Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, November 23, 2012

တိုက်စစ်ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ

23 November 2012 |By 7Day News
အဓိက အားကစား သမားအချို့ မပါဝင်နိုင်သည့် မြန်မာဘောလုံး အသင်း ကို ဒေသတွင်း လက်ရွေးစင်ဘောလုံး အသင်းများ၏ အဆင့်မြင့်ဆုံး ဆူဇူကီး ဖလား နောက်ဆုံးအဆင့်ပြိုင်ပွဲက စောင့်ကြိုနေပြီဖြစ်သည်။ အားထားရသည့် တိုက်စစ်မှူးများနှင့် ကစားသမားအချို့ ဒဏ်ရာရရှိမှုများက အသင်းကိုင်တွယ်ရသည့် ၎င်း၏ နည်းပြသက်တမ်းတစ်လျှောက်တွင် အဆိုးရွားဆုံး အခြေအနေဖြစ်ကြောင်းလည်း မြန်မာအသင်းနည်းပြချုပ် ပတ်ဆောင်ဟွာကပြောကြားထားသည်။
ပြီးခဲ့သည့် ၂၀၁၀ ၏ ပြိုင်ပွဲ ပွဲဦးထွက်တွင် ဗီယက်နမ်အသင်းကို(၇-၁)ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ရသည့်အတွက် ယခုနှစ်ပြိုင်ပွဲတွင် လက်စားချေလိုသော်လည်း လက်ရှိမြန်မာအသင်း အခြေအနေများက အားလျော့စရာဖြစ်နေကြောင်း မြန်မာပရိသတ်များကဆိုသည်။ ဆူဇူကီးခြေစစ်ပွဲ ရလဒ်ကောင်းကြောင့် ကမ္ဘာ့အဆင့်သတ်မှတ်ချက် နှစ်ဆယ်ကျော်မြင့်တက်လာပြီး အရှေ့တောင်အာရှ၌ အဆင့်(၄) ရောက်ရှိလာသည့် မြန်မာအသင်းအနေဖြင့် နောက်ဆုံးအဆင့် အုပ်စု(က)တွင် ရင်ဆိုင်ရမည့်အသင်းများမှာ လက်ရှိဒေသတွင်း အဆင့်သတ်မှတ်ချက်တွင် မြန်မာအသင်း၏အထက်တွင် ရောက်နေကြသည့် ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်အသင်းများ ဖြစ်သည်။ အာရှယူ-၂၂ ခြေစစ်ပွဲအသင်းမှ ခြေစွမ်းပြခဲ့သည့် ကျော်ကိုကို၊ ကျော်ဇေယျာဝင်းတို့ ဒဏ်ရာရရှိချိန်တွင် မြန်မာလိဂ်တွင် ခြေစွမ်းပြခဲ့သည့် စိုးမင်းဦးကို အားကိုးခဲ့သော်လည်း ပြည်တွင်းရှုံးထွက်ဖလားတွင် ၎င်းဒဏ်ရာရရှိမှုက အရန်တိုက်စစ်မှူးများအတွက် အခွင့်အလမ်း ပေါ်ထွက်လာစရာ လမ်းစဖြစ်ပေါ်လာခဲ့သည်။ ခရောင်းလမ်းကို ဖြတ်ကျော်ရဖွယ်ရှိနေသည့် မြန်မာအသင်းအတွက် နည်းပြပတ်ဆောင်ဟွာ ထုတ်သုံးမည့် နည်းဗျူဟာက နောက်ဆုံးခြေစမ်းခဲ့သည့် ဂျပန်ကလပ် အိုကာရာမာပွဲတွင် အဖြေထွက်ပေါ်လာခဲ့သည်။ ဂျပန်ကလပ်နှင့် ခြေစမ်းပွဲတွင် အသုံးပြုသွားသည့် ခံစစ်ကိုအားပြုကာ counter (တန်ပြန်)တိုက်စစ်ကို အသုံးပြုမည့် မြန်မာအသင်း ကစားကွက်ပုံစံမှာ လက်ရှိအနေအထားတွင် အသင့်တော်ဆုံးဖြစ်ကြောင်း လေ့လာသူများနှင့် ပရိသတ်များကလည်းဆိုသည်။ “လက်ရှိအနေအထားအရ ကိုယ့်အသင်းက ပြိုင်ဘက်အသင်းတွေထက် အားနည်းနေတယ်ဆိုရင်တော့ ခံစစ်ကိုပဲ ဦးစားပေးလေ့ကျင့်ရမှာပဲ။ မြန်မာအသင်းရဲ့ လက်ရှိလူအင်အား တစ်ဦးချင်းစွမ်းရည်တွေအရ ဒီကစားကွက်အတိုင်းပဲ လုပ်ရမှာ”ဟု လက်ရွေးစင်နည်းပြဟောင်းနှင့် ကစားသမားဟောင်း ဦးမျိုးဝင်းညွန့်ကပြောသည်။
အိုကာရာမာအသင်း နည်းပြချုပ်ဖြစ်သူ ကာဂီရာမာကလည်း မြန်မာအသင်း၏ တန်ပြန်တိုက်စစ်ကစားပုံကို ချီးကျူးခဲ့သည်။ သို့သော် တန်ပြန်တိုက်စစ်ဆင်ရာတွင် ဘောလုံးမဆုံးရှုံးရန် အရေးကြီးပြီး ခံစစ်ကိုလည်း လုံခြုံအောင် ပြုလုပ်ထားသင့်ကြောင်း၊ မြန်မာအသင်းရင်ဆိုင်ရမည့် ဗီယက်နမ်၊ ထိုင်းအသင်းများသည် တန်ပြန်တိုက်စစ်ကစားရာတွင် အလွန်ထူးချွန်သည့် အသင်းများဖြစ်ကြောင်းလည်း သတိပေးခဲ့သည်။ ဂျပန်ကလပ်နှင့် ခြေစမ်းပွဲတွင် မြန်မာအသင်း၏ ခံစစ်ကစားပုံမှာ အကောင်းဆုံးပုံစံ မရသေးသော်လည်း တည်ငြိမ်မှုကိုပြသနိုင်ခဲ့ပြီး အသင်းလိုက်ကစားပုံသည်လည်း ခြေစစ်ပွဲဝင်အသင်းထက် ပိုကောင်းသည့် ကစားပုံနှင့် ကြိုးစားအားထုတ်မှုကို တွေ့ရှိခဲ့ရသည်။ တန်ပြန်တိုက်စစ်များကလည်း ထိရောက်မှုရှိခဲ့သည်။
“တန်ပြန်တိုက်စစ်ရဲ့သဘောကတော့ အချိန်ကြာလို့မရဘူး၊ မြန်ရမယ်၊ သေချာရမယ်၊ သေသပ်ရမယ်ပေါ့။ မဟုတ်ရင်ပျက်မယ်။ ခံစစ်ကနေ တန်ပြန်တိုက်စစ်သွားတာကလည်း အမြဲတမ်းတော့ မရနိုင်ဘူး။ ရတဲ့အချိန်မှာလည်း ကွက်တိသေသပ်နေရမယ်။ လက်ရှိအနေအထားကတော့ နည်းပြဆရာရဲ့ စွမ်းရည်နဲ့ ကစားသမားတွေရဲ့ လုပ်နိုင်စွမ်းအပေါ် မြန်မာအသင်းရလဒ်ကို မျှော်လင့်ရမှာပါ”ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာ ဦးဝင်းသူမိုးကပြောသည်။ “အဓိကကတော့ စိတ်ဓာတ်ပေါ့။ ကစားသမားတွေကိုလည်း ကွင်းထဲမှာ ယုံယုံကြည်ကြည်နဲ့ ကစားနိုင်အောင် စိတ်ဓာတ်မြှင့်တင်မှုတွေလည်း လုပ်ပေးနေပါတယ်။ ကျွန်တော်ကတော့ ကစားသမားအားလုံးကိုယုံတယ်”ဟု မြန်မာအသင်း အုပ်ချုပ်သူ ဦးတင်မြင့်အောင်ကဆိုသည်။
ဦးတင်မြင့်အောင်သည် ပြီးခဲ့သည့် ၂၀၁၀ ပြိုင်ပွဲတွင် မြန်မာအသင်းကို နည်းပြချုပ်အဖြစ် ကိုင်တွယ်ခဲ့သူဖြစ်ပြီး ယခုနှစ်ပြိုင်ပွဲဝင် မြန်မာအသင်းအား အသင်းအုပ်ချုပ်သူအဖြစ်တာဝန်ယူမည်ဖြစ်သည်။ လက်ရှိအနေအထားတွင် မြန်မာအသင်းအနေဖြင့် အုပ်စုတွင်း ပြိုင်ပွဲဝင်အသင်းများထဲ၌ အားအနည်းဆုံးအသင်းအဖြစ် သတ်မှတ်ခံနေရပြီး အဆိုပါထင်မြင်ချက်များကို မြန်မာအသင်းအနေဖြင့် ခွန်အားဖြင့် ပြန်လည်အသုံးချရန် လိုအပ်မည်ဖြစ်ကြောင်း လေ့လာသူများကပြောသည်။ မြန်မာကစားသမားများအနေဖြင့် စိတ်ဓာတ်ကောင်းကောင်းဖြင့် ကြိုးစားမှုကို နှစ်ဆမြှင့်တင်ရန် လိုအပ်ကြောင်းနှင့် နည်းပြဆရာ ချမှတ်သည့် ပုံစံအတိုင်း လိုက်နာမှုရှိပါက ရလဒ်ကောင်းကို မျှော်လင့်နိုင်မည်ဖြစ်ကြောင်း လေ့လာသူများနှင့် ပရိသတ်များကဆိုသည်။ မြန်မာအသင်း နောက်ဆုံးလူစာရင်းတွင် ရှေ့တန်းနေရာ၌ ၀ါရင့်တိုက်စစ်မှူး ရန်ပိုင် ပါဝင်လာခဲ့ပြီး အခြားရွေးချယ်ထားသည့် ကောင်းစည်သူနှင့် စိုးကျော်ကျော်တို့မှာ အတွေ့အကြုံနုနယ်သေးသည့် ကစားသမားများဖြစ်ကြသည်။ ရန်ပိုင်၏ ကြွက်သားဒဏ်ရာအခြေအနေမှာ အရှင်းပျောက်ကင်းသည့် အနေအထား မရှိသေးသောကြောင့် ပွဲချိန်ပြည့် ကစားနိုင်မည့် အနေအထားမရှိကြောင်းလည်း သိရှိရသည်။ တန်ပြန်တိုက်စစ်ကို ကွင်းလယ်ကြောမှ ထိုးဖောက်ပါက တိုက်စစ်မှူးများအနေဖြင့် တစ်ဖက်နောက်တန်းများကို ကျော်ဖြတ်နိုင်စွမ်းအနေအထား ရှိရမည်ဖြစ်ပြီး အဆိုပါတာဝန်ကို ကောင်းစည်သူနှင့် စိုးကျော်ကျော်တို့က စွမ်းဆောင်နိုင်မလားဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။
“တန်ပြန်တိုက်စစ်ကို ကွင်းလယ်ကြောကတစ်ဆင့် သွားမယ်ဆိုရင်တော့ တိုက်စစ်မှူးတွေက တစ်ဖက်နောက်တန်းကို ကျော်ဖြတ်နိုင်တဲ့ အရည်အချင်းရှိဖို့လိုတယ်။ အဲဒီလိုနည်းနဲ့ မသွားနိုင်ရင်တော့ တောင်ပံကနေ တန်ပြန်တိုက်စစ်ကို သွားရမှာပေါ့”ဟု ဦးဝင်းသူမိုးကပြောသည်။ တောင်ပံတိုက်စစ်တွင်မူ လက်ရှိ goal. com ၏ အာရှအကောင်းဆုံး ကစားသမားစာရင်းဝင် ကြည်လင်း၏ အကောင်းဆုံးခြေစွမ်းကို ပရိသတ်များက မျှော်လင့်နေကြကြောင်း ဆိုကြသည်။ အာရှယူ-၂၂ ခြေစစ်ပွဲနှင့် ဆူဇူကီးဖလားခြေစစ်ပွဲ အောင်မြင်အောင် စွမ်းဆောင်ခဲ့သည့် မြန်မာအသင်းနည်းပြ ပတ်ဆောင်ဟွာ၏ တစ်ပွဲချင်းနည်းဗျူဟာများကလည်း အရေးကြီးနေပြီး ၎င်း၏ စွမ်းဆောင်ရည်ကောင်းများကို မြင်တွေ့ရရန် မျှော်လင့်နေကြောင်း ပရိသတ်များကပြောသည်။ ထိုင်းနိုင်ငံတွင် ကျင်းပမည့် အုပ်စု(က)ပွဲစဉ်များတွင် မြန်မာအသင်းသည် ပွဲဦးထွက်တွင် ဗီယက်နမ်အသင်း၊ ဒုတိယပွဲစဉ်အဖြစ် အိမ်ရှင်ထိုင်းအသင်း၊ နောက်ဆုံးပွဲစဉ်တွင် ဖိလစ်ပိုင်အသင်းများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အုပ်စု(ခ)တွင်မူ လက်ရှိချန်ပီယံ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနှင့် လာအိုအသင်းများက မလေးရှားနိုင်ငံတွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ယခုပြိုင်ပွဲတစ်လျှောက် အမြင့်ဆုံးအောင်မြင်မှုအဖြစ် ၂၀၀၄ ခုနှစ်က တစ်ကြိမ်သာ အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည့် မြန်မာအသင်းအနေဖြင့် ယခုနှစ်ပြိုင်ပွဲဝင်အသင်းသည် အားလျော့နေသော်လည်း မြန်မာပရိသတ်များအနေဖြင့် အုပ်စုအဆင့်ထက်မြင့်သော နေရာကို မျှော်လင့်နေကြဆဲဖြစ်သည်။
အကြိုဗိုလ်လုပွဲအဆင့်သို့ ရောက်ရှိပါက အိမ်ကွင်း၊ အဝေးကွင်းစနစ် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ၂၀၀၄ ခုနှစ်က မြန်မာအသင်းအနေဖြင့် အကြိုဗိုလ်လုပွဲစဉ်သို့ တက်ရောက်နိုင်ခဲ့သော်လည်း အခြေအနေအရ မလေးရှားနိုင်ငံတွင် အိမ်ကွင်းအဖြစ် လက်ခံကစားခဲ့ရသည်။ ထို့ကြောင့် ဒေသတွင်း အဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်သည့် ဆူဇူကီးဖလား (ယခင်တိုက်ဂါးဖလား) အကြိုဗိုလ်လုပွဲစဉ်ကို ယခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် အိမ်ကွင်းတွင် ကြည့်ရှုခွင့်ရရှိနိုင်ရန် မြန်မာအသင်းက စွမ်းဆောင်နိုင်မည်လား ဆိုသည်ကိုမူ စောင့်ကြည့်ရမည်ဖြစ်သည်။
မြန်မာလက်ရွေးစင်အသင်း
ဂိုး- သီဟစည်သူ၊ ကျော်ဇင်ဖြိုး
နောက်တန်း- ဟန်ဝင်းအောင်၊ အောင်ဟိန်းကျော်၊ ဇော်မင်းထွန်း၊ ဇော်ဇော်ဦး၊ အော်ဇော်၊သိန်းသန်းဝင်း၊ ပြည့်ဖြိုးအောင်၊ သက်နိုင်၊ မိုးဝင်း
အလယ်တန်း-အောင်မိုး၊ မိုင်းအိုက်နိုင်၊ ရန်အောင်ကျော်၊ ခင်မောင်လွင်၊ ဖြိုးကိုကိုသိန်း၊ နိုင်လင်းဦး၊ ကြည်လင်း၊ ဒေးဗစ်ထန်း
ရှေ့တန်း- ရန်ပိုင်၊ ကောင်းစည်သူ၊ စိုးကျော်ကျော်
ဆူဇူကီးဖလားပြိုင်ပွဲဝင် မြန်မာအသင်း၏ တိုက်စစ်မှူးများ၏ ပွဲမှတ်တမ်းနှင့် သွင်းဂိုးများ
ရန်ပိုင် အသက် - ၃၀ နှစ် နိုင်ငံတကာပွဲ - ၅၄ ပွဲ နိုင်ငံတကာသွင်းဂိုး - ၃၉ ဂိုး
ကောင်းစည်သူ အသက် - ၂၀ နှစ် နိုင်ငံတကာပွဲ - ၂၄ ပွဲ နိုင်ငံတကာသွင်းဂိုး - ၉ ဂိုး
စိုးကျော်ကျော် အသက် - ၂၁ နှစ် နိုင်ငံတကာပွဲ - ၆ ပွဲ နိုင်ငံတကာသွင်းဂိုး - မရှိ

ဗိုလ်ဗိုလ်ဝင်း
7Day News

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။