
ဂင်းနစ်မှတ်တမ်း အဖွဲ့က စံချိန်ဟောင်း (၁၂၀)နာရီ၊ (၇)မိနစ်ကို အိုကန်က ကျော်ဖြတ်နိုင်ခဲ့ကြောင်း အတည်ပြုသွားသည်။ ယင်းစံချိန်ဟောင်းကို မတ်လအတွင်းက ကနေဒါ နိုင်ငံသား နှစ်ဦးက တင်ရှိထားခြင်း ဖြစ်သည်။ အိုကန်က မိမိသည် စံချိန်တင်ရန် ရည်ရွယ်၍ တမင်တကာ ကြိုးစား ကစားခဲ့ခြင်းဟု ရှင်းပြခဲ့သည်။
"လွန်ခဲ့တဲ့ (၂)နှစ်လောက် ကတည်းက ဗီဒီယိုဂိမ်း အကြာဆုံး ဆက်တိုက် ကစားနိုင်တဲ့ စံချိန်ကို ဂင်းနစ်က သတ်မှတ်ပေးတာကို သတင်းကြားမိခဲ့တယ်။ အဲဒီကတည်းက ခုလိုစံချိန်အတွက် ကြံစည်ခဲ့တာပါ။ အဲဒီတုန်းက အကြာဆုံးစံချိန်က (၅၄)နာရီပဲ ရှိတယ်။ ဒီနှစ်ဆန်းလောက်မှာ နာရီ(၁၂၀)ကျော်ထိ မြင့်တက်သွားခဲ့တယ်လေ။ ကျွန်တော် တော်တော့်ကို ကြိုးစားလိုက်ရတယ်"ဟု အိုကန်က ဆိုသည်။ ၎င်းက စံချိန်အတွက် ကြိုးစားနေစဉ် ပုံမှန် ကျန်းမာရေး စစ်ဆေးမှု ခံယူခဲ့ရသလို မျက်စိကို အနားပေးသည့် အချိန် စုစုပေါင်း နာရီ(၂၀)မျှ အသုံးပြုခွင့် ရခဲ့ကြောင်းလည်း ရှင်းပြသွားသည်။


No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။