Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, November 23, 2012

ရုပ်ရှင် လောကအကြောင်းတော့ နားမစွင့်လို့ မရဘူးဟုဆိုသူ ကျော်ရဲအောင်နှင့် တွေ့ဆုံခြင်း

 
ကျော်ရဲအောင်က ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင် ရိုက်ကူးတဲ့ ‘၂၁ရာစု သားတရားစီရင်ခန်း’ ဇာတ်ကားမှာ စိုးမြတ်သူဇာ၊ ပြေဇင်၊ ဆုရွှန်းလဲ့တို့နဲ့ သရုပ်ဆောင်နေပါ တယ်။ ရိုက်ကွင်း ခေတ္တနားတဲ့ အခိုက်မှာ ကျော်ရဲအောင် ကို ရုပ်ရှင်ဗီဒီယိုလောက အကြောင်း၊ ဒီဇင်ဘာ ၃ဝရက်နေ့ ကျင်းပမယ့် အကယ်ဒမီပေးပွဲ အကြောင်းတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။
ကိုနိုင်ကြီး(ကျော်ရဲအောင်)ဒီနေ့ ရိုက်တဲ့ ဇာတ်ကားအကြောင်း သိချင်ပါတယ်။

မိသားစုတစ်စုမှာ ကလေးလိုချင်လျက်နဲ့ မရတဲ့မိသားစုတွေအကြောင်း၊ အဆင်ပြေပြီး ကျွေးနိုင်မွေးနိုင်တဲ့ မိသားစုမှာ ကလေးမရှိဘူး။ အဆင်မပြေ မမွေးနိုင် မကျွေးနိုင် ဘဲနဲ့ စိတ်တုံးတုံးချတဲ့ လူတွေကျတော့ ကလေးတွေက တပြွတ်ပြွတ်နဲ့ အသီးတွေက အောင်ကြတယ်။ ယောက်ျားကို အလိုလိုက်တဲ့ မိန်းမက ကလေးကို မျိုးဥနဲ့ဖန်ပြွန် သန္ဓေသား ပုံစံ မွေးတဲ့အကြောင်းလေးပါ။ ဗဟုသုတနဲ့ ဖြစ်တတ်တဲ့ သဘာဝလေးတစ်ခုကို ရိုက်ပြတာပါ။ ဟာသဇာတ်ကားတော့ မဟုတ်ပါဘူး။
ကိုနိုင်ကြီး အနေနဲ့ မိဘမေတ္တာဇာတ်လမ်း၊ ဟာသနဲ့ အချစ်ရိုးမန့် ဇာတ်ကားတွေ ထဲက ဘယ်လိုဇာတ်လမ်းကို ဦးစားပေး ရွေးချယ်ရိုက်ကူးဖြစ်ပါသလဲ။
ဦးစားပေးရယ်လို့မရှိပါဘူး။ ကိုနိုင်တို့ က ပရိသတ်နဲ့ အလုပ်လုပ်ရတဲ့ အခါကျ တော့ ပရိသတ်တွေကလည်း အမျိုးမျိုး ကြိုက်ကြတယ်လေ။ တစ်မျိုးတည်းတော့ ရိုက်လို့ရမ ဘူး။ အစုံရိုက်ကြတယ်။ ဒရာမာတွေပါတယ်။မိသားစုဘဝအကြောင်းပါမယ်။ ဟာသ၊လူ ငယ်ဖန်စီဇာတ်လမ်းတွေပါမယ်။ သိပ်လူငယ်မဟုတ်ပါဘူး။ ကျွန်တော့်အကြိုက် ဖန်စီဇာတ်လမ်းတွေ၊ ရယ်စရာကောင်းတယ် ၊ ရယ်ရတယ်လို့ ထင်ရတဲ့ဇာတ်ကားတွေပါမယ်။ ဖိုက်တင်ချရတဲ့ဇာတ်ကားတွေလည်းပါမယ်။ ကိုနိုင်ကတော့ ၃မျိုး၃စား ရိုက်နေရတာပေါ့။ ဟာသရယ်၊ ဒရာမာရယ်၊ ဖိုက်တင်ရယ်။ ၃ မျိုးစလုံးတော့ အကုန်ပါအောင် ထည့်ရိုက်တယ်။ ပရိသတ်အနေနဲ့ ပြတဲ့ဇာတ်ကားကို ကြည့်ကြတာပါပဲ။ သူတို့ကြည့်ချင်တဲ့ ဇာတ်လမ်းမျိုးလည်း ကြည့်တာပဲ။ အခုတော့ နည်းနည်း ကျယ်ပြန့်လာတဲ့ အခါကျတော့ ကျွန်တော်ကိုယ်တိုင်လည်း အရင်လိုအရာရာ သိပ်ပေါ့နေလို့ မရဘူး။ တစ်ခုခုတော့ လုပ်မှရမယ်။ တစ်ခုခုလုပ်ရမယ်လို့ ပြောနေတာ လည်း ကြာပြီ။ တစ်ခုခုဆိုတာက ပရိသတ် ကြီး စိတ်ဝင်စားလာမယ့် ဇာတ်လမ်းအနေ အထား ပုံစံမျိုးတွေ၊ အင်တာတိန်းမန့်တွေ ပါလာမယ်။ ကွန်ပျူတာစနစ်တွေ၊ တခြား နိုင်ငံတွေမှာ ရိုက်သလို၊ ဒီဗီဒီနဲ့ ရိုက်ပြီး ကွန်ပျူတာတွေနဲ့ မျိုးစုံလုပ်၊ သူတို့က သိပ္ပံ ဇာတ် ကားတွေ ရိုက်တာများကြတယ်။ သရုပ် ဆောင်အပြင် စက်မှုပညာနည်းနည်းပိုစိုက် ကြတယ်။ ဒီနိုင်ငံမှာတော့ လူတွေချည်းပဲပြပြ နေရတယ်။ ကြာတော့ ကြည့်ရတဲ့လူတွေ လည်း ပျင်းလာကြပြီ။ ရုပ်ရှင်လောကမှာ နည်းပညာအားဖြင့် ပံ့ပိုးပေးမှုတွေ လိုအပ်နေပြီလို့ပြောရမလား။ အဲဒါတွေက သိတော့သိနေကြတယ်။ မလုပ်ဖြစ်ကြသေးဘူး။ နည်းပညာပံ့ပိုးမှု တွေလိုတယ်။ ပညာတွေလည်း အများကြီး သွားသင်ရမယ်။ သင်ဖို့နေနေသာသာ၊ ထိထိ ရောက်ရောက်လေ့လာခွင့်တောင် သိပ်မရသေးဘူး။ နိုင်ငံခြား ဇာတ်ကားကိုမီဖို့မပြော နဲ့ လုပ်နိုင်ရင်ပဲ မဆိုးပါဘူး။ မီဖို့က အဝေးကြီးပါပဲ။ ကိုနိုင်တို့က အခုမှ စမ်းတဝါးဝါး စပြီး လုပ်ကြမှာ ရှိတုန်းပဲ။
ကိုနိုင်ကြီးနဲ့မကြီးစိုး(စိုးမြတ်သူဇာ)တို့ သရုပ်ဆောင်တဲ့ဇာတ်ကား ပရိသတ်တွေက ပိုပြီးသဘောကျကြတာ ဘာကြောင့်လို့ထင်လဲ။
မကြီးစိုးနဲ့ ကိုနိုင်က ဇာတ်ကားရိုက်ရင် ရန်ဖြစ်တဲ့အခန်းတွေ ရိုက်တာများတယ်။ ရန်ဖြစ်ကြတာကို ပရိသတ်တွေက သဘောကျ ကြတယ်။ ကိုနိုင်ကြည့်ကြည့်နေတာ ပရိသတ်တွေက ဇာတ်ကားတစ်ကားမှာ သရုပ်ဆောင်တွေ သိပ်မတည့်ဘူးဆို သဘောကျ ကြတယ်။ ဇာတ်လမ်းထဲမှာ အပြိုင်အဆိုင်တွေ လုပ်ကြတာရှိတယ်။ မိသားစု ဇာတ်လမ်းတွေမှာ ကိုနိုင့်အသက်အရွယ်နဲ့ သူ့အသက်အရွယ်နဲ့ ကိုက်ညီတော့ သရုပ်ဆောင်ရတာလည်း တော်တော်အဆင်ပြေပါတယ်။
ဒီနှစ် အကယ်ဒမီပေးပွဲကို ရန်ကုန်မှာ ကျင်းပတဲ့အပေါ် ဘယ်လိုမြင်လဲ။
အကယ်ဒမီပွဲတိုင်း တက်ပါတယ်။ မတက်ဖြစ်ဘူးဆိုရင်တော့ ကျန်းမာရေး ကြောင့်မို့ပါ။ ရန်ကုန်မှာဆိုရင် ပိုပြီး စည်ကားလိမ့်မယ် ထင်တယ်။ အရင်တုန်းကလည်း ဒီမှာပဲ လုပ် ကြတာပါပဲ။ နေပြည်တော်ကျတော့ သီးသန့်ချည်းဖြစ်တော့ မသွားနိုင်တဲ့ လူတွေရှိတယ်။ သွားပြီးမမီတဲ့ လူတွေရှိတယ်။ သွားတော့လည်း နေရာထိုင်ခင်းက ရှိသေး တယ်။ တချို့ကျ တော့ ကိုယ့်ဘာသာကိုယ် တည်းနေရတဲ့ အပိုင်းတွေရှိတယ်။ ကိုယ်နေချင်လို့ နေတာကိုး။ ပေးထားတဲ့နေရာ မနေချင်လို့ နေရင်လည်း ကိုယ့်ဘာသာ ကိုယ်စိုက်နေရမယ်။ ခရီး စရိတ် တွေပါ အကုန်အကျ အားလုံးသက်သာ သွားတယ်။ ကိုယ့်ကိုယ် လုပ်ပေးတဲ့ပွဲဖြစ်တဲ့ အတွက်ကြောင့် တစ်ဖက်ကလည်း ကြည့် မယ်ဆိုရင် ကုန်ကျတာကို ထည့်တွက်လို့မရဘူး။ ကိုယ်တို့ရဲ့မှတ်တိုင်တစ်ခု စိုက်ပေးတဲ့ ပွဲတော်ကြီးပဲလေ။ ရုပ်ရှင်သမားတွေ အားလုံးရဲ့ ရုပ်ရှင်ပွဲတော်ကြီးပေါ့။ ဒီနှစ်ထူးတော့ ထူးခြား မယ်ထင်တာပဲ။ အပြောင်း အလဲလေး ဖြစ်သွားတာပေါ့။
အကယ်ဒမီဆု ချီးမြှင့်တဲ့အပေါ်မှာကော ကိုနိုင်ကြီးအနေနဲ့ ဘယ်လိုအကြံပြုချင်ပါသလဲ။
အကယ်ဒမီ ဘယ်သူတွေရမလဲတော့ သိပ်ပြီးမမှန်းတတ်ဘူး။ မှန်းတိုင်းက အမြဲ တမ်းလွဲနေတာပဲ။ ကိုနိုင်မရမှာတော့ ကျိန်းသေပါတယ်(ရယ်လျက်) အကယ်ဒမီဆု ကတော့ ကိုနိုင်တို့လိုချင်တာက တကယ် ကြိုးကြိုးစားစားနဲ့ လုပ်ထားတဲ့ဇာတ်ကား တစ်ကား၊ တကယ်လည်း ကောင်းတဲ့ဇာတ်ကား ဖြစ်ရမယ်။ အနုပညာသမားရဲ့ အိုက် တင်ပိုင်း ကို နားလည်တတ်ကျွမ်းတဲ့လူတွေလည်းဖြစ် ရမယ်။ တကယ်ပေးသင့် ပေးထိုက်လို့ပေးရ တဲ့ဆုမျိုးက ကိုယ်တိုင်ယူရတာကောင်းတယ်။ တန်တယ်ပေါ့။ မြတ်မြတ်နိုးနိုးသိမ်းဆည်းထား ရတဲ့ ဆုတစ်ဆုလေ။ တန်ဖိုး ကြီးကြီးမားမားနဲ့ အနှစ်သာရပြည့်တဲ့ ဆုကြီးတစ်ဆုဖြစ်စေ ချင်တယ်။ အဲဒီဆုမျိုးလည်းဖြစ်မှာပါ။
ကိုနိုင်ကြီးကို အနုပညာရှင်တွေ အများကြီးနဲ့အတူ မတွေ့ရတတ်ဘူး။ သီးသီး သန့်သန့်နေတာကကော ဘာကြောင့်လဲ။
အုပ်စုအုပ်စုနဲ့ ရုံးစုရုံးစုထဲ မပါချင်တာ။ ကိုနိုင် အသက်လည်း ကြီးပြီ။ လူတွေ မျက်စိနောက်မှာ တအားကြောက်တယ်။ ကိုယ့်ဘာသာကိုယ် နေနေတာပဲ။ သူများတွေ ဘာ လုပ်နေလဲဆိုတာ အကုန်သိပါတယ်။ သူတို့ လုပ်သမျှ အားပေးသင့်တာလည်း အားပေးတာပါပဲ။ အားလုံးနဲ့တော့အဆင်ပြေပါတယ်။ ဘာလို့မသွားလဲဆိုတော့ လူသိပ် ထူထူကြီးမှာ မနေတတ်တာ။ ဒီအလုပ်လုပ်နေတာ ဆိုတော့ ရုပ်ရှင် လောကအကြောင်းတော့ နားမစွင့်လို့မရဘူး။ အကုန်သိနေရတယ်။ ဓာတ်ပုံထဲ သာမပါရင် မပါတာပါ။ ကိုနိုင်သူတို့တွေနဲ့အတူတူရှိနေပါတယ်။
ကိုနိုင်ကြီးရဲ့ ပရိသတ်တွေကိုကော ဘာပြောချင်ပါသလဲ။
ကျွန်တော့်ကို ဒီနေ့ဒီအချိန်ထိ အားပေး နေတဲ့ပရိသတ်တွေက ကျွန်တော်တို့ရဲ့ ထမင်းရှင်တွေလို့ ပြောလို့ရပါတယ်။ ဒီအသက်အရွယ်ထိ ရပ်တည်နေတာကလည်း သူတို့ကြောင့်ပါပဲ။ သူတို့ကို ကျွန်တော်မမေ့ပါဘူး။ စော်လည်း မစော်ကားပါဘူး။ ကျွန်တော်ရိုက်တဲ့ထဲမှာ စော်ကားသလိုဖြစ်ခဲ့ရင်လည်း မတော်တဆ ဖြစ်တာလို့ပဲပြော ပါရစေ၊ ပရိသတ်တွေကို အမြဲတမ်းကျေးဇူးတင်နေရမှာပါ။ ကျွန်တော် တင်မကဘူး။ကျွန်တော် တို့ မိသားစု၊ညီအစ်ကိုမောင် နှမအသိုင်းအဝိုင်းတွေ အားလုံးရဲ့ ကျေးဇူးရှင် ပါ။သူတို့ကိုကျေးဇူးမဆပ် နိုင်သေးရင်တောင် မစော် ကားဖြစ်အောင် နေနေ ရတယ်။ မစော်ကား ဖြစ်တယ်ဆိုရင်ပဲ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူ နေရပါတယ်။
ခိုင်ဝေလွင်
 
 
 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။