Verbenalady
verbenalady@gmail.com via googlegroups.com
ကျွန်မ ဆီ ကို လွန် ခဲ့သော နှစ် ရက် လောက် က Forward Mail အနေ နှင့် ရောက် လာ သော စာ အား ပြန် လည် ဝေ မျှ လိုက် ပါ သည်။ ကျွန်မ အ နေ နှင့် အ ထက် ပါ စာ အတွင်း အဖြစ် အ ပျက် များ အား ဖတ် ရှု မိ ပြီး

များ စွာ သ နား မိ ပါ သည်။ မိန်းမ တစ် ယောက် အ နေ
ဖြင့်လည်း ကိုယ် ချင်း စာ မိ ပါ သည်။ သို့ ပေ မယ့် ကျွန်မအနေ နှင့် မည် သို့  ကူ ညီ
ရ မည် ကို မ သိ နိုင် ဖြစ် နေ ပါ သည်။ ထို ကြောင့် ကူ ညီ နိုင် မည့် သူ များ ကူ ညီ
ကြ ရန် ထို စာ လေး အား မ ပြု မ ပြင် ပါ ပဲ Google Group များ သို့  Share လုပ် ပေး
လိုက် ပါ သည်။ ကျွန်မ စာ ကြောင့် စာ ဖတ် သူ များ စိတ် အ နှောင့် အ ယှက် ဖြစ် မိ သူ
များ အား လည်း တောင်းပန် အပ် ပါ သည်။ ကာ ယ ကံ ရှင် အား စာ နာ သော အား ဖြင့် ကူ ညီ
အ ကြံ ပြု လို သူများ ကို လည်း ထို သူ ဧ။် Email သို့  တိုက် ရိုက် ပေး ပို့  အ
ကြံ ပြု ပေး ပါ လို့  လည်း ပြော ကြားချင်ပါသည်။
---------- Forwarded message ----------
From: lassozem <lassozem@gmail.com>
Date: Tue, 2 Oct 2012 05:52:44 +0630
Subject: အရမ်းအခက်အခဲရောက် နေ လို့  ကူညီ နိုင် ရင် ကူညီ ကြ ပါ။
To: verbenalady@gmail.com
ကျွန်မ အနေ နှင့် ဘယ် လို ဆက် လုပ် ရ မလဲ ဆို တာ မ သိ နိုင် တော့ လို့  ၀ိုင်း ၀န်း အ ကြံ ဥှာဏ် တောင်းခံ ခြင်း ဖြစ်ပါသည်။
ကျွန်မ နာမည် က အေး မြ ပါ ။ အ မေ က ကျွန်မ ဘ၀ လေး အေး မြ နေ စေ အောင် ဆို ပြီး ကျွန်မ ကို အေး မြ လို့  နာ မည် ပေး ခဲ့ ပါ တယ်။ ကျွန်မ လူ မှန်းသိ တတ် စ အ ရွယ် ကတည်း က ကျွန်မ ဘ၀ မှာ အ မေ နဲ့  ကျွန်မ ပဲ ရှိ ခဲ့ တာ ပါ။ တစ် ခြား ဆွေ မျိုး တွေ ကို မ သိ ခဲ့ ရ ပါ ဘူး။ ပြီး တော့ အ ဖေ ။ အဖေ ဆို တာ မွေး လာ က တည်း က မ မြင် ဖူး ပါ ဘူး ။ အမေ က တော့ ကျွန်မ အဖေ က သေ ဆုံး သွား ပြီ လို့  ပြော ပါ တယ်။ ဒါ ပေမယ့် အဖေ ဓါတ် ပုံ တစ် ပုံ တောင် အ မေ က ကျွန်မ ကို မ ပြ နိုင် ပါ ဘူး။ အမေ ကျွန်မ ကို ဘယ် လို အင် အား မျိုး နဲ့  လူ ဖြစ် အောင် ကျွေးမွေး ခဲ့ ပြီး ပညာ တွေ သင် ပေးခဲ့ လည်း ဆို တာ ကျွန်မ မ သိ ပါ ဘူး ။ ကျွန်မ ကတော့ အ ဖေ မ ရှိ ပါ နဲ့  ဘာ လို့ မွေး ခဲ့ တာ လဲဆို ပြီး ကျွန် မ ဘ၀ မှာ အ ခက် အ ခဲတွေ တွေ့  တိုင်း ကျွန်မ အ မေ ကို စိတ် ထဲက နေ ပြော မိ ပါ တယ် ။ အ ပြစ် တင် မိ ပါ တယ်။ အမေ က စက် ချုပ် ပြီး တော့ ကျွန်မ ကို ကျွေးမွေး ခဲ့ ပါ တယ်။ ကျွန်မ ဆယ် တန်း အောင် တော့ လည်း ဂုဏ် ထူး သုံး ဘာ သာ ပါ ပါ တယ် ။ ကျောင်းဆက် တက် ဖို့  အ မေ မ တတ် နိုင် တော့တာ ကျွန်မ သိ ခဲ့ ရ ပါ တယ်။ စက် ချုပ် တဲ့ ဒဏ် တွေ ကြောင့် အ မေ မှာ ဆိုးရွား လှ တဲ့ ကျီး ပေါင်း ရော ဂါ ခံစား နေ ရ ပါ တယ်။ လက် တွေ တုန် ကျင် ပြီးထိ မိ လို့ ထိ တာ တောင် အ မေ မ သိ တော့ ပါ ဘူး။ ဒီ လို နဲ့  ကျွန်မ အ ဝေးသင် ပဲဆက် တက် ခဲ့ ပါ တယ်။ တစ် ဖက် က တော့ စတိုးဆိုင် တစ် ခု မှာ အ ရောင်းစာ ရေး လုပ် ရင်း ကျွန်မ တို့ သားအမိ အ ဆင် ပြေ သလို စားသောက်နေ ခဲ့ ကြ ပါ တယ်။ အဖေ ကို တော့ ကျွန်မ ရှာ ဖို့ တောင် စိတ် မ ကူးမိ ပါ ဘူး။ ကျွန်မ တို့  ကို မလို ချင် တဲ့ အဖေ ကို ရှာ စ ရာ မ လို ဘူး လို့ တွေး မိ ပါ တယ်။ ကျောင်း မှာ အ ပေါင်းအသင်းတွေ က နင် အဖေ က ဘယ်သူ လဲ လို့  မေး လာ ရင် ကျွန်မ အ ရမ်း ၀မ်းနည်း မိ ပါ တယ်။ သူ တို့ တွေ ကျွန်မ ကို ဘယ်လို ထင် မြင် ကြ မ လဲ။ ကျွန်မ ရဲ့  ချို့  တဲ့ မှု ကြောင့် ကျွန်မ ဘ၀ က မ အေး မြနိုင် ခဲ့ ပါ ဘူး။ သြော် အ မေ ကျွန်မ ကို သူ့  ဘ၀ တစ် ခု လုံး နဲ့  ရင်း ပြီးချစ် ခဲ့ တာ ပါ လား ။ ပတ် ၀န်း ကျင် ရဲ့ ကဲ့ ရဲ့ သံ တွေ ကို ဂရုမ စိုက် ပဲ ကျွန်မ ကို လူ လား မြောက် အောင် ကျွေးမွေး ခဲ့ ပါ တယ်။ ဒီ လို နဲ့  ကျွန်မ ကျောင်း ပြီး တော့ အိမ် မှာ ခလေး တွေ ကို စာ ပြ တဲ့ ဆရာ မ လုပ် ခဲ့ ပါ တယ်။ နောက် ပြီး အိမ်တွေ ကို လိုက် သင် ရင် ပို ပြီး ရ တာ ကြောင့် ကျွန်မ အိမ် လိုက် ပြီး စာ ပြ တဲ့ ဆရာ မ ဖြစ် ခဲ့ ပါတယ်။ ဆရာမ အ လုပ် လုပ် ပြီး ကျွန်မ ဘ၀ လေး အ ဆင် ပြေ လာ တယ် ပြော ရ ပါ မယ်။ အမေ ကို လည်း ကောင်း ကောင်း မွန် မွန် ထားနိုင် လာ ပါ တယ်။ ကျွန်မ အလုပ် ရ မှ ၀ယ် ကျွေး ဖုး တဲ့ ထမင်းပေါင်း ကို မြိန် မြိန် ယှက် ယှက်စား သောက် တာ ကို ကြည့် ပြီး ဆင်းရဲ လွန်း လို့  ထမင်းပေါင်း တောင် ကျွန်မ ၀ယ် ကျွေးမှ စား ဖူး တဲ့ အ မေ ကို သနား မိ ပါ တယ်။ အ ဖေ ကို မုန်း တဲ့စိတ် က ကျွန်မ ကို ဘ၀ တစ် ခု လုံး ကြီး စိုး ထားခဲ့ ပါ တယ်။ အ ရွယ် ရ လာ လို့  ကျွန်မ ကို ချည်း ကပ် တဲ့ သူ တွေ ကို လည်း ကျွန်မ မုန်း မိ ပါ တယ် ။ ချစ် တယ် ဆို တာ သူ တို့  အ တွက် လက် သုံးစ ကား တစ် ခု ပဲ လို့  ယူ ဆ ပြီး ယောကျာ်း တွေ အ မုန်း ကြီး ကို မုန်း မိ ပါ တယ်။ အဖေ လည်း အမေ ကို ချစ် တယ် ပြော ပြီး အမေ ကို ထား ခဲ့ တာ ပါ လို့ တွေးမိ ပါ တယ်။
ဒီ လို နဲ့  ကျွန်မ တစ် နေ့ တော့  အ လုပ် သစ် တစ် ခု ရ ပါ တယ်။ အိမ် တစ် အိမ် က ကျွန်မ ကို သူ့ က လေး ကို စာ ပြ ပေး ဖို့  ပြော လို့  ကျွန်မ လည်း ကျွန်မ အလုပ် သစ် ရှိ ရာ ကို လာခဲ့ ပါ တယ်။ ကျွန်မ ကို စာ ပြ ပေး ဖိုနဲ့ က လေး ကို ဂရု စိုက် ပေး ဖို့ ကလေးအ ဖေ က ကျွန် မ ကို မှာ ပါ တယ်။ ကျွန်မလည်း ဟုတ်ကဲ့ ဒါ ကျွန်မ အ လုပ် မို့ လို့  စိတ် ချ ပါ ပေါ့။ ဒီ လို နဲ့  ကလေး ကို စာ သင် နေ ရင်း ကျွန်မ စိတ် ထဲ စနိုး စနှောက် ဖြစ် တာ တစ် ခု ရှိ ပါ တယ်။ ကလေးအဖေ က စာ သင်နေ ရင်း ကျွန်မ တို့  စာ သင် တဲ့ အ နား မှာ ရှိ နေ တတ် ပါ တယ်။ ကျွန်မ က တော့ ကလေး ကို တော် တော် ဂရုစိုက် ပါ လား လို့  တွေး မိ ပါ တယ်။ နောက် ပြီး ကျွန်မ က လေး အမေ ကို တစ် ခါ မှ မ မြင် ဖူး ပါ ဘူး ။ ကျွန်မ က တော့ ကလေး အမေ က အ လုပ် သွား တယ် ထင် ပါ တယ်။ တစ် နေ့  တော့ စာ သင် ဖို့  အ သွား က လေး ဖျားနေ တယ် ဆို တာ နဲ့  ကျွန်မ လည်း စာ မ သင် ဖြစ် လို့ ပြန် မယ် လုပ် တော့ ကလေး အ ဖေ က ပြော စရာ ရှိ လို့  ပါ ဆို ပြီး ကျွန်မ ကို ပြော တာ နဲ့  ကျွန်မ လည်း နားထောင် ဖြစ် ခဲ့ ပါ တယ်။ သူ ပြော တာ က သူ့  အ ကြောင်းတွေ ပါ။ သု မိန်း မ နဲ့  သူ နဲ့ က ကွဲ နေ ကြ ကြောင်း ။ သူ အ ရမ်း အ ထီး ကျန် ကြောင်း ။ သူ အ သက် က ခု မှ ၃၁ နှစ် ပဲ ရှိ သေး တာ ဖြစ် ကြောင်း။ သူု ဘယ် လို အ လုပ် တွေ လုပ် ကြောင်း ။ ဘာ တွေ ပိုင် ဆိုင် ကြောင်း ပေါ့။ ကျွန်မ နဲ့ ဘာ မှ မ ပတ် သတ် တဲ့ အ ကြောင်းတွေ ကို ဘာ လို့ ပြောနေ ပါ လိမ့်  လို့  တွေး မိ ပါ တယ်။ နောက် ပိုင်းပို ပို ဆိုး လာ ပါ တယ်။ ကျွန်မ အိမ် ပြန် ရင် တောင် လိုက် ပို့ ပေး မယ် ဘာ ညာ ဆို ပြီး လုပ် လာ ပါ တယ်။ ကျွန်မ လည်း သ တိ နဲ့ နေ ၇ ပါ တော့ တယ်။ ပြီး တော့ သူ တို့ အိမ် မှာ ကလေး အဖေ နဲ့  ကလေး ပဲ ရှိ ပါ တယ်။ အိမ် အ ကူ အ ဒေါ် ကြီး က အလုပ် လုပ် ပြီး ရင် အိမ် ပြန် တယ် လို့ ပြော ပါ တယ်။ သူ တို့ အိမ် က ဘာ ကျွေး ကျွေး ကျွန်မ မ စားပါ ဘူး ။ ကျွန်မ ကို ဆေး ခတ် လို့  မ ရ အောင် လို့ ပါ။ ဒီ လို သ တိ ထား တဲ့ ကြားက ပဲ တစ် နေ့  ကျွန် မ စာ သင် ဖို့ သွား တော့ ကျွန်မ အိမ် ထဲ လည်း ရောက် ရော ကလေး အိပ် နေ လို့ သွားနိုး ပေးမယ် ဧည့် ခန်း က စောင့်ပေး ပါ လို့  ပြောလို့  ဧည့် ခန်း က စောင့်မည် ဆို ပြီး ၀င်သွား တော့ စိမ်း ရွှင် ရွှင် အ နံ တစ် ခု ကို ရ ပြီး ကျွန်မ မူး လာ ပါ တယ်။ နောက် ပိုင်း တော့ ကျွန်မ မေ့သွား တယ် ထင် တာ ပါ ပဲ။ ကျွန်မ နိုးလာ တော့ အိပ် ရာ ပေါ် ရောက် နေ ပါ တယ်။ ကျွန်မ လည်း ကြောက် ပြီး ထွက် လာ တော့ ကလေး အ ဖေ ကို တွေ့  ပါ တယ်။ သူ က ကျွန်မ ကို မြင်တယ် ဆို ရင် ပဲ ကျွန်မ မူး မေ့ သွား ကြောင်း ပြီး တော့ အားလုံးအတွက် သူတာ ၀န် ယူ ကြောင်း ပြော ပါ တယ်။ သူ ကို လက်ထပ် ပါ လို့ လည်း ပြော ပါ တယ်။ ကျွန်မ လည်း ကိုယ် ကို ကိုယ် ဘာ ဖြစ် လို့ ဖြစ် မှန်း မသိ အောင် ကို ဖြစ် ပြီး အမေ ဆီ ကို ပဲ ပြန် ချင် နေ မိ ပါ တယ်။ ဒါ ကြောင့်အမေ ဆီ ကို အ ပြေး ကျွန်မ ပြန် ခဲ့ ပါ တယ်။ ကျွန်မ အားလုံး ကို မေ့ လိုက်မယ် ဒီ လို လူ မျိုး ကို တော့ မ ယူ နိုင် ဘူး ။ ဒီ အ ဖြစ် အပျက် က ဒီ မှာ ပဲ အ ဆုံးသတ် လိုက် တော့မယ် လို့ ။ ဒါပေမယ့် ကျွန်မ အ ဖြစ် အပျက် က မပြီး နိုင် ပါ ဘူး။ ကျွန်မ မှာ ကိုယ် ၀န် ရှိ နေ ပြီဆို တာ သိ လိုက် ရ တဲ့ နေ့  ဟာ ကျွန်မ ဘ၀ ပျက် သလို ကို ခံစား မိ ပါ တယ်။ ကျွန်မ လည်း အ မေ လို ဖြစ် ပြီး ဆို ပြီ တွေး မိပါ တယ်။ ဒီ က လေး ကို ကျွန်မ ဘယ် လို အင်အား မျိုး နဲ့ မွေး ရ ပါ့မလဲ။ သြော် လော က ကြီး က ရက်စက် လိုက် ကြ တာ။ ကျွန်မ ကြ မှာ ဒီလို အ ဖြစ် မျိုး တွေ ကြုံ ရ တယ်။ ကျွန်မ ဘာ လုပ် ရ မလဲ ဆို တာ မ သိ တော့ ပါ ဘူး ။ ကျွန်မ အ ဖြစ် ကို အ မေ သိ ရင် ရင် ကျိုး ပြီး သေ ဆုံးနိုင်တယ်။ အမေ က ကျွန်မ ဘ၀ မှာ တစ် ဦး တည်းသော အ မျိုး ပါ။ ကျွန်မ ဘ၀ မှာ ဘာ တွေ များ မ ကောင်းတာ လုပ် ခဲ့ လို ပါ လဲ။ ကျွန်မကို ဘယ်လို နှိမ် နှိမ် ဘာပြော ပြော သြော် သူတို့ က မှန် တာ ပြော တာ ဆို ပြီး တွေးမိ ပါ တယ်။ ကျွန်မ သူ များ ပိုင်ဆိုင် တာ တစ် ခါ မှ မ ခိုး ဖူး ပါ ဘူး ။ ဆဲရေးတိုင်းထွာခြင်း မ ပြု မိဖူး ပါ ဘူး။ ဘာလို့  ကျွန်မ မှာဒီ လို မျိုး တွေ ကြုံ တွေ့  ရ တာ လဲ ကျွန်မ တွေးမ ရ ပါ ဘူး။ အမေ ကို လည်း အရမ်းသနား တယ်။ ကျွန်မ ဘ၀ လေး ကို လည်း အေးအေးချမ်းချမ်း ကုန်ဆုံး ချင် တယ်။ ကျွန်မ ဘယ်လို လုပ် ရ မလဲ. ကျွန်မ ကို ဒီလို ဖြစ် အောင် လုပ် တဲ့ လူ ကို တော့ ဘယ် လို မှ ကျွန်မ လက် မထပ် နိုင် ပါ ဘူး ။ ကျွန်မ ကလေး မွေး ဖို့ က လည်း ကျွန်မ မှာ အင် အား မ ရှိ ပါ ဖူး။ ဖျက်ချ ပစ် ဖို့  ကြ ပြန် တော့ လည်း ကျွန်မ လူ သတ် မိ တာ လား။ ကျွန်မ ကိုယ် ကျွန်မ သတ် သေ ဖို့  ကြ တော့ ကျွန်မ အမေ ကို ဘယ် သူ ရှာ ကျွေးမလဲ.။ ကျွန် မ ကိုယ် ၀န် က နု သေး လို့  နှစ်လ ပဲ ရှိ သေး လို့ ဖျက် ချရင် ဘေး မဖြစ် ဖူးလို့ တော့ ပြော ပါ တယ်။ ကျွန်မ ဘယ်လို လုပ် ရ မလဲ ဆို တာ မ သိတော့  လို့  ကျွန်မ ကို အ ကြံ လေး များ ပေး နိုင် ပါ မလား ရှင်။ ကျွန်မ အ တွက် အ ကောင်းဆုံး ဖြစ် မည့် နည်း လမ်း လေးများ ရှိ ရင် ကျွန်မ ကို ပြော ပြပေး စေ လို ပါ တယ်။ ဆရာ ၀န် တွေ ရှေ့  နေ တွေ နဲ့  ဆွေး နွေး ဖို့  ကြ တော့ ကျွန်မ ပိုက် ဆံ အများ ကြီး မတတ် နိုင် လို့ ပါ။ ဒါ ကြောင့် online ကနေ အကြံ ဥာဏ် တောင်း ရင် ငွေ ကုန် ကြေး ကျ သက် သာ တယ် လို့ ပြော လို့  ကျွန်မ အ ရှက် နည်း စွာ ဒီစာ အား ရေး သား ပြီး အ ကြံ ဥာဏ် တောင်း ခံ အပ် တာ ပါ ရှင်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။