Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, November 3, 2012

ပြည်ထောင်စု တပ်မတော် နှင့်ပတ်သက်သော အမြင်ယူဆချက်တချို့

by Seaman Nayminthu on Friday, November 2, 2012 at 5:40am


“ကျွန်တော်တို့ တပ်မတော်ဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုတပ်မတော် ဖြစ်ပါတယ်။ ဒီနေ့တပ်မတော်မှာ ထိပ်ပိုင်းခေါင်းဆောင်တွေက စပြီးတော့ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည် တွေထဲမှာ တိုင်းရင်းသားလူမျိုးအားလုံး ပါဝင်ပြီးတော့ DSA များထဲမှာလည်း ရှိကြတာဖြစ်ပါတယ်”

လို့ မပခ တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်ရဲ့ ပြောဆိုချက်အား တုံ့ပြန်ချေးပတဲ့အနေနဲ့
KIO ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ဝင် ဦးဂျီးနောင်က “ပြည်ထောင်စုတပ်မတော်ဆိုတာ ရှမ်းတွေက တပ်ရင်း ဘယ်နှစ်ရင်းပို့ပါ။ ကချင်တွေက တပ်ရင်းဘယ်နှစ်ရင်း ပို့ပါ။ ကိုယ့်ပြည်နယ်မှာ ကိုယ့်တပ်ရှိမယ်။ အဲဒါက ပြည်နယ်ရဲ့ လုံခြုံရေးတပ်ဖြစ်မယ်။ ကျွန်တော်တို့လိုလားတဲ့ ပြည်ထောင်စုတပ်က အဲလိုပါပဲ။
DSA မှာ ကချင်တစ်ယောက်တစ်မြီးမှ မပါပါဘူး။ ကရင် တစ်ကောင်တစ်မြီးမှ မပါပါဘူး။ ရှိရင်လည်း သုံးပွင့်အထက် မတက်နိုင်ပါဘူး” ဆိုပြီး ပြောသွားတာကို နောက်ဆုံးထုတ် Bi Weekly ELEVEN ဂျာနယ်မှာ ဖတ်လိုက် ရပါတယ်။
ကျနော် ကြုံတွေ့မိသလောက်တော့ မြန်မာ့တပ်မတော်ထဲမှာ တိုင်းရင်းသားလူမျိုးစုတွေ အဆင့်အတန်းတိုင်း လိုလိုမှာ တွေ့ရပါတယ်။ အရေအတွက်နည်းတဲ့ ရေတပ်ထဲမှာကို ရှိနေတာပါ။ ကျွန်တော် တပ်ထဲရောက်ခါစ နှစ်မှာ သံအမတ်ဖြစ်သွားတဲ့ ဧရခ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် စိန်လွင် ( ခရစ်ယာန်ဘာသာဝင်၊ ကချင်လူမျိုးလို့ သိရ ပါတယ်) နဲ့ နောက် ရခစ (၃၈) စခန်းမှူးအဖြစ်ကနေ အနားယူသွားတဲ့ ဒုတိယဗိုလ်မှူးကြီး လောစောကြိုင် (ခရစ်ယာန်ဘာသာဝင်၊ ကရင်လူမျိုး) တို့ဟာ အရည်အချင်းပြည့်ဝပြီး လက်အောက်ငယ်သားတွေ များစွာ ချစ်ခင်လေးစားမှုရှိတဲ့ ခေါင်းဆောင်တွေလို့ လူသိများပါတယ်။ ဒါ ကျနော်သိသလောက်ပဲ ပြောတာပါ။ အလားတူ တခြားသူတွေ များစွာရှိနိုင်ပါသေးတယ်။
အလားအလာကောင်းတုန်းအချိန်မှာ တချို့တိုင်းရင်းသားလူမျိုးအရာရှိတွေ အငြိမ်းစားပေးခံရတာကို ထောက်ဆကြည့်တဲ့အခါ စဉ်းစားစရာ အချက်တချို့ တွေ့နိုင်ပါတယ်။ ကျနော့်အမြင်ပြောရရင်တော့ အဲဒီလို အငြိမ်းစားပေးခံရသူ အများစုဟာ တိုင်းရင်းသား လူမျိုးဖြစ်လို့ ဆိုတာထက် ယုံကြည်ကိုးကွယ်တဲ့ ဘာသာတရားကြောင့် ဖြစ်နိုင်ခြေပိုရှိတယ်လို့ ယူဆပါတယ်။
မြန်မာ့တပ်မတော်မှာ ဥပဒေ၊စည်းကမ်း တရားဝင်ထုတ်ပြန်ကြေငြာထားခြင်းမရှိဘဲ မသိမသာ နောက်ကောက်ချ လစ်လျူရှုခံနေရတဲ့ ဖြစ်ရပ်တွေ ရှိပါတယ်။ Catch 22 အခြေအနေမျိုး ဖန်တီးထားတယ်လို့ ပြောရင်ရနိုင်မှာပါ။ ၁၉၈၈ နောက်ပိုင်းမှာ ပိုသိသာလာတယ်လို့ ထင်ပါတယ်။
ဗုဒ္ဓဘာသာဝင်မဟုတ်သော အရာရှိတွေ ထိပ်ပိုင်းရာထူးအထိ မရောက်တော့တာတွေ ၊ အင်္ဂလိပ်ဆန်ဆန် မှည့်ခေါ်တဲ့ နာမည်တွေကို မြန်မာနာမည်ပြန်ပြောင်းခိုင်းတာတွေ ( ဥပမာ- စောဗစ်တာ အမည်ကို စောအောင်နိုင်သူ ဆိုပြီး အတင်းအကျပ် ပြန်ပြင်ခေါ်တွင်စေတာ)၊ အိမ်ထောင်မပြုသော လူပျိုအရာရှိများကို ဗိုလ်မှူးကြီး အထက် အဆင့်တိုးမြှင့်မပေးတာတွေဟာ မသင့်လျော်တဲ့ လုပ်ရပ်တွေ လို့မြင်မိပါတယ်။ ရလဒ်ကတော့ အရည်အချင်းရှိတဲ့ ခေါင်းဆောင်တွေ မဆုံးရှုံးသင့်ပဲ လက်လွတ်ဆုံးရှုံးခံရတာပါ။
စစ်ရေးစစ်ရာနဲ့ ခေါင်းဆောင်မှုအရည်အသွေးကို မထိခိုက်စေသော ကိုယ်ရေးကိုယ်တာ ပုဂ္ဂိုလ်ရေးကိစ္စတွေကို ရာထူးတိုးမြှင့်ပေးရေးမှာ ဘေးဖယ်စဉ်းစားသင့်ပါတယ်။
လူတိုင်း လွတ်လပ်စွာ ဘာသာကိုးကွယ်ခွင့် ရှိပါတယ်။ အမည်သညာဆိုတာ သက်ဆိုင်သူ ကာယကံရှင်ရဲ့ လွတ်လပ်တဲ့ ရွေးချယ်မှုပဲဖြစ်သင့်ပါတယ်။ အိမ်ထောင်ပြုခြင်းမပြုခြင်းဟာလည်း လူတဦးချင်းစီရဲ့ ကိုယ်ရေး ကိုယ်တာကိစ္စ ပါပဲ။ တပ်မတော်သားတွေဟာ လူသားတွေဖြစ်လို့ လူ့အခွင့်အရေး၊ နိုင်ငံသားတွေ ဖြစ်တာမို့ နိုင်ငံသားတဦးရဲ့ ရပိုင်ခွင့်တွေ တန်းတူရည်တူ ရရှိခံစားသင့်ပါတယ်။
ပြည်ထောင်စုတပ်မတော်၊ ခေတ်မီဖွံ့ဖြိုးသောတပ်မတော်လို့ ခံယူထားတယ်ဆိုရင် အထက်ကလို မသိမသာ လျစ်လျူရှု နှိမ့်ချတဲ့ လုပ်ရပ်တွေကို ရှောင်ရှားပြီး ခေါင်းဆောင်သစ်တွေကို တန်းတူရည်တူအခွင့်အလမ်း ပေါ်မှာ အရည်အသွေးအလျောက် ထိုက်ထိုက်တန်တန် ရွေးချယ်ခန့်အပ်သင့်ပါကြောင်း… အကြံပြုလိုပါတယ်။

နေမင်းသူ
၂-၁၁-၂၀၁၂

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။