အေပီ သတင်းဌာနရဲ့ အဆိုအရ မက်ဒေါနားဟာ ဂေးအခွင့်အရေးကို ထောက်ခံတာကြောင့် ရုရှားနိုင်ငံသားများ ကုန်သွယ်ရေး အဖွဲ့ရဲ့ တရားစွဲဆိုခြင်း ခံရပါတယ်။ စိန့်ပီတာစဘတ်ရဲ့ တရားရုံးက ဒီတရားစွဲဆိုမှုကို ပလပ်လိုက်တယ်လို့ သိရပါတယ်။
တရားရုံးမှာ ကြားနာမှုမှာ တရားလိုရဲ့ လျှောက်လဲချက်တွေကို ရယ်ခဲ့တဲ့ ဂျာနယ်လစ်တွေကို တရားရုံးအတွင်းက ထွက်သွားဖို့ ခြိမ်းခြောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။ အကယ်၍ ပုံမှန် လူ့အဖွဲ့အစည်းနဲ့ ဒီလိုအခွင့်အရေး တန်းတူရရှိနေတဲ့ lesbian တွေနဲ့ ယောက်ျားချင်း ချစ်ကြိုက်သူတွေအကြောင်းကို ကြားသိတဲ့ ကလေးတွေ ကြီးပြင်းလာရင် ဘယ်လို ဖြစ်လာမလဲလို့ တရားလိုက လျှောက်လဲခဲ့တယ်လို့ သိရပါတယ်။
မက်ဒေါနားရဲ့ ပြင်ပဆက်ဆံရေးအရာရှိကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မက်ဒေါနားမှာ မှတ်ချက်ပေးစရာ အကြောင်းမရှိဘူးလို့ ဆိုပါတယ်။
Ref: Digital Spy
Hollinaz
Hollinaz

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။