Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, November 13, 2012

သြစတြေးလျက ပြန်လာတာနဲ့ ဇာတ်လမ်းတွဲ ရိုက်ကူးမယ့် ခင်လှိုင်


သြစတြေးလျ ဖျော်ဖြေရေး ခရီးစဉ် ထွက်ခွာသွားတဲ့ ခင်လှိုင်က ၃ရက်နေ့မှာ ပါ့ခ်မြို့မှာ စတင် ကပြဖျော်ဖြေမှာ ဖြစ်ပြီး မဲလ်ဘုန်း၊ ဆစ်ဒနီနဲ့ ကန်ဘရာ မြို့၎မြို့ ကို ဖျော်ဖြေမှာ ဖြစ်ကြောင်း ပြောပါတယ်။ အခု သြစတြေးလျ ခရီးစဉ်က သူ့ရဲ့ ဒုတိယအကြိမ်မြောက် ခရီးစဉ် ဖြစ်ပြီး အရင် တစ်ခေါက် သွားတာနဲ့ မတူအောင် ပြင်ဆင် သွား ကြောင်း ပြောပါတယ်။

“အရင် အခေါက်တွေတုန်းက အငြိမ့်နဲ့ နှစ်ပါးသွားနဲ့ သတ်သတ်စီခွဲ ကတယ်။ သီချင်းဆိုတယ်။ အငြိမ့်ကလည်း ပြက်လုံးပြက်တာ ပဲ။ နှစ်ပါးသွားက လည်း ပြက် လုံးပြက်တာပဲ။ တူနေတဲ့ အခါကျတော့ အငြိမ့်အစား ဟာသ ပြဇာတ်လေး တစ်ခု ထည့်လိုက်တယ်။ လူရွှင် တော်တွေ ချည်းပဲ မဟုတ်ဘူး။ မင်းသား နှစ်ယောက် ကလည်း လူရွှင်တော် ကကြမှာ ဆိုတော့ သူတို့လည်း အဆင်ပြေအောင် ပြဇာတ် တိုက်လိုက်တယ်။ ဟာသပြဇာတ် အတို ၁နာရီ စာကြာတယ်။ ဟိုမှာက ၅နာရီ ၆နာရီလောက် ကြာအောင် ကရတာ ဆိုတော့ ပြဇာတ်က ၁နာရီ၊ သီချင်း ဆိုတာကလည်း ၁နာရီကျော် ကျော်လောက် အချိန်ပေးလိုက်တယ်။ ကျန်တာကတော့ နှစ်ပါးသွား ကမှာပေါ့။ ပြီးခဲ့တဲ့ တစ်ခေါက်က သွားခဲ့တော့ ပရိသတ်တွေရဲ့ အထာတော့ သိနေပြီ။ အရင်က ခေတ်သီချင်း ဆိုတာ များတယ်။ ဟိုမှာက မြန်မာသံ ပိုကြိုက်တယ်။ ကျွန်တော်နဲ့ ဒိန်းဒေါင် ကတော့ မြန်မာ သံစဉ်ပဲ ဆိုမယ်။ အဝတ်အစားတွေ ကိုလည်း တိုက်ပုံနဲ့ ဒီဇိုင်းပန်းတွေ လုပ်ပြီး အကယ်ဒမီ ပွဲတက်သလိုမျိုး ဒီဇိုင်းတွေနဲ့ တိုက်ပုံကာ လာစုံ၊ ပုဆိုးတွေ ကာလာစုံနဲ့ ထုံးစံအတိုင်း ကျွန်တော်တို့ ဆင်တူ ဝတ်နေသလိုပဲ ဖိနပ်က အစပန်းတွေ ထိုးထားတယ်။ မြန်မာသံစဉ်ကို သူတစ်ပိုဒ်ဆို၊ ကိုယ်တစ်ပိုဒ် ဆိုနဲ့ စုံတွဲ ဆိုကြမယ်။ ပြက်လုံးတွေကို အတတ်နိုင်ဆုံး ဆန်းသစ်သွားတယ်။ စိတ်ပူတာ တစ်ခုတော့ ရှိတယ်။ လူရွှင်တော်တွေ ချည်းပဲ ကရတာအကြောင်း မဟုတ်ဘူး။ မင်းသားနှစ်ယောက် ကို လူရွှင်တော်နေရာမှာ ထည့်ကမှာ ဆိုတော့ အခက်အခဲ ဖြစ်မှာစိုးလို့ သူတို့အတွက်တော့ စိတ်ပူတယ်” လို့ သြစတြေးလျခရီးစဉ် အကြောင်း ပြော ပါတယ်။ သြစတြေးလျက ပြန်လာပြီး ၁လပိုင်းလောက် မှာတော့ ဒါရိုက်တာ မောင်သီက ခင်လှိုင်နဲ့ ဒိန်းဒေါင်ကို “သဝေထိုးနဲ့ လုံးကြီးတင်” ဆိုတဲ့ တီဗီ ဇာတ်လမ်းတွဲ ရိုက်ကူးမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒီဇာတ်လမ်းတွဲကို ၃လ ရိုက်ကူး မှာဖြစ်ပြီး စမ်းသပ်ရိုက်တဲ့ ၃လ အတွင်းမှာ ရပ်ကွက်ထဲမှာ လူပျိုတွေ ဘဝနဲ့ အိမ်ထောင်ကျတဲ့ အထိ ဗရုတ် သုတ်ခတွေနဲ့ သူငယ်ချင်းနှစ်ယောက် မတည့်တဲ့ အကြောင်း ရိုက်ကူးမှာ ဖြစ်ပြီး ဒီဇာတ်လမ်းတွဲ အောင်မြင်ရင်တော့ ကလေးတွေ ရတဲ့အကြောင်း ဆက်ပြီး ရိုက်ကူးမှာ ဖြစ်ကြောင်း ခင်လှိုင် ကပြောပါတယ်။ ဇာတ်လမ်းတွဲ ရိုက်ကူးတဲ့အပေါ် ခင်လှိုင်ရဲ့ အမြင်ကိုမေးတော့ “ဇာတ်လမ်းတွဲတွေက မြန်မာပြည်မှာ ရိုက်တော့ ရိုက်နေကြတယ်။ ဒါပေမဲ့ သိပ်မအောင်မြင် ကြသေးဘူးလေ။ ဒါကျတော့ ပရိသတ်နဲ့ အမြဲ ထိတွေ့နေနိုင်တယ်။ အခွေကျတော့ ရိုက်ထားပေမယ့် တစ်ခါတစ်လေ အကြောင်းကြောင်းကြောင့် မထွက်ဖြစ်တာတွေ၊ မထွက်သေးတာတွေနဲ့ ကိုယ်ရိုက်ပေမယ့် ချက်ချင်း ပရိသတ်တွေကြားထဲ မရောက်သေးတာတွေ အများကြီးပဲလေ။ တချို့ဆို ရိုက်ထားတာ ကြာပြီ။ တော်တော် ကြာမှ ထွက်လာတဲ့ အတွက် ကျွန်တော်တို့ လုပ်ထားတဲ့ ပြက်လုံးတွေက Current မဖြစ်တာ တွေရှိတယ်။ ဇာတ်လမ်းတွဲ ကျတော့ အခုလုပ် ပြတာကို ချက်ချင်း ပရိသတ်တွေဆီရောက် သွားနိုင်တယ်။ ဒါပေမဲ့ ဗီဒီယို ကလည်း ဖျက်လို့မရဘူး။ ဗီဒီယိုလည်း သူ့ဘာသာသူ ဈေးကွက် တစ်ခု ရှိနေမှာပေါ့။ တီဗီ ဇာတ်လမ်း တွဲကလည်း သူ့ဘာသာသူ လိုင်းတစ်လိုင်း ဖောက်သွားနိုင်တာပေါ့။ မြန်မာ ဇာတ်လမ်း တွဲတွေ သိပ်မအောင်မြင်သေးတော့ ကျွန် တော်တို့ ဟာသ ဇာတ်လမ်းတွဲ ဆိုရင် ဖြစ်နိုင်မလား ဆိုပြီး ဒါရိုက်တာ မောင်သီက လက်တည့်စမ်း လိုက်တာပါ။ ကျွန်တော် တို့ကလည်း စမ်းသပ် ကြည့်တဲ့ သဘော အနေနဲ့ လမ်း အသစ် တစ်ခု ဖောက်ကြည့်တာပါ” လို့ ပြောပါတယ်။
ခိုင်ဝေလွင်
                                            
 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။