Rapper Lil Wayne က သူဟာ အစားအသောက်တွေကို မက်မောလှသူ မဟုတ်ပါဘူးတဲ့။ သူ့အနေနဲ့ အစားအသောက်ကို သိပ်စားစရာ မလိုပဲ အလွယ် ဗိုက်ပြည့်လေ့ရှိပြီး သူ့အမေက သူ့ကို ဗိုက်ပေါက်စလေးပဲ ရှိတယ်လို့ ပြောလေ့ရှိပါသတဲ့။
I Am Not a Human Being II ဆိုတဲ့ သီချင်းခွေသစ်ကို မကြာခင် ဖြန့်ချိလိမ့်မယ်လို့ ယူဆရတဲ့ Lil Wayne ဟာ အစားအသောက်တွေနဲ့ ပတ်သက်ရင် ဘာကိုမှ သိပ်နှစ်သက်တယ်ရယ်လို့ မရှိပေမယ့် ကျေးဇူးတော်နေ့မှာ ကျွေးတဲ့ ကြက်ဆင်သားကိုတော့ နှစ်သက်တယ်လို့ ဆိုပါတယ်။ နှစ်တိုင်း Lil Wayne ဟာ နယူးအော်လင်းပြည်နယ်မှာ ရှိတဲ့ သူ့မိသားစုအိမ်ကို ပြန်ပြီး ကျေးဇူးတော်နေ့ကို ဆင်နွှဲလေ့ရှိပါတယ်။ သူ့အမေရဲ့ လက်ရာ ကြက်ဆင်သားကို အလွန်နှစ်သက်လို့ပါတဲ့။
Hollinaz

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။