Selena Gomez နဲ့ လမ်းခွဲပြီလို့ သတင်းတွေ ထွက်နေတဲ့ Justin Bieber ဟာ နိုဝင်ဘာလ ၁၀ ရက်နေ့က ဘော့စတွန်မြို့ ဖျော်ဖြေပွဲမှာ နာမည်ကျော် အဆိုတော် Justin Timberlake ရဲ့ Cry Me a River သီချင်းနဲ့ သီဆို ဖျော်ဖြေခဲ့လို့ သူတို့နှစ်ယောက် ပြတ်စဲကြပြီဆိုတဲ့သတင်းကို ပိုမိုခိုင်မာစေသလားလို့ ပရိသတ်တွေက သိရှိလိုနေကြပါတယ်။
Cry Me a River သီချင်းဟာ ၂၀၀၂ ခုနှစ်က Bieber နဲ့ Gomez လိုပဲ နာမည်ကျော် စုံတွဲဖြစ်တဲ့ Justin Timberlake နဲ့ Britney Spears တို့ လမ်းခွဲပြီးနောက် Justin Timberlake က သီဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီသီချင်းဟာ Justin Bieber နဲ့ သိပ်ပြီး မစိမ်းတဲ့ သီချင်းဖြစ်ပြီး အရင်က ဖျော်ဖြေခဲ့ဖူးပေမယ့် ခုလိုအချိန်မှာ ဒီသီချင်းကို သီဆိုတာဟာ တမင်သက်သက်လား၊ တိုက်ဆိုင်မှုလား ပရိသတ်တွေက သိချင်နေကြပါတယ်။
သူရဲ့ Twitter အကောင့်မှာတော့ ခုအချိန်မှာ သူဘာဖြစ်နေလဲ ဆိုတာကို သူကိုယ်တိုင်တောင် မသိသေးဘူးလို့ ရေးထားခဲ့ပါတယ်။ ပြတ်စဲကြပြီလားဆိုတဲ့ သတင်းကိုလည်း ငြင်းဆိုခြင်း မပြုသလို ခေါင်းငြိမ့်ခြင်းလည်း မရှိကြောင်း ခေါင်းစီးသတင်းများမှာ ဖော်ပြထားပါတယ်။
Hollinaz

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။