံးကို မြန်မာပြည် ဒါရိုက်တာကို အကုန်ပြခဲ့ရလို့ အမှန်အတိုင်းသိတယ်လို့ ရှင်းပြသားပဲ။
မြန်မာနိုင်ငံက အလှမယ် ဒေါ်လာ ၁၀၀,၀၀၀ တန် သရဖူကြီး ခိုးပြေးတဲ့သတင်းက တစ်ကမ္ဘာလုံး ဟိုးလေးတကျော် ဖြစ်နေတော့ တိုင်းပြည်နဲ့ လူမျိုးလည်း အလွန် နာမည်ပျက်တာပေါ့။
သူတို့ချင်းကိစ္စ သူတို့ဖာသာ ရှင်းကြပစေလို့ လွှတ်ထားလို့ မရဘဲ ထိန်းထိန်းသိမ်းသိမ်း လုပ်ပေးရမယ့်အချိန်မှာ ခင်ဗျားတို့ ဘုရင်ခံကြီး ဆာ ဘပြောင်ကလည်း ဥရောပကို ခရီးထွက်သွားသတဲ့။ အေးလေ… သူရှိနေလည်း ဘာမှ မထူးပါဘူး။ သူက နွားနို့သာ သိတာ၊ တစ်ခြားနို့ကိစ္စ သူမရှင်းတတ်ပါဘူး အိုင်ပီရယ်။
ပုံ။ ။ ဆားပုလင်း မင်းမြတ်မောင်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။