Life of Pi ဆိုတာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်မလာနိုင်တဲ့ ဝတ္ထုတစ်ပုဒ်လို့ သိထားကြပါတယ်။ ဒါပေမယ့် အော်စကာနှစ်ဆုရ ဒါရိုက်တာ အန်းလီအတွက်တော့ မဟုတ်ပါဘူး။
Crouching Tiger, Hidden Dragon ဇာတ်ကား၊ Brokeback Mountain ဇာတ်ကားတွေနဲ့ အော်စကာဆု ရခဲ့တဲံ ဒါရိုက်တာ အန်းလီဟာ စာရေးဆရာ Yann Martel ရဲ့ ဝတ္ထုကို ပြန်လည် အသက်သွင်းခဲ့ပါတယ်။ ကနေဒါက တိရိစ္ဆာန်ရုံကို ပို့ဖို့ Richard Parker လို့ နာမည်ပေးထားတဲ့ ဘင်္ဂလီကျားတစ်ကောင်နဲ့ ဆယ်ကျော်သက်အရွယ် Pi Patel ဆိုတဲ့ ကောင်လေးရဲ့ မိသားစု သင်္ဘောနဲ့ ခရီးထွက်အလာ မုန်တိုင်းမိပြီး သင်္ဘောပျက်သွားခဲ့ပါတယ်။ အသက်ကယ်လှေပေါ်မှာ Pi နဲ့အတူ ခွေးအတစ်ကောင်၊ ခြေတစ်ဖက်ကျိုးနေတဲ့ မြင်းကျားတစ်ကောင်နဲ့ ကျားပဲ အသက်ရှင်ခဲ့ပါတယ်။ အသက်ဆက်ရှင်သန်နိုင်ဖို့ အမျိုးမျိုးရုန်းကန်ကြရပြီး နောက်ဆုံးမှာ အင်အားအကြီးဆုံးဖြစ်တဲ့ Pi နဲ့ ကျားပဲ အသက်ရှင်ကျန်နေခဲ့ပါတယ်။ ဒီခရီးမှာ ဘယ်လို အသက်ဆက်ကြမယ်ဆိုတာကို အဆင့်မြင့် သရီးဒီစွမ်းဆောင်ရည်နဲ့ ဖန်တီးပြီး ရိုက်ကူးထားပါတယ်။
ဒီဇာတ်ကားကို နိုဝင်ဘာလ ၁၂ ရက်နေ့က စပြီး အမေရိကန်နိုင်ငံတဝှမ်းမှာ စတင်ပြသနေပြီ ဖြစ်ပါတယ်။
Hollinaz

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။