20 November 2012 |By 7Day News
နိုင်ငံရေး အကျဉ်းသားဟောင်း၊ လူရွှင်တော် ဇာဂနာ၏ ပထမဆုံး ထောင်တွင်း အတွေ့ အကြုံများကို ရေးသားထားသည့် “ပထမ”အမည် ရှိ လုံးချင်း ၀တ္ထု ကို နိုဝင်ဘာလကုန်တွင် ထုတ်ဝေမည်ဖြစ်ကြောင်း ဇာဂနာကပြောသည်။
“၁၉၈၈ ခုနှစ်မှာ ကျွန်တော့်ကို ဘားလမ်းမှာ သေနတ်နဲ့ချိန်ပြီး ဖမ်းသွားရာကနေ ပြန်လွှတ်တဲ့အထိ အင်းစိန်ထောင်ထဲတွင်း အတွေ့အကြုံတွေ ကို ရေးသား ထား ပါတယ်။ ထောင်ထဲမှာ ထောက်လှမ်းရေးတွေ ကျွန်တော့်ကိုမေးတာ၊ နှိပ်စက်ညှင်းဆဲတာတွေ အကုန်ပါ ပါတယ်” ဟု ဇာဂနာက ပြောသည်။ နိုင်ငံရေးအကျဉ်းသားများ မှာ ထိုစဉ်က စာရေးသားခွင့်မဆိုနှင့်၊ စာအုပ် စာတမ်းပင် ဖတ်ခွင့် မရှိသည့် အတွက် နေ့စဉ်မှတ်တမ်းရေးသားရန် ပလတ်စတစ်စများကို ဖြဲကာ ရေစင်အောင်ဆေး၍ ထောင်အုတ်နံရံများတွင် ပွတ်တိုက်ပြီးမှ ပလတ်စတစ်တွင် ကပ်ပါလာသော ထုံးမှုန့်များပေါ်တွင် ဖျာကြမ်းစများကိုချိုးကာ စာလုံးများဖော်၍ နေ့စဉ်မှတ်တမ်းရေးသားခဲ့ရကြောင်း၊ အဆိုပါပလတ်စတစ်မှတ်တမ်းများမှ အချက်များကိုယူ၍ ရေးသားခြင်းဖြစ်ကြောင်း ဇာဂနာကပြောသည်။
ယင်းစာအုပ်ကို Home က ထုတ်ဝေမည်ဖြစ်ပြီး ပထမဆုံး ထောင်တွင်း အတွေ့ အကြုံ ထုတ်ဝေပြီးပါ က နောက်ဆက် တွဲကျခံခဲ့ရ သည့် ထောင်တွင်း အတွေ့အကြုံ များကို ဒုတိယ၊ တတိယအမည်များဖြင့် ဆက်လက်ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။ ဇာဂနာသည် ၁၉၈၃ ခုနှစ်တွင် တမူးမြို့သို့ အသုံးလုံး လုပ်အားပေးသွားရောက်ရင်း ဆေးကုသသည့်အတွေ့အကြုံများကို ပြန်လည်ရေးသားခဲ့သည့် “မန်းထာ” အမည်ရှိ ပထမဆုံး လုံးချင်းဝတ္ထု ထွက်ရှိထားသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။