၂၀၁၄ နှစ်ကုန်မှာ ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ်
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ နဲ့ဆို တစ်နှစ်နဲ့ရှစ်လတောင် ခြားတယ်
ဒီကြားထဲ ဘာလို့ကြားဖြတ်ရွေးကောက်ပွဲမလုပ်ရတာလဲ

ဦးသန်းရွှေက နောက်မဆုတ်ပဲ နိုင်ငံရေးဆက်ကစားသွားမယ့်ပုံပေါ်နေတယ်
အားလုံးလည်း ရိပ်မိကြမှာပါ ရေနံချောင်းမှာ စာလာသင်တဲ့ ကိုမောင်မောင်ဝမ်းကို အတင်းနှင်ထုတ်တယ်
ပြီးတော့ ဝန်ကြီးအသစ်စက်စက် ဦးရဲထွဋ်က ဗီဇာသက်တမ်းလွန်ဆိုပြီး အကြောင်းပြတယ်

ရှေ့နောက်တွေမညီဘူး ဗြောင်လိမ်ဗြောင်စား လုပ်နေတုန်းပဲ
ပြည်ပိုင်ခိုးက ပြည်သူ့ပါတီမဟာဗျူဟာကို အကောင်အထည်ဖော်နေတယ်
တရုတ်ကွန်မြူနစ်ပါတီက အကြံပေးတွေခေါ်ပြီး ပြည်ပိုင်ခိုးပါတီကို မွမ်းမံနေတာတဲ့

ဦးသန်းရွှေက ဒီမိုကရေစီအရောင်ပြပြီး ဆက်လက်ချုပ်ကိုင်ချင်နေတာ ပေါ်တင်ကြီးသေချာနေပြီ
ကျနော်တို့ ဘာလုပ်ရမျာလဲ ဒီနေ့မြန်မာပြည်ဟာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေပြီလား
ဒီမိုကရေစီစနစ် မဟုတ်သေးပါ ကြားကာလအမည်ခံအာဏာရှင်စနစ်နဲ့ အုပ်ချုပ်နေတုန်းပါ

ကျနော့်တစ်ခု တိုက်တွန်းချင်ပါတယ် ဦးသန်းရွှေအုပ်စု ပြုတ်သွားတဲ့အထိ NLD ကို စုပေါင်းအားပေးကြပါ
လာမယ့် ၂၀၁၄ ရွေးကောက်ပွဲမှာ NLD ကလွဲလို့ ဘယ်ပါတီမှ ဝင်မပြိုင်ပဲနေပြီး ဦးသန်းရွှေကို ဆုံးမကြရအောင်
လိုအပ်ရင် ၂၀၁၅ ရွေးကောက်ပွဲကိုပါ NLD ကလွဲလို့ ဘယ်သူမှ ဝင်မပြိုင်ပဲ နေကြည့်ကြရအောင်

အခုကာလ အဆုံးအဖြတ်တွေဟာ နောင်သမိုင်းမှာ အရေးကြီးတဲ့ မှတ်တမ်းတွေဖြစ်လာမှာပါ
၁၉၆၂ ကစလို့ ၂၆+၂၆=၅၂နှစ်တိုင်အောင် အာဏာရူးတွေရဲ့ ဖိနှိပ်မှုကို မြန်မာပြည်သူတွေ ခံခဲ့ရပြီးပြီ
ဗမာနဲ့အခြား တိုင်းရင်းသား မခွဲခြားပဲ ၂၀၁၅မှာ NLD ကိုခေါင်းဆောင်တင်ပြီး ဦးသန်းရွှေကို ဇာတ်သိမ်းပေးကြရအောင်

နိုင်ငံ့အာဏာဟာ ပြည်သူတွေလက်ထဲမှာ တကယ်ရှိတယ်ဆိုတဲ့အချိန်ကိုရောက်ရင်
အစိုးရ လွှတ်တော်နဲ့ တရားစီရင်ရေးဆိုတာ ပြည်သူ့ဝန်ကိုထမ်းမယ့် ပြည်သူ့ဝန်ထမ်းတွေ ဖြစ်လာမှာပါ
အမေဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျင့်သီလနဲ့ ပညာကို ယုံကြည်ပါတယ် မြန်မာပြည်ကြီးကို အမေ့လက်ထဲ (၅)နှစ်လောက် အပ်နှံကြည့်ကြရအောင်လားဗျာ —
Hawdeka Khalaylay

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။