Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, November 3, 2012


(ဆောင်းပါးရေးသူ..နောင်တော်လေး)
အစိုးရသစ် လက်ထက်တွင် လယ်ယာမြေ ပြဿနာ များသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပေါ်ပေါက် လာခဲ့သည်။ ယခင် အစိုးရဟောင်း လက်ထက်က တပ်မတော်မှ သော်လည်းကောင်း ၊ ၀န်ကြီးဌာနများ မှသော်လည်းကောင်း ၊ ကုမ္ပဏီများမှဌာနဆိုင်ရာများနှင့် ပူပေါင်းသိမ်းဆည်းခြင်းများ သော်လည်းကောင်း နှုတ်ပိတ် နေလာခဲ့ရာမှ အစိုးရသစ် လက်ထက်တွင် ၎င်းတို့ နစ်နာခဲ့ရသည့် ကိစ္စရပ
်များအပေါ် နည်းအမျိုး မျိုးဖြင့် ပြန်လည်တောင်းဆို လာကြခြင်းဖြစ်သည်။

လယ်ယာမြေလှုပ်ရှားမှု ကိစ္စများတွင် နစ်နာသူ လယ်သမားများမှာ ဇွဲလုံးလ၀ရိယဖြင့် အပင်ပန်းခံ တောင်းဆို လာကြခြင်းအပေါ် ပြည်သူ့ ဆန္ဒလွှတ်တော် ဆန္ဒ ပြည်သူ့အသံ လွှတ် တော်အသံဟု ကြွေးကြော်ထားသော လွှတ်တော်မှလည်း မြေယာများ သိမ်းဆည်းခံရမှုများ စုံစမ်းရေး ကော်မရှင် ကိုဖွဲ့စည်းခဲ့သည်။

လယ်သမားအရေးများ ထထကြွကြွဖြစ်လာသောအခါ ယခင်က နည်းလမ်းအမျိုးမျိုးဖြင့် မြေယာများ သိမ်းဆည်းရာတွင် ပါဝင်ခဲ့သူများကပင် မြေယာကိစ္စများကိုင်တွယ် ဆောင်ရွက်ရန် အဖွဲ့အစည်း များဖွဲ့စည်းပြန်သည်။

သိမ်းဆည်းခံ လယ်သမားများအရေးနှင့် ပတ်သက်၍ ဇလွန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးတင်ထွတ်မှ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် တင်ပြခဲ့ပြီး လယ်သိမ်းခံပြဿနာများအရေး မကြုံစဖူး အကြုံထူးစွာ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးအတည်ပြုပြီး မြေယာသိမ်းဆည်းခံရမှုများ စုံစမ်းရေး ကော်မရှင်ကြီးပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

ထိုသို့ပေါ်ပေါက်လာခြင်းကို လယ်ယာမြေကိစ္စများ လိုက်ပါဆောင်ရွက်နေသည့် နိုင်ငံရေး အင်အားစုများကလည်း ၀မ်းမြောက်ဝမ်းသာကြိုဆိုခဲ့ကြပြီး စုံစမ်းရေး ကော်မရှင်အနေဖြင့် မည်သို့ဆောင်ရွက်သင့်ပုံ၊ စုံစမ်းရေးကော်မရှင်တွင် ပါဝင်သင့်သူများ၊ မပါဝင်သင့်သူများ စသည်ဖြင့် ဝေဖန်ထောက်ပြပြောဆိုခဲ့ကြသည်။ လယ်ယာမြေစုံစမ်းရေး ကော်မရှင်ဖွဲ့စည်းရေး ဆွေးနွေးပွဲတွင် လယ်မြေများသိမ်းဆည်းမှုတွင် ပါဝင်သူ လွှတ်တော်ကိုယ်စားလှယ်ကြီးတစ်ဦးကလည်း ပါဝင်ဆွေးနွေးခဲ့သေး သည်။

ထိုသို့ဖြင့် ပေါ်ပေါက်လာပြီဖြစ်သော စုံစမ်းရေးကော်မရှင်အနေဖြင့် မည်သည့်အတိုင်းအတာအထိ ထိထိရောက်ရောက်ဆောင်ရွက်မည်ကို မျှော်တလင့်လင့်ရှိနေသောငြား မျှော်လင့်သလို ဖြစ်မလာသည့်အပေါ် လယ်သမားများသည် ကြမ်းမြဲကြမ်းပြနေကြရသည်။

လယ်သမားအရေး ဆောင်ရွက်သူများက ပြည်သူ့အကျိုး အမှန်တကယ် ကြည့်မည့်သူဆိုလျှင် မည်သည့်ပါတီ မည်သည့်အဖွဲ့စည်းမှ ဖြစ်နေပါစေ ကြိုဆိုကြောင်း ထောက်ခံကြောင်းဖြင့် ကောင်းချီထောပနာ ပြုခဲ့ကြသော်လည်း ကော်မရှင် တစ်ရပ်အဖြစ်သာ ပေါ်ပေါက်လာ ခဲ့ပြီး လုပ်ငန်းဆောင်တာ ဆောင်ရွက်မှုတွင် နှေးကွေးလေးကန် ထိုင်းမှိုင်းကြောင်းကို သိရှိလာကြသည်။

သို့ဖြစ်၍ အားကိုးအားထားပြုဖွယ်ရာ မရှိဖြစ်နေသော နစ်နာသူပြည်သူများမှာ ပြည်သူ့လက်နက်ကို သာစွဲကိုင်၍ လုပ်ဆောင်သင့်သည်များကို သိသင့်သိထိုက်သူ တာဝန်ရှိပုဂ္ဂိုလ်များ သိရှိနိုင်ရေး အပင်ပန်း အဆင်းရဲခံ ဆန္ဒဖော်ထုတ်မှုများ စဉ်ဆက်မပျက် လုပ်ကိုင်ဆောင်ရွက်နေသော်ငြား တာဝန်ရှိသူများဘက်မှ နှုတ်ဆိတ်မြဲနှုတ်ဆိတ်နေဆဲပင် ဖြစ်သည်။

လယ်သမားအရေး ဆောက်ရွက်သူများအနေဖြင့် ဆက်လက်လေ့လာဖော်ထုတ်ကြရမည်မှာ လယ်ယာ မြေစုံစမ်းရေး ကော်မရှင်တွင် ပါဝင်သူတို့သည် လယ်ယာမြေဥပဒေများကို သိရှိနားလည်သူများ ဖြစ်၏လော့၊ လယ်သိမ်းယာသိမ်း ပုဂ္ဂိုလ်များနှင့် ပါတနာများလော့၊ ၎င်းတို့ကိုယ်တိုင် တစ်နည်းမဟုတ် တစ်နည်း ပတ်သက်မှု များရှိနေခြင်းကြောင့် ထိထိရောက်ရောက် မဆောင်ရွက်ခြင်းလော့ စသဖြင့် လေ့လာဖော်ထုတ်ကြရပေတော့ မည်။ လွှတ်တော်တစ်ရပ်အနေဖြင့် ပေါ်ပေါက်လာပြီး ပြည်သူ့အကျိုးပြု ကော်မတီများ ၊ ကော်မရှင်များ ဖွဲ့စည်း ထားပြီးဖြစ်သော်လည်း အမှုပေါင်း သောင်းခြောက်ထောင်ဖြင့် ဥပဒေမဲ့လုပ်ရပ်များ ၊ လူ့အခွင့်အရေး ချိုးဖောက် ခံရမှုများ ၊ အာဏာအလွဲသုံးစားမှုများကို ပြည်သူပြည်သားတို့မှ စာတစ်တန် ပေတစ်တန် တင်ပြနေသော်လည်း ဖြေရှင်းဆောင်ရွက်ပေးရာတွင် အလွန်နှေးကွေးထိုင်းမိုင်းဆဲဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူတို့နစ်နာဆုံးရှုံးခဲ့ရသော လယ်ယာမြေသိမ်းဆည်းခံရမှုများစုံစမ်းရေးကော်မရှင်ကိုလည်း ရိုးသားမှု ရှိပါ၏လော့ဟု မေးမြန်းရမည့် အချိန်သို့ရောက်ရှိလာပါပြီ။ ဖြစ်ပေါ်လျှက် ရှိသော မြေသိမ်းခံယာသိမ်းခံကိစ္စများကို မည်မျှသိရှိပါပြီနည်း။ သိရှိပြီးသော်လည်း မည်သည့်အတွက်ကြောင့် ဖြေရှင်းဆောင်ရွက်ပေးရန် လက်နှေးနေရပါသနည်း။ မြေသိမ်းယာသိမ်း ကော်မရှင်နှင့် မြေသိမ်းယာသိမ်း ကုမ္ပဏီများ လက်ဝါးချင်း ရိုက်နေခြင်းလော့။ မြေယာစုံစမ်းရေး ကော်မရှင် ရိုးသားပါ့မလား ဆိုသော မေးခွန်းကို ရိုးသားလျှင်လည်း ရိုးသားပါကြောင်း ၊ မြေသိမ်းယာသိမ်းပုဂ္ဂိုလ်များနှင့် ပတ်သက်မှုရှိနေ၍ ဖြေရှင်းဆောင်ရွက် ပေးရန် လက်တုန်းနှေးနေရခြင်းဖြစ်လျှင်လည်း . . . . ပြည်သူ့အသံကို ကပြောင်းကပြန် လုပ်ဆောင်ရန် မသင့် ကြောင်းဖြင့် မေးခွန်းထုတ်လိုက်ရပါသည်။

ဧရာဝတီဘလော့ဂ်
— with တိမ် တမာန်.

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။