တောင်ကိုရီးယားရုပ်သံကို စွဲလမ်းနှစ်ခြိုက်ကြတဲ့ မြန်မာပရိသတ်အတွက် ကိုရီးယားရုပ်ရှင်ပွဲတော်ကို ကျင်းပခဲ့သည်မှာ အခုဆိုရင် ၇ကြိမ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ၂ဝဝ၅ခု နှစ်မှာတော့ မင်းသားဂင်ဂျေဝန်(ချွဲခွာနူး) အပါအဝင် မိန်းကလေး အဆိုအဖွဲ့ Baby VOX၊ ၂ဝဝ၉ခုနှစ်မှာတော့ မင်းသမီး လီအွန်ဂျွန်နှင့် အမျိုးသမီး ဒါရိုက်တာ တစ်ဦး၊ ၂ဝ၁ဝ ခုနှစ်မှာတော့ မင်းသားဆောင်အီဂွတ် (ဂျူမုံ)နှင့် မင်းသမီးလီဟားနား၊ ၂ဝ၁၁ခုနှစ်မှာတော့ မင်းသားချွဲဆူဂျောင်နဲ့ မင်းသမီး ဆိုရီဟွန်း (လီချယ်လင်း) စတဲ့ မြန်မာပရိသတ်အထူးနှစ်သက်တဲ့ အနုပညာရှင်များရောက်ရှိခဲ့ကြလို့ သောင်းသောင်းဖျဖျ ကြိုဆိုအားပေးမှုလည်း ရှိခဲ့ပါတယ်။
အခု ၂ဝ၁၂ခုနှစ်မှာတော့ ကိုရီးယား ရုပ်ရှင်ပွဲတော်သာမက ဂီတအကလှုပ်ရှားမှု၊ ပြဇာတ်၊ အားကစားပြိုင်ပွဲ၊ ပညာရေး၊ စီးပွားရေးကဏ္ဍ စုံလင်စွာ KOREA WEEK 2012 အဖြစ် စီစဉ်ထားသလို မြန်မာ ပရိသတ်များကြားတွင် ရေပန်းစားနေသော မင်းသား Song Seung Hyun (ဂျွန်စော)နဲ့ Song Hye (အွန်စော)တို့ လာရောက်မယ်ဆိုတဲ့ စကားသံလည်း အစပိုင်းမှာ ကြားခဲ့ရတဲ့အတွက် ပရိသတ်များ အထူးရင်ခုန်ခဲ့ကြရ ပါသေးတယ်။ ဂျွန်စောနဲ့အွန်စောတို့ မလာရောက်နိုင်ပေမယ့်လည်း အခုလာရောက်တဲ့ မင်းသားKyung Ho နှင့် မင်းသမီး Chae Jung An မြန်မာပရိသတ်နဲ့ သတင်းမီဒီယာများက ကြိုဆိုခဲ့ကြပါတယ်။

သူတို့ရောက်ကြပြီ
နိုဝင်ဘာလ၈ ရက်နေ့၊ ည၁ဝနာရီမိ နစ်၂ဝ မှာ ဆိုးလ်မြို့မှ ရန်ကုန်မြို့သို့ တိုက်ရိုက်လေကြောင်းနဲ့ ကိုရီးယားသတ္တပတ် ပွဲတော်ကို တက်ရောက်ဖို့ မင်းသား Jung Kyung Ho နှင့် မင်းသမီး Chae Jung An တို့ ရောက်ရှိလာကြပါတယ်။ လေဆိပ်မှာ တောင်ကိုရီးယား ဇာတ်လမ်းတွဲတွေကို နှစ်ခြိုက်အားပေးကြတဲ့ ပရိသတ်နဲ့ သတင်းမီဒီယာ များက ည၉နာရီလောက်ကတည်းက ကြိုဆိုဖို့ ရောက်ရှိနေကြသည်။ မင်းသားနဲ့ မင်းသမီးတို့ဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတည်းခိုမယ့် ကုန်သည်ကြီး များ ဟိုတယ်သို့ ထွက်ခွာသွားခဲ့ပြီး နိုဝင်ဘာလ ၉ ရက်နေ့၊ညနေ၅နာရီခွဲမှာတော့ သမ္မတရုပ်ရှင်ရုံတွင် ကျင်းပတဲ့ ကိုရီးယားရုပ်ရှင်ပွဲတော် ဖွင့်ပွဲသို့ မင်းသား Jung Kyung Ho နှင့် မင်းသမီး Chae Jung An၊ တောင်ကိုရီးယားသံ ရုံးမှတာဝန်ရှိသူများ၊ ပြန်ကြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ ညစာ စားပွဲကို နိုဝင်ဘာလ ၉ရက်၊ ညနေ ၆ နာရီခွဲက ကုန်သည်ကြီးများ ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

ပရိသတ်များနဲ့ တွေ့ဆုံ
နိုဝင်ဘာ ၁ဝရက်နေ့၊ နေ့ခင်း ၂နာရီ ခွဲမှာတော့ မြန်မာ ကွန်ဗင်းရှင်းစင်တာတွင် ကျင်းပသော KOREAN EXPO 2012 သို့ မင်းသား Jung Kyung Ho နှင့် Chae Jung An တို့တက်ရောက်ခဲ့ကြသည်။ ကိုရီးယား ကုမ္ပဏီ၅၅ခုတို့ ပါဝင်ပြသထားပြီး Posco, LG,DAEWOO,KIA Motors, Doosan Infracore, KD Power စသည့် ကုမ္ပဏီကြီး များနှင့်အခြားလူသုံးကုန်ပစ္စည်းများ၊ အလှ ကုန်၊အစားအစာ၊ဆေးဝါး၊ စက်မှုပစ္စည်း၊ မော်တော်ယာဉ်များစသည်တို့ကို ပြသ ထားသည်။ KOTRA Yangon
နဲ့ တောင် ကိုရီးယားသံရုံး(မြန်မာ)တို့က စီစဉ် တင်ဆက် ခြင်းဖြစ်သည်။ ထို့နောက် ညနေ ၃နာရီခွဲတွင် ဓမ္မစေတီလမ်းရှိ Marketplace of City Mart တွင် ကျင်းပသော ကိုရီးယား အစား အစာပွဲတော်သို့ မင်းသား Jung Kyung Ho နှင့် Chae Jung An တို့တက်ရောက် ခဲ့ကြသည်။ ကိုရီးယားအစားအစာ ပွဲတော် မကျင်းပမီ ကတည်းက မြန်မာပရိသတ်က ကြိုရောက်နှင့် နေကြသည်။ သူတို့ချစ်မြတ်နိုး သော ကိုရီးယားအနုပညာရှင်များကို မြင် တွေ့လိုသောဆန္ဒပင်ဖြစ်သည်။ မင်းသား Jung Kyung Ho နှင့် Chae Jung An တို့ ကမြန်မာပရိသတ်နှင့် အတူကိုရီးယားအစား အစာပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲခဲ့ကြသည်။
ကေပေါ့ပ်စတားဟွန်ဂျွန်းအဖွဲ့
နိုဝင်ဘာလ ၁ဝရက်၊ ည၆နာရီမှ ၈နာရီအထိ MCCခန်းမတွင် ရုပ်သံဖန်သားပြင် ပေါ်မှာသာ မြင်တွေ့ခဲ့ရသောကမ္ဘာကျော် ကေပေါ့ပ် အဆိုအကအဖွဲ့က ဟန်ချက်ညီညီ မြန်မာပရိသတ်ကို ဖျော်ဖြေတင်ဆက်ခဲ့ သည်။ ကေပေါ့ပ်အဖွဲ့၏တက်ကြွသော ဖျော် ဖြေတင်ဆက်မှုက မြန်မာလူငယ်များကို အကြိုက်တွေ့စေခဲ့ပါသည်။
ပေါ်ပြူလာအဖွဲ့

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။