Allure Korea မဂ္ဂဇင်းဟာ ပရလောက ဆန်တဲ့ အလှကို ရှာဖွေတွေ့ရှိခဲ့ပါပြီ။ miss A အဖွဲ့ရဲ့ Suzy နဲ့ Jia တို့ဟာ Allure အတွက် တိမ်းမူးဖွယ်အလှကို ဖော်ထုတ်ခဲ့ပါတယ်။
နှစ်ယောက်လုံးဟာ သူတို့ရဲ့ ဖျော်ဖြေပွဲတွေ၊ အလုပ်တွေနဲ့ ရှုပ်နေပေမယ့် ဒီဓာတ်ပုံရိုက်ကွင်းကိုတော့ အချိန်မီ ရောက်လာခဲ့ပါတယ်။ Suzy က သူ့ရဲ့ အချိန်ဇယားနဲ့ အလျင်မီအောင် လုပ်နေရသလို သူ့ကိုယ်ပိုင်အချိန်ထက် ဖျော်ဖြေပွဲနဲ့ တခြားအလုပ်တွေကို အချိန်ပိုပေးနေရလို့ လေ့ကျင့်ချိန်တောင် သိပ်မရဘူးလို့ ဆိုပါတယ်။
Jia ကလည်း လာမယ့် ပြိုင်ပွဲတွေမှာ မိန်းကလေး အဆိုတော်အဖွဲ့တွေ အရမ်းများလာတာကြောင့် ထိပ်ဆုံးနေရာက ဖယ်ပေးရမှာကို စိုးရိမ်နေပါတယ်။ Bad Girl Good Girl ဟာ miss A ရဲ့ အကောင်းဆုံးသီချင်းအဖြစ် ရပ်တည်နေသေးဆဲ ဖြစ်ပေမယ့် နောက်ထပ် အယ်ဘမ်သစ်နဲ့ ထပ်မံထိုးဖောက်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။




No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။