ဂျောင်အန်းနေ့စဉ်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ Son Dam Bi ဟာ ခုချိန်မှာ သူဟာ ဆိုဂျူးနဲ့ ဘီယာရောပြီး ငါးခွက်လောက် သောက်နိုင်တယ်လို့ ဆိုပါတယ်။
အဲဒီမတိုင်ခင်ကတော့ Son Dam Bi ဟာ ဆိုဂျူးနဲ့ စပရိုက်အနည်းငယ်ကိုသာ ရောသောက်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Lights and Shadow ဇာတ်ကား စတင်ရိုက်ကူးတဲ့အချိန်ကစပြီး လစ်မစ်တက်လာပါတယ်တဲ့။ ဘာလို့တုန်းဆိုတော့ ရိုက်ကွင်းပြီးလို့ အားလုံးအနားယူတဲ့အချိန်ုမှာ စားသောက်ဆိုင်မှာပဲ စားသောက်ဖြစ်ကြတာ များပါတယ်။ ဒါကြောင့် သူလည်း သောက်တတ်စားတတ် လာတယ်လို့ ဆိုပါတယ်။
ဒီ Lights and Shadow ဇာတ်ကားကြောင့် Son Dam Bi ဟာ ပညာတွေ အများကြီး ရခဲ့တယ်လို့ဆိုပါတယ်။ ဟာသနဲ့ အချစ်ကို ဘယ်လို ဖော်ကျူးသရုပ်ဆောင်ရမယ်ဆိုတာ ကောင်းကောင်း သိခဲ့ရတယ်လို့ ဆိုပါတယ်။
Ref: Joong Ang Daily & Soompi
Hollinaz
http://www.delodelo.com/news/son-dam-bi-got-new-exp-from-lights-and-shadow/


No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။