ဆင်ခြင်ခြင်း
..................
အီရတ်နိုင်ငံဟာ သမ္မာကျမ်းစာခေတ်တုန်းက ဗာဗုလုန်နိုင်ငံဆိုတာ တခါပြောပြခဲ့ဖူးပါတယ်။ ဗာဗုလုန်နိုင်ငံဟာ ကမ္ဘာ့အင်ပါယာနိုင်ငံဖြစ်ခဲ့စဥ်ကလည်း ကိုးကွယ်ရာဘာသာရေးကိစ္စကို အကြောင်းပြုပြီး ဒံယေလကို ခြင်္သေ့တွင်းထဲ ချပစ်ခဲ့သလို၊ သူ့ ရဲ့ မိတ်ဆွေ(၃)ဦးကိုလည်း မီးတွင်းထဲ ချစ်ပစ်ခဲ့တယ်။ ဒါပေမယ့် ဘုရားသခင်က ဒံယေလကို ခြသေ့င်္ကိုက်ခြင်း မခံစေခဲ့သလို သူရဲ့ မိတ်ဆွေ(၃)ဦးကိုလည်း မီးလောင်ခြင်း မခံစေခဲ့ဘူး။
အခုလည်း အီရတ်နိုင်ငံမှာ ညှင်းဆဲခြင်းလှိုင်းလုံးဟာ တကျော့ပြန်ထလာပြီး နေ့ စဉ်နဲ့ လိုလို ကိုးကွယ်ရာဘာသာကြောင့် ညှင်းဆဲခံရသူ၊ အသတ်ခံရသူတွေရဲ့ သတင်းကို အမြဲဖတ်နေရ၊ ကြားနေရပါတယ်။
ဒါပေမယ့် သမ္မာကျမ်းစာထဲက ဒံယေလနဲ့ သူ့ မိတ်ဆွေ(၃)ဦးတုန်းကလို ဘုရားသခင်က သေဘေးကနေ မကယ်ခဲ့ဘူး။ သေနတ်ကျည်မထွက်အောင် မလုပ်ခဲ့သလို၊ ဓားမရှမိအောင်၊ မခုတ်မအောင်၊ မီးမလောင်အောင် မလုပ်ခဲ့ဘူး။
အဲဒီမှာပဲ ယုံကြည်ခြင်း၊ နာခံခြင်း၊ ချစ်ခြင်းတွေ အကြီးအကျယ် စစ်ဆေးခံနေရပါပြီ။
သင့်ရဲ့ ရက်ကွက်နဲ့ မြို့ ရွာမှာ ယုံကြည်သူတစ်ယောက်ဖြစ်ရတာ သက်တောင့်သက်သာ ရှိနေနိုင်ပေမယ့် အီရတ်မှာ ယုံကြည်သူဖြစ်ရတာ ကြည်နူးစရာ လုံးဝ မကောင်းပါဘူး။
ဟေဗြဲ ၁၁း ၃၄ နဲ့  ၃၇ မှာ သတိပြုစရာတစ်ခုကို တွေ့ ရတယ်။ ယုံကြည်ခြင်းကြောင့် တချို့  ထားလက်နက်ဘေးမှ ကင်းလွတ်ခဲ့ကြပေမယ့် တချို့ ကတော့ ထားလက်နက်နဲ့  ကွပ်မျက်ခြင်း ခံခဲ့ကြရတယ်။
တကယ်တော့ ကားတိုင်လမ်း၊ ကရာနီလမ်းဆိုတာ ပျော်ပွဲစားထွက်တဲ့နေရာမှ မဟုတ်တာ။ ဒါကြောင့်လည်း လွန်နိုင်လျှင် လွန်သွားပါစေလို့  ဆုတောင်းမိခဲ့တာ မဆန်းပါဘူး။
အရေးကြီးတာက "အကျွန်ုပ်အလိုအတိုင်း မဖြစ်စေဘဲ ကိုယ်တော်အလိုအတိုင်းသာ ဖြစ်စေပါ" လို့  အမြဲဝန်ခံနိုင်ဖို့ ပါပဲ။
.......................... .....
Philip Bawi Uk
12. 8. 2014
..................
အီရတ်နိုင်ငံဟာ သမ္မာကျမ်းစာခေတ်တုန်းက ဗာဗုလုန်နိုင်ငံဆိုတာ တခါပြောပြခဲ့ဖူးပါတယ်။ ဗာဗုလုန်နိုင်ငံဟာ ကမ္ဘာ့အင်ပါယာနိုင်ငံဖြစ်ခဲ့စဥ
အခုလည်း အီရတ်နိုင်ငံမှာ ညှင်းဆဲခြင်းလှိုင်းလုံးဟာ တကျော့ပြန်ထလာပြီး နေ့ စဉ်နဲ့ လိုလို ကိုးကွယ်ရာဘာသာကြောင့် ညှင်းဆဲခံရသူ၊ အသတ်ခံရသူတွေရဲ့ သတင်းကို အမြဲဖတ်နေရ၊ ကြားနေရပါတယ်။
ဒါပေမယ့် သမ္မာကျမ်းစာထဲက ဒံယေလနဲ့ သူ့ မိတ်ဆွေ(၃)ဦးတုန်းကလို ဘုရားသခင်က သေဘေးကနေ မကယ်ခဲ့ဘူး။ သေနတ်ကျည်မထွက်အောင် မလုပ်ခဲ့သလို၊ ဓားမရှမိအောင်၊ မခုတ်မအောင်၊ မီးမလောင်အောင် မလုပ်ခဲ့ဘူး။
အဲဒီမှာပဲ ယုံကြည်ခြင်း၊ နာခံခြင်း၊ ချစ်ခြင်းတွေ အကြီးအကျယ် စစ်ဆေးခံနေရပါပြီ။
သင့်ရဲ့ ရက်ကွက်နဲ့ မြို့ ရွာမှာ ယုံကြည်သူတစ်ယောက်ဖြစ်ရတာ သက်တောင့်သက်သာ ရှိနေနိုင်ပေမယ့် အီရတ်မှာ ယုံကြည်သူဖြစ်ရတာ ကြည်နူးစရာ လုံးဝ မကောင်းပါဘူး။
ဟေဗြဲ ၁၁း ၃၄ နဲ့  ၃၇ မှာ သတိပြုစရာတစ်ခုကို တွေ့ ရတယ်။ ယုံကြည်ခြင်းကြောင့် တချို့  ထားလက်နက်ဘေးမှ ကင်းလွတ်ခဲ့ကြပေမယ့် တချို့ ကတော့ ထားလက်နက်နဲ့  ကွပ်မျက်ခြင်း ခံခဲ့ကြရတယ်။
တကယ်တော့ ကားတိုင်လမ်း၊ ကရာနီလမ်းဆိုတာ ပျော်ပွဲစားထွက်တဲ့နေရာမှ မဟုတ်တာ။ ဒါကြောင့်လည်း လွန်နိုင်လျှင် လွန်သွားပါစေလို့  ဆုတောင်းမိခဲ့တာ မဆန်းပါဘူး။
အရေးကြီးတာက "အကျွန်ုပ်အလိုအတိုင်း မဖြစ်စေဘဲ ကိုယ်တော်အလိုအတိုင်းသာ ဖြစ်စေပါ" လို့  အမြဲဝန်ခံနိုင်ဖို့ ပါပဲ။
..........................
Philip Bawi Uk
12. 8. 2014
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။