မန်ချက်စတာယူနိုက်တက် ဘောလုံးကလပ်အသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်၏ ကြေးရုပ်တုကို အိုးထရက်ဖို့ဒ်ကွင်းကြီးတွင် စတင်ထားရှိပြသလိုက်ပြီ ဖြစ်သည်။ အမြင့် ၉ ပေရှိ ဖာဂူဆန်၏ ကြေးရုပ်တုအား ၎င်း၏ဇနီးဖြစ်သူ လေဒီကေသီ ဖာဂူဆန်က စတင်ဖွင့်လှစ် ပြသပေးခဲ့ခြင်းဖြစ်သည်။ ဖာဂူဆန်သည် မန်ယူအသင်းအား မန်နေဂျာအဖြစ် တာဝန်ယူခဲ့သည်မှာ ၂၆ နှစ်ရှိပြီဖြစ်သည်။
၎င်းသည် ၂၆ နှစ်တာ မန်နေဂျာသက်တမ်းအတွင်း မန်ယူအသင်းနှင့်အတူ Premier League ဆုဖလား (၁၂) ကြိမ်၊ Champions League ဆုဖလား (၂) ကြိမ်၊ FA ဆုဖလား (၅) ကြိမ်၊ League ဆုဖလား (၄) ကြိမ်၊ Community Shield (၁၀) ကြိမ်၊ UEFA Cup Winners’ Cup (၁) ကြိမ်၊ UEFA Super Cup (၁) ကြိမ်၊ Intercontinental Cup (၁) ကြိမ်၊ FIFA Club World Cup (၁) ကြိမ်ဖြင့် စုစုပေါင်း ဆုဖလား ၃၇ ကြိမ်ရရှိကာ အအောင်မြင်ဆုံးမန်နေဂျာအဖြစ် မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားနိုင်ခဲ့သည်။
“ပုံမှန်ကတော့ လူတွေဟာ သူတို့ရဲ့ရုပ်တုကို သူတို့မမြင်ရမီမှာ သေဆုံးလေ့ရှိကြပါတယ်။ ကျွန်တော်ကတော့ သက်တမ်းပိုရှည်ရှည် နေနေရတာပေါ့”ဟု အသက် ၇၀ နှစ်အရွယ် ဖာဂူဆန်က ပြောကြားသည်။
More photos ...


No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။